ဆက်လက်လေ့ကျင့်ခြင်း
Vol. 95 Ch. 1326
ဝမ်ဝေ့က မျက်လုံးကို ဖွင့်ကာ သူ့နှာခေါင်းမှ သွေးများကို သုတ်လိုက်သည်။
ဒါက သေခြင်းတရားကို တွေ့ကြုံခံစားရတဲ့ပုံစံမျိုးလား…
သူ့ကို အရည်ထူသည်ဟု ပြောကြသော်လည်း ယခုအခါ နံရံထဲ တိုးဝင်ကာ ပုန်းကွယ်လိုမိသည်။ ကံဆိုးစွာဖြင့် သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။ သူက ပုံရိပ်ယောင်ထဲ ထပ်မံ ကျရှုံးသွားလေ၏။
သူ့ဘဝတစ်လျှောက်လုံး၌ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သို့မဟုတ် ပုံရိပ်ယောင်တို က်ကွက်များကို ဘယ်သောအခါမှ မကြောက်ခဲ့ဖူးပေ။ သို့သော် ယနေ့တွင် သူက အကြီးမားဆုံးနိုးထမှုနှင့် တွေ့ကြုံခဲ့ရသည်။ ဝူဟုန်က သူ့စိတ်ကို လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် ကလေးတစ်ယောက်သဖွယ် ဖြစ်သွားအောင် ကစားပစ်ခဲ့သည်။ သူ့စံပြဝိညာဉ်နှင့် ကြောက်မက်ဖွယ် စိတ်စွမ်းအားတို့က သူတို့၏ စိတ်ကို ကောင်းမွန်စွာ အသုံးပြုနိုင်သည့်သူထံ ဘာမှအဓိပ္ပာယ်မရှိပေ။
“ရှင့်ကိုယ်ရှင် စိတ်ဓာတ်မကျနဲ့။ အခု ရှင်က အားနည်းချက်တွေ သိပြီဆိုတော့ ဒီအတွက် ကာမိအောင် လုပ်လို့ရတယ်။ ပြီးတော့ ရှင်က ကြောက်ဖို့ကောင်းတဲ့ အမြန်နှုန်းနဲ့ တိုးတက်လာနေတာပဲလေ” ဝူဟုန်က ပြောလိုက်သည်။ ဝူဟုန်သည် သူ့အနေဖြင့် ဝိညာဉ်ဖြင့် တိုက်ခိုက်သည့် နည်းလမ်းအသစ်များကို နေသားတကျသင်ယူဖို့ အခက်တွေ့စေနိုင်သည့် အကျင့်မျိုး ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း သူမက ဘာမှမဟုတ်သည့်အရာအတွက် စိုးရိမ်နေမိဟန်ပေါ်သည်။ သူ့စိတ်က လူငယ်များသဖွယ် ပြုလွယ်ပြင်လွယ်ရှိပြီး အပြောင်းအလဲများအား နေသားတကျဖြစ်စေသည်။
“ဆက်လုပ်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ ဤလေ့ကျင့်မှုက သူ့ဝိညာဉ်တိုက်ခိုက်ရေးစနစ်ကို လေ့ကျင့်ပေးနိုင်ရုံသာမကဘဲ သူ့ဝိညာဉ်အရန်တာအိုကိုပါ ကျင့်ကြံဖို့ နည်းလမ်းကောင်း ဖြစ်၏။
“ရှင်က ဒီလောက်တိုးတက်လာတယ်ဆိုတော့ ခက်ခဲနှုန်းကို တိုးမြှင့်ရအောင်” ဝူဟုန်က အကြံပြုလိုက်သည်။
“တစ်သောင်းနဲ့ တစ်သန်းကြားက နံပါတ်တစ်ခုကိုစဉ်းစားလိုက်။ ကျွန်မက ရှင့်အတွေးထဲ ဝင်ရောက်နိုင်မှာကို တားဆီး၊ ပြီးရင် ပုံရိပ်ယောင်ကို ခုခံ”
“ကောင်းပြီ”
