← Chapters

အမြဲတမ်း ရှေ့တစ်လှမ်း ကြိုရောက်နေခြင်း

Vol. 95 Ch. 1318

အမြဲတမ်း ရှေ့တစ်လှမ်း ကြိုရောက်နေခြင်း

Vol. 95 Ch. 1318

အမျိုးသမီးရွှင်းက နေရောင်ခြည်မျှော်နန်းဆောင်မှဖြစ်ပြီး သူမက အာဏာအားလုံးကို ထိန်းချုပ်ထားသည့် သခင်မတစ်ယောက် ဖြစ်ပေသည်။ သို့သော် ထိုသို့ကဗျာဆန်ဆန်နာမည်မျိုး ရှိနေသော်လည်း မျှော်နန်းဆောင်ကမူ ဧကရာဇ်များနှင့် ကောင်းကင်ဘုံများအပါအဝင် ကျင့်ကြံသူများကို ပစ်မှတ်ထားသည့် ကြာပန်းနီ အပျော်စံအိမ်တစ်ခု ဖြစ်၏။ မျှော်နန်းရှိ အမျိုးသမီးနှင့် အမျိုးသားအားလုံးက ယင်ယန်တာအို သို့မဟုတ် နှစ်ကိုယ်တူကျင့်ကြံသည့် အရင်းအမြစ်တာအိုကို ကျင့်ကြံကြလေသည်။

ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံရေးတွင် အကူအညီ လိုအပ်လာသည့်အချိန်တိုင်း သွားရောက်လည်ပတ်လေ့ရှိကြ၏။ အကယ်၍ သူတို့သာ အနိမ့်ဆုံး အဆင့်(၁) ဝန်ဆောင်မှုကို ပေးချေနိုင်သည်ဆိုပါက သူတို့သည် လက်ကိုင်ထားခြင်းဖြင့် တွဲဖက်ကို ရွေးချယ်ပြီး နှစ်ကိုယ်တူ ကျင့်ကြံနိုင်သည်။ ထိုသို့သော ဝန်ဆောင်မှုမျိုးက အဆင့်(၁၀)အောက် ကျင့်ကြံသူများအတွက် အရေးကြီးလှသည်။ သူတို့က အတားအဆီးများကို ကျော်ဖြတ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း မဟာဧကရာဇ်နှင့် တခြားသော လမ်းစဉ်များအတွက်မူ ကျင့်ကြံရေး အပိုဆုလာဘ်တချို့ကိုသာ ပေးနိုင်လေသည်။

အဆင့်(၂) ဝန်ဆောင်မှုကမူ ရုပ်ပိုင်းဆိုင်ရာ ရောစပ်မှုများ ပါဝင်လာသည်။ သက်ရောက်မှုက ပိုမိုကောင်းမွန်လေ၏။ ထိုသူများက မဟာဧကရာဇ် ဖြစ်လာကာစဆိုပါက ရာခိုင်နှုန်းအနည်းငယ်ကို မြှင့်တင်ဖို့ လုံလောက်ပေသည်။ အဆင့်(၃)ဝန်ဆောင်မှုထဲတွင် ကမ္ဘာဦးယင်နှင့် ယန် အကောင်းအတိုင်းရှိနေသည့် အမျိုးသမီးများ ပါဝင်ပြီး ထိုဖြစ်စဉ်က ပိုမိုအားကောင်းပေသည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်လေ့ကျင့်ရေးကဲ့သို့ အကျိုးများကို ထည့်မပြောရသေးပေ။

အဆင့်(၄)နှင့် (၅)ဝန်ဆောင်မှုကမူ သီးသန့်ရုပ်ခန္ဓာများရှိသည့်သူများ ပါဝင်ပြီး အဆင့်(၅)အမျိုးသမီးများကမူ သူတို့၏ ကမ္ဘာဦးယင်ယန်ကို ထိန်းသိမ်းထားနိုင်ဆဲသူများ ဖြစ်သည်။

