ကစားသမားနှင့် နယ်ရုပ်များ
Vol. 95 Ch. 1320
“ကျွန်မလည်း အဲ့လိုမျိုး အတွေးမျိုး တွေးခဲ့ဖူးတယ်” ဝူဟုန်က ဝန်ခံလိုက်သည်။
“ဒါပေမဲ့ သူမက လူတွေကို ယုံကြည်ဖို့ ပြဿနာရှိတယ်။ ပြီးတော့ အဲဒီနှစ်ယောက်ကလည်း သူမကို မျက်စိကျနေကျတာဆိုတော့ ကျွန်မ ခေါ်ဖို့ ဘာမှမတွေးခဲ့မိဘူး။ ဒါပေမဲ့ ရှင် ပြောတဲ့အတိုင်း ကျွန်မက သူမရဲ့ ဆရာတစ်ပိုင်းအဖြစ် မှတ်ယူလို့ရတယ်ဆိုတော့ သူမသာ ဝင်ရောက်ချင်တယ်ဆိုရင် ပြဿနာတော့ မရှိဘူး”
ရှုကျင်းယောင်က နောက်အဆင့်ကို ဝင်ရောက်ဖို့ အလားအလာရှိသော်လည်း ဝူဟုန်က သူမ၏ အင်အားစုထဲ ခေါ်ဖို့ စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်နေမည် မဟုတ်ပေ။ သူမက ထိုသို့သောအရာများကို လုပ်ဖို့ စက်ဆုပ်လှ၏။ သို့သော်လည်း သူမက ဖိတ်ကြားမှု ပြုလုပ်နိုင်သည်။
“ပြီးပြည့်စုံမှုအုတ်မြစ် နည်းလမ်းရဲ့ ကတိစကားက မင်းအတွက် အခွင့်အရေးကို တိုးမြှင့်နိုင်လိမ့်မယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ပြီးပြည့်စုံမှုလမ်းစဉ်က သူမအတွက် တကယ်သင့်တော်တယ်လို့ ထင်လား”
“ဟမ် ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ”
နောက်ဆုံးတစ်ကြိမ် ပြောတုန်းက ပြီးပြည့်စုံမှုလမ်းကြောင်းသည် ရှုကျင်းယောင်အတွက် ပြီးပြည့်စုံကြောင်း သူတို့သဘောတူခဲ့ကြသည်။
“ကိုယ်တို့ စကားဝိုင်းပြီးကတည်းက အဲဒီအကြောင်းကို တွေးနေခဲ့တာ။ လူတော်တော်များများက ပြီးပြည့်စုံမှုက ထူးကဲသာလွန်မှုကို ရဖို့ အမြန်ဆန်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းမလို့ တားမြစ်ချက်ဖြစ်နေတယ်လို့ ယုံကြည်ကြတာ။ ပြီးတော့ အဲဒါက မဟာတာအိုရဲ့ စွမ်းအားထဲ ဝင်ရောက်ဖို့ နည်းလမ်းတစ်ခုပဲလေ။ ဒါပေမဲ့ ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးပြည့်စုံတဲ့ ခန္ဓာ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ တာအိုကို ရယူတာက ကိစ္စတစ်ခုဆိုပေမဲ့ ပြီးပြည့်စုံတဲ့ စိတ်ကို ရရှိနိုင်တာက ဘာကို ဆိုလိုနေတာလဲဆိုတော့ နားလည်တယ်မလား”
