← Chapters

သခင်မင်စူးက ဒီအဘိုးကြီးအတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်

Vol. 74 Ch. 1477

သခင်မင်စူးက ဒီအဘိုးကြီးအတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်

Vol. 74 Ch. 1477

မီးတောက်သည် ကောင်းကင်တစ်ဝက်ကိုလောင်ကွှမ်းကာ သတ္တုတွင်း အထက်မှ ကောင်းကင်တစ်ခုလုံးကို တောက်ပစွာရောင်ပြန်ဟပ်စေသည်။ မိုးကြိုးသွား၊ လျှပ်စီး သားရဲနှစ်ကောင်နှင့်အတူ ရွာသားများကို ရွှေ့ပြောင်းခြင်း နှင့် အလုပ်များနေသော ပေမင်းသည် မီးတောက်လွင်ပြင်ကိုမြင်သောအခါ ရင်ခုန်မြန်လာပြီး မျက်လုံးများမှာလည်း ကြောက်လန့်မှုအပြည့်နှင့်ပင်။ ခေါင်းကိုခါယမ်းပြီးနောက် ပြောလိုက်လေသည် “ဒါ တကယ့်သားရဲပဲ၊ သူက ဓား ၁ လက်နတ်ဘုရားဧကရာဇ်ပဲရှိသေးတာ”

ပေထင်းဟွမ်သည် ဓား ၁ လက် နတ်ဘုရားဧကရာဇ်သာမဟုတ်လျှင် အရှင်အဆင့်အကြီးအကဲချန်းကို ဓားတစ်ချက်တည်းနှင့် အားထုတ်မှုမရှိ သတ် နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် အကြီးအကဲချန်းသည် မီးတောက်နယ်ပယ်တွင် ရုန်းကန် နိုင်သေးသည်။ သို့သော် တခြားနတ်ဘုရားအဆင့်လေးဦးတို့သည် လွှမ်းမိုးခံ လိုက်ရပြီဖြစ်သည်။ ကိုးရောင်မီးတောက်လွင်ပြင်တွင် လျှပ်စီးလက်လာပြီး မိုးကြိုးပစ်တော့သည်။ မိုးကြိုးနှင့်လျှပ်စီး၏စွမ်းအားသည် ထူထဲစွာဖုံးအုပ်လေ သည်။ မြင့်မားသောအပူချိန်သည် သူတို့အား တောက်လောင်လာသဖြင့် ခန္ဓာကိုယ်မှ နတ်စွမ်းအားဖြင့် ခုခံလေသည်။ သို့သော် သက်ရောက်မှုမရှိပေ။

ထိုမီးတောက်သည် အလွန်ထူးဆန်းသည်။ ခန္ဓာကိုယ်မှ ထွက်လာသော နတ်စွမ်းအားရှိသရွေ့ သူတို့အားလုံးကို သေသည်အထိ လောင်ကျွမ်းနိုင်သည်။ သည်လိုနှင့် နယ်ပယ်ရှိသည့် နတ်ဘုရားအဆင့်နှင့် အရှင်အဆင့်စွမ်းအားရှင်တို့ သည် သူတို့ကိုမခုခံနိုင်တော့ပေ။ ကိုးရောင်နိဗ္ဗာန်မီးသည် ခြယ်လှယ်လွန်းကာ ကောင်းကင်နှင့်မြေကြီးမီးတောက်သည် စိတ်ဝိညာဉ်ကို သေသည်အထိ လောင်ကျွမ်းနိုင်သည်။

၎င်းသည်လည်း နတ်ဘုရားဧကရာဇ်ပေထင်းဟွမ်အတွက် နတ်ဘုရား အဆင့်ကျွမ်းကျင်သူကိုတိုက်ခိုက်ကာ လက်ဦးမှုယူနိုင်ခြင်းဖြစ်သည်။

သို့သော် ကိုယ်ပိုင်စွမ်းအားဖြစ်လာရန်အတွက် ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးကို သန့်စင်လျှင်တောင် နတ်ဘုရားလေးဦးကို တစ်ယောက် တည်းရင်ဆိုင်ရန် ခက်ခဲသည်။

ကိုးရောင်မီးတောက်လွင်ပြင်ထဲတွင် နတ်ဘုရားလေးဦး၏ အသက်ကြော သည် ဆုံးရှုံးလုနီးပါးဖြစ်ကာ အကြီးအကဲချန်းသည်လည်း ချောင်ပိတ်မိပြီး စွမ်းအားမသုံးနိုင်တော့ပေ။ နယ်ပယ်၏ အဆိုးဘက်ရောက်သော လွှမ်းမိုးမှု သည် လူငါးယောက်ကို ခြယ်လှယ်နိုင်လွန်းသည်။ သူတို့၏စိတ်ဝိညာဉ်များ လောင်ကျွမ်းပြီး မီးတောက်များသည် သူတို့၏သွေးကြောထဲသို့ ဝင်နိုင်ပုံပေါက် လေသည်။ နေရာတိုင်းတွင် စွမ်းအား အားလုံးကို မသုံးနိုင်တော့ပေ။

