ငါ့ကိုသေစေချင်ဘား၊ ဒါဆို မင်းလမ်းကြောင်းပေါ် ရောက်နေပြီ
Vol. 74 Ch. 1479
“ညီအစ်ကိုဝံပုလွေတို့” ထိုနှင်းဝံပုလွေများသည် သူတို့၏ခွန်အားကို အထင်သေးသည်ကို ဖေးချန်းသိသဖြင့် ပြောရတော့မသည် “ဝံပုလွေတစ်ဦးကို လူနှစ်ယောက် တင်နိုင်မလားသိချင်ပါတယ်၊ တိုက်ပွဲမှာ တိုက်ခိုက်ရေးစွမ်းအား တစ်ဝက်တက်သွားတာပေါ့”
“မဟုတ်ဘူး” အားအကောင်းဆုံးဝံပုလွေတစ်ကောင်သည် ချက်ချင်းပင် ငြင်းဆန်လေသည် “ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်မရဘဲ ငါတို့တွေ လက်လွတ်စပယ် လှုပ်ရှားလို့မရဘူး”
မှန်သည်။ ထိုအချိန်တွင် လုံထျန်းပင်လျှင် ကူကယ်ရာမဲ့နေသည်။ ထိုသားရဲများသည် အလွန်ခေါင်းမာသည်ဟု ခံစားနေရသည်။ သူတို့သည် ခွန်အားနည်းသူ၏အမိန့်ကို နာခံလိမ့်မည်ဟုထင်မထားပေ။ ကောင်လေး၏ တိုက်ရိုက်အမိန့်သာမရှိလျှင် သားရဲများသည် အားကောင်းသောသားရဲများ၏ အမိန့်ကိုနာခံရန် ရွေးချယ်မည်ဖြစ်သည်။
တစ်ဖက်လူသည် လူအယောက် ၄၀ ကျော်ဖြင့်ရောက်လာသည်။ အားလုံး သည် မင်စူးမှ ပေထင်းဟွမ်နှင့်ချင်းရှန့်ရွာသားများအား အမဲလိုက်ရန် လွှတ်ထား ခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် အားကောင်းသော နှင်းဝံပုလွေအုပ်ကို တစ်ရက်တစ်ညတည်းနှင့် အောင်နိုင်လိမ့်မည်ဟု မင်စူး မျှော်လင့်ထားမည် မဟုတ်ပေ။ သူလွှတ်လိုက်သည့်အဖွဲ့ထဲတွင် အားအကောင်းဆုံးမှာ ဓား ၃ လက် နတ်ဘုရားဧကရာဇ်ဖြစ်ပြီး ပေထင်းဟွမ်ထက်သန်မာသည်။ ကျန်လူများသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကာ ဝိညာဉ်ဂိုဏ်းသားရဲများမှာ တစ်ဝက်ပါဝင်သည်။
သို့သော် ထိုအဖွဲ့သည် ပေမင်းဦးဆောင်သောသားရဲအဖွဲ့ရှေ့တွင် လုံလောက်အောင် မကောင်းသေးပေ။ ဝံပုလွေသည် ဖေးချန်း၏တောင်းဆိုမှုကို ငြင်းဆန်ရသည့်အကြောင်းအရင်းလည်းဖြစ်သည်။ သူတို့၏အမြင်တွင် သခင် ပေမင်းသည် ပြိုင်ဘက်၏ မြင်သာသောသန်မာသည့်အဖွဲ့ကို ရှင်းထုတ်နိုင်လိမ့် မည်။
ကောင်းကင်ဆေးသောက်ပြီးနောက် တစ်ရက်တစ်ညအနားယူပြီးသည် နှင့် မင်စူး၏ဒဏ်ရာသည် အပြည့်အဝပြန်ကောင်းလာသည်။ ချင်းရှန့်သတ္တု ကြောမှ အဖြစ်အပျက်သတင်းကိုလက်ခံရရှိပြီးနောက် သူသည် ဝိညာဉ်ဘုံမှ အားကောင်းသောလူအဖွဲ့ကိုဦးဆောင်ကာ ရောက်လာခဲ့သည်။ သူတို့သုံးဦး သည် ကစဥ့်ကလျားဘုံ၏အရှင်များဖြစ်ကြသည်။
လူများသည် အနားမကပ်ခင်တွင် အားကောင်းသောဖိနှိပ်မှုကို ပေထင်းဟွမ်ဆီသို့ ဖြန့်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် နဂိုကမလုံလောက်သည့် အကြီးအကဲချန်းနှင့်တခြားနတ်ဘုရားလေးဦးကို ဖိနှိပ်ထားသည့် ပေထင်းဟွမ် ၏နယ်ပယ်သည် ဟာကွက်ဖြစ်ပေါ်လာကာ ပင်ပန်းလာသည်။