နှစ်ဦးသားက ရုပ်ပိုင်းဆိုင်ရာ ဆက်လက်တိုက်ခိုက်နေစဉ် စိတ်ပိုင်းဆိုင်ရာလည်း ဆက်လက် ယှဉ်ပြိုင်နေသည်။ ဝမ်ဝေ့က သူ သင်ယူထားသမျှ အရာအားလုံးကို အသုံးပြုကာ စိတ်ဝိညာဉ်အမှုန်များကိုပင် ကန့်သတ်ချက်ထိ ရောက်အောင် သင်ယူခဲ့သည်။
ဝူဟုန်က သူမ၏ ဝိညာဉ်သည် ၁၂၉ ၆၀၀ ထူးကဲသော သင်္ကေတများဖြင့် ဖွဲ့စည်းထားကြောင်း ပြသထား၏။
ဝမ်ဝေ့က သူမဆီမှ သင်ယူကာ ၁.၂၆၉ ထရီလီယမ် စိတ်ဝိညာဉ်အမှုန်များကို ပေါင်းစည်းပြီး သူမ၏ စွမ်းရည်ကို အတုခိုးကာ ၁၂၉၆၀၀ အဖွဲ့တစ်ခုအသွင် ပြောင်းလဲပြီး ဝိညာဉ်ခုခံရေးနည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။
သူတို့က တိုက်ခိုက်နေရင်း ဝမ်ဝေ့က သူ့ထံ မရဏစည်းတံဆိပ် ကျရောက်လာသည်ကို ကြည့်နေမိသည်။ သို့သော်လည်း သူ့စိတ်ဝိညာဉ်အမှုန်များက ရွှေရောင်အလင်းတန်း ထုတ်လွှတ်လာကာ သူက ပုံရိပ်ယောင်မှ လွတ်မြောက်လာစေသည်။ ထိုတိုက်ကွက်က မရဏစည်းတံဆိပ် မဟုတ်ဘဲ ယင်ယန်စည်းတံဆိပ်သာ ဖြစ်၏။
သူက ဆက်လက် မတိုက်ခင် ထိုအရာကို တန်ပြန်ရင်ဆိုင်ခဲ့သည်။ သူ့အာရုံစူးစိုက်မှုက နောက်ထပ်အနေအထားတစ်ခုသို့ ရောက်ရှိသွားလေ၏။ ထို့နောက် ဝူဟုန်က ရုတ်ချည်း ရပ်တန့်လိုက်၏။
“ ၂၂၃၄၅” သူမက ပြောလိုက်စဉ် ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ရှင်က ပုံရိပ်ယောင်ထဲမှာ ကျရှုံးနေတုန်းပဲ”
သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်က ပြောင်းလဲသွားလေ၏။ တကယ့် ဝူဟုန်က အဝေးတစ်နေရာတွင် တင်ပျဉ်ခွေလျက် အဖန်ရည်ခွက်ကို ကိုင်ပြီး ထိုင်နေလေသည်။ ဝမ်ဝေ့ရှေ့တွင် ရှိနေသည့်အရာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ကိုယ့်ဆီမှာ မင်း ရှိနေတာကို မိုးမြေက ဘာလို့ ကိုယ့်ကို နှိမ့်ချချင်နေရတာလဲ။”
“ရှင်က ရှင် ထင်ထားသလောက် မဆိုးဘူးဆိုတော့ စိတ်ဓာတ်မကျနဲ့။ ကျွန်မက စံနှုန်းတွေ မြင့်နေရုံပဲ”
“ကိုယ့်မာနကိုယ် ထည့်ပြီး စဉ်းစားနေစရာ မလိုပါဘူး။ ကိုယ်က ဒီလိုနိုးထမှုမျိုးကို လိုအပ်နေတာ”
ဝမ်ဝေ့က သူ့အနာဂတ်ဇနီးလောင်း၏ စံနှုန်းများသည် ဟွင်သွမ်းစကြဝဠာ၏ ထိပ်သီးတွင် ရှိနေကြောင်း သိထားလေ၏။ သူမ မပါရှိလျှင်ပင် သူက သူကိုယ်တိုင် ထိုစံနှုန်းများကို ထားမိလိမ့်မည်။ သူက အရာအားလုံးတွင် အကောင်းဆုံးဖြစ်မနေဘဲ ကမ္ဘာကြီး၏ ထိပ်သီးတွင် မည်သို့ရပ်တည်နိုင်မည်နည်း။