“အေးစက်ပြီးတော့ မထူးမခြားနားဖြစ်တာ။ ပြီးတော့ တွက်ချက်တတ်တာ။ ပြီးတော့ စိတ်ခံစားချက်ကင်းမဲ့နေတာ” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ပြီးပြည့်စုံမှုလမ်းကြောင်းထဲမှာ လူသားတွေရဲ့ စိတ်ခံစားချက်က အရေးကြီးတယ်။ အဲဒါကြောင့် အဲဒီလမ်းစဉ်အပေါ်က လူတွေက အဲဒါကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ရှင်းထုတ်ပစ်တာမျိုး လုပ်တတ်ကြတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အဲဒီလူတွေက အရက်စက်ဆုံးပဲ။ သူတို့က သူတို့ရဲ့ ရည်မှန်းချက်ကို ရဖို့ ဘာမဆိုလုပ်ကြလိမ့်မယ်။ သူတို့မှာ အောက်ခြေစည်းမျဉ်းဆိုတာ မရှိဘူး”
ဝမ်ဝေ့က သူ့ကိုယ်သူ ရက်စက်သည့်သူတစ်ယောက်အဖြစ် မှတ်ယူထားပြီး အကြွင်းမဲ့လမ်းစဉ်အတွက် လမ်းစဉ်က သူ့အား အတားအဆီးများမရှိဖို့ လိုအပ်ပေသည်။ သို့သော်လည်း သူ ဘယ်တော့မှ မလုပ်မည့် သေချာသည့် အရာတချို့ရှိလေသည်။ နမူနာအနေဖြင့် သူ့ကိုယ်သူ တခြားတစ်ယောက်ဖြင့် ဖိအားပေခြင်းတို့ ဖြစ်၏။ သူက ထိုသို့လုပ်ဆောင်ဖို့ စွမ်းအားရှိကြောင်း သိဖို့ရာသာ လိုအပ်ပေသည်။
“အဲဒီလူတွေက မိတ်ဆွေ၊ မိသားစုနဲ့ ချစ်မြတ်နိုးရသူတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့ရဲ့ တာအိုလမ်းစဉ်အတွက် အရာအားလုံးကို စွန့်ပယ်နိုင်တယ်။ မဟာတာအို ဒါမှမဟုတ် ကောင်းကင်တာအိုလိုအရာမျိုးဆိုရင် အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေက အဲ့လိုတူညီတဲ့ စိတ်ထားမျိုးနဲ့ဆိုရင်တော့…”
“သူက မိုးမြေကို ပြောင်းပြန်လှန်သွားစေနိုင်တယ်။ တစ်ရက်ကျရင် သူတို့ရဲ့ ရည်မှန်းချက်ကိုရဖို့ အဲဒါကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်” ဝူဟုန်က အဆုံးသတ်လိုက်သည်။ သူမ၏ အကြည့်များက တောက်ပလာလေ၏။
“အဲဒါကြောင့် တားမြစ်ချက်ဖြစ်နေရတာကိုး။ မဟာတာအိုက လူသားတွေကို ထူးကဲသာလွန်မှုလမ်းစဉ်ကို လျှောက်လှမ်းစေလိုပေမဲ့ ဟွင်သွမ်းစကြဝဠာကြီးကို အန္တရာယ်ဖြစ်စေမဲ့ နည်းလမ်းမျိုးကို အသုံးမပြုစေချင်ဘူး”
“အတိအကျပဲ”
ဝူဟုန်က သက်ပြင်းချလိုက်သည်။
“ကျွန်မ မဟာတာအိုရဲ့ အမြင်ကို နားလည်သွားပြီ။ ဒါပေမဲ့ ထူးကဲသာလွန်မှုလမ်းစဉ်က တကယ်ကို ခက်ခဲတယ်။ အရာအားလုံးအပြင် ကျွန်မတို့ ဘယ်လိုလုပ်မလဲဆိုတဲ့ စည်းမျဉ်းတွေကလဲ ကန့်သတ်ထားသေးတယ်။”
