← Chapters

စီစဉ်ထားသည့် လက်ထပ်ပွဲ

Vol. 95 Ch. 1319

စီစဉ်ထားသည့် လက်ထပ်ပွဲ

Vol. 95 Ch. 1319

ဝမ်ဝေ့က လေထဲ မျောလွင့်ကာ ပတ်ဝန်းကျင်အသစ်ကို ကြည့်လိုက်သည်။

“ဒါက မူလစည်းတံဆိပ်ကုန်းမြေလား။ ဒီနေရာက ထူးဆန်းလိုက်တာ”

သူ ထိုကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် သူ့စိတ်က ကျေနပ်သွားပြီး ကွဲပြားသည့် တာအိုနှင့်ပတ်သက်သည့် လှုံ့ဆော်မှုများက သူ့စိတ်ထဲ ဖြတ်ပြေးသွားလေသည်။ သူက ထိုနေရာကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်၏။ အရွယ်အစားအားဖြင့် ဤကုန်းမြေသည် ဒိုင်မေးရှင်းအနိမ့်ထက် အဆတစ်ရာမျှ ကြီးမားလေသည်။ သို့သော် ဒိုင်မေးရှင်းအမြင့်၏ စံနှုန်းအရ အတော်လေး သေးငယ်သည်ဟု ယူဆ၍ရ၏။

“ဒီနေရာမှာ ကျင့်ကြံတာ အတော်ကို အကျိုးကျေးဇူးရှိတယ်။ ဒါပေမဲ့ အကြောင်းအရင်းက တာအိုချီ ပေါကြွယ်ဝမှုကြောင့်တော့ မဟုတ်သေးဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤနေရာရှိ တာအိုချီ စုစည်းနေမှုက အင်မတန်ထူးကဲလှသည်။ သို့သော် ဤနေရာက ထူးကဲနေရသည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ ဝမ်ဝေ့က အနီးအနားရှိ တောအုပ်တစ်ခုဆီသွားကာ မြက်ပင်များဖြင့် ကစားကြည့်လိုက်သည်။

“မဖြစ်နိုင်တာ”

သူက သစ်ပင်၊ မြစ်၊ တောင်တန်းနှင့် တိရစ္ဆာန်များကို စစ်ဆေးကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူက ကုန်းမြေကို ဒုတိယအကြိမ် စစ်ဆေးကြည့်လိုက်ပြီး အရာအားလုံးကို ပိုမိုနက်ရှိုင်းစွာ အကဲခတ်လိုက်သည်။

“တကယ်ကို ပြောင်မြောက်တဲ့ နည်းလမ်းတစ်ခုပဲ” သူက ချီးကျူးလိုက်၏။ ဤကုန်းမြေပေါ်တွင်ရှိသည့် အရာအားလုံးက သင်္ကေတများဖြင့် ပြုလုပ်ထားလေသည်။ မြက်ပင်မှ သစ်ပင်၊ တိမ်တိုက်၊ မိုး၊ လေထု၊ မီးတောင်၊ ပင်လယ်အပါအဝင် အရာအားလုံးကို ကွဲပြားသည့် သင်္ကေတအက္ခရာများဖြင့် ပြုလုပ်ထားပြီး ဤနေရာအား ကျွမ်းကျင်အတတ်ပညာရှင်များအတွက် တော်ဝင်နယ်မြေတစ်ခု ဖြစ်စေသည်။ မူလစည်းတံဆိပ်ကုန်းမြေရှိ အပင်တစ်ပင်ကို လေ့လာစောင့်ကြည့်ခြင်းဖြင့် ထိုသူများက သစ်သားသင်္ကေတ၊ အသက်ဓာတ်သင်္ကေတ၊ ရှင်သန်မှုသင်္ကေတနှင့် များစွာကို နက်နက်နဲနဲ နားလည်လာနိုင်စေသည်။

