← Chapters

အရှက်မဲ့ခြင်း

Vol. 74 Ch. 1480

အရှက်မဲ့ခြင်း

Vol. 74 Ch. 1480

မရေတွက်နိုင်သော အပ်များသည် ဦးခေါင်းကိုပြင်းထန်စွာထိုးစိုက်ရာ သူ သည် ခေါင်းကွဲမတတ်ခံစားရလေသည်။ စိတ်မှာလစ်ဟာသွားပြီး အကြီးအကဲ ချန်းသည် ဘာကိုမှမစဉ်းစားနိုင်တော့ပေ။ သူသည် ခေါင်းကိုကိုင်ကာ ကိုးရောင် မီးတောက်ထဲတွင် စတင်လူးလှိမ့်လေသည်။ ချက်ချင်းဆိုသလိုပင် သူသည် ကိုးရောင်မီးတောက်၏ သန့်စင်ခြင်းကိုခံလိုက်ရကာ အကြွင်းအကျန်ပင် မကျန် တော့ပေ။

မင်စူးနှင့်တခြားသူများသည် ပေထင်းဟွမ်ဆီသို့ ခြေတစ်လှမ်းတည်းနှင့် ရောက်လာသည်။ ထိုလူများ၏ရောက်ရှိမှုနှင့်အတူ ကျယ်ပြန့်သော မီးပင်လယ် သည် တဖြည်းဖြည်းနှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ်ဆီသို့ စုစည်းကာ ခန္ဓာကိုယ် အပြင်ဘက်တွင် လောင်ကျွမ်းလေသည်။ ကောင်လေး၏တစ်ကိုယ်လုံးကို ကိုးရောင်မီးတောက်အလွှာဖြင့် ဖုံးအုပ်ထားပြီး မျက်အိမ်ပင်လျှင် ကိုးရောင်ဖြင့် အရောင်ဟပ်နေရာ တောက်ပသော သူမ၏မျက်လုံးများကို မည်သူမှ တည့်တည့်မကြည့်ရဲကြပေ။

သူမ ကိုးရောင်မီးတောက်ကို အများအပြားသုံးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် ထိုးထွင်းဘုံအစောပိုင်းအဆင့်နှင့် နတ်ဘုရားလေးဦးတို့ကို တစ်ခါတည်း သတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် အနည်းငယ် ပင်ပန်းနေဟုထင်ရသော်လည်း ဤကဲ့သို့မှတ်တမ်းသည် သူမအား အလွန် ကျေနပ်စေသည်။

ကိုးရောင်မီးတောက်ဖြင့်အသွင်ပြောင်းထားသော ဖန်ထျန်းလှံတံကို လက်ထဲတွင်ကိုင်ကာ ပေထင်းဟွမ်သည် မင်စူးအား သဲ့သဲ့ပြုံးပြလိုက်သည်။ ကိုးရောင်မီးတောက်များ၏ထင်ယောင်ထင်မှားအောက်တွင် လူငယ်၏မျက်နှာ သည် ပို၍ချောမွတ်ပြီး ဆွဲဆောင်မှုရှိနေသည် “သခင်မင်စူး နောက်ကျတာပဲ”

ပြိုင်ဘက်တွင်ပါဝင်သောလူများသည် မနည်းလှပေ။ မင်စူးသည် နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့်ရောက်နေကာ ကစဥ့်ကလျားအဆင့် အလယ်ရောက်သည့် အရှင်သုံးဦးလည်းလည်းပါဝင်သည်။ နတ်ဘုရားအဆင့် အထက်ရှိသော အလှလေးများလည်းပါဝင်သည်။ မင်စူးသည် ထိုလူများ၏ တစ်ဝက်ကျောကို ဝိညာဉ်ဘုံမှ ခေါ်လာသည်ကို မသိတော့ပေ။

မင်စူးသည် သူ့အတွက်အရေးကြီးသည့်အရာများကို တွယ်တာနေသလို ပင်။

ထိုအရာကိုစဉ်းစားပြီးနောက် ပေထင်းဟွမ်၏မျက်နှာတွင် အပြုံးသဲ့သဲ့ ပေါ်လာသည်။ သို့သော် မင်စူးနှင့်တခြားသူများ၏မျက်လုံးထဲတွင် ထိုအပြုံး သည် စူးရှလှသည်။

လှည့်ကွက်ပင်။ ဗြောင်ပင် လှည့်ကွက်ကစားလိုက်ခြင်းပင်။

မင်စူးနှင့်တခြားသူများသည် ဆွံ့အသွားကြသည်။ သူတို့သည် တစ်လမ်း လုံးအပြေးနှင်လာခဲ့ရသည်။ သို့သော် ပေထင်းဟွမ်သည် နယ်ပယ်ထဲတွင် ထိုးထွင်းအဆင့်ကနဦးအဆင့်ရောက်နေသော သန်မာသည့်လူနှင့် နတ်ဘုရား လေးဦးကို သတ်လိုက်သည်ကို ကြည့်လိုက်ရသည်။ အကြီးအကဲချန်းနှင့် တခြား သူများသည် ပြန်တိုက်ခိုက်ရန် အင်အားအနည်းငယ်ပင်မရှိတော့သည်ကို သူတို့ မြင်နေရသည်။

