ခံပြင်းဖို့ကောင်းသည့် အမျိုးသမီး
Vol. 95 Ch. 1324
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက ထိုနေ့ရက် ရောက်လာမည်မှန်း သိထားသော်လည်း သူက ကြာကြာနှောင့်နှေးထား၍ မရတော့မှန်းလည်း သိလိုက်ရသည်။ သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏။
“တစ်မိနစ်ပဲ”
သူက လေဟာနယ်ထဲ အဆောင်တစ်ခု ဖွဲ့စည်းကာ အနီရောင်မျက်နှာဖုံးဆီ ပို့ဆောင်လိုက်သည်။ သူက ဒီနေရာတွင်နေပြီး မူလစည်းတံဆိပ်ကုန်းမြေ၌ သီးသန့်ကျင့်ကြံရေးက လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူ့အလုပ်တချို့ကို လွှဲပြောင်းပေးဖို့ လိုအပ်နေလေ၏။
“ကောင်းပြီ။ အဆင်သင့်ဖြစ်ပြီ”
ဝူဟုန်က လက်ကိုဝှေ့ယမ်းလိုက်၏။ ထို့နောက် သူတို့က နေရာတစ်ခုဆီ ပြောင်းရွှေ့သွားကြသည်။ ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် အရာအားလုံးက အနက်နှင့် ခရမ်းရင့်သာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“ကမ္ဘာဦးဟွင်သွမ်းလား”
“ပုံတူ ပွားထားတာလေ။ ကျွန်မတို့တွေက ကျွန်မ ဆောက်ထားတဲ့ တိုက်ခိုက်ရေးကွင်းပြင်ထဲ ရောက်နေတာ” ဝူဟုန်က ရှင်းပြလိုက်သည်။ ထိုနေရာက မူလစည်းတံဆိပ်ကုန်းမြေဝန်းကျင်တွင် ရှိသည့် ကမ္ဘာဦးဟွင်သွမ်းနှင့် တူသော်လည်း ဒိုင်မေးရှင်းအနိမ့်မှ တိုက်ပွဲမျှော်စင်နန်းဆောင်နှင့် ပိုပြီး ဆင်တူသည်။
“ကျွန်မ ရှင့်ကို အနိုင်ကျင့်တယ်ဆိုပြီး မပြောရအောင် ကျွန်မရဲ့ ကျင့်ကြံဆင့်ကလည်း ရှင်နဲ့ အတူတူ ဖြစ်လိမ့်မယ်”
သူမက ရေရွတ်ပြီးသည့်နောက်တွင် အရှိန်အဝါက ပြောင်းလဲသွားလေ၏။
ဝူဟုန်၏ ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၈၀ ရာခိုင်နှုန်းသို့ ပြုတ်ကျသွားလေသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို ရောက်ရှိသွားလေ၏။ သူမ၏ ဝိညာဉ်ကလည်း စံပြအဆင့် ဖြစ်လာသည်။
ဝမ်ဝေ့က သူမ၏ စိတ်ဆန္ဒသည်ပင် သူနှင့် အရည်အသွေးတူကြောင်း သတိထားမိလိုက်၏။
သို့သော်လည်း ဝမ်ဝေ့က သူ့အနေဖြင့် သူမကို ယှဉ်နိုင်လိမ့်မည်ဟု မယုံပေ။ ပြောရမည်ဆိုလျှင် ဝူဟုန်၏ တာအိုနားလည်မှုက အဆုံးသတ်သို့ ရောက်ရှိနေမည်ဖြစ်ပြီး သူမ၏ တိုက်ခိုက်ရေးအတွေ့အကြုံလည်း ရှိနေသေး၏။ ထို့ကြောင့် သူမက ထိုမှတ်ဉာဏ်များကို မပိတ်ဆို့သရွေ့ တိုက်ပွဲသည် ဘယ်တော့မှ မျှတမည် မဟုတ်ပေ။
သို့သော်လည်း ဤသည်က လေ့ကျင့်ရေး၏ ရည်ရွယ်ချက်ဖြစ်နေသည့်အတွက် ထိုသို့လုပ်ဆောင်ဖို့ မလိုအပ်ပေ။
