ပိုမိုရှုပ်ထွေးသည့် အခြေအနေ
Vol. 95 Ch. 1323
ဝူဟုန်က ခေါင်းညိတ်လိုက်၏။
“သူတို့ရဲ့ ဇစ်မြစ်က သူတို့ကို ထူးကဲစေတယ်”
ကျင့်ကြံသူများစွာက ဟွင်သွမ်းစကြဝဠာတစ်လျှောက် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကို လေ့လာဖို့ စိတ်နစ်မြုပ်ထားကြပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယဉ်ကျေးမှုအများစုက တူညီစွာ ဖွံ့ဖြိုးတိုးတက်လာလေ့ရှိ၏။ လူများ၏ နာမည်ပေးမှု၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးအစရှိသည်တို့ကား အင်အားစုများတွင် တူညီစွာ ဖွံ့ဖြိုးတိုးတက်လာသည့်ပုံစံမျိုး ရှိလေသည်။
ထို့အပြင် တခြားသော ပုံကြမ်းတချို့လည်းရှိပြီး အများစုကမူ ပုံကြမ်းမှ ဆင့်ကဲပြောင်းလဲလာမှုသာ ဖြစ်၏။ သို့သော်လည်း ထိုအချက်မှ ကွဲထွက်နေသည့် အရာနှစ်ခု ရှိနေလေသည်။ ဗုဒ္ဓဘာသာနှင့် လူရိုင်းမျိုးနွယ် ဖြစ်၏။ ထိုနှစ်ခုက ယဉ်ကျေးမှုသဘာဝနှင့် လိုက်ဖက်ညီနေသော်လည်း သူတို့၏ ဇစ်မြစ်နှင့် အနှစ်အသာရက ကွဲပြားနေသည့်အချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။
“တကယ်လို့ ကျွန်မ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူတို့ရဲ့ ဇစ်မြစ်က သမိုင်းမတိုင်မီကမ္ဘာနဲ့ ဆက်စပ်နေရမယ်” ဝူဟုန်က ဆက်ပြောလိုက်သည်။
“ကောင်းကင်တာအိုက သူတို့ကို နေရာတစ်ခု ပေးလာနိုင်တယ်။ လူရိုင်းမျိုးနွယ်က အဲဒီကမ္ဘာကို ဝင်ရောက်နိုင်မဲ့ သော့ချက် ဖြစ်လာနိုင်တယ်လေ။”
“အခု ပိုပြီးတော့ စိတ်ရှုပ်ထွေးသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သူ့အကြီးမားဆုံးအရေးသာချက်သည် ကမ္ဘာမြေမှ မှတ်ဉာဏ်များဖြစ်ကြောင်း သိထားလေ၏။ ထိုအရာက လူများစွာသာ ထိုကမ္ဘာမြေမှ သတင်းအချက်အလက်များကို ရယူနိုင်သည်ဆိုပါက သူ့အတွက် စိန်ခေါ်မှုများ ဖြစ်လာလိမ့်မည်။
“လူရိုင်းမျိုးနွယ်အတွက် အစီအစဉ်တွေ ရှိထားတာလား”
“ကိုယ့်ရဲ့ နောက်လိုက် မုန့်ခယ်က ကိုယ်နဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့ကံကြမ္မာပြောင်းလဲလာတယ်ဆိုတာကို သတိထားမိခဲ့တယ်။ သူ့ကိုယ်သူ ကိုယ်နဲ့ ယှဉ်ပြီးတော့ သူက ဖြည်းဖြည်းချင်း ထူးကဲသာလွန်မှုမျိုးစေ့အဖြစ် ပြောင်းလဲလာတာ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“နှိုင်းယှဉ်မှုနဲ့ ယှဉ်ပြိုင်မှုတွေက ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အကောင်းဆုံးနည်းလမ်းတွေပဲလေ” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ သူက ရှင် ပြောသလို ဖြစ်လာမယ်ဆိုရင် လူရိုင်းမျိုးနွယ်ကနေ နေရာတစ်ခုရလာနိုင်တယ်။ အနည်းဆုံးတော့ သူတို့က နေရာတစ်ခုအတွက် ပင်မယှဉ်ပြိုင်သူတွေ ဖြစ်လာတာပေါ့။ ရှင်က မဟာမိတ်အသစ်ကို ပြုစုပျိုးထောင်ချင်တာလား”
