← Chapters

ထူးကဲသာလွန်မှုအင်အားစုများကို သုံးသပ်ချက်

Vol. 95 Ch. 1321

ထူးကဲသာလွန်မှုအင်အားစုများကို သုံးသပ်ချက်

Vol. 95 Ch. 1321

“၇ခု … တကယ်လို့ အဲဒီနှစ်ယောက်ပါ ထပ်ပေါင်းမယ်ဆိုရင်တော့ စုစုပေါင်း ၉ခုပေါ့” ဝူဟုန်က တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။

“အဲ့လောက်တောင် များတယ်လား”

“ရှင်က စကြဝဠာတစ်ဝက်ရဲ့ ကံကြမ္မာဗဟိုချက်ဖြစ်တဲ့ အဓိပ္ပာယ်ကို လျှော့တွက်နေတာပဲ” ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မတို့တွေက အလယ်ဗဟိုချက် ဖြစ်လာတယ်ဆိုရင်တော့ အင်အားစု ၃၃ ခုကို မွေးထုတ်ဖို့ လုံလောက်တယ်။ ကျွန်မ ပြောနေတာ အင်အားစုနော်။ လူတစ်ယောက်ချင်းစီ မဟုတ်ဘူး”

အင်အားစုတစ်ခုတွင် ထူးကဲသာလွန်မှုအဆင့် များစွာ ရှိနေနိုင်သည်။ နမူနာအနေဖြင့် ရှုကျင်းယောင်သာ မူလစည်းတံဆိပ်ကုန်းမြေကို ဝင်ရောက်ခဲ့ပါက သူတို့တွင် အနည်းဆုံးနှစ်ယောက် ရှိသွားလိမ့်မည်။ ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်းကမူ ထိုအဆင့်ကို ရောက်နိုင်စွမ်းရှိသည့် ပါရမီရှင်များနှင့် ပြည့်နှက်နေလေ၏။ ဝမ်ဝေ့၏ အတွေးအခေါ်၊ အစီအစဉ်များဖြင့် သူတို့သည် တောက်ပသည့် အနာဂတ် စောင့်ကြိုနေလေသည်။

“အင်အားစု ၉ခု” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာက နေရာယူထားပြီးသား။ ဧကရာဇ်ခုံက စာပေရေးရာနဲ့ ကျောင်းတော်ကို ကိုယ်စားပြုတယ်”

တာအိုဘာသာ၊ ဗုဒ္ဓဘာသာနှင့် စာပေရေးရာတို့က ဟွင်သွမ်းစကြဝဠာတစ်လျှောက် အလွှမ်းမိုးဆုံးနှင့် အပျံ့နှံ့ဆုံး ဘာသာရေး၊ အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်ပေသည်။

“ ဘိုးဘေးက လက်လွတ်စပယ် ပြုမူခဲ့တယ်ဆိုပေမဲ့လည်း သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ကံကြမ္မာနဲ့ စည်ပင်ကြွယ်ဝမှုအတွက် အဓိကအကျိုးပြုသူတစ်ယောက်ပဲ။ ကောင်းကင်တာအိုက အဲဒီကံကြွေးကို ပြန်လည်ပေးဆပ်ရလိမ့်မယ်။ အဲဒါကြောင့် နေရာတစ်ခုက ကိုယ့်ဆီ ရောက်လာလိမ့်မယ်” ဝမ်ဝေ့က ဝူဟုန်အား ကြည့်လိုက်သည်။

“အဲဒါက ရှင့်ကို တစ်နေရာတော့ ပေးရမှာပေါ့”

“ရှင်က ကံကြမ္မာရဲ့ အကူအညီမပါပဲနဲ့ ဒီအနေအထားထိ ရောက်လာတာ။ ပြီးတော့ ကျိန်စာသခင် ဖြစ်ပျက်ခဲ့တဲ့အရာကို ရှင်က ရန်ငြိုးကိုင်ဆောင်ထားနိုင်တယ်ဆိုတာကို သိထားတော့ ရှင့်ကို နှစ်သိမ့်ပေးဖို့ အကောင်းဆုံး နည်းလမ်းပဲလေ”