“ရှင် အဆင်သင့်ဖြစ်ပြီလား” သူမက မေးလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်၏။
“အဲ့လိုဆိုရင် စလိုက်ကြရအောင်”
သူတို့က တစ်ယောက်ဆီ ပြေးဝင်လာကြပြီး သူတို့၏ ကြမ်းတမ်းသည့် သဘာဝကို ပြသလာသည်။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိဘဲ လက်သီးဖြင့် ပစ်ခွင်းလိုက်၏။
သို့သော်လည်း တိုက်ကွက်က ကျရှုံးသွားလေ၏။ အကြောင်းအရင်းကမူ သူ့နောက်ကွယ်ရှိ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက ဝူဟုန်အနား ရောက်ရှိသွားသည်နှင့် ချက်ချင်းဆိုသလို ပိတ်ဆို့ခံလိုက်ရသည်။
ဝူဟုန်ကလည်း သူ့ကို ရိုက်ဖို့ ကြိုးစားလိုက်၏။
ဝမ်ဝေ့က ရှောင်ရှားလိုက်သည်။ သို့သော်လည်း ထိုတိုက်ကွက်က အတုအယောင်ဖြစ်နေပြီး သူ့အလိုလိုသိစိတ်နှင့် အနာဂတ်ကို မြင်နိုင်စွမ်းကို ကျော်ဖြတ်လာသည်။ ကံကောင်းစွာဖြင့် သူ့တုံ့ပြန်မှုက ကောင်းမွန်လှ၏။ ထိုလက်ဝါးက သူ့မျက်နှာနှင့် ထိတွေ့တွေ့မည့်ဆဲဆဲတွင် သူက တိုက်ခိုက်မှုအနေဖြင့် ဦးခေါင်းကို ဖောက်ခွဲပစ်ခဲ့သည်။
ဝမ်ဝေ့၏ ရက်စက်မှုက ဝူဟုန်အား အနည်းငယ် အံ့အားသင့်သွားစေ၏။ သို့သော်လည်း သူမက ပြန်လည်အာရုံစိုက်လိုက်သည်။ သူမက ထိုအခွင့်အရေးကို အသုံးပြုကာ ဆက်လက်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် အချိန်တိုက်ကွက်တစ်ခုကို သတိထားမိလိုက်၏။ အတိအကျပြောရမည်ဆိုလျှင် အတိတ်မှ တိုက်ကွက်တစ်ခု ဖြစ်ပေသည်။
သူမ၏ အတွေ့အကြုံများက အဖြစ်အပျက်ကို နားလည်သဘောပေါက်စေခဲ့၏။
ဝမ်ဝေ့က သူ့ဦးခေါင်းကို ဖောက်ခွဲပစ်လိုက်ရုံသာမကဘဲ သူက အချိန်တာအိုကို အသုံးပြုပြီး သွေးစက်များကို ယခင်စက္ကန့်ပိုင်းသို့ပို့ကာ ထိုသွေးစက်မှ ကိုယ်ပွားတစ်ခုကို ကြီးထွားစေခဲ့သည်။ ထိုသွေးစက်က ဝူဟုန်အား ကာလံဒေသံကို ကျော်၍ တိုက်ခိုက်လာခြင်း ဖြစ်၏။
ဝူဟုန်က တိုက်ကွက်ဇစ်မြစ်ကို ကြည့်ဖို့ မလှုပ်ရှားပေ။
သူမ၏ ဦးခေါင်းအထက် သင်္ကေတတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ ကာလံဒေသအားလုံးကို ပိတ်ဆို့လိုက်သည်။ သို့သော်လည်း သူမ၏ အရှိန်အဟုန်က ပျောက်ကွယ်သွားပြီဖြစ်သည့်အတွက် ဝမ်ဝေ့က သူ့ဦးခေါင်းပြန်လည်ပေါက်ဖို့ အချိန်လုံလောက်သွားလေသည်။ ပြောရမည်ဆိုလျှင် သူ ထိုသို့ တွေးမိခဲ့ခြင်း ဖြစ်၏။
သူ့ဦးခေါင်း ပြန်လည်ကောင်းမွန်လာသည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကျိန်စာတစ်ခုကို တွေ့ရှိသွားလေသည်။