ကျင့်ကြံရေးလောက၌ မီးပြင်းဖိုရုပ်ခန္ဓာဟု ခေါ်ဆိုသည့်အရာတစ်ခု ရှိပေသည်။ ထိုအရာက ထူးကဲသည့် နှစ်ကိုယ်တူကျင့်ကြံရေးဂုဏ်သတ္တိများ ရှိသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်၏။ မိစ္ဆာကျင့်ကြံသူများက ထိုသို့သော ရုပ်ခန္ဓာမျိုးကို သဘောကျကြသည်။ သူတို့၏ အုတ်မြစ်ကို မြှင့်တင်ပေးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်၏။ တခြားသောကျင့်ကြံသူများကလည်း သူတို့၏ အတားအဆီးများကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည့်အတွက် သဘောကျကြလေသည်။ အမျိုးသမီးများကမူ ထိုအရာကို စက်ဆုပ်ကြ၏။ အကြောင်းအရင်းကမူ ထိုရုပ်ခန္ဓာသည် အမျိုးသမီးများတွင် တည်ရှိ၍ဖြစ်ပြီး မီးပြင်းဖို၏ ကံကြမ္မာက အတော်လေးကို ဆိုးရွားလွန်းလှသည်။

နေရောင်ခြည်မျှော်နန်းဆောင်ကမူ မီးပြင်းဖိုများကို ထောက်ပံ့ပေးထားသော်လည်း တန်ကြေးက အင်မတန်မြင့်မားလှသည်။ သူတို့၏ တန်ကြေးအားလုံးကမူ အင်မတန် ဈေးကြီးသော်လည်း အဆင့်(၄)ကမူ နောက်ထပ်ဈေးနှုန်းတစ်ခု ဖြစ်၏။

 ထိုဈေးနှုန်းထဲတွင် မီးပြင်းဖိုရုပ်ခန္ဓာပိုင်ရှင်အား ပြန်လည်အားဖြည့်ဖို့ အာမခံချက် ပေးထားရသည်။ အနည်းဆုံးတော့ သူတို့၏ ရှင်းပြချက်သည် ထိုအရာက သူတို့၏ တန်ကြေးကြီးမားနေရသည့် အကြောင်းအရင်းကို ရှင်းပြပြီးသား ဖြစ်၏။

မီးပြင်းဖိုများက ဆိုးရွားသည့် ကံကြမ္မာမျိုး ရှိထားကြသည်။ တခြားသူများက သူတို့၏ ကမ္ဘာဦးယင်ကို အတင်းအကြပ် ဆွဲယူကာ ထိုသူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဒဏ်ရာပေးခြင်းနှင့် ကျင့်ကြံရေးအုတ်မြစ်အထိ ပျက်စီးသွားစေနိုင်သည်။ သို့သော်လည်း နေရောင်ခြည်မျှော်နန်းဆောင်ကမူ သဟဇာတဖြစ်သည့် ယင်ယန်နှစ်ကိုယ်တူ ကျင့်ကြံရေးနည်းစနစ်မျိုးကို ပေးထားသည့်အတွက် မီးပြင်းဖိုရုပ်ခန္ဓာက ပိုင်ရှင်ကို ထိခိုက်စေမည့်အစား အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်။

ကံဆိုးစွာဖြင့် လူများစွာက ထိုအရာကို သိထားသော်လည်း ဝန်ဆောင်မှုကို သုံးဖို့ လာရောက်နေကြဆဲသာ ဖြစ်၏။ လူအများစု၏ ပါရမီက မသေမျိုးဖြစ်လာပြီးသည့်နောက်တွင် များများစားစား တိုးတက်လာခြင်း မရှိတော့ဘဲ တစ်နေရာထဲတွင် ယွမ်ခေတ်ကာလသန်းပေါင်းများစွာ ပိတ်မိနေလျက် ရှိသည်။ လူများစွာက သူတို့၏ ကျင့်ကြံရေးတွင် တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့အတွက် တန်ကြေးကြီးကြီးမားမားကို ပေးလိုကြ၏။ အရင်းအမြစ်နှင့် ပါရမီထူးကဲသည့်သူများကပင် အတားအဆီးနှင့် ကြုံတွေ့ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် နေရောင်ခြည်မျှော်နန်းဆောင်၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းက သူတို့၏ အင်အားစုထဲတွင် တခြားသော နည်းလမ်းများထက် ပိုမိုဈေးချိုနေလေ့ရှိ၏။