တိရစ္ဆာန်တွေကိုတောင် သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတာပဲ…

ဝမ်ဝေ့က လေ့လာလိုက်သည်။

သူမက အဆီအနှစ် သင်္ကေတကို သုံးပြီး ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတာ။ ပြီးတော့ ချီသင်္ကေတကို အသက်ဓာတ်စွမ်းအားနဲ့ ခန္ဓာကိုယ်လှုပ်ရှားဖို့အတွက် တခြားစွမ်းအင်တွေအတွက် သုံးထားတာ။ နောက်ဆုံးအနေနဲ့ စိတ်ဝိညာဉ်သင်္ကေတကိုတော့ စိတ်၊ ဝိညာဉ်လိုမျိုး အရာတွေကို အသုံးပြုဖို့ ဖန်တီးထားတာပဲ…

ထိုသို့သော နည်းလမ်းမျိုးကို အမှန်တကယ် ဖန်ဆင်းမှုအဖြစ် မှတ်ယူ၍ ရပေသည်။ အထူးသဖြင့် ဈေးပေါလှသည့် မဟာမြူစက်ဝန်းဖြင့် ရှင်းလိုက်သည့်အခါတွင် ဖြစ်၏။ ဝူဟုန်က သူမ၏ တာအိုကို အသုံးပြုကာ တခြားသောတာအိုများကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အနေအထားမျိုးတွင် ဖန်ဆင်းခြင်းတာအို ဖြစ်၏။ ထိုသို့သော နည်းလမ်းမျိုးဖြင့် သူမက အရည်အချင်းတာအိုအဖွဲ့အစည်းဖြင့် ယှဉ်ပြိုင်နိုင်သည်က မထူးဆန်းတော့ပေ။

ဒါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ အသေးစားပုံစံလား။ မဟုတ်သေးဘူး။ ဟွင်သွမ်းစကြဝဠာ ဖြစ်နိုင်တယ်…

ဝမ်ဝေ့က ထိုအတွေးဝင်ပြီးသည့်နောက်တွင် ဆက်လက်စစ်ဆေးကြည့်လိုက်သည်။ သူက ကုန်းမြေ၏ အလွှာတစ်လျှောက်ကို ဖြတ်သန်းကာ စီးဆင်းနေသည့် မီးခိုးရောင်မြစ်ကြောင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုမြစ်ကြောင်းက သူနှင့် အင်မတန် ရင်းနှီးနေသလို ကွဲပြားနေဟန်လည်း ပေါ်သည်။

သင်္ကေတတွေနဲ့ ဖန်တီးထားတဲ့ ကံကြမ္မာမြစ်ကြောင်း…

ဝမ်ဝေ့က တွေးလိုက်သည်။ သင်္ကေတအက္ခရာများက မဟာတာအို၏ ဘာသာစကားဖြစ်ကြောင်း အကုန်သိကြပေသည်။ သို့သော်လည်း ယနေ့တွင် ထိုစကားများက မည်သည်ကို ဆိုလိုကြောင်း သဘောပေါက်သွားမိ၏။ ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အချိန်မြစ်ကြောင်း၊ အရင်းအမြစ်ချီနေရာလွတ်၊ ကောင်းကင်တာအိုနှင့် ကမ္ဘာဦးဟွင်သွမ်းကိုပါ မြင်လိုက်ရသည်။ ထိုအရာက ဤကုန်းမြေဝန်းကျင်တွင် ကာရံထားပြီး ကာကွယ်မှုအနေဖြင့် အတားအဆီးသဖွယ် ဆောင်ရွက်ပေးနေလေ၏။ သူတို့အားလုံးကို သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ခဏ သံသရာက ဘယ်မှာလဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး ထိုအရာကို ရှာဖွေကြည့်လိုက်သည်။

“သူမက ယမမင်းဆီကနေ စွမ်းအားကို ခိုးထားတာလား”