ငါ ဘယ်တုန်းက ကျိန်စာသင့်သွားတာလဲ…
သူ့အနေဖြင့် အဖြေအသစ်ရဖို့ သိပ်မကြာလိုက်ပေ။ သူ့ကိုယ်ပွားဖြင့် သူက မည်သည့်အချိန်ကမှန်း မသိသော်လည်း ဝူဟုန်က အတိတ်မှ ထိုကိုယ်ပွားကို ကြားခံနယ်အနေဖြင့် သုံးပြီး သူ့ကို ကျိန်စာတိုက်ခဲ့ခြင်း ဖြစ်သည်။
သူက ယင်ယန်တာအိုကို အသုံးပြုပြီး ကျိန်စာအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ပင်မပြဿနာက ကျိန်စာ မဟုတ်ဘဲ အထဲတွင်ရှိနေသည့် အစစ်အမှန်ဆန္ဒ ဖြစ်၏။ အကယ်၍ စွမ်းအားကြောင့်သာ မဟုတ်လျှင် သူ့သဘာဝခံနိုင်ရည်က ကျိန်စာကို သူ့အလိုလိုရှင်းထုတ်နိုင်လိမ့်မည်။
ဝမ်ဝေ့က အတွင်းပြဿနာများကို ဖြေရှင်းနေစဉ် အပြင်ပြဿနာနှင့် ပြန်လည်ရင်ဆိုင်နေရသည်။ ဝူဟုန်က သူ့ရှေ့မှောက် ရုတ်ချည်းပေါ်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်က ကြော့ရှင်းသည့် ငန်းတစ်ကောင်အသွင် လှုပ်ရှားကာ ကန်ချက်တချို့ ပေးလာခဲ့သည်။
ဝမ်ဝေ့က လက်နှစ်ဖက် ကြက်ခြေခတ်ထားကာ တားဆီးလိုက်သော်လည်း သူမနှင့် ထိတွေ့မိသည်နှင့် သူ့ကြောက်မက်ဖွယ်ခွန်အားနှင့် ခုခံမှုတို့သည် သိသိသာသာ အားနည်းသွားကြောင်း တွေ့ရှိလိုက်ရသည်။
ဝုန်း
ဒိုင်မေးရှင်းအနိမ့်ထက် ပိုမိုကြီးမားသည့် ကမ္ဘာတစ်ခုလုံးကိုပင် ထိန်းထားနိုင်စွမ်းရှိသည့် သူ့လက်မောင်းရှိ အရိုးတို့က ထိုကန်ချက်အောက်တွင် အက်ကွဲသွားခဲ့သည်။
သူမရဲ့ အစစ်အမှန်ဆန္ဒအသုံးပြုပုံက ငါ့ထက်ပိုပြီး ကောင်းနေတာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူမက ဝူဟုန်၏ အစစ်အမှန်ဆန္ဒကို သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ တားဆီးဖို့ အကောင်းဆုံးကြိုးစားခဲ့၏။ ဝူဟုန်၏ တိုက်ကွက်က နှစ်ကြိမ်ကန်ချက်ဖြစ်သည့်အတွက် ဒုတိယကန်ချက်ကို ထပ်မံထုတ်လွှတ်လာသည်။ သို့သော်လည်း ဝမ်ဝေ့က သူသည် ဒုတိယတိုက်ကွက်ကို မတားဆီးနိုင်ကြောင်း သိသည့်အတွက် ပါးစပ်ကို ဟကာ မှုတ်ထုတ်လိုက်၏။
ကံကြမ္မာဖျက်ဆီးခြင်း - ပျက်သုဉ်းခြင်း လေအဟုန်
ထိုတိုက်ကွက်ဖြင့် ဝမ်ဝေ့က သူ့ကံကြမ္မာတာအိုကို အသုံးချရုံသာမကဘဲ သူ့အရန်တာအိုမှ ဖျက်ဆီးခြင်းတာအို တစ်စိတ်တစ်ပိုင်းလည်း ပါဝင်နေသည်။ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် အနက်ရောင်လေပြင်းက သူ့ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ နှမြောဖို့ကောင်းလှစွာဖြင့် ထိုအရာက အသုံးမဝင်ပေ။ အနက်ရောင်လေပြင်းက ဝူဟုန်၏ ခြေထောက်နား ရောက်သည်နှင့် အလိုအလျောက် ပျောက်ကွယ်သွားလေ၏။