“ဒါက အင်အားစုတွေထဲက တစ်ခုအဖြစ်ပဲ မှတ်ယူရသေးတာ။ ဒါပေမဲ့ အကြီးမားဆုံး မဟုတ်သေးဘူး” ဝူဟုန်က ခေါင်းယမ်းလိုက်သည်။

“ကျွန်မက ကျွမ်းကျင်အတတ်ပညာရဲ့ ကံကြမ္မာကြောင့် နေရာတစ်ခု ရလိမ့်မယ်။ မူလစည်းတံဆိပ်ကုန်းမြေရဲ့ အကျိုးပြုမှုနဲ့ဆိုရင် ထူးကဲသာလွန်မှုအဆင့် ကျွမ်းကျင်အတတ်ပညာရှင်တွေကို လေ့ကျင့်ဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်”

“အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဝူဟုန်က နောက်တစ်ဆင့်ကို ရောက်ရှိသွားပြီး ထူးကဲသာလွန်မှုများကို ဖန်တီးနိုင်သည်နှင့် မူလစည်းတံဆိပ်ကုန်းမြေသည် ကျွမ်းကျင်အတတ်ပညာရှင်များကြား ထူးကဲသာလွန်မှုအဆင့်ကို ရောက်ရှိသွားလိမ့်မည်။

“ဒါနဲ့ အရမ်းလောမကြီးနဲ့ဦး။ ယန်းလီလင်းက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်လာတာနဲ့ မင်း ထူးကဲသာလွန်မှုသင်္ကေတတွေအပေါ် လွှမ်းမိုးအုပ်စိုးထားတာ ဆုံးရှုံးသွားနိုင်တယ်”

“အဲဒီမိန်းကလေးက တကယ်ကို ပါရမီရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ဘယ်စိန်ခေါ်မှုကိုမှ မကြောက်ဘူး” ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“သူမက ကျွန်မတို့အဆင့်ရောက်လာရင် ကျွန်မက ဘယ်လိုအနေအထားရောက်နေမလဲဆိုတာ ပြောလို့မရဘူးလေ”

“အဟုတ်ပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ယန်းလီလင်းနှင့် လီကျွင်းက ဒိုင်မေးရှင်းအမြင့်သို့ မခေါ်ဆောင်မိသည့်အတွက် နောင်တရလာမိသည်။ သူက နောက်ကျမှ စတင်ခြင်း၏ ဆိုးကျိုးကို နားမလည်ခဲ့ပေ။ နှမြောစရာကောင်းလှစွာဖြင့် ဒိုင်မေးရှင်းအနိမ့်ကို ပိတ်ဆို့ထားသည့်အတွက် သူက သူတို့ကို ဆက်သွယ်၍ မရသလို သူတို့အား တတ်နိုင်သမျှ မြန်မြန်တက်လှမ်းလာဖို့ နည်းလမ်းလည်း ရှာဖို့ရာ သတိပေး၍လည်း မရပေ။ ဝမ်ဝေ့က ခေါင်းယမ်းလိုက်ပြီးသည့်နောက်တွင် ထိုအတွေးများကို ဖယ်ရှားလိုက်၏။

“နေရာ ငါးခု ပြီးပြီ။ လေးခု ကျန်သေးတယ်။ ဘယ်သူတွေဖြစ်မလဲ”

“တိုင်းပြည်အတွက်တော့ နေရာတစ်ခု ရှိလိမ့်မယ်” ဝူဟုန်က ဆက်ပြောလိုက်သည်။

“ကံကြမ္မာတိုင်းပြည်က သာမန်သေမျိုးတွေကို ကာကွယ်ပေးရတယ်လေ။ အဲဒါဆိုတော့ ကောင်းကင်တာအိုက သူတို့ကို နေရာတစ်ခုတော့ ပေးမှာ”

“ဟုတ်တယ်။ ကမ္ဘာပေါ်မှာ ထူးကဲသာလွန်မှုတွေ တည်ရှိလာတယ်ဆိုရင် သေမျိုးတွေကို ကာကွယ်ပေးဖို့ တစ်ယောက်ယောက် ရှိတာလည်း မဆိုးဘူးပဲ” ဝမ်ဝေ့က သဘောတူလိုက်သည်။