ဤကုန်းမြေအပေါ်ရှိ သံသရာသည် တခြားအရာများကဲ့သို့ လုပ်ဆောင်မှုရှိကြောင်း ပြောနိုင်လေ၏။ တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ဤကုန်းမြေထဲ ဝင်ရောက်သည့်သူများက မဟာတာအိုနှင့် သံသရာကာဒီနယ်တို့မှ ထိန်းချုပ်သည့်အရာအစား  ဝူဟုန်၏ သံသရာ အကဲဖြတ်မှုအောက် ကျရောက်သွားလိမ့်မည်။

“သူမက လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတာကို သိထားပေမဲ့ ဒါကတော့ တခြားတစ်ခုပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ပြီးတော့ သူမက မာနကြီးတယ်။ ကျစ် ငါဘာလို့ အဲ့လိုမျိုး လုပ်မိပါလိမ့်… ငါ လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသမီးတွေအတွက် ဘယ်တုန်းကစပြီး အထွန့်တက်မိပါလိမ့်…  ဒါက အသစ်အဆန်းတော့ မဟုတ်ဘူးထင်တယ်။”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်ပြီးသည့်နောက်တွင် ထိုရှုပ်ထွေးလှသည့် အတွေးများကို ဖယ်ရှားလိုက်သည်။ သူက မူလစည်းတံဆိပ်ကုန်းမြေကိုသာ အာရုံစိုက်ထားလိုက်၏။ ဤသည်က သူ့အတွက် သီးသန့်ကျင့်ကြံဖို့ ပြီးပြည့်စုံသည့် နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာ၏ သင်္ကေတများကို လေ့လာခြင်းဖြင့် သူသည် ကံကြမ္မာလွှမ်းမိုးရေးတာအိုကို သိသိသာသာ တိုးတက်အောင် လုပ်နိုင်သည်။ သူက ထိုအရင်းအမြစ်အသစ်ကို အကောင်းဆုံးအသုံးချဖို့ တွေးနေစဉ် အမှတ်အသားပြားဆီမှ သတင်းစကားကို လက်ခံရရှိလိုက်သည်။

ဝမ်ဝေ့က သက်ပြင်းချပြီး ဤကုန်းမြေဝန်းကျင်တွင်ရှိသည့် အတားအဆီးကို ချိုးဖောက်ကာ လူဖန်တီးထားသည့် ကမ္ဘာဦးဟွင်သွမ်းထဲ ဝင်ရောက်လိုက်သည်။

အမှတ်အသားပြားမှ တဆင့် ဝမ်ဝေ့အား အတော်လေး ထိတ်လန့်သွားစေသည့် ကြီးကျယ်လှသည့် နန်းဆောင်တစ်ခုကို တွေ့လိုက်ရသည်။ အဖြူရောင်နန်းဆောင်က အင်မတန်လှပပြီး ကြီးကျယ်ခမ်းနားကာ သူ့အနေဖြင့် တစ်ခုကိုသာ တွေးမိသွားသည်။

ဒီအမျိုးသမီးက ဘယ်လောက်တောင် ချမ်းသာနေပါလိမ့်…

ထိုအရာကို ဆောက်လုပ်ဖို့ အသုံးပြုထားသည့် ပစ္စည်းအများစုကို မှတ်မိသော်လည်း အများစုကမူ သူ သတိမထားမိသည့် အရာများဖြစ်ပေသည်။ ပြောရလျှင် တခြားသောဟွင်သွမ်းကမ္ဘာများမှ ဖြစ်နိုင်၏။

ဒီနန်းဆောင်ကိုယ်တိုင်ကတောင် စံပြအသုံးအဆောင် ဖြစ်နေလောက်ပြီ။ ပြီးတော့ သူတို့အပေါ်မှာ ရေးထွင်းထားတဲ့ အစီအရင်တွေက ကြက်သီးတောင်ထစေတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုနန်းဆောင်ကို ကြည့်ရင်း အန္တရာယ်ခံစားမှု အသက်ဝင်လာကာ ထိုကပ်ပါးများသည် ဤနေရာနှင့် မရှုပ်ရဲသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ ဤအသုံးအဆောင်ပစ္စည်းတစ်ခုတည်းဖြင့် သူတို့အား မပြီးမပြတ်အခြေအနေကို ပို့ဆောင်ဖို့ လုံလောက်ပေသည်။