“အဲ့လိုအစီအစဉ်ရှိခဲ့တာ”
“ရှိခဲ့တာလား” ဝူဟုန်က မေးလိုက်သည်။
“အင်း” ဝမ်ဝေ့က ခိုင်မာစွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာကို ထိန်းချုပ်ဖို့က လွယ်ကူမယ်လို့တော့ မထင်ဘူး။ အရာအားလုံး ကျော်လွန်သွားတယ်ဆိုရင်တောင် ကိုယ်ရှိနေသေးတယ်လေ”
“ဟုတ်တယ်။ ဒါပေမဲ့ ရန်သူတစ်ယောက်ထက် မိတ်ဆွေတစ်ယောက်ရှိတာက ပိုကောင်းတယ်လေ”
“အခုပြောရမယ်ဆိုရင်တော့ ဓားလမ်းစဉ်အဖွဲ့အစည်း၊ အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၊ နတ်ဆိုးမျိုးနွယ်၊ လူရိုင်းမျိုးနွယ်နဲ့ တခြားသူတွေက နေရာသုံးခုအတွက် ယှဉ်ပြိုင်ကြရလိမ့်မယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ဓားတာအိုက လက်နက်တာအိုတွေရဲ့ ကံကြမ္မာအများစုကို ယူထားခဲ့တာ။ ဒီတိုက်ပွဲက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မဲ့ အခွင့်အရေးလည်း ဖြစ်လာနိုင်တယ်။ အထူးသဖြင့် သူတို့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်နေတဲ့ ဓားမော့တာအိုပေါ့။ ပြောရမယ်ဆိုရင် ဓားလမ်းစဉ်အဖွဲ့အစည်းအတွက် ယှဉ်ပြိုင်သူတွေတော့ အများကြီးရှိနေတယ်။
အသင်္ချေမျိုးနွယ် အဖွဲ့အစည်းကလည်း မကောင်းဆိုးဝါးနတ်ဘုရားတွေရဲ့ ကံကောင်းမှုနဲ့ ကြမ္မာတွေကို ခိုးယူပြီးတော့ အားနည်းအောင်လုပ်ပြီး ပင်ကို- ဟော်သဲ့စစ်ပွဲကို အကျိုးပြုနိုင်မယ်ဆိုရင်တော့ ရနိုင်ချေရှိလိမ့်မယ်။ နတ်ဆိုးမျိုးနွယ်ကလည်း ယှဉ်ပြိုင်မှုကနေ ထွက်နေတာတော့ မဟုတ်သေးဘူး။ သူတို့က ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကို ရှင်းထုတ်နိုင်မယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေး မြင့်တက်လာနိုင်တယ်။
နောက်ခေတ်ကာလက တကယ်ကို ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေမှာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ထိုစကားဝိုင်းက ရိုးရှင်းသည့် သုံးသပ်ချက်တို့ ပါဝင်နေဟန်ပေါ်သော်လည်း နောက်ရောက်လာမည့်အဖြစ်အပျက်အတွင်း လမင်းများ ရှင်းထုတ်ခံရပြီး နေမင်းနှစ်စင်း၏ ပြဿနာကို ဖြေရှင်းပြီးသည်နှင့် ဖြစ်လာနိုင်ချေရှိသည့် ပုံကြမ်း ဖြစ်ပေသည်။
“ကိစ္စတွေက ရှင်ပြောတာထက်ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်”
“အိုး ကိုယ်တစ်ခုခုများ လွတ်သွားလို့လား”
“နည်းနည်းပေါ့။ ပထမဦးဆုံးက သံသရာ။ ထူးကဲသာလွန်မှုတွေ လျှောက်လှမ်းလာတဲ့အချိန်မှာ သေသူတွေရဲ့ ကမ္ဘာတွေက ဘယ်လိုလုပ် အကောင်းအတိုင်း ထိန်းသိမ်းထားနိုင်ပါ့မလဲ” ဝူဟုန်က ပြောလိုက်သည်။