“အဲဒါဆိုတော့ မဟာချင်တိုင်းပြည်က နေရာတစ်ခုရမယ်လို့ ထင်တာလား”

“သူက တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုတော့ ရလာနိုင်တယ်။ ဒါပေမဲ့ တိုက်ရိုက်ချီးမြှင့်ခံရမှာတော့ မဟုတ်ဘူး” သူမက ဆက်ပြောလိုက်သည်။

“အိုး”

“လူသားဧကရာဇ်က ကြီးမြတ်တဲ့ ဧကရာဇ်ဆိုပေမဲ့ သူက အကောင်းဆုံးတော့ မဟုတ်သေးဘူး” ဝူဟုန်က ရှင်းပြလိုက်သည်။

“အကောင်းဆုံးလူက  ရန်ဇယ် … မဟာဝမ်အံ့ဖွယ်တိုင်းပြည်က သူတော်စင်ဧကရာဇ်ပေါ့။ သူက မြင့်မြတ်သန့်စင်ဧကရာဇ် နည်းလမ်းကို ကျင့်ကြံတာလေ။ သူက ကရုဏာဧကရာဇ်လို့လည်း ခေါ်တယ်။”

“သူ့လူတွေအတွက် သူတော်စင်တစ်ယောက်ဆိုပေမဲ့ ရန်သူတွေအတွက် အာဏာရှင်တစ်ယောက်လိုမျိုးဆိုတဲ့ သူတော်စင်ဧကရာဇ်လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူတော်စင်ဧကရာဇ်နဲ့ မဟာဝမ်တိုင်းပြည်အကြောင်း ဖတ်ရှုခဲ့ဖူးသည်။ သူတို့က မဟာချင်သူတော်စင်ခုံရုံးကို လွှမ်းမိုးမှုနှင့် ခန္ဓာကိုယ်မျှခြေညီဖို့အတွက် တခြားသောအာဏာရှင်များမှ ထောက်ပံ့ပေးထားသော တိုင်းပြည်မဟာမိတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။

“အဲဒီအမျိုးသားက လက်ရွေးစင်တစ်ယောက်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ မြင့်မြတ်သန့်စင်ဧကရာဇ်တစ်ယောက်အနေဖြင့် သူသည် သေမျိုးများ၏ စည်ပင်ကြွယ်ဝမှုနှင့် ဘေးကင်းမှုကို အလေးထားလိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအိုက သူ့အား နေရာတစ်ခု ပေးလာနိုင်လေ၏။ သေမျိုးများက မည်မျှပင် အားနည်းပြီး သေးနုပ်စေကာမူ သူတို့သည် အင်အားစုအားလုံးအတွက် ပါရမီဇစ်မြစ် ဖြစ်နေကြသည်။ ထို့အပြင် ထူးကဲသာလွန်မှု အင်အားစုများ မြင့်တက်လာသည်နှင့် သေမျိုးများသည် အန္တရာယ်ကြား ကျရောက်သွားနိုင်၏။ ကျင့်ကြံသူများက ပိုမိုအဆင့်မြင့်မားလေလေ သေမျိုးများထံ အခြေအနေများက ပိုမိုဆိုးရွားလာနိုင်သည်။ ထိုသက်ရှိများကြားထဲမှ ပဋိပက္ခများတစ်ခုက သေမျိုးများကို မဆိုထားနှင့် စံပြများအပေါ်ပင်  သက်ရောက်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ကောင်းကင်တာအို၏ အကောင်းဆုံးအရာက သူတို့ကို ကာကွယ်ပေးမည့် အင်အားစုတစ်ခုကို ရွေးချယ်ပေးဖို့ ဖြစ်၏။