အမှတ်အသားပြားက ဝင်ခွင့်ကဲ့သို့ ပြုမူလိုက်ပြီး ဝမ်ဝေ့က တံခါးရှေ့မှောက် ရောက်ရှိသွားလေသည်။ သူက အဝတ်အစားများကို သေသေသပ်သပ်ပြုပြင်ကာ ဆံပင်များကိုလည်း ဖြီးရင်း မားမားမတ်မတ်ရပ်ကာ ဝင်ရောက်သွားလိုက်သည်။

“ဇနီးလောင်းလေး လွမ်းနေပြီလား”

အခန်းက ရုတ်ချည်းဆိုသလို နေရခက်သည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားလေသည်။ ပြတင်းပေါက်မှတဆင့် ကြည့်နေသည့် ဝူဟုန်က စက္ကန့်ပိုင်းကြာ ကြည့်ပြီးသည့်နောက်တွင် သူမက ကြည့်လက်စကိုသာ ဆက်လက်ကြည့်လိုက်သည်။

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။

ငါတို့ကို မလုပ်မိဘူးမလား။ ငါက ငါ့ရဲ့ သစ္စာရှိမှုကိုပြဖို့ ကံကြမ္မာကြိုးမျှင်ကိုတောင် တမင်ပြသထားတာလေ…

သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကမ္ဘာမြေမှ ချိန်းတွေ့တာကပင် ဤမျှမခက်ခဲခဲ့ပေ။ သူက သူမအနားသွားကာ ကြယ်စင်များကို ငေးကြည့်လိုက်၏။

သူ့ရှေ့တွင်ရှိသည့် မြင်ကွင်းက အင်မတန်လှပပြီး ကြယ်စင်၊ ဂြိုလ်၊ ကြယ်စင်စုနှင့် စကြဝဠာလျှို့ဝှက်ဆန်းကြယ်မှုများရှိသည့် စကြဝဠာတစ်ခုကို မွေးဖွားပေးနေမှု ဖြစ်သည်။ ထိုစကြဝဠာက မစတင်ခင် သေဆုံးသွားလေ၏။ ထိုဖြစ်စဉ်တစ်ခုလုံးက မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်သည်။ တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ထိုနှစ်ဦးသားက စကြဝဠာကြီး၏ ဖန်ဆင်းမှုနှင့် ပျက်သုဉ်းမှုကို ကြည့်ရင်း တစ်စုံတစ်ခုကို ခံစားနေခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကို တတိယအကြိမ် ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ပြောလိုက်၏။

“လာပါ စကားပြောရအောင်။ ကိုယ်တို့အားလုံးက အရွယ်ရောက်ပြီးသားလူတွေပဲလေ။ ပြဿနာရှိရင် ကောင်းကောင်းဆွေးနွေးကြတာပေါ့”

ဝမ်ဝေ့၏ ယခင်ဘဝမှ အင်တာနက်ပေါ်မှ သာမန်တွေ့ရလေ့ရှိသည့် ချိန်းတွေ့ရေးအကြံဉာဏ်သည် မည်သည့်ဆက်ဆံရေးမဆို ပြောဆိုဆက်ဆံဖို့က အရေးပါလှသည်။ ဤသည်က အကြံဉာဏ်တစ်ခု ဖြစ်သော်လည်း လူမည်မျှက အကျိုးရှိရှိ မည်သို့အသုံးပြုနိုင်မည်နည်း။ ပြောရမည်ဆိုလျှင် ပြောဆိုဆက်ဆံရေးက အရေးပါမှန်း သိထားကြသော်လည်း ကိုယ်တိုင်ကိုယ်ကျ ပြောဆိုဆက်ဆံနိုင်ဖို့ထက် အရေးကြီးသည့်အရာဟူ၍ မရှိပေ။