“ဒါနဲ့ ကိုယ်သိချင်တာ ဝိညာဉ်အပေါ် မင်းရဲ့ နားလည်မှုက အတွေ့အကြုံသက်သက်ပဲ မဟုတ်ဘူး။ မင်းက စိတ်ရဲ့ အနှစ်သာရကိုပါ နားလည်ထားသလိုမျိုးပဲ။ စိတ်သင်္ကေတ ဒါမှမဟုတ် တစ်စုံတစ်ခုကို ထပ်ပြီး လေ့လာခဲ့သေးတာလား”
“အဲ့လိုမျိုးပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ကျွန်မရဲ့ စံပြဖြစ်လာပြီးတဲ့နောက်မှာ အဆိုးရွားဆုံးအတွေ့အကြုံတစ်ခုက စိတ်အမဲလိုက်မုဆိုးတွေက ကျွန်မကို အမဲလိုက်ခဲ့တာပဲ”
“စိတ်အမဲလိုက်မုဆိုးလား”
“ဟွင်သွမ်းစကြဝဠာထဲမှာ စိတ်ရဲ့ အဆင့်အတန်းကို သိတယ်မလား”
“ကာကွယ်ခံထားရတဲ့နေရာ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ကံကြမ္မာက အကြွင်းမဲ့ဖြစ်သော်လည်း ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်တို့က ကမ္ဘာတွင် တည်ရှိနေဆဲဖြစ်ပြီး နေရာအများစုတွင် ယှဉ်ပြိုင်နေဆဲသာ ဖြစ်၏။
ဤသည်က မည်သို့ဖြစ်နိုင်မှာလဲ။
ဤသည်က စိတ်ကြောင့်သာ ဖြစ်၏။ မဟာတာအိုက သက်ရှိအားလုံးကို ချုပ်နှောင်ကာ ကံကြမ္မာစွမ်းအားအောက်တွင် ပိတ်လှောင်ထားခဲ့သော်လည်း လွတ်မြောက်ဖို့ တံခါးတစ်ချပ် ချန်ထားပေးခဲ့သည်။ တံခါးက စိတ် ဖြစ်၏။
ထိုအရာအတွက် ပြီးပြည့်စုံသည့် နမူနာတစ်ခုကမူ ဝမ်ဝေ့၏ အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှု ဖြစ်ပေသည်။ အကယ်၍ ကောင်းကင်တာအိုက ထိုစစ်ဆေးမှုအတွင်း သူ့စိတ်ကို ဖတ်ရှုခဲ့ပါက ခက်ခဲမှုသည် အိပ်မက်ဆိုးအဆင့်ထက်ပင် ကျော်လွန်သွားလိမ့်မည်။
“ဟုတ်တယ်။ တစ်စုံတစ်ယောက်က သူတို့ရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်ရင် တခြားသူတွေက စိတ်ဖတ်ဖို့ ကျူးကျော်လာနိုင်တယ်။ ကျင့်ကြံဆင့်နဲ့ နည်းစနစ်ပေါ်မှာ ကွာဟချက်အပေါ်မှာ မူတည်ပြီး ဖြစ်စဉ်ကို သတိမထားမိတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို တစ်ချက်ကြည့်ပြီး စိတ်ဖတ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။
အဲဒီအတားအဆီးဝန်းကျင်မှာ နည်းလမ်းတွေ အများကြီးရှိတယ်။ တိုက်ရိုက်ကျော်ဖြတ်ဖို့ နည်းလမ်းတစ်ခုပေါ့။ အဲဒါက စိတ်ကျင့်စဉ်တွေပဲ။ အဲဒါက အတော်လေးကို ရှားပါးပြီး မဟာတာအိုကလည်း အတော်လေးကို ဖိနှိပ်ထားခဲ့တာ။ ဒါပေမဲ့ အကြွင်းမဲ့ဆိုတာ မရှိတော့ ကောင်းချီးနဲ့ မွေးလာတဲ့သူတွေက အဲ့လိုပါရမီမျိုးကို ပိုင်ဆိုင်ထားတယ်လေ။