ဤလူငယ်သည် မည်သူနည်း။

“ပေထင်းဟွမ် မင်းက သေဖို့ပဲတန်တယ်” မင်စူးသည် ဒေါသထွက်လွန်း သဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူသည် နီရဲသောဝတ်ရုံကိုဝတ်ဆင် ကာ ကျောက်စိမ်းရောင်ရင်ဘတ်ကို လစ်ဟာပြထားပြီး ညှပ်ရိုးလည်း ပေါ်နေ သည်။

ဆန့်ကျင်ဘက်အနေနှင့် သူ၏ ရက်စက်မှုမှာပေါ်လွင်နေသည်။

ပေထင်းဟွမ်၏ရင်ဘတ်မှ မွေးပွလုံးလေး ထွက်လာသည်။ ညအချိန်တွင် အားလုံးသည် ပေထင်းဟွမ်အား ခုခံရန်အလုပ်များနေသည်။ သို့သော် ပေထင်းဟွမ်ပေါ်မှ လှုပ်ရှားမှုကို မည်သူမှ သတိမထားမိကြပေ။ မွေးပွလုံးလေး ၏ဦးခေါင်းသည် ပေထင်းဟွမ်၏ရင်ဘတ်မှထွက်လာကာ မင်စူး၏ ပေါ်နေသော ရင်ဘတ်ကို အထင်သေးစွာကြည့်လေသည်။ ထို့နောက် ပေထင်းဟွမ်၏ရင်ဘတ်ထဲသို့ ပြန်ဝင်သွားလေသည်။

မွေးပွလုံးလေးသည် ယန်ယဲ့၏စိတ်ဝိညာဉ်အလင်းတန်းသာဖြစ် သော်လည်း ယန်ယဲ့၏ဝိညာဉ်နှင့် ဆက်သွယ်လျက်ရှိသည်။ သူသည် ယန်ယဲ့၏ ပုံစံငယ်ဟုသတ်မှတ်မိုင်သည်။ သူသည် မင်စူး၏ လှည့်ဖျားသောအပြုအမူကို အရှက်မဲ့စွာကြည့်လေသည်။

မင်စူး၏ ကျိန်ဆွဲမှုကိုကြားပြီးနောက် ပေထင်းဟွမ်သည် ခေါင်းခါလိုက် သည် “သေရမယ်ဟုတ်လား၊ ဘယ်သူကမှ ငါ့ကိုသေလို့မပြောဘူး၊ သခင်လေး ဘာလို့လဲသိလား”

ပေထင်းဟွမ်သည် သေသင့်သည်ဟုပြောသူများသည် သေသွားကြပြီဖြစ် သည်။

မင်စူးသည် ရုတ်တရက်ဒေါသထွက်လာသည်။ ဤကလေးစုတ်၏ အဆိပ်ပြင်းသောပါးစပ်သည် သူမ၏တိုက်ခိုက်ရေးစွမ်းအားထက်မလျော့ပေ။ “ဘာလို့လဲဆိုတော့ ကောင်စုတ်လေး မင်းက ဒီသခင်လေးကို အရင်ကမတွေ့ဖူး လို့ပဲ၊ ဒါပေမဲ့ ဒီနေ့တော့ သခင်လေးက မင်းကို ကောင်းကင်ဘုံကိုယ်စား လက်ခံ ပေးလိုက်မယ်”

“ချွတ်”

ပေထင်းဟွမ်သည် လက်ထဲမှ ဖန်ထျန်းလှံတံကိုမြှောလိုက်သည်။ ကိုးရောင်မီးတောက်များသည် ပန်းပွင့်လွှာများကဲ့သို့ ဖန်ထျန်းလှံတံဆီသို့ကျ သွားသည်မှာ အလွန်လှပလွန်းသည်။ သို့သော် မင်စူးနှင့်တခြားသူများသည် ခြေလှမ်းသုံးလှမ်းနောက်ဆုတ်သွားကြသည်။ အကြီးအကဲချန်း၏ကံတရားကို သူတို့၏မျက်လုံးနှင့်ကိုယ်တိုင်မြင်ရပြီးနောက် ဤမီးတောက်ကို မကြောက်သူ မရှိပေ။

“ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဝင်ပီသပါပေတယ်၊ သူက အရှက်မရှိ ကောင်းကင်ဘုံရဲ့ကိုယ်စား အပြစ်ပေးဦးမယ်တဲ့”

All Chapters