“ကျွန်မ စိတ်ထဲမှာ တစ်ခုခုရှိနေတယ်” ဝူဟုန်က ပြောလိုက်သည်။

“ရှင်က ဒီဆက်ဆံရေးကို ဘာလို့ အလွယ်တကူ လက်ခံခဲ့တာလဲ။ လူတွေအားလုံးထဲမှာ ရှင်က ကံကြမ္မာဆက်စပ်တဲ့ ချစ်ခြင်းမျိုးကို ငြင်းဆန်မယ်ဆိုတာ အသိသာကြီးလေ။ ဒါပေမဲ့ သူမရဲ့ မှတ်ဉာဏ်တွေကနေဆိုရင် မသိမသာတဲ့ တုံ့ဆိုင်းမှုမျိုးကလွဲရင် ရှင်က ဒီလက်ထပ်ပွဲကို အမြန်အဆန် လက်ခံခဲ့တာ”

ဝူဟုန်က သူ့ကို ကြည့်လိုက်သည်။

“အဲဒါက မြင်မြင်ချင်း အချစ်ကြောင့်တော့ မဖြစ်နိုင်ဘူး။ ကျွန်မတို့လိုမျိုး အကျိုးအကြောင့်သင့်တဲ့သူတွေက အဲ့လိုကိစ္စမျိုးတွေ မရှိဘူး။ ရှင် ဘာကြောင့်လုပ်ခဲ့တာလဲ။ ရှင် တစ်ခါ လက်ခံခဲ့တယ်ဆိုရင်တောင် ဘာလို့ ဒုတိယအကြိမ် လက်မခံရတာလဲ”

“ဒါက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပဲ။ ကိုယ်လည်း တစ်ခါက တွေးခဲ့ဖူးတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အဖြေက မင်း ထင်ထားတာထက် ပိုပြီးတော့ ရိုးရှင်းတယ်။ အထွတ်အထိပ်တားမြစ်ခံစစ်ဆေးမှု မတိုင်ခင်မှာ ကိုယ်တို့ဆက်ဆံရေးက အတော်လေးကောင်းတယ်။ သူမက အလိုလိုက်တတ်တဲ့ မိခင်လိုမျိုးပေါ့။ ကိုယ်ကတော့ ပုန်ကန်တတ်တဲ့ ကလေးလိုမျိုးပေါ့။ မိဘတွေရဲ့ စည်းကမ်းအတိုင်းကို မလိုက်ပဲနဲ့ ပုန်ကန်ချင်နေတဲ့သူလေ”

“ထူးထူးဆန်းဆန်း သဘောတရားပဲ” ဝူဟုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကိုယ်သိတယ်။ ဒါပေမဲ့ ဒါကို ရှင်းပြဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ ဆက်ပြော”

“ဒီစစ်ဆေးမှုအပြီးမှာ ကိုယ့်စိတ်က ပိုပြီး ပွင့်လင်းမြင်သာ ဖြစ်လာပြီးတော့ ပိုပြီးတော့ ပုန်ကန်လာတယ်။ အဲဒီအချိန်မှာ ကိစ္စတွေက ကိုယ့်ရဲ့ ကံကြမ္မာမျိုးစေ့အနေနဲ့ အဆင့်အတန်းကို သိလိုက်ရတော့ ကိစ္စတွေက ပိုပြီးတော့ ဆိုးရွားသွားတာ။ အဲဒီဖြစ်ရပ်မတိုင်ခင်တုန်းက ကိုယ်တို့ရဲ့ အခြေအနေကို စီစဉ်ထားတဲ့အရာတစ်ခုအဖြစ်ပဲ မြင်ခဲ့တာ။