ကံကောင်းစွာဖြင့် ဝမ်ဝေ့က ထိုတိုက်ကွက်သည် အလုပ်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ အနက်ရောင်လေပြင်း၏ အဓိကရည်ရွယ်ချက်က တစ်ဖက်သူကို အာရုံထွေပြားစေဖို့ဖြစ်ပြီး နောက်ထပ်တစ်ခုကမူ ပတ်ဝန်းကျင်လေဟာနယ်ကို စုတ်ဖြဲပြီး သူ့အနေဖြင့် ထိုကန်ချက်မှ ပြောင်းရွှေ့ဖို့ရာအတွက် ဖြစ်၏။ ထိုအရာက အရိုးကို ပြန်လည်ကောင်းမွန်ဖို့ အချိန်လုံလောက်စေလိမ့်မည်။
တကယ်ကို တိုက်ခိုက်ရတာ စိတ်တိုဖို့ကောင်းတဲ့သူပဲ…
ဝမ်ဝေ့က ညည်းတွားလိုက်ပြီးသည့်နောက်တွင် အလင်းနှစ် သုံးဆယ်အကွာကို ပြောင်းရွှေ့လိုက်သည်။
သူက သူမ ဝန်းကျင်မှ စည်းပိတ်ရေးတာအိုနဲ့ ပြီးပြည့်စုံတဲ့ ပိုင်နက်တစ်ခုကို တည်ဆောက်ထားတာပဲ။ အဲဒီအနီးနားမှာ ထိတွေ့သမျှအရာအားလုံးက ချက်ချင်းဆိုသလို ပိတ်ဆို့ခံလိုက်ရလိမ့်မယ်…
ဝမ်ဝေ့က အခြေအနေကို မည်သို့ဖြေရှင်းရမလဲ သုံးသပ်နေပြီး သူ့အမူအရာက ပြောင်းလဲသွားလေ၏။ သူ့ခန္ဓာကိုယ်က မလှုပ်မယှက်ဖြစ်သွားလေသည်။
ငါ ကစားခံလိုက်ရပြီ။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသည့် ကျိန်စာက ကျိန်စာတစ်ခုအနေနှင့် ရုပ်ဖျက်ထားသည့် စည်းတံဆိပ်တစ်ခုဖြစ်ပြီး သူက ကျိန်စာကို ဖယ်ရှားဖို့ အာရုံများနေစဉ် စည်းတံဆိပ်က အမြစ်တွယ်သွားခဲ့သည်။
အဆိုးရွားဆုံးအပိုင်းက ဒီစည်းတံဆိပ်က အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနေတာပဲ…
ဝမ်ဝေ့၏ ခန္ဓာကိုယ်က ယခုအခါ အသုံးမဝင်တော့ပေ။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသည့် စွမ်းအင်များက ပိတ်ဆို့ခံလိုက်ရ၏။ သူ့ဝိညာဉ်စွမ်းအားပင် အပါအဝင် ဖြစ်၏။
သူ့စိတ်ကပင် ခက်ခက်ခဲခဲ အလုပ်လုပ်နေရသည်။
ဝူဟုန်က သူမ၏ အစီအစ ဉ်အလုပ်ဖြစ်ကြောင်း သိသည့်အခါ လှောင်ပြုံး ပြုံးလိုက်သည်။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ဝါးကြီးကို ဖန်တီးလိုက်၏။
ဝမ်ဝေ့က ထိုတိုက်ကွက်သာ ကျဆင်းလာသည်နှင့် ချက်ချင်းရှုံးမည်ဖြစ်ကြောင်း သိလိုက်သည်။ သူ တတ်နိုင်သည့် အရာဟူ၍ ရှိဟန်မပေါ်ပေ။
ဒါက မမျှတဘူး…
ဝမ်ဝေ့က စိတ်ထဲတွင် အော်ဟစ်နေလေ၏။ ထိုနှစ်ယောက်က သူ့တာအိုနှင့် နည်းစနစ်အားလုံးအတွက် ပိတ်ဆို့ထားသော စည်းတံဆိပ် ပါဝင်နေသည်။ အကယ်၍ ဝူဟုန်က သူ့ကို ရင်းရင်းနှီးနှီး မသိထားပါက သူမသည် ထိုစည်းတံဆိပ်ကို မည်သို့ဖန်တီးနိုင်မည်နည်း။