“ကောင်စုတ်လေး မင်းရဲ့သေနေ့ရောက်လာပြီ” နယ်ပယ်ထဲတွင် အကြီးအကဲချန်းသည် အပြင်းအထန်ဒဏ်ရာရထားသည်။ ပေထင်းဟွမ်၏ နယ်ပယ်သည် လျော့ရဲလာသည်ဟု သူခံစားရသည်။ ထိုလူများသည် ဝိညာဉ်ဘုံ မှ သန်မာသောလူတစ်စုဖြစ်သည်ကို ရှင်းလင်းသည်။
ထိုအချိန်တွင် တခြားနတ်ဘုရားလေးဦးသည် သေလုနီးပါးဖြစ်ကာ သူတို့ ၏ ဝိညာဉ်အသိစိတ်သည် မရှင်းလင်းတော့ပေ။ အကြီးအကဲချန်း၏စကားများ ကိုကြားပြီးနောက် သူတို့သည် ချက်ချင်းပင် အားတက်ကာ စတင်ရုန်းကန် တော့သည်။
“ဟင်း ငါ့ကိုသေစေချင်တာလား၊ ဒါဆို မင်းက အရင်လမ်းပြလိုက်” ပေထင်းဟွမ်သည် တင်းမာစွာဖြင့်အော်လိုက်သည်။ သူမသည် လမ်းတစ်ဝက် တွင်လက်လျော့မည်မဟုတ်ပေ။ ထိုလူငါးယောက်ကို သတ်ရမည်။ ပေထင်းဟွမ်သည် ခန္ဓာကိုယ်ထဲမှ ဘိုးဘေးကျောက်တုံး၏စွမ်းအားကို အသုံးပြု ရန်ကြိုးစားသည်။ သို့သော် ထိုအချိန်တွင် သူမ၏အသိစိတ်ပင်လယ်သည် ဘိုးဘေးကျောက်တုံးနှင့် အနည်းငယ်ဆက်နွယ်မှုပိုရှိလာသည်ဟု မပြတ်မသား ခံစားရလေသည်။
ပေထင်းဟွမ်သည် ဘိုးဘေးကျောက်တုံးမှ နတ်ဆိုးစွမ်းအင်အလင်းတန်း ကိုထုတ်ယူလိုက်သည်။ ကိုးရောင်မီးတောက်သည် ထိုနတ်ဆိုးစွမ်းအားကို ရစ်ပတ်ကာ ကိုးရောင်လွင်ပြင်ထဲသို့ တိုးဝင်သွားသည်။ ချက်ချင်းပင် မီးတောက်များသည် ကောင်းကင်ဘုံကိုးလွှာဆီသို့ တိုးဝင်သွားသည်။ မီးတောက်များသည် ပြင်းထန်လွန်းသဖြင့် နတ်ဘုရားလေးယောက်သည် ချက်ချင်းပင် ပြာကျသွားလေသည်။
အကြီးအကဲချန်းသည် ဝိညာဉ်ဘုံမှလာသောလူကိုမြင်သည့်အချိန်တွင် ထိတ်လန့်မိလေသည်။ သူသည် ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားကို ရွှေ့ပြောင်းရန် အကောင်းဆုံးကြိုးစားကာ သခင်မင်စူးရောက်လာချိန်တွင် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလေသည်။ အရှင်တစ်ယောက်အနေနှင့် သူသည် လည်းသန့်စင်ဘုံ၏ အစောပိုင်းအဆင့်တွင်ရှိသည်။ သူသာ ပေထင်းဟွမ်အား ရှုံးသွားလျှင် အရှက်ရစရာဖြစ်မည်။
သို့သော် သူ၏ခွန်အားကိုအသုံးပြုမည်အပြုတွင် ကိုးရောင်မီးတောက် များသည် ရုတ်တရက်ပေါက်ကွဲကာ ပေထင်းဟွမ်၏ခွန်အားသည် သူ၏ရှေ့သို့ ရောက်နေသလိုပင်။ ထိုအခိုက်အတန့်တွင် စွမ်းအားတစ်ခုသည် သူ၏အရိုးများ ထဲသို့ အေးစိမ့်သွားစေသည်။ သူ ခန္ဓာကိုယ်ထဲသို့ ဝင်လိုက်ချိန်တွင် ချက်ချင်း ပင် အသိစိတ်ပင်လယ်မှာ အဖမ်းခံလိုက်ရလေသည်။
အဖြစ်အပျက်မှာ ရုတ်ချည်းဆန်လွန်းသဖြင့် အကြီးအကဲချန်း၏ ထိုစွမ်းအားသည် ခုခံမှုမရှိတော့ပေ။ သူ နိုးလာချိန်တွင် ခုခံရန်နောက်ကျသွား လေပြီ။