“ကိုယ့်စိတ်ထဲမှာတော့ အင်အားစုတစ်ခု ဒါမှမဟုတ် ထူးကဲသာလွန်မှုတစ်ယောက်က သိမ်းပိုက်လိမ့်မယ်လို့ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“နမူနာအနေနဲ့ဆိုရင်တော့ ယင်ကျန်းပေါ့။ သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဖြစ်လာဖို့ ဧကရာဇ်ဂုဏ်ပုဒ်ကို လိုအပ်နေသေးတုန်းပဲ။ အဲဒါကြောင့် သူက မြေအောက်လောကကို ထိန်းချုပ်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ အခု စဉ်းစားကြည့်လိုက်တော့ အဲဒါက တကယ်ကို တုံးအခဲ့တာပဲ။ တခြားထူးကဲသာလွန်မှုတွေက သူတို့ကိုယ်သူတို့အတွက် သံသရာကို ဂရုမစိုက်ဘူးဆိုရင်တောင် တခြားသူတစ်ယောက်ကို ထိန်းချုပ်စေပြီး လွှမ်းမိုးခွင့်ပေးမှာတော့ မဟုတ်ဘူး”
“အဲဒါက ပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမဲ့ သံသရာကိုယ်တိုင်က တခြားသူတွေကို ရှုပ်ထွေးဖို့ ခွင့်ပြုမယ်လို့ မထင်ဘူး”
“ကောင်းကင်တာအိုက နေရာတစ်ခုကို မြေအောက်လောကဆီ ပေးမယ်လို့ ထင်နေတာလား”
“အဲ့လိုပေးဖို့ မလိုဘူးလေ။”
“သံသရာကာဒီနယ် ရှိတယ်”
ဝူဟုန်က ဖြေလိုက်သည့်အခါ ဝမ်ဝေ့က ချက်ချင်းဆိုသလို နားလည်သွားပြီး ပြောလိုက်သည်။
“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူတို့က ဘယ်သူပဲဖြစ်ဖြစ် မြေအောက်လောကကို ထိန်းချုပ်ဖို့ အတော်လေး တင်းကြပ်ထားလိမ့်မယ်။ ကောင်းကင်တာအိုက ဘာမှလုပ်နေဖို့ မလိုဘူး။ ကာဒီနယ်က ယမမင်းတွေကို တခြားအင်အားစုနဲ့ မျှခြေညီမဲ့ စွမ်းအားမျိုး ပေးလိုက်ရုံပဲ။”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ကြည့်ရတာ မင်းရဲ့ သုံးသပ်ချက်ကို အတော်လေး ယုံကြည်ချက်ရှိတဲ့ပုံပဲ”
ဝမ်ဝေ့က သူမ၏ သုံးသပ်ချက်ကို သဘောတူလေ၏။ သို့သော် သူက သူမလောက် ယုံကြည်ချက် ရှိမနေပေ။ သံသရာကာဒီနယ်က ဝင်ရောက်စွက်ဖက်နိုင်ချေရှိသော်လည်း သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို လက်လျှော့နိုင်ချေလည်း ရှိပေသည်။
“ကျွန်မ ယုံကြည်ချက်ရှိတာ ရှင့်ကြောင့်လေ။” ဝူဟုန်က ပြောလိုက်သည်။
“ရှင့်ရဲ့ … ထားပါ့တော့။ ကျွန်မတို့ရဲ့ အနာဂတ်ကိုယ်တွေက လုပ်နေတဲ့ အရာကြောင့်လို့ပဲ ပြောရမှာပေါ့။ ကာဒီနယ်တွေက တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ ရှင့်မွေးရပ်မြေမှာ နယ်ရုပ်တစ်ခုထားဖို့ အခွင့်အရေး မယူတာက တကယ်ကို တုံးအတာပဲလေ”
ဝမ်ဝေ့၏ မျက်ဝန်းထဲ သတ်ဖြတ်ငွေ့တို့ ဖြတ်ပြေးသွားလေသည်။
“အထူးသဖြင့် အဲဒီနယ်ရုပ်က ကိုယ့်အဖွားဖြစ်နေနိုင်တဲ့ အခါမျိုးပေါ့”