“ရှင် တွေးနေတဲ့ အရာတွေကို သိတယ်။ ဒါပေမဲ့ ကျွန်မက ရှင့်အကြောင်း အရင်တုန်းက သိထားတဲ့အပေါ်ကနေ ဒီစည်းတံဆိပ်ကို ဖန်တီးထားတာ မဟုတ်ဘူး” သူမက ရှင်းပြလိုက်သည်။
“အဲဒီအစား ဒီတိုက်ပွဲစကတည်းက ကျွန်မ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကနေ ဖန်တီးထားတာ။ အချိန်တိုအတွင်း သတင်းအချက်အလက် စုဆောင်းနိုင်တာလဲဆိုရင်တော့ ရှင့်ကို ရိုက်နှက်ပြီးမှ ပြောပြမယ်”
ဝမ်ဝေ့က အလိုမရှိပေ။ တိုက်ပွဲစတင်သည်က ငါးမိနစ်ပင် မကြာသေးသော်လည်း သူက ရှုံးနိမ့်တော့မည် ဖြစ်၏။ သူက ထိုအချက်ကို လက်မခံနိုင်ပေ။ သူက ယောက်ျားသားတစ်ယောက်အနေနှင့် မာန ဖြစ်စေ သို့မဟုတ် စွမ်းအားကြီးစစ်သည်တော် တစ်ယောက်အနေနှင့် မာနကြောင့်ဖြစ်စေ သူသည် ထိုရလဒ်ကို လက်ခံမည် မဟုတ်ပေ။ ရှုံးနိမ့်ခြင်းက အဆင်ပြေလေ၏။ သူက ရှုံးနိမ့်ဖို့ရာ မျှော်လင့်ထားပြီးသားလည်း ဖြစ်သည်။ သို့သော်လည်း ဤသို့အနေအထားမျိုးဖြင့် မရှုံးနိမ့်လိုပေ။
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် အခြေအနေအတွက် ကောက်ချက်ချလိုက်သည်။
ထို့နောက် ထိုလုပ်အားချက်က သူ့ကို မရိုက်မိခင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထုတ်လွှတ်လာပြီး ဒွာရအားလုံးမှ သွေးများစီးကျလာသည်။ သူက လက်ကိုလှုပ်ရှားလိုက်ပြီး ဧရာမလက်ဝါးကြီးအား ပျက်သုဉ်းသွားသည်အထိ ထိုးနှက်သည်။
ကံကြမ္မာအတုခိုးခြင်း - ကျိလန်ဖန်း
ထို့နောက် ဝမ်ဝေ့၏ ခေါင်းအထက် သေရည်အိုးကို ကိုင်စွဲထားသည့် လူငယ်ဓားသမားလေးတစ်ယောက် ပုံရိပ်ပေါ်ထွက်လာကာ သူနှင့် ပေါင်းစည်းသွားခဲ့သည်။ သူ့အရှိန်အဝါက ကံကြမ္မာဖြင့် စိတ်တိုင်းကျကစားနေသည့် အထွတ်အထိပ်သက်ရှိမှ အကြွင်းမဲ့အရှိန်သဘောတရားကို လွှမ်းခြုံသည့် သက်ရှိအသွင် ပြောင်းလဲသွားလေသည်။
ဝမ်ဝေ့၏ သွေးသံရဲရဲ ခန္ဓာကိုယ်က ဝူဟုန်ရှေ့တွင် ပေါ်ထွက်လာကာ ထိုးချလိုက်သည်။
ထို့နောက် လေဟာနယ်ထဲ ပေါက်ကွဲသံတချို့ ပဲ့တင်ထွက်လာပြီး သူမ၏ ညာဖက်လက်က ပေါက်ကွဲထွက်သွားလေသည်။
ဝမ်ဝေ့က မြန်ဆန်လွန်းလှသည့်အတွက် သူမ၏ အလိုအလျောက်ပိုင်နက်ကပင် သူ့ခွန်အားကို တုံ့ပြန်ဖို့ အချိန်မမီလိုက်ပေ။
သို့သော်လည်း သူမ၏ မျက်ဝန်းများက တည်ငြိမ်နေလေ၏။
စိတ်ဝင်စားစရာပဲ။ သူ့တည်ရှိပြီးသား နည်းစနစ်တွေနဲ့ မနိုင်နိုင်ဘူးဆိုတာ သိလို့ အသစ်ဖန်တီးခဲ့တာပဲ…