စိတ်အမဲလိုက်မုဆိုးတွေကလည်း အဲ့လိုပါရမီရှိတဲ့သူ အုပ်စုပဲ။ ဒါပေမဲ့ အဲဒီလူတွေက အစွန်းရောက်လမ်းစဉ်ကို လိုက်ကြတာ။ သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်က သူတို့ကို အင်အားကြီးပုဂ္ဂိုလ်တွေရဲ့ စိတ်ကို စားသုံးစေတဲ့ ရုပ်ဆိုးဆိုး ကိုယ်ပျောက်သတ္တဝါအဖြစ် ပြောင်းလဲသွားစေတယ်။”
ဝူဟုန်၏ မျက်ဝန်းအထက် အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေ၏။
“သူတို့ရဲ့ အသိုက်တစ်ခုက ကျွန်မကို ပစ်မှတ်ထားတာ။ အဲဒါနဲ့ ယွမ်ခေတ်ကာလ ဆယ်ခုကြာ အမဲလိုက်ခဲ့တယ်လေ။ သူတို့ကို သုတ်သင်တဲ့ ဖြစ်စဉ်အတွင်းမှာ ကျွန်မက စိတ်နဲ့ ဝိညာဉ်မှာ ပညာရှင်တစ်ယောက် ဖြစ်လာတယ်”
“စိတ်အမဲလိုက်မုဆိုးလား။ အဲ့လိုအဖွဲ့တွေက နယ်ရုပ်ဖြစ်ရင်ဖြစ် မဖြစ်ရင် တည်ရှိမှုကနေ ရှင်းထုတ်ပစ်သင့်တယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ကမ္ဘာအများစုကလည်း အဲ့လိုထင်ကြတာပဲ။ ဒါပေမဲ့ အဲဒီလူတွေက လူအများရှေ့ ပေါ်မလာရဲဘူး”
သူမ သိထားသလောက် စိတ်အမဲလိုက်မုဆိုးများ အုပ်ချုပ်သူ အဆင့်အတန်းရှိသည့် ဟွင်သွမ်းကမ္ဘာများ မရှိသလို သူတို့အနေဖြင့် ငြိမ်းချမ်းတည်ရှိနိုင်သည့် နေရာမျိုးလည်း မရှိပေ။
“ကောင်းပြီ။ ဆက်တိုက်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။
“ခဏလေး အရင်ဆုံး နည်းနည်းပြောင်းလဲရအောင်” ဝူဟုန်က ပြောလိုက်သည်။ သူတို့က ဤအစီအရင်အတွင်း နှစ်တစ်သိန်းကျော်တိုက်ခိုက်နေသည့်အတွက် သူမက လေ့ကျင့်ရေးကို တခြားကဏ္ဍထဲ အာရုံစိုက်လိုသည်။ ထို့အပြင် ဤလေ့ကျင့်ရေးက ရှည်ကြာမည် ဖြစ်၏။ သူမက လက်ဝှေ့လိုက်သည့်အခါ သူမဝန်းကျင်တွင် လူအယောက်နှစ်ဆယ် ထွက်ပေါ်လာသည်။
ဝမ်ဝေ့က ထိုသူများကို သိချင်စွာ ကြည့်လိုက်၏။ သူတို့၏ အရှိန်အဝါက သူတို့သည်လည်း ကောင်းကင်ဘုံ ထိပ်သီးအဆင့်တွင်ရှိကြောင်း ပြသနေသည်။
ဝမ်ဝေ့က လူတစ်ဦးချင်းစီသည် သူ့အတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ခံစားမိလိုက်သည်။
“ ကျွန်မနဲ့ ရှင့်လိုလူမျိုးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုက မနာလိုမှုပဲ” ဝူဟုန်က ပြောလိုက်သည်။