“နှမြောဖို့ကောင်းတာက သူက အရမ်းကို အားနည်းလွန်းတယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူတော်စင်ဧကရာဇ်က ထိပ်သီးစံပြမျှသာဖြစ်ပြီး ရှေးဦးစံပြအဆင့်ပင် မရောက်ပေ။ သူက အကောင်းပုံရိပ်၊ နက်နဲသည့် ဆက်နွယ်မှုများနှင့် ကောင်းမွန်သည့် ခန့်မှန်းမှုမျိုး ရှိသော်လည်း သူ အားနည်းနေသည့် အချက်ကို မပြောင်းလဲနိုင်ပေ။

“သူ့အတွက် မျှော်လင့်ချက်ရှိပါသေးတယ်” ဝူဟုန်က ပြောလိုက်သည်။

“သူသာ တားမြစ်ချက်ဆီကနေ အတွေ့အကြုံကို သုံးပြီးတော့ ရှေးဦးစံပြဖြစ်လာနိုင်သရွေ့ သူ့ရဲ့ စွမ်းဆောင်မှုနဲ့ လွှမ်းမိုးမှုတို့ကို သုံးပြီး မဟာမိတ်ကို ထိန်းချုပ်နိုင်လိမ့်မယ်။ အဲဒီအခါကျရင် တခြားအာဏာရှင်တွေဆီကနေ လျှို့ဝှက်ထောက်ပံ့မှုနဲ့ဆိုရင် အဲဒီနေရာကိုလည်း ယှဉ်ပြိုင်နိုင်လာလိမ့်မယ်”

“မင်းတောင်မှပဲ သူ့အပေါ် ယုံကြည်ချက် များများစားစား မရှိတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျွန်မက သူ့ကို သဘောမကျပေမဲ့ ယင်ကျန်းက လျှို့ဝှက်ချက်တွေအများကြီးရှိတဲ့ လုပ်ရည်ကိုင်ရည်အများကြီးရှိတဲ့ သူတစ်ယောက်ဆိုတာကိုတော့ လက်ခံရလိမ့်မယ်” ဝူဟုန်က ပြန်ပြောလိုက်သည်။ အကြိမ်များစွာ ထိုသူနှင့် ယှဉ်ပြိုင်နေပြီးသည့်နောက်တွင် သူ့ဇစ်မြစ်က သမိုင်းမတိုင်မီကမ္ဘာနှင့် ဆက်နွယ်မှုတချို့ရှိကြောင်း သိလိုက်ရသည်။

“သူတော်စင်ဧကရာဇ်မှာ အခွင့်အရေး ဘယ်လောက်ရှိတယ်လို့ ထင်လဲ”

“၃၀ ရာခိုင်နှုန်းလောက်ပေါ့”

“အဲ့လောက်တောင် နည်းတယ်လား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“ရန်ဇယ်က တခြားအုပ်ချုပ်သူတွေမယှဉ်နိုင်တဲ့ ပြိုင်ဘက်ကင်း အုပ်ချုပ်နိုင်စွမ်းရှိတယ်။ တိုင်းပြည်အများစုက သူတို့ရဲ့ ကျယ်ပြောလှတဲ့ ပိုင်နက်တွေကို ကံကောင်းမှုစုစည်းပြီး အသုံးပြုကြတယ်။ ဒါပေမဲ့ သူကတော့ လူတွေရဲ့ ကောင်းကျိုးနဲ့ ပျော်ရွှင်မှုကိုပဲ အလေးထားတာ။ ဒါပေမဲ့ တကယ်လို့ သူ့ရဲ့ စီစဉ်နိုင်စွမ်းနဲ့ ကြံရည်ဖန်ရည်ကို ယင်ကျန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူက တိုင်းတာလို့ မရဘူးဆိုတာကို သိလာလိမ့်မယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်လို့ သူ့အရေးသာချက်ကိုပဲ အာရုံစိုက်ရင် ဘယ်လိုလဲ။ နောက်ဆုံး ဆုံးဖြတ်မှာက ကောင်းကင်တာအိုပဲလေ။ အဲဒါဆိုတော့ ကွဲပြားတဲ့ လိုအပ်ချက်မျိုး ရှိနေနိုင်တာပဲ”