သူမက တည်ငြိမ်စွာ သုံးသပ်လိုက်သည်။ သူက သူ့အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်ပန်းပွင့်စွမ်းရည်ကို အားဖြည့်မှုအနေဖြင့် သုံးဖို့ နည်းလမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ယခင်က ဝမ်ဝေ့သည် ထိုပန်းပွင့်များ၏ စွမ်းရည်ကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါ သူသည် သူတို့အားလုံးကို သူ၏ အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်ကို အောင်မြင်ဖို့ အသုံးပြုလာသည်။ ထိုနည်းစနစ်၏ အကျိုးဆက်က ထိုပန်းပွင့်များသည် ညိုးနွမ်းသည့်အနေအထားသို့ ဝင်ရောက်သွားမည်ဖြစ်ကာ သူတို့သည် ပုံမှန်ပြန်ဖြစ်ပြီး စွမ်းရည်များကို ပြန်လည်အသုံးပြုနိုင်ဖို့ အရင်းအမြစ်များ လိုအပ်လာလိမ့်မည်။
ဝမ်ဝေ့က လက်ကို မြှောက်ကာ ဒုတိယအကြိမ် ထိုးခွင်းလိုက်၏။ သို့သော် သူ့ကို ထိတ်လန့်သွားစေသည်က သူ့အရှိန်က သိသိသာသာ နှေးကွေးသွားလေသည်။
သူမက ငါ့အရှိန်ကို ပိတ်ဆို့ခဲ့တာလား။ ဘယ်တုန်းက ဘယ်လိုလဲ…
ဂမ္ဘီရက အဖြေကို ထုတ်ဖော်လာသည်။ သူမလက်ကို သူ ဖျက်ဆီးခဲ့သည့် ကံဆက်နွယ်မှုမှ တဆင့် သူ့အရှိန်ကို ပိတ်ဆို့လိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုအတွေးတစ်ချက်ဖြင့် ထိုကံဆက်နွယ်မှုကို ဖယ်ရှားလိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာက ဝူဟုန်အတွက် အချိန်လုံလောက်နေပြီ ဖြစ်၏။ သူမက သူ့ဆီမှ ကူးသန်းပြောင်းရွှေ့သွားကာ သူမဝန်းကျင်တွင် သူ့အရှိန်ကို ပိတ်ဆို့ဖို့ နည်းလမ်းများစွာနှင့် ပိုင်နက်တစ်ခု တည်ဆောက်လိုက်သည်။ ဝမ်ဝေ့က သူ့အရှိန်ကို ပိတ်ဆို့မည့် နည်းလမ်းသန်းရာချီကို သတိထားမိသွားသည့်အခါ ရှုံ့မဲ့သွားလေ၏။ ထိုအရာက သူ သတိထားမိသည့်အရာမျှသာ ဖြစ်သေးသည်။
“မင်းနဲ့ တိုက်ခိုက်ရတာက အတော်လေးကို ခံပြင်းဖို့ကောင်းတယ်ဆိုတာ ပြောဖူးလား” ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ကျွန်မက အဲ့အတွက် ဂုဏ်သတင်း ကျော်ကြားတယ်လေ” ဝူဟုန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“တိုက်ခိုက်ရတာ သဘောကျတဲ့သူတွေအားလုံးက ကျွန်မရဲ့ စွမ်းအားကို သိထားတာတောင် ကျွန်မနဲ့ မတိုက်ခိုက်ချင်ကြဘူး။ အဲဒါက ကျွန်မနဲ့ တိုက်ခိုက်ဖို့က ဘယ်လောက်ထိ ခံပြင်းဖို့ကောင်းလဲဆိုတာကြောင့်ပဲ။” သူမက ဂုဏ်ယူစွာရှင်းပြလိုက်သည်။
“လာလေ အခုမှ သွေးပူကာစပဲ ရှိသေးတယ်” သူမက ဆက်ပြောလိုက်၏။