“လူတွေက ရှင့်ရဲ့ ပါရမီကို အားကျကျသလို ကြောက်လည်းကြောက်ကြတယ်။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ အကျိုးအမြတ်ကို ထည့်ပေါင်းကြတဲ့ အချိန်မှာ ကပ်ဘေးကို ဆွဲဆောင်လာနိုင်တယ်။ ရှင်က စံပြတစ်ယောက်ဖြစ်လာပြီး ကမ္ဘာဦးဟွင်သွမ်းထဲ သွားလာတဲ့အချိန်ကျရင် ရှင့်ရဲ့ အကြီးမားဆုံး ဂရုစိုက်ရမဲ့အရာက ဝိုင်းပြီး တိုက်ခိုက်ခံရမှာကိုပဲ။ ဒီနေ့ လေ့ကျင့်ရေးက အဲဒါအတွက်ပဲ”
ဝူဟုန်က အချိန်မဖြုန်းတော့ပေ။ သူမ၏ အမိန့်အောက်တွင် ထိုသူများက ဝမ်ဝေ့အား စတင်တိုက်ခိုက်လာကြ၏။ သူမက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ စောင့်ကြည့်ကာ မှတ်ချက်ပေးနေသည်။
“မဟုတ်သေးဘူး။ ဒီတိုက်ခိုက်ရေးနည်းလမ်းက အဖွဲ့တိုက်ခိုက်မှုအတွက် မသင့်တော်ဘူး။ ရှင့်ရဲ့ အစစ်အမှန်ဆန္ဒကို ရှင့်အရေပြားမှာ ကာကွယ်မှုအနေနဲ့ ဖြန့်ထားလိုက်။ ပြီးတော့ တစ်ဖက်သူရဲ့ အစစ်အမှန်ဆန္ဒက ရှင့်ရဲ့ ခုခံမှုကို ကျော်ဖြတ်လာတာလား၊ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာလားဆိုတာကို ဂရုမစိုက်နဲ့။ ရှင်က ခန္ဓာကိုယ်လေ့ကျင့်သူဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှင် ဘယ်လောက်ပဲ ဒဏ်ရာရရ ဆက်ပြီး တိုက်ခိုက်နိုင်တယ်။ အဲဒီဒဏ်ရာတွေကို ရှင်တိုက်ပွဲကို နိုင်ပြီး ဒါမှမဟုတ် လွတ်မြောက်လာပြီးတဲ့နောက်ပိုင်းအတွက် ချန်ထားလိုက်”
ဝူဟုန်က အရာအားလုံးကို စောင့်ကြည့်ရင်း ပြောနေသည်။
“ပြိုင်ဖက်တစ်ယောက်ကိုပဲ အာရုံစိုက်ထား။ ရှင် တစ်ခါမှ လူတစ်ယောက်ကို သတ်နိုင်အောင် အရာအားလုံးလုပ် … တခြားသူတွေကို ဘာမှမလုပ်စေနဲ့။ အဲဒါက ရှင့်အနေနဲ့ ဒဏ်ရာတွေ ရမယ်ဆိုရင်တောင်ပေါ့။ ရှင် သူတို့ကို မသတ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန် ရအောင်လုပ်”
“ကောင်းတယ်။ ရန်သူရဲ့ အသွေးအသားကို အားနည်းအောင် လုပ်ပြီး ရှင့်ကို အားနည်းအောင် လုပ်ပြီး ရှင့်ကို ကုစားနိုင်တယ်”