“အဲဒါကြောင့်ပေါ့။ အဆုံးသတ်မှာ ကျင့်ကြံသူတွေက မိုးမြေကို ဆန့်ကျင်ရတာပဲလေ” ဝမ်ဝေ့က မဟာတာအိုကို မပြောဘဲ ထိုအရာဖြင့်သာ သုံးထားသည်။ သူတို့နှစ်ဦးက စက္ကန့်ပိုင်းကြာ တိတ်ဆိတ်သွားလေ၏။ ထိုစကားဝိုင်းတိုလေးက ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ ခေတ်စားမှုကို ဖော်ထုတ်ပေးလိုက်သည်။ ထိပ်သီးစံပြများက သူတို့သည် ကမ္ဘာ၏ အထွတ်အထိပ်ကို မရောက်နိုင်သည့် ကိစ္စတချို့ကို လက်ခံကြမည် မဟုတ်ပေ။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အတွက်က ပိုမိုသိသာပေ၏။ သူတို့၏ စွမ်းအားက သူတို့ကို ကန့်သတ်ထားသည့် စည်းမျဉ်းများ မရှိဘူးဟု မှတ်ယူပါက မဟာတာအိုသည် ထိုသူများကို ဖိနှိပ်ဖို့ ကြိုးစားထားကြောင်း မြင်တွေ့နိုင်သည်။
“အဲဒီအကြောင်း မပြောဘဲနေရအောင်” ဝူဟုန်က ပြောလိုက်သည်။ သူက သူတို့၏ စကားဝိုင်းသည် မကြာခင် သတိပေးခံရလိမ့်မည်ဟု ခံစားနေမိ၏။
“ဒါပေမဲ့ ပြီးပြည့်စုံမှုလမ်းစဉ် မရှိဘူးဆိုရင် ရှုကျင်းယောင်ရဲ့ အနာဂတ်က ဒီလောက်တောက်ပနေမှာ မဟုတ်ဘူး”
ထို့နောက် သူမက သဘောပေါက်သွားကာ ဝမ်ဝေ့အား ပြောလိုက်သည်။
“ယင်ယန်တာအို … ရှင့်ရဲ့ တာအိုက လွတ်လပ်ခွင့်ပါဝင်နေတာဆိုတော့ သူမက ရှင့်နမူနာအတိုင်း လိုက်ပြီးတော့ ပြစ်ချက်ရှိ ပြီးပြည့်စုံမှုကို လျှောက်လှမ်းနိုင်တယ်။ အဲဒါက ပိုပြီးတော့ အလားအလာကောင်းလိမ့်မယ်။ ပိုပြီးကောင်းတာက စိတ်ခံစားချက် ပြီးပြည့်စုံမှုလမ်းစဉ်ပေါ့”
“စိတ်ခံစားချက် ပြီးပြည့်စုံမှုလား။ ဒီလိုအနေအထားမျိုးဆိုရင် သူမရဲ့ တာအိုကို ချီယွီလျှို့ချင်တာအိုအဖြစ် ပြောင်းဖို့ လိုအပ်တာပေါ့”
“အဲဒါက ပြဿနာ မဟုတ်ဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“သူမသာ စိတ်အခြေအနေကောင်းပြီး ပြီးပြည့်စုံတာနဲ့ သူမရဲ့ ကူးယူရေးတာအိုက အကောင်းဆုံး မဟုတ်ဘူးဆိုတာကိုသိသွားလိမ့်မယ်။ အဲဒီအခါကျရင် ပင်မတာအိုပြောင်းဖို့ အကြံပြုနိုင်တယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူမ တာအိုပြောင်းလဲခြင်းက ကျင့်ကြံသူများအနေဖြင့် သူတို့၏ တာအိုအမှတ်အသားများကို ပြန်လည်ထုဆစ်ပြီး၊ တာအိုခန္ဓာနှင့် နိုးထခြင်းကို ပြောင်းလဲရမည်ဖြစ်သလို သူတို့၏ ဝိညာဉ်ကိုလည်း အသွင်ပြောင်းရမည် ဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်ကပင် လျော့ကျသွားနိုင်၏။ သူတို့၏ ကူးပြောင်းမည့်တာအိုက သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိဖို့ လိုအပ်ပေသည်။