ဧကရာဇ်ခုံက နေရောင်ခြည်မျှော်နန်းဆောင်နှင့် ဆက်သွယ်ဖူးသည်မှာ သူက သူတို့၏ ဝန်ဆောင်မှုကို အသုံးပြုဖူး၍ မဟုတ်ဘဲ သူတို့က ကမ္ဘာတစ်ဝှမ်းအကြီးမားဆုံး သူလျှိုကွန်ယက်ကို ပိုင်ဆိုင်ထား၍ ဖြစ်သည်။ အမျိုးသားများက စိတ်သက်သာဆုံးဖြစ်နေသည့်အချိန် သူတို့၏ ပါးစပ်ကို ဖွင့်ပြီး သတင်းအချက်အလက်များကို ထုတ်ပြောကြလေ့ရှိသည်။ ထိုစဉ် မျှော်နန်းဆောင်၏ ဝန်ဆောင်မှုများကို အသုံးပြုကြသည့် အမျိုးသမီးများကလည်း သာယာမှုကြောင့် လျှို့ဝှက်ချက်များကို ထုတ်ပြောကြလေ့ ရှိ၏။ ထိုအရာကြောင့် သူတို့ဆီမှ သတင်းအချက်အလက်များကို ရယူဖို့ ပိုမိုလွယ်ကူလာသည်။ နောက်ဆုံးအနေဖြင့် မျှော်နန်းဆောင်ဘက်မှ တစ်စုံတစ်ယောက်သာ သူတို့ကို အဖိုးတန် သတင်းအချက်အလက်ပေးပါက လျှော့ကြေးပေးသည့် စနစ်မျိုးလည်း ပိုင်ဆိုင်ထားလေသည်။

သူတို့၏ အဖွဲ့ခွဲများက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့နေသည့်အတွက် နေရောင်ခြည်မျှော်နန်းဆောင်သည် သတင်းအချက်အလက်စီးပွားရေးထဲတွင် အကောင်းဆုံးထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် ဧကရာဇ်ခုံက သူတို့နှင့် ပတ်သက်ခဲ့ရသည်။ သို့သော်လည်း အမျိုးသမီးရွှင်းနှင့် ပတ်သက်သည့် ပြဿနာကမူ သူတို့ကြားထဲတွင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခမျိုးကြောင့် မဟုတ်ပေ။

သူမက ကျောင်းတော်အတွင်း ယင်ယန်ကျောင်းကို ဖွင့်လှစ်လိုသည်။

သူမ၏ တောင်းဆိုချက်က ကျောင်းတော်ကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။ တချို့သော အကြီးအကဲများက ယင်ယန်တာအိုသည် ကျင့်ကြံသူများအတွက် အထွတ်အထိပ်လမ်းစဉ် တစ်ခုဖြစ်သည့်အတွက် သဘောတူကြလေသည်။ ထိုစဉ် တခြားသူများကမူ ထိုတောင်းဆိုချက်ကို အပြင်းအထန် ငြင်းဆန်ကြပြီး ယင်ယန်တာအိုကို လေ့ကျင့်ခြင်းက စာပေရေးရာနည်းလမ်း၏ သဘောတရားများဖြင့် များစွာ သွေဖယ်နေသည်ဟု ဆိုကြပေသည်။ သူတို့က အပြင်းအထန် ငြင်းဆန်ကြလေသည်။ ထိုမဆုတ်သာမတိုးသာ အခြေအနေကို ဆုံးဖြတ်ပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းက ကျောင်းအုပ်က ဝင်ရောက်စွက်ဖက်ဖို့ ဖြစ်၏။

ဧကရာဇ်ခုံက ယင်ယန်ကျောင်းကို ဖွင့်လှစ်ဖို့ ပြဿနာမရှိပေ။ သူ့လမ်းစဉ်က သက်ရှိအားလုံးကို ဉာဏ်အလင်းဖွင့်ပေးဖို့ ဖြစ်သည့်အတွက် မည်သူ့ကိုမှ ချန်လှစ်ထားမည်မဟုတ်ပေ။ သူ့ တုံ့ဆိုင်းမှုကမူ နေရောင်ခြည်မျှော်နန်းဆောင်၏ တကယ့် ပိုင်ရှင်ကြောင့် ဖြစ်၏။