“ရှင်က သူနဲ့ တွဲပြီး အလုပ်လုပ်ချင်တာလား” ဝူဟုန်က တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည်။

“ရှင့်ရဲ့ သေမျိုးသင်္ကေတအဖွဲ့အစည်းကို ဖြန့်ဝေဖို့ သူနဲ့ ပူးပေါင်းချင်တာလား”

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“အဲဒါက သူ့တိုင်းသူပြည်သားတွေကို စည်ပင်ကြွယ်ဝပြီးတော့ ကောင်းကင်တာအိုကို သူက အကောင်းဆုံးဆိုတာကို ရွေးချယ်ပြသဖို့ နည်းလမ်းကောင်းတစ်ခုပဲ”

“သူ့အောင်မြင်နိုင်ချေက မြင့်လာလိမ့်မယ်လို့တော့ မထင်ဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။

“ကျင့်ကြံရေးလောကဆိုတာက ကြီးနိုင်ငယ်ညှင်းသဘောတရားလေ။ တကယ်လို့ ကောင်းကင်တာအိုက သူ့ကို အဲဒီကံကြမ္မာချီးမြှင့်တယ်ဆိုရင်တောင် ယင်ကျန်းက သူ့ကိုသတ်ပြီး ယူလိုက်နိုင်ချေရှိတယ်။”

“ဒါပေမဲ့ ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်လို့တော့ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“တကယ်လို့ ကိုယ်အောင်မြင်တယ်ဆိုရင် ချင်ဧကရာဇ်ကို တားဆီးနိုင်လိမ့်မယ်။ တကယ်လို့ သူ ကျရှုံးသွားတယ်ဆိုရင်တော့ သူ့မြင့်တက်လာမှုကို နှောင့်နှေးထားနိုင်လိမ့်မယ်။ အဲ့လောက်နဲ့ လုံလောက်နေပါပြီ”

“အဲ့လိုဆိုလည်း ကောင်းပြီလေ။ ရှင် ကျရှုံးသွားတယ်ဆိုရင်တောင် မြန်မြန်ဆန်ဆန် ပေးဆပ်စရာ မလိုပါဘူး။ ရှင့်အနေနဲ့ အကျိုးအမြတ် တချို့ရနိုင်သေးတာပဲ” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုရင် ဆုံးဖြတ်ပြီးသွားပြီ။ ဒါပေမဲ့ တခြားအင်အားစုတွေကရော ဘယ်လိုထင်လဲ။ အထူးသဖြင့် အသင်္ချေဂိုဏ်းမဟာမိတ်ပေါ့”

“ကျွန်မ ပြောဖူးသလိုပဲ။ အရည်အချင်း အဖွဲ့အစည်းက အသုံးမဝင်ဘူး။ အဲဒါက လဲလှယ်ရေးခန်းမနဲ့ အတူတူမျိုးပဲ။ ဧကရာဇ်ခုံက ဝိဇ္ဇာတစ်ယောက်ရဲ့ စိတ်နှလုံးသားကို ထိန်းသိမ်းထားပြီး ကျင့်ကြံသူတွေကို နောက်ခံ ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ပေးနေသရွေ့ လေလွင့်ကျင့်ကြံသူမဟာမိတ်တွေ အားကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ပင်ကိုနတ်ဆိုးတွေက တတိယမြောက် အသုံးမဝင်တဲ့ အဖွဲ့ပဲ။ နောက်ခေတ်ကာလက သူတို့ရဲ့ အဆင့်အတန်းကြား ဆုံးရှုံးသွားပြီးတော့ စံပြတွေနဲ့ မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”

ဝူဟုန်က လည်ချောင်းကို စိုစွတ်စေလိုက်သည်။

“နှစ်များစွာ ကြိုးကိုင်လာပြီးတဲ့နောက်မှာ နတ်ဆိုးမျိုးနွယ်ရဲ့ ကံကြမ္မာက မျှခြေညီပြီးတော့ ပင်ကိုနတ်ဆိုးတွေကို ဖိနှိပ်ထားနိုင်တယ်။ အဲဒါကြောင့် သူတို့က နောက်လာမဲ့ခေတ်ကာလမှာ တန်ဖိုး မရှိတော့ဘူး။