သူက သူ့အဖွားနှင့် စကားဝိုင်းတစ်ခုသာ ရှိခဲ့ဖူးသော်လည်း သူမအပေါ် အကောင်းမြင်လေသည်။ သူမက သူ့အဖိုးနှင့် ဆက်ဆံရေးကို ဝန်ခံခဲ့သည့်အတွက် ဖြစ်၏။ ဝမ်ဝေ့က အားကောင်းသည့်သူများ၏ စိတ်သဘောထားကို နားလည်ထားသည့်အတွက် သူ့အဖွားက ယခင်ဆက်ဆံရေးကို ငြင်းဆန်ပြီး သူတို့ကြားမှ ကံဆက်နွယ်မှုကို ဖြတ်တောက်လိုက်သည်ဆိုပါက အံ့အားသင့်စရာမရှိပေ။
“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“ရှင် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်အဖွားက ကာဒီနယ်တွေ ပေးတဲ့နည်းလမ်းဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်နည်းလမ်းပဲဖြစ်ဖြစ် ထူးကဲသာလွန်မှုအဆင့်ကို မရနိုင်ဘူး”
“ကိုယ် သိပါတယ်” ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
အခု သူက ဘာဖြစ်လာမယ်မှန်း သိထားသည့်အတွက် သူ့အနေနှင့် ကြိုတင်ပြင်ဆင်ထားနိုင်သည်။ အကယ်၍ သူ့ကတ်ကို မှန်ကန်စွာ ကစားနိုင်သည်ဆိုပါက ကာဒီနယ်များ၏ လျှို့ဝှက်ချက်ကို ချောင်းကြည့်ပြီး အနာဂတ်တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားနိုင်သည်။ သူ့စွန့်စားနိုင်ပါက သူတို့ထံ ထိနှက်ချက်တစ်ခုပင် ပေးလာနိုင်သည်။
ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်ဝန်းများက နက်ရှိုင်းလာလေသည်။
သူတို့ ငါ့မိသားစုနဲ့ လာရှုပ်မိတာ မကောင်းဘူးဆိုတာ သိသွားလိမ့်မယ်။ မဟုတ်ဘူးဆိုရင် ငါ ဖြေရှင်းပြီးတာနဲ့ သူတို့တွေက သေခြင်းတရားထက်ဆိုးတဲ့ ကံကြမ္မာကို တွေ့ကြုံခံစားရလိမ့်မယ်…
ဒီလိုနက်နဲပြီး ကြောက်စရာကောင်းတဲ့ မျက်ဝန်းတွေ တကယ်ကို ယောက်ျားဆန်လိုက်တာ…
ဝူဟုန်က တွေးလိုက်ပြီး အောက်နှုတ်ခမ်းကို အသာကိုက်ကာ သူမ၏ မျက်ဝန်းထဲ ဖုံးကွယ်ထားသည့် စိတ်ခံစားချက်မျိုး ကိန်းအောင်းနေလေသည်။ ကံကောင်းစွာဖြင့် သူမက အလျင်အမြန် ထိန်းချုပ်ထားသည့်အတွက် မည်သူမှ မမြင်နိုင်ခင် ပုံမှန်ပြန်ပြောင်းသွားလေသည်။
ဝမ်ဝေ့က သူမကို အာရုံစိုက်လိုက်၏။
“ကိုယ် သတိမထားမိတာ ရှိသေးလား”
“အနည်းအကျဉ်းပါ … နယ်ခြား လွှမ်းမိုးမှု” ဝူဟုန်က အဖန်ရည်သောက်ရင်း ရှင်းပြလိုက်သည်။
“တခြားဟွင်သွမ်းကမ္ဘာတွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအားကောင်းလာတာကို ဒီအတိုင်းကြည့်နေမယ်လို့ ထင်နေတာလား။ အဲဒီလူတွေက ဒီကမ္ဘာမှာ ကြမ္မာဘယ်လောက်ရှိတယ်ဆိုတာကို သိထားကြတယ်။ သူတို့က တစ်စိတ်တစ်ပိုင်း မယူဘဲ နေမှာလား”
“နယ်ခြားအင်အားစုတွေကလည်း ဒီနေရာအတွက် ယှဉ်ပြိုင်လာနိုင်တယ်လို့ ပြောတာလား”
“အတိအကျပဲ” ဝူဟုန်က မေးလိုက်သည်။
“ဒီကမ္ဘာရဲ့ စည်ပင်ကြွယ်ဝမှုကို ဖျက်ဆီးဖို့ အကောင်းဆုံးကြိုးစားကြတဲ့သူတွေအပြင် အများစုက အခွင့်အရေးကို ယူဖို့ ကြိုးစားကြလိမ့်မယ်။”