ငါ အဲဒီရူးနေတဲ့ အမျိုးသမီးနဲ့ မပတ်သက်ချင်ဘူး…

ဧကရာဇ်ခုံက သက်ပြင်းချလိုက်ပြီး နောက်ထပ် ခေါင်းကိုက်မှုတစ်ခု ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ ဝမ်ဝေ့က ပြဿနာတစ်ခုဖြစ်သော်လည်း သူက အကျိုးအကြောင်းသင့်သည့်သူ ဖြစ်၏။ ထိုအမျိုးသမီးကမူ ထိုသို့မဟုတ်ပေ။ သူမက ကျောင်းတော်ကို အကြောင်းအရင်းမရှိ တိုက်ခိုက်လာနိုင်သလို အမှန်တကယ်အကြောင်းအရင်း ရှိနေပါက အိပ်မက်ဆိုးတစ်ခု ဖြစ်သွားနိုင်၏။

တကယ်လို့ ငါသာ ရွေးချယ်မှု မလုပ်ဘူးဆိုရင် သူမက ကျောင်းတော်ကို ရင်ဆိုင်လာနိုင်ချေရှိတယ်…

ဧကရာဇ်ခုံက ထပ်မံတွေးလိုက်သည်။

သူက သူမကို မနှိမ်နင်းနိုင်ပေ။ သူမကို ဒေါသထွက်အောင် လုပ်မိပါက သူသည် ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်၏။

“ငါ သူမကို ဖြေရှင်းလိုက်မယ်”

“ဆရာ ဒါကို ဘယ်လိုလုပ်မှာလဲ” လင်းဖန်က မေးလိုက်သည်။ သူက အမျိုးသမီးရွှင်း၏ ပြဿနာသည် မည်မျှရှုပ်ထွေးကြောင်း သိထားလေ၏။

“ငါတို့တွေ ယင်ယန်ကျောင်းကို ကျောင်းတော်ရဲ့ အဖွဲ့ခွဲထဲမှာ စစ်ဆေးမှုအနေနဲ့ ဖွင့်မယ်လို့ ပြောလိုက်တယ်။ အဲဒါက သူမကို ယာယီတော့ ကျေနပ်သွားစေမှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီရူးနေတဲ့ အမျိုးသမီးကို ပင်မအဖွဲ့နှင့် တိုက်ရိုက်ဆက်နွယ်မှု မရှိအောင်လို့ တားဆီးလိုက်နိုင်တယ်လေ” ဧကရာဇ်ခုံက ပြောလိုက်သည်။

ဧကရာဇ်ခုံက သက်ပြင်းချပြီးသည့်နောက်တွင် ထွက်ခွာသွားလိုက်၏။ သူက ကမ္ဘာကြီးဆီမှ ပိုင်းခြားထားဖို့ ဆရာရှန်းနှင့် ရက်အနည်းငယ်ကြာ အတူကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအရာက သူ့စိတ်ကို သက်တောင့်သက်သာ ဖြစ်သွားစေလိမ့်မည်။

ထို့နောက် သူက သူ့ဇနီးနှင့် ခရီးတစ်ခု ထွက်ရမည်။

……………………………………………………………………………..

ဝမ်ဝေ့က မူလစည်းတံဆိပ် မြို့ထဲတွင် တုတ်ထိုးချိုချဉ်တစ်ချောင်းဖြင့် လျှောက်လှမ်းကာ သဘောကျနေလေ၏။ သူက သေမျိုးမြို့သည် ကျင့်ကြံရေးမြို့နှင့် ပြီးပြည့်စုံစွာ ရောနှောနေသည်ကို ကြည့်ရင်း သဘောကျနေမိသည်။ ထို့အပြင် သူက သူ့အနာဂတ်ဇနီးလောင်း၏ မြင့်မားလှသည့် စံနှုန်းများအကြောင်း မသိထားပေ။ ဤနေရာတွင်ရှိသည့် အစားအစာများက အတော်လေး ကောင်းမွန်လှ၏။ သူ သွားရောက်သည့် စားသောက်ဆိုင်တိုင်းက ထူးကဲသည့် ဟင်းလျာ၊ နည်းစနစ်တို့ ရှိကြသည်။