“ကောင်းပြီလေ။ ကိုယ်တို့တွေက သူမအတွက် လမ်းကြောင်းပြီးပြီဆိုတော့ သူမ ရွေးချယ်မလား၊ မရွေးချယ်မလားဆိုတာကိုတော့ သူမအပေါ် မူတည်သေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
သူတို့က မည်မျှပင် စီစဉ်ထားပြီး သူတို့၏ အစီအစဉ်များက မည်မျှပင် ထူးကဲနေစေကာမူ ရှုကျင်းယောင် ဆုံးဖြတ်ရလိမ့်မည်။
“ဟုတ်တယ်”
“သူမ အကြောင်းမပြောနဲ့တော့။ ဧကရာဇ်ခုံကိုရော ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“သူက တကယ်ကို ထူးကဲတဲ့သူပဲ” ဝူဟုန်က ဝန်ခံလိုက်ပြီး ဝမ်ဝေ့ကဲ့သို့ မနာလိုမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အဲဒါဆိုတော့ မင်းက မိုးမြေရဲ့ ထူးဆန်းအံ့ဖွယ်ကို မတွေးခဲ့ဘူးပေါ့။” ဝမ်ဝေ့က လုံလုံလောက်လောက် ကံကောင်းသည့်သူကသာ ထိုအရာကို ရနိုင်သည်ဆိုပါက သူ့ဇနီးဖြစ်နိုင်ကြောင်း ကောက်ချက်ချထားမိသည်။
“ယခင်ခေတ်ကာလတုန်းက နှစ်ခုပဲ ပေါ်လာတာ။ သူတို့အားလုံးက ကျွန်မ မတက်လှမ်းခင်ကလေ” ဝူဟုန်က ရှင်းပြလိုက်သည်။
“ ခရီးသွားလာတုန်းကလည်း ဘာမှမတွေ့ခဲ့ရဘူး။ သုံးပြီးသားတချို့ကိုတော့ တွေ့ခဲ့တာပေါ့။ ဒါပေမဲ့ သူတို့တွေက ထူးဆန်းအံ့ဖွယ် မဟုတ်တော့ဘူးလေ”
“အဲ့နှစ်ခုရော ဘာဖြစ်သွားလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက သမိုင်းကြောင်းအရာ မှတ်တမ်းများကို ဖတ်ရှုခဲ့ဖူးသော်လည်း သူမက ဂိုဏ်းက သူ့ထံ ပေးထားသည့်အရာများထက် ပိုမိုသိလောက်သည့်အတွက် မေးလိုက်ခြင်း ဖြစ်သည်။
“လူတချို့က တာအိုကလေးငယ် မွေးဖွားဖို့ ပထမတစ်ခုကို အသုံးပြုခဲ့ကြတယ်။ ကျန်တစ်ခုကတော့ ပျောက်ကွယ်သွားတာ။ ဘယ်သူယူသွားတယ်ဆိုတာကို မသိရဘူး”
“နေဝင်ဖြိုးဖျ ဧကရာဇ်လို့ ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။
“သူတို့က ထာဝရလမ်းစဉ်နောက် မလိုက်ဘဲနဲ့ အဆုံးစွန်မဲ့ စံပြ ဖြစ်လာလို့ ထင်နေတာမလား”
“အဲဒါက ရှင်းပြချက်တစ်ခုပေါ့”
“ရှင် ပြောတာ မှန်ပါတယ်။ သူမကလည်း ထူးဆန်းအံ့ဖွယ်ကို သုံးခဲ့တာ။ ဒါပေမဲ့ အဲဒီတစ်ခု မဟုတ်သေးဘူး” ဝူဟုန်က ရှင်းပြလိုက်သည်။