“ကောင်းကင်တာအိုက ဘက်လိုက်တဲ့သူဆိုတော့ ဒီနယ်ခံတွေအတွက်ပဲ အခွင့်အရေးကို ချန်ထားလိမ့်မယ်လို့ ထင်နေမိတယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“အဲဒီအင်အားစုက သူတို့ရဲ့ ဇစ်မြစ်ကို ပြောင်းလဲပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ နယ်ခံအဖြစ် ခံယူမယ်ဆိုရင်တော့ သူတို့တွေက ကောင်းကင်တာအိုဆီကနေ ငြင်းဆန်မှု သိပ်ခံရမှာ မဟုတ်ဘူး။”
“ပြီးတော့ အဲဒီလူတွေက အကြီးမားဆုံး အပြောင်းအလဲ မဟုတ်သေးဘူး”
“နယ်ခြား ထူးကဲသာလွန်မှုအင်အားစုတွေ” ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒီလူတွေက အခုလက်ရှိ ကြည့်ပဲကြည့်နေတာ။ သူတို့တွေ ဘာတွေတွေးနေတယ်၊ ဘာတွေစီစဉ်နေတယ်ဆိုတာ ဘယ်သူကမှ မသိကြဘူး။ ဒါပေမဲ့ သူတို့တွေ လှုပ်ရှားလာတာနဲ့ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေအရ သူတို့ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
“သူတို့က ဘာလို့ မလှုပ်ရှားသေးတာလဲလို့ ထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အကြောင်းအရင်းအများကြီးတော့ ရှိတယ်။ ဒါပေမဲ့ ကံကောင်းမှုတန်ပြန်သက်ရောက်မှုကြောင့်လို့တော့ ထင်တယ်” ဝူဟုန်က သုံးသပ်လိုက်သည်။
“သူတို့သာ မဆင်မခြင်လှုပ်ရှားမယ်ဆိုရင် ကောင်းကင်တာအိုက အစီအစဉ်ကို ရှေ့တိုးပြီးတော့ ထူးကဲသာလွန်မှုခေတ်ကာလထဲကို မြန်မြန်ဆန်ဆန် ဝင်ရောက်သွားနေတာလို့ ထင်နေတာနေမယ်။ အဲဒါကြောင့် သူတို့ရဲ့ အစီအစဉ်တွေကို ကြိုတင်စီစဉ်ထားပြီးတော့ စောင့်ဆိုင်းနေတာ”
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို လူအိုကြီးထျန်းကျိနှင့် နှလုံးသားနက်ဧကရာဇ်တို့ကို အမှတ်ရသွားလေသည်။ ထိုသူနှစ်ဦးလုံးက ကြယ်တာရာစူးစိုက်မျှော်နန်းဆောင်နှင့် နှလုံးသားဆန္ဒနန်းဆောင်မှ နယ်ရုပ်များသာ ဖြစ်၏။ ထိုနှစ်ခုလုံးကလည်း ထူးကဲသာလွန်မှုမှ အင်အားစုများ ဖြစ်ကြလေသည်။ ဝမ်ဝေ့က ကမ္ဘာထဲတွင် လှုပ်ရှားဖို့ အချိန်ကိုက်ကို စောင့်ဆိုင်းနေသည့် တခြားသောနယ်ရုပ်များစွာရှိကြောင်း သိထားလေ၏။
“အခြေအနေက ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်။ ကြိုတင်ပြင်ဆင်ထားရမဲ့ပုံပဲ” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက နေရာတစ်ခု အာမခံချက်ရှိထားသော်လည်း ရာနှုန်းပြည့် မဟုတ်သေးပေ။ အနှစ်ချုပ်အားဖြင့် သူတို့၏ အာမခံထားသော နေရာက တခြားသောနယ်ခြားအင်အားစုများထက် အသားပိုင်း ဖြစ်နေလေသည်။