 ဒါပေမဲ့ ကောင်းကင်တာအိုက လူသားမျိုးနွယ်ကို မျှခြေညီစေဖို့ သူတို့ကို‌ နေရာတစ်ခုပေးကောင်း ပေးနိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေက သိပ်တော့ မမြင့်ဘူး။ ကျွန်မတို့က ကမ္ဘာရဲ့ ဇာတ်လိုက်တွေလေ။ ပြီးတော့ ကျွန်မတို့က အများကြီးလုပ်ပေးခဲ့တာ။

အံ့ဖွယ်ယုံကြည်မှုဘုံရဲ့ ခေါင်းဆောင်က အတော်လေး ပါရမီထူးကဲတဲ့သူ။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က သေမျိုးတွေဆီကို ဦးတည်နေတာ။ ဒါပေမဲ့ ယုံကြည်မှုထက် သေမျိုးတွေကို ပျိုးထောင်ပေးကြတဲ့ တိုင်းပြည်တွေက ပိုသာတယ်။ အဲဆိုတော့ သူတို့ကိုလည်း ဖယ်ထုတ်လိုက် …  မဟုတ်သေးဘူး။ သူတို့က ယင်ကျန်းနဲ့ ယှဉ်ဖို့ အခွင့်အရေးတစ်ခု ပေးကောင်းပေးနိုင်တယ်”

“ပြီးတော့ ဓားလမ်းစဉ်အဖွဲ့၊ အသင်္ချေမျိုးနွယ်အဖွဲ့အစည်းနဲ့ အသင်္ချေဂိုဏ်းမဟာမိတ်လည်း ကျန်သေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဓားကျင့်ကြံသူတွေက အကြွင်းမဲ့ဓားလမ်းစဉ်ကို ဖိနှိပ်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်ကဏ္ဍမှာ ပျက်စီးစေခဲ့ပြီးပြီ။ အဲဒါဆိုတော့ သူတို့ရဲ့ ကံကြမ္မာကို သိပ်တော့ မသေချာဘူး။” ဝူဟုန်က ပြောလိုက်သည်။

“သူတို့ထဲက အားကောင်းဆုံးက သူတို့ဘက်ကသူတောင် မဟုတ်ဘူးလေ” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ဟုတ်တယ်” ဝူဟုန်က ဆက်လက် ပြောလိုက်သည်။

“အသင်္ချေမျိုးနွယ် အဖွဲ့အစည်းကတော့ ရည်ရွယ်ချက်ကောင်းတစ်ခု ရှိတယ်။ သူတို့က သွေးမျိုးဆက်အထွတ်အထိပ်ထားတဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေဆီက ချီကံကောင်းမှုကို ခိုးယူပြီးတော့ လူသားတွေဆီက လွှဲပြောင်းပေးတာ။ အခု ပင်ကိုနတ်ဆိုးနတ်ဘုရားတွေက သမိုင်းကြောင်းကနေ ရှင်းထုတ်ခံရတော့မှာဆိုတော့ သူတို့တွေကလည်း သိပ်ပြီး အရေးမပါတော့ဘူး”

ဝူဟုန်က သူ့ကို ကြည့်လိုက်သည်။

“သူတို့တွေက အဓိကခေါင်းဆောင်တစ်ယောက်က ရှင်တို့ ဝမ်မျိုးနွယ်ထဲက တစ်ယောက်လေ။ တကယ်လို့ သူတို့သာ ထူးကဲသာလွန်မှုအင်အားစု ဖြစ်လာမယ်ဆိုရင် ရှင်တို့မျိုးနွယ်ရဲ့ အလားအလာက ခြိမ်းခြောက်နိုင်စွမ်းက ပိုပြီးကြီးမားသွားလိမ့်မယ်။ ကောင်းကင်တာအိုက မျှခြေကို ဂရုစိုက်တယ်ဆိုတော့ အဲဒီကိစ္စကို အသေအချာ အလေးအနက် မှတ်ယူလိမ့်မယ်”

All Chapters