“သူတို့က မင်းကို မပြောပြဘူးလား။ မင်းတို့တွေက မိတ်ဆွေတွေလို့ ထင်နေတာ”
“ရှင့်မိတ်ဆွေတွေအားလုံးကိုလည်း ရှင့်ရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တွေကို ပြောပြလို့လား” ဝူဟုန်က ပြန်လည်ချေပလိုက်သည်။
“ဟုတ်သားပဲ။” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ရုတ်ချည်းဆိုသလို နေဝင်ဖြိုးဖျဧကရာဇ်သည် ထူးဆန်းအံ့ဖွယ်ကို မသုံးမိကြောင်း ခံစားမိသွားသည်။ ထိုအရာအားလုံးက သေချာသည့် အနေအထားတစ်ခုထိ အသုံးပြုပြီးသည့်နောက်တွင် အသုံးမဝင်တော့ပေ။ ထိုအရာကို လျှို့ဝှက်ထားနေ၍ အကျိုးမရှိပေ။ အကယ်၍ ထိုထူးဆန်းအံ့ဖွယ်ကို အသုံးပြုမှု အနည်းငယ် ကျန်ရှိသည်ဆိုပါက နေဝင်ဖြိုးဖျဧကရာဇ်သည် သူမ မိသားစုဝင်များကို အသုံးပြုစေခြင်း သို့မဟုတ် မိတ်ဆွေရောင်းရင်းများကို တန်ကြေးမြင့်မြင့်ဖြင့် ရောင်းချနိုင်လေသည်။
“ဘယ်သူယူသွားတယ်ဆိုတာကိုရော ကောက်ချက်ချထားတာရှိလား” ဝမ်ဝေ့က ရွှေရောင်ခေတ်ကာလ၏ ထူးဆန်းအံ့ဖွယ် အကြောင်း မေးလိုက်သည်။
“လူအများစုကတော့ မိစ္ဆာဘိုးဘေးတေ ယူသွားတယ်လို့ ထင်ကြတာ” ဝူဟုန်က ရှင်းပြလိုက်သည်။
“အဲဒါကြောင့် သူက အဲဒီပစ္စည်းကို ရလာတာလား။ ဒါက မဟုတ်သေးဘူးနော်။ သူက ကမ္ဘာဦးဟွင်သွမ်းက တွေ့ခဲ့တဲ့ လျှို့ဝှက်စစ်ဆေးမှုတစ်ခုလို့ ပြောတယ်”
“အဲဒီထူးဆန်းအံ့ဖွယ်က ဝိညာဉ်နဲ့ သက်ဆိုင်နေတာ” ဝူဟုန်က ရှင်းပြလိုက်သည်။
“ယန်းအိုက်ပြောသလိုဆိုရင် မိစ္ဆာဘိုးဘေးက ထိပ်တန်းစံပြရာချီနဲ့ ရှေးဦးစံပြဒါဇင်ချီနောက်ကနေ ဝိုင်းပြီး တိုက်ခိုက်ခံရတာ။ ဒါပေမဲ့ သူက အသက်ရှင်တယ်။ ပြီးတော့ နိုင်တောင် နိုင်သေးတယ်လေ”
“ကျစ် ဒီနှစ်ဆင့်ကြားက ကွာဟချက်က အဲ့လောက်တောင် ကြီးမားတယ်လား”
ထိုပျက်စီးနေသည့် ရတနာတစ်ခုဖြင့် သူက ထိုပြိုင်ဘက်ကင်းပါရမီရှင်အားလုံးရှေ့တွင် အရှုံးမပေးဘဲ ကျန်ရှိလေသည်။
“ခဏနေဦး သူ့ဝိညာဉ် … အိုး နားလည်သွားပြီ။”
“ဟုတ်တယ်။ သူ့ဝိညာဉ်က ဒီအသုံးအဆောင်ပစ္စည်းကို ၅ကြိမ်ကျော် အသုံးပြုပြီးတဲ့နောက်မှာ ဝိညာဉ်က ပြိုလဲသွားလောက်တယ်။ သူက တိုက်ပွဲဒါဇင်ချီ တိုက်ခိုက်ခဲ့ရတာဆိုတော့ အဲဒီလျှို့ဝှက်ချက်က သူ့ဝိညာဉ်ရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပေးပြီးတော့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဂုဏ်သတ္တိတချို့ကို ရယူနိုင်တာပဲ”
ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်သည်။
“ဒါပေမဲ့ မိစ္ဆာဘိုးဘေးနဲ့ အဲဒီအကြောင်း ပြောတုန်းက သူက ချီယွမ်ကို ဒုတိယမူလစစ်ပွဲ စပြီး ဟွင်သွမ်းစကြဝဠာကြီးကို ထူးကဲသာလွန်မှုခေတ်ကာလထဲ တွန်းပို့ဖို့ မဟာတာအိုရဲ့ အစီအစဉ်ထဲက နယ်ရုပ်တစ်ခုလို့ပဲ ပြောခဲ့တာ”
ချီယွမ်က အကြွင်းမဲ့တားမြစ်ချက်နောက် လိုက်ခဲ့ပြီး ယေဘုယျရည်မှန်းချက်ကို အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။
“အခု ဧကရာဇ်ခုံက ထူးကဲသာလွန်မှုအင်အားစု ဖြစ်လာမဲ့ အချက်က ပိုပြီးသေချာသွားပြီ။ အဲဒီထူးဆန်းအံ့ဖွယ်တွေက မဟာတာအိုရဲ့ စစ်တုရင်ခုံပေါ်က အကြီးမားဆုံးလက်နက်တွေထဲက တစ်ခုပဲ။ ပေါ်ထွက်လာတဲ့အချိန် ကစားပွဲတစ်ခုတော့ ရှိလာလိမ့်မယ်”
“ရှင့်ရဲ့ သုံးသပ်မှုအရဆိုရင် ကောင်းကင်တာအိုက ကမ္ဘာကြီးကို ကြွယ်ဝစေပြီးတော့ ပိုပြီးပါရမီထူးကဲတဲ့ ကျင့်ကြံသူတွေကို မွေးထုတ်ဖို့ ယင်ယန်နယ်မြေကို ထုတ်ပေးခဲ့တာပေါ့။” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“အားလုံးက ဆက်နွယ်နေတာ။ ပြီးတော့ လူအားလုံးက နယ်ရုပ် ဟုတ်ရင်ဟုတ် မဟုတ်ရင် ကစားသူပဲ။” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ရိုးရှင်းပြီး နက်ရှိုင်းတဲ့ စကားတွေက .. ”
ဝူဟုန်က သက်ပြင်းချလိုက်သည်။ စံပြများက ကမ္ဘာ၏ ထိပ်သီးတွင်ရှိသည့်အတွက် သူတို့က ကစားသမားများ ဖြစ်သင့်ပေသည်။
မဟုတ်သေးဘူး။ သူတို့က ပိုပြီးအဖိုးတန်တဲ့ နယ်ရုပ်သာသာပဲ ရှိသေးတယ်…
ထူးကဲသာလွန်မှုနယ်ပယ်ထဲ ဝင်ရောက်သည့်အခါမှသာ ကစားသမားအဖြစ် မှတ်ယူနိုင်လိမ့်မည်။ သို့သော်လည်း ကာဒီနယ် သို့မဟုတ် မဟာတာအိုကဲ့သို့ အဆင့်မြင့်ကစားသမားများအတွက် သူတို့က နယ်ရုပ်များသာ ဖြစ်နေကြလိမ့်မည်။
“စိတ်ပျက်စရာတွေ အများကြီး မစဉ်းစားနဲ့တော့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ကိုယ့်ကောက်ချက်ချမှုသာ မှန်တယ်ပဲ ထား။ ဒီကမ္ဘာက ထူးကဲသာလွန်မှုအင်အားစု ဘယ်နှစ်ခု မွေးထုတ်ပေးမယ်လို့ ထင်လဲ”