ချီယွမ် လုပ်ခဲ့တဲ့အရာကြောင့် တခြားအင်အားစုတွေက တာအိုအခွင့်အလမ်းဂိုဏ်းအပေါ်မှာ အပြစ်တင်ပြီးတော့ အငြိုးအတေးထားနိုင်ချေလည်းရှိသေးတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ကိစ္စတိုင်းတွင် သက်ရောက်မှုဆိုတာ ရှိ၏။ ချီယွမ်က အကြွင်းမဲ့တားမြစ်ချက်မှတဆင့် ထူးကဲသာလွန်မှုခေတ်ကာလကို ဖွင့်လှစ်ပေးခဲ့လေသည်။ ထိုဖြစ်စဉ်အတွင်း သူက ဟွင်သွမ်းစကြဝဠာအတွင်း အကြီးမားဆုံးစစ်ပွဲကို ဖြစ်စေခဲ့ပြီး လူများစွာနှင့် ကမ္ဘာများစွာ၏ ပျက်သုဉ်းမှုကို ဖြစ်စေခဲ့သည်။
ဤသို့သော ကံကြွေးမျိုးက ဂိုဏ်းအလိုက် တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပါပေ။ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ကြီးမားသည့် ကံကောင်းမှုနှင့် ကြမ္မာမျိုး ပိုင်ဆိုင်ထားသော်လည်း အမြန်အဆန် မတုံ့ပြန်ဘဲ ထူးကဲသာလွန်မှုအင်အားစု ဖြစ်မလာပါက ထိုအရာသည် ကံကြွေးကို ဆေးကြောနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ဂိုဏ်းသည် ပျက်စီးသွားလိမ့်မည်။
“အဲ့အကြောင်းမပြောဘဲ နေရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ သူတို့က ယနေ့ လုံလုံလောက်လောက် ပြောပြီးပြီဖြစ်သည့်အတွက် ထပ်မံပြောသည်က အကျိုးဆက်များ ရှိလာနိုင်သည်။
“မင်းရဲ့ တပည့်ရော ဘယ်လိုနေသေးလဲ”
“သူမနဲ့က အဆင်ပြေပါတယ်။ သူမက အတွင်းတပည့်ဖြစ်လာဖို့ စမ်းသပ်ချက်ကို အောင်မြင်သွားပြီ။ တကယ်လို့ နောက်ထပ်တချို့ ထပ်ပြီးအောင်မြင်မယ်ဆိုရင်တော့ တိုက်ရိုက်တပည့်အဖြစ် လက်ခံမှာ။ ပြီးတော့ အမွေခံတပည့် ဖြစ်လာမှာပေါ့”
“တကယ်လား။ သူမကို အဲ့လောက်တောင် အထင်ကြီးတယ်လား” အမွေခံတပည့်ဆိုသည်မှာ ဟုန်မိန်လင်းသည် မူလစည်းတံဆိပ်ကုန်းမြေ၏ အုပ်ချုပ်သူဖြစ်လာမည်ဟု ဆိုလိုနေခြင်း ဖြစ်၏။
“သူမက သင်္ကေတတွေအတွက် မြင့်မားတဲ့ အလားအလာမျိုး မရှိပေမဲ့ သူမက စီမံခန့်ခွဲနိုင်တဲ့ ပါရမီမျိုးတော့ ရှိတယ်” ဝူဟုန်က ရှင်းပြလိုက်သည်။
“ဒီနေရာကို စီမံနိုင်တဲ့လူတစ်ယောက်ကို ရှာချင်ခဲ့တာ။ ကျွန်မကတော့ လွတ်လွတ်လပ်လပ် တည်ထောင်သူ ဘိုးဘေးတစ်ယောက်ပဲ လုပ်တော့မယ်လေ”
“နားထောင်ရတာ ကောင်းသားပဲ” ထိပ်တန်းမျိုးနွယ်၏ တည်ထောင်သူတစ်ယောက်အနေဖြင့် သူမက မျက်နှာစာမှ ကန်လန်ကာ နောက်ကွယ်သို့ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်၏။ အာဏာရှင်အများစုက ထိုဖြစ်စဉ်ကို တွေ့ကြုံခံစားရပြီဖြစ်ကာ မူလစည်းတံဆိပ်ကုန်းမြေထက် နောက်ကောက်ကျန်နေ၍ မဖြစ်ပေ။ ဝူဟုန်အနေနှင့် သူမ၏ ဆက်ခံသူအတွက် စံနှုန်းမြင့်မားနေ၍သာ ကြာမြင့်နေရခြင်း ဖြစ်၏။
“ကောင်းပြီလေ။ အချိန်ဖြုန်းတာ တော်ပြီ။ ရှင့်ရဲ့ လေ့ကျင့်ရေးကို စလိုက်ကြရအောင်” ဝူဟုန်က ပြောလိုက်သည်။