“ဟမ်”ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိ၍ ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်သည်။ သူက အဝေးတစ်နေရာကို ကြည့်သည့်အချိန် သူ့အမြင်က အကွာအဝေးများစွာကို ထိုးဖောက်သွားပြီးသည့်နောက်တွင် ကျောင်းတော်၏ မြို့အထက် တောက်ပနေသည့် ကြေးမုံတစ်ချပ်ကို မြင်လိုက်ရသည်။

“အဲဒါဆိုတော့ သိသွားပြီလား” သူက ခေါင်းယမ်းလိုက်သည်။

“အဲဒီမိန်းကလေးရှုရှစ်နဲ့ မိတ်ဆွေဖွဲ့မိတာတောင် နောင်တရလာမိပြီ”

ဝမ်ဝေ့က ဤသည်က ကျင့်ကြံရေးလောကအတွင်း မိတ်ဆွေ ဆက်ဆံရေးအများစုက ဤကဲ့သို့ဖြစ်သည့်အတွက် စိတ်ထဲမထားပေ။ အထူးသဖြင့် ကွဲပြားသည့်အင်အားစု သို့မဟုတ် မျိုးဆက်ကွဲပြားသည့် အင်အားစုများမှ ဆက်ဆံရေးမျိုး ဖြစ်၏။ ဂိုဏ်း သို့မဟုတ် မျိုးနွယ်ဆက်ဆံရေးက မိတ်ဆွေဆက်ဆံရေးထက် အရင်ရောက်လာသည်။

“လူအိုကြီး မဆိုးဘူးပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဒါပေမဲ့ ကျုပ်ကို တားဖို့ မလုံလောက်သေးဘူး”

သူက လက်ကိုမြှောက်ကာ ဧကရာဇ်ခုံ၊ လင်းဖန်နှင့် ရှုရှစ်နှင့် ဒိုင်မေးရှင်းအနိမ့် ကျောင်းတော်မှ ကံကြမ္မာကြိုးမျှင်တချို့ကို ဖန်တီးလိုက်သည်။ ဧကရာဇ်ခုံက သူ့ကို ကံကြွေးများစွာ တင်ရှိထားပြီး ထိုသူကလည်း ဝန်ခံခဲ့သည်။

ဝမ်ဝေ့ကလည်း သူ့ကို ကံကြွေးပြန်လည်ပေးဆပ်ဖို့ အတင်းအကြပ် ဖိအားပေးဖို့ စီစဉ်ထားလေ၏။ မဟုတ်ပါက သူသည် သူ့ဝိညာဉ်ကို ထိခိုက်စေရုံသာမကဘဲ သူ့ကံကောင်းမှုကို သက်ရောက်မှုရှိလာစေသည့် တန်ပြန်သက်ရောက်မှုဖြင့် ရင်ဆိုင်ရလိမ့်မည်။

ကံကြွေးကို ပြန်လည်ပေးဆပ်မည့် အကောင်းဆုံးနည်းလမ်းကမူ ကောင်းကင်တာအိုဆီမှ လျော်ကြေး ဖြစ်၏။

ဝမ်ဝေ့က ဧကရာဇ်ခုံသည် မည်သည့်အရာမှ သတိမထားမိစေအောင် သေချာကြိုးကိုင်ထားလိုက်သည်။ ထို့နောက် သူသည် နှောင့်နှေးဖို့ အခွင့်အရေးရှိလာမည် မဟုတ်ဘဲ တန်း၍ သေချာပေါက် ပြန်လည်ပေးဆပ်ရလိမ့်မည်။

ကောင်းကင်တာအိုက ထူးကဲသာလွန်မှုအင်အားစုအတွက် စီစဉ်နေတာ။ ဒါပေမဲ့ သူတို့ကြားမှာ ကွာဟချက်တော့ ရှိရမယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