“ရက်စက်။ သူတို့ရဲ့ အရိုးတိုင်းကို ကိုက်ပစ်။ ပိုးကောင်တစ်ကောင်ရဲ့ အသံကတောင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတာပဲ။ ဒီလိုမျိုး ကြမ်းတမ်းတဲ့ အပြုအမူမျိုးနဲ့ဆိုရင် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်ကို ရာခိုင်နှုန်းအနည်းငယ် လျော့ကျသွားစေမှာ။ မှတ်ထား။ ရှင်က ရှင့်ဘဝအတွက် တိုက်ခိုက်နေတာ။ အရာအားလုံးက ရှင့်ရဲ့ အသက်ရှင်မှုကို အာမခံပေးလိမ့်မယ်”
“ရှင် စံပြအသုံးအဆောင်တွေ အများကြီးရှိတဲ့ အကျိုးအမြတ်ကို မြင်ပြီမလား။ ခုခံရေးလက်နက် မရှိဘဲ ရှင် ဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်မှာ မဟုတ်ဘူး”
“မဟုတ်သေးဘူး။ ရှင် လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကိုယ်ပွားနည်းစနစ်ကို သုံးဖို့ပဲ။ အင်အားကြီးပုဂ္ဂိုလ်တွေက မောက်မာကြတယ်။ သူတို့ရဲ့ စိတ်က သူတို့ကိုယ်သူတို့ပဲ မှီခိုဖို့ တွေးကြတာ။ အဲဒါဆိုတော့ ကိုယ်ပွားနည်းစနစ်ကို ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင် သုံးလိုက်ရင် သူတို့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ်။ ရန်သူက အယောက် ၂၀၊ ရှင်က တစ်ယောက်ထဲ။ အားလုံးက ကိုယ်ပွားနည်းစနစ်ကို သုံးတဲ့အချိန်မှာ ရှင်က ပိုခံရမယ် မဟုတ်ဘူးလား”
“ရှင်က ဝိညာဉ်နဲ့ စိတ်ကျင့်စဉ်ကို သင်ယူပြီးကာစပဲ မဟုတ်ဘူးလား။ သူတို့ရဲ့ စိတ်နဲ့ စိတ်ခံစားချက်ကို ကစားပြီး အထဲကနေ ပြိုလဲအောင်လုပ်”
“အခု ကိုယ့်ကိုယ်ကို အသက်ပြန်ရှင်လာတဲ့သူကို မြင်တယ်မလား။ ရှင်သာ ကမ္ဘာဦးအတားအဆီး စွမ်းအားကို အသုံးပြုခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ အော် ဒါနဲ့ ရှင်က အဲဒါကို မသိလောက်သေးဘူး။ ဒါက အသက်မဲ့အဆောင်ရဲ့ အဆင့်မြင့်ပုံစံပဲ။ ကမ္ဘာဦးဟွင်သွမ်းကို ကြားခံနယ်အနေနဲ့ သုံးပြီးတော့ ရှင့်ရဲ့ အဆင့်မြင့်ဆန္ဒကို ကမ္ဘာဦးဆန္ဒချမှတ်ပြီးတော့ သီးသန့်စွမ်းအားဖြစ်လာဖို့ ယာယီပေါင်းစည်းလိုက်တာမျိုးပဲ။
အဲဒါက တစ်စုံတစ်ယောက်ရဲ့ အသက်ရှည်အရင်းအမြစ်ကို ကျော်ဖြတ်စေပြီးတော့ မပြီးမပြတ်အခြေအနေကို ပို့ဆောင်ပေးနိုင်တယ်။ ရှင် စာကြည့်တိုက်မှာ ဖတ်သင့်တယ်”
“ရှင် တွေးနေတာကို သိတယ်။ အဖြေက မဟုတ်ဘူး။ ရှင် ဒီနည်းလမ်းကို ကမ္ဘာဦးဟွင်သွမ်းကလွဲပြီး တခြားနေရာမှာ သုံးလို့မရဘူး။ အာရုံများမနေနဲ့ အာရုံစိုက်ထား။ မဟုတ်ဘူး။ ကျွန်မက ရှင့်စိတ်ကို ဖတ်တာ မဟုတ်ဘူး။ ရှင် ဘာတွေးနေတယ်ဆိုတာကိုပဲ ခန့်မှန်းမိတာ”