ကိုယ့်ရဲ့ ချစ်ရပြီး အလိုလိုက်တဲ့ မိခင်ဖြစ်သူ ကံကြမ္မာက ကိုယ့်အတွက် ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦးကို ရွေးချယ်ပေးခဲ့တယ်ပေါ့။ သူမကို မြင်ပြီးတဲ့နောက်မှာ သူမက ဘယ်လောက်တောင် လှပလဲ။ လုပ်ရည်ကိုင်ရည်ရှိလဲ။ ဘယ်လောက်တောင် သင့်တော်လဲဆိုတာကို သိပြီးတဲ့နောက်မှာ လက်ခံခဲ့တာ။ ဒါပေမဲ့ ကိုယ်က ပုန်ကန်တတ်တဲ့ သားတစ်ယောက် ဖြစ်နေတုန်းပဲလေ။ တစ်ခါ လက်ခံလိုက်တာနဲ့ ဒုတိယအကြိမ် လက်ခံမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒီနောက် ကိုယ်တို့ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ ဆိုးရွားသွားတယ်။ အဲဒါကြောင့် ညှိနှိုင်းဖို့ အနေအထား မကျန်တော့ဘူး”

ဝူဟုန်က ထိုစကားများကို နားလည်ဖို့ အချိန်ခဏ ယူလိုက်ရသည်။

“အခြေအနေကို ထူးထူးဆန်းဆန်း ရှင်းပြလိုက်တာပဲ။ ဒါပေမဲ့ အဓိပ္ပာယ်တော့ ရှိတယ်”

သူမက ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုတော့ သူမနဲ့တွေ့ပြီးတဲ့နောက်မှာ ဆက်နွယ်မှုမျိုးကို ခံစားမိလား”

“မခံစားမိဘူး” ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“ပြောရမယ်ဆိုရင် ကိုယ်တို့ရဲ့ ဆက်ဆံရေးက ကံကြမ္မာဆိုးလို့တောင် ပြောလို့ရတယ်။ အဲဒီမိန်းကလေးက ကိုယ်နဲ့ ပတ်သက်ရင် သူမဘဝ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်တယ်”

“အိုး” ဝူဟုန်က သူသည် ထိုစကားများကို အကြောင်းအရင်း မရှိဘဲ ပြောနေမည်မဟုတ်ကြောင်း ခံစားမိသည်။

“ထပ်ပြီး ပြောပါဦး”

သူမက သူ့ကို ထိုင်ဖို့ လက်ဟန်ပြကာ အဖန်ရည်ဧည့်ခံလိုက်သည်။

ဝမ်ဝေ့က သက်တောင့်သက်သာ ဖြစ်သွားလေ၏။ အဖန်ရည်က လတ်ဆတ်ရုံသာမကဘဲ အခန်းအတွင်းမှ တင်းကြပ်မှုကိုလည်း ပြေပျောက်သွားစေသည်။

ထို့ကြောင့် သူက ရှုကျင်းယောင်နှင့် တွေ့ဆုံမှုအပါအဝင် စစ်တုရင်ခုံကို လွှမ်းမိုးဖို့အတွက် ထူးကဲသာလွန်မှုစွမ်းရည်အကြောင်း ကောက်ချက်ချမှုများကို ပြောပြခဲ့သည်။ သူက ဧကရာဇ်ခုံနှင့် စကားဝိုင်းကိုပင် ပြောပြခဲ့၏။ အထူးသဖြင့် ထူးကဲသာလွန်မှုအင်အားစုများနှင့် ပတ်သက်သည့် အကြောင်းကို ဖြစ်သည်။ ကျောင်းတော်က ထိုနေရာတစ်ခုစာအတွက် ရွေးချယ်ခံထားရ၏။

“မင်းရော ဘယ်လိုထင်လဲ”

“ဘာကိုလဲ” ဝူဟုန်က မေးလိုက်သည်။

သူက အများကြီးပြောခဲ့သည့်အတွက် သူမ အနေဖြင့် နားလည်အောင် လုပ်ဖို့ အချိန်တစ်ခု လိုအပ်နေသည်။

“ရှုကျင်းယောင်ကို ခေါ်တာကနေ စလိုက်ကြရအောင်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

All Chapters