သူက ဧကရာဇ်ခုံအပေါ် ကိုယ်ပိုင်ရန်ငြိုး မရှိသလို ကျောင်းတော်အပေါ်လည်း မရှိပေ။ သို့သော် သူ့ဂိုဏ်းအတွက် အထွတ်အထိပ်ကို ရောက်ရှိစေဖို့ သေချာအောင် လုပ်ရမည်ဖြစ်၏။ ဤကမ္ဘာထဲတွင် အာဏာပိုကောင်းခြင်းက အရင်းအမြစ်များစွာ ပိုမိုရှိသည်ဟု ဆိုလိုနေလေသည်။ ထိုအရာကို သိထားသည့် ဝမ်ဝေ့က အာဏာအပေါ် လိုချင်တပ်မက်မှုကို မည်သည့်အခါမှ မရပ်တန့်ခဲ့သလို ဂိုဏ်းအတွက် အရင်းအမြစ်များကိုလည်း သိမ်းပိုက်ဖို့ မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။

ဝမ်ဝေ့က ချိုချဉ်ကို စားရင်း ချိုမြိန်မှုကို ခံစားလိုက်သည်။ အကယ်၍ သူ့ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်လျှင် ထိုအရာက သူ့စိတ်အခြေအနေကိုပင် သက်ရောက်မှုရှိစေနိုင်၏။ ဤမြို့က အမှန်တကယ် အံ့ဩဖို့ကောင်းလှသည်။ ချိုချဉ်ပြုလုပ်သူကပင် ချက်ပြုတ်ရေးတာအို၌ အောင်မြင်မှုတချို့ ရှိထားဟန်ပေါ်သည်။

ငါ အဲဒီရက်က အတော်လေးများ လေလုံးကြီးမိသွားတာလားမသိဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

ဤကဲ့သို့ နှုန်းထားမျိုးဖြင့် သူ ပြုလုပ်ထားသည့် အရာမျိုးက သူမအား ထိုစကားများကို ပြန်လည်မျိုသိပ်စေနိုင်မည်လား။

သူ့အနာဂတ်က မှောင်မိုက်နေသလို ခံစားလိုက်မိသည်။

ဝမ်ဝေ့က နောက်ထပ် စားသောက်ဆိုင်ဆီ ဦးတည်တော့မည့်ဆဲဆဲတွင် ကောင်းကင်အထက် တစ်စုံတစ်ခု ပေါ်ထွက်လာသည်ကို ခံစားမိလိုက်သည်။

ရွှေရောင်သတ္တုဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးကို မြင်လိုက်ရ၏။

“မိန်းကလေးအတွက် ဘာများလုပ်ပေးရမလဲ” ဝမ်ဝေ့က ခန့်မှန်းပြီးသားဖြစ်သည့်အတွက် မေးလိုက်သည်။

“ရှင့်အတွက် ဒီအမှတ်အသားပြားနဲ့ သတင်းစကား လာပြီးပါးတာပါ။ ရှင် အချိန်ဖြုန်းတာ တော်သင့်ပြီတဲ့”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။ သူက မည်သို့သော ဒုက္ခမျိုး စောင့်ဆိုင်းနေသည်ကို သိလိုက်သည်။ သူက ရက်ပိုင်းအနည်းငယ် နှောင့်နှေးနေခြင်းဖြစ်ပြီး သူ့ကိုယ်သူ တတ်နိုင်သမျှ ပျော်အောင် နေနေသည်။ သို့သော်လည်း သူ့အနာဂတ်ဇနီးလောင်းကလည်း သူ့ကို ရိုက်နှက်ဖို့ စောင့်ဆိုင်းနိုင်တော့ဟန်မပေါ်ပေ။

ဝမ်ဝေ့က လက်ဝှေ့ပြီးသည့်နောက်တွင် အမှတ်အသားပြားက သူ့လက်ထဲ ရောက်ရှိလာ၏။ ထိုချပ်ဝတ်အမျိုးသမီးက ဘာမှမပြောဘဲ  ထွက်ခွာသွားလေသည်။ ထိုစဉ် ဝမ်ဝေ့က သက်ပြင်းချပြီး အမှတ်အသားပြားကို အသက်သွင်းကာ လမ်းမအလယ်မှ ပျောက်ကွယ်သွားလေသည်။

All Chapters