ထို့အပြင် ဤလူငယ်သည် နတ်ဘုရားအဆင့်မဟုတ်သလို သူမပြသ လိုက်သည့်နယ်ပယ်သည် အားကောင်းလိမ့်မည်ဟု မည်သူမှမထင်ကြပေ။ အကြီးအကဲချန်းပင်လျှင် ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်ပြီး ပေထင်းဟွမ်ရှိ သည့်နေရာကို မရှာနိုင်တော့ပေ။

ထိုအစား ကိုးရောင်မီးတောက်များသည် အသိစိတ်ကိုပင် မီးမြှိုက်လိုက် သည်။ မည်သည့်စွမ်းအင်မဆို ကိုးရောင်မီးတောက်ရှေ့တွင် ပုန်းစရာနေရာမရှိ ပေ။

ဤလူငယ်၏မီးတောက်သည် လွှမ်းမိုးနိုင်လွန်းသည်။

“ကောင်စုတ်လေး မင်းက ဒီနေ့ ဒီနေရာမှာ ဒီအဘိုးကြီးကိုသတ်နိုင်စွမ်းရှိ တယ်၊ ပြီးတော့ ဝိညာဉ်ဘုံကနေတော့ မလွတ်မြောက်နိုင်ဘူး၊ သခင်မင်စူးက ဒီအဘိုးကြီးအတွက် သေချာပေါက်လက်စားချေပေးလိမ့်မယ်” အကြီးအကဲချန်း သည် ပေထင်းဟွမ်အား စကားများနှင့်လှည့်စားကာ ခန္ဓာကိုယ်ထဲမှစိတ်ဝိညာဉ် သည် စွမ်းအားထုတ်ကာ လွင်ပြင်ကိုဖန်တီးလေသည်။

၎င်းသည် အသေအကြေသတ်ရမည့်ပွဲပင်။ ကိုးရောင်နိဗ္ဗာန်မီးသည် စိတ်ဝိညာဉ်အဆင့်မီးတောက်မဟုတ်သော်လည်း ကောင်းကင်နှင့်မြေကြီးမီး သည် စိတ်ဝိညာဉ်ကိုလောင်ကျွမ်းရန် လွှမ်းမိုးနိုင်စွမ်းရှိတုန်းပင်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ပေထင်းဟွမ်၏နတ်စွမ်းအားကို ကုန်ခမ်းအောင် လုပ်နိုင်လိမ့်မည်ဟု အကြီးအကဲချန်း လောင်းကြေးထပ်ထားသည်။ သူ့တွင် အခွင့်အရေးရှိချင်ရှိဦးမည်။

ဤကဲ့သို့အားကောင်းသောနယ်ပယ်ကို ဖန်တီးလိုက်သဖြင့် ပေထင်းဟွမ် ၏နတ်စွမ်းအားသည် သူမအား ကြာကြာမထောက်ပံ့နိုင်လောက်ဟု အကြီးအကဲချန်း လောင်းကြေးထပ်သည်။

ထို့အပြင် ဤဘက်မှလှုပ်ရှားမှုသည်ကြီးမားသဖြင့် တခြားသန်မာသော လူများကို ဆွဲခေါ်လိမ့်မည်။ မည်သူရောက်လာပါစေ အကြီးအကဲချန်းအတွက် ပေထင်းဟွမ်၏နယ်ပယ်မှထွက်နိုင်သရွေ့ အသက်ရှင်ရန် အခွင့်အရေးရှိသေး သည်။

ပေထင်းဟွမ်သည် အမှန်တကယ်ပင် ထောက်ပံ့ရန်ခက်ခဲနေသည်။ သို့သော် အကြီးအကဲချန်း၏ အကြံသည် လွဲမှားသွားသည်။ သူမသည် နတ်ဘုရားလေးဦးကို အရင်မီးမြှိုက်မည်။ သူတို့သည် နတ်ဘုရားအဆင့်သာ ရှိ သေးသော်လည်း အကြီးအကဲချန်းကို အရင်တိုက်ခိုက်ပါက သူတို့လေးဦးသည် ဘေးမှ ခြိမ်းခြောက်မှုဖြစ်နိုင်သည်။ နတ်ဘုရားအဆင့်ခွန်အားသည် အချိန်မရွေး အထင်သေး၍မရပေ။ အထူးသဖြင့် လက်ရှိတွင် ပေထင်းဟွမ်သည် နတ်ဘုရားဧကရာဇ်ခွန်အားသာရှိသေးသည်။

All Chapters