လေ့ကျင့်ရေး ပြီးဆုံးခြင်း
Vol. 95 Ch. 1327
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ အထွတ်အထိပ်အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းက ကွဲပြားသည့် တိုက်ခိုက်ရေးအမျိုးအစားတစ်ခုဖြစ်ပြီး သူက များစွာ သင်ယူခဲ့ရသည်။ ဒိုင်မေးရှင်းအနိမ့်တွင် ရှိစဉ်အခါက လူများစွာက သူ့ကို ဝိုင်းတိုက်ခိုက်လျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ သူသည် အားကောင်းလွန်းသည့်အတွက် အားလုံးကသာ သူ့ကို သတ်ဖို့ ကြိုးစားပါက ဒိုင်မေးရှင်းတစ်ခုလုံးပင် ရှင်းထုတ်ပစ်နိုင်စွမ်းရှိလောက်အောင် အားကောင်းနေ၍ ဖြစ်သည်။
သူ ဤကဲ့သို့သော တိုက်ပွဲအမျိုးအစားကို တွေ့ကြုံခဲ့ရသည့် တစ်ခုတည်းသောအချိန်က လူအိုကြီးငရဲနှင့် သူ့ဖန်ဆင်းမှုသက်ရှိများဖြင့် ရင်ဆိုင်စဉ်အခါက ဖြစ်၏။ သူက တစ်ဖက်သူဆီမှ ပမာဏကြောင့် ထိခိုက်ခဲ့ရသည်။ သို့သော် ဤတိုက်ပွဲနှင့် ယှဉ်လိုက်ပါက ထိုအတွေ့အကြုံသည် မှေးမှိန်သွား၏။ ယခုအခါ သူက လက်ရွေးစင်ကျင့်ကြံသူအဖွဲ့နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဝမ်ဝေ့က ဝူဟုန်ကို ကြည့်လိုက်၏။
“နောက်တစ်ခုက ဘာလဲ”
“ကျွန်မတို့တွေ ထပ်လုပ်မယ်” သူမက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဒီတစ်ကြိမ် ရှင့်ရဲ့ ပြိုင်ဘက်က ပူးပေါင်းပြီးတော့ အစီအရင်ကို သုံးလာလိမ့်မယ်”
ဝမ်ဝေ့က အလေးအနက် ဖြစ်လာလေ၏။ ယခင်တိုက်ပွဲက စိန်ခေါ်မှုတစ်ခု ဖြစ်နေပြီဖြစ်သော်လည်း ထိုသူများနှင့် အတူတကွတွဲလုပ်ပြီး သဟဇာတဖြစ်အောင် လုပ်လာပါက ခက်ခဲနှုန်းသည် သုံးဆပိုမိုခက်ခဲလိမ့်မည်။
“ကောင်းပြီလေ”
ထို့နောက် သူက နောက်ထပ် စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့သည်။ ဤတစ်ကြိမ် သူက ပြိုင်ဘက်များစွာနှင့် တိုက်ခိုက်နေရသလိုမျိုး ခံစားလာရသည်။ ဆက်တိုက်ဆိုသလို သူက တစ်ယောက်တည်းကိုသာ တိုက်ခိုက်နေ၏။ ထိုသူများက အတူတကွ ပြီးပြည့်စုံစွာ ဖြစ်နေစဉ် သူက လူတစ်ယောက်ကိုသာ သတ်မည့် နည်းဗျူဟာမျိုးကို အသုံးမပြုပေ။ သူက အောင်မြင်တော့မည့်အချိန်တိုင်း တခြားလူများက ထိုသူနှင့် အသက်ဓာတ်မျှဝေကာ သူတို့၏ အထွတ်အထိပ်သို့ ပြန်လည်ခေါ်ဆောင်သွားလေ့ရှိသည်။
ကံကောင်းစွာဖြင့် ဝမ်ဝေ့တွင် ဝူဟုန် သတိပေးစရာမလိုဘဲ သူ့နည်းလမ်းနှင့် သူ ရှိနေလေ၏။ သူက စိတ်ဝိညာဉ်ကို အစီအရင်အဖျက်ကောင်အဖြစ် အသုံးပြုပြီး ထိုသူများကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် သူတို့၏ အစီအရင်ကို ပျက်သုဉ်းသွားစေသည်။ သူတို့က သဟဇာတ မဖြစ်တော့သည်နှင့် သူတို့ကို ဖြေရှင်းဖို့ ပိုမိုလွယ်ကူလာသည်။
သူက သူမ၏ သင်ကြားပြသမှုများကိုလည်း ထုတ်သုံးခဲ့သည်။ အထူးသဖြင့် အသုံးအဆောင်ပစ္စည်းများစွာကို အသုံးပြုခြင်း ဖြစ်၏။ ဝမ်ဝေ့က သူ့ဆီတွင် မရှိသည့်အတွက် သူက အချိန်တာအိုကို ယူကာ တခြားသော အချိန်စက်ဝန်းမှ အသုံးအဆောင်ပစ္စည်းများကို ဆင့်ခေါ်ပြီး တိုက်ပွဲအတွင်း လက်နက်များစွာကို အသုံးပြုဖို့ စတင်သင်ယူခဲ့သည်။
တိုက်ပွဲအဆုံးတွင် ဝမ်ဝေ့၏ အဝတ်အစားများက စုတ်ပြဲနေပြီး သူ့ကြွက်သားပြိုင်းပြိုင်းဖြင့် ခန္ဓာကိုယ်ကို ပြသလာသည်။ သူ့ခန္ဓာကိုယ်အနှံ့ သွေးများရွှဲနေပြီး အရိုးများကလည်း ကျိုးနေကာ ဘယ်ဖက်လက်က သုံးမရတော့ပေ။
“ဘာမှတ်ချက် ပေးချင်သေးလဲ” ဝမ်ဝေ့က လေဟာနယ်ထဲတွင် ကုစားဖို့ ထိုင်နေရင်း မေးလိုက်သည်။
“နည်းနည်းပေါ့။ ဒါပေမဲ့ ရှင်က ကိုယ့်ဘာသာကိုယ် သတိထားမိလာမှာဆိုတော့ ကျွန်မ သတိပေးနေဖို့တော့ မလိုပါဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ရှင့်အနေနဲ့ ကုစားရေးအရင်းအမြစ် နည်းစနစ်တစ်ခုကို သင်ယူဖို့ လိုလိမ့်မယ်။ တစ်ခါတစ်လေ ရှင်က အဖွဲ့လိုက်တိုက်ခိုက်ခံရတာတွေ၊ ဝိုင်းဝန်းတိုက်ခိုက်ခံရတာတွေ ရှိနိုင်တယ်။ ရှင့်အနေနဲ့ ကုစားဖို့ အချိန်တိုပဲ ရလိမ့်မယ်”
“ကုစားရေး အရင်းအမြစ်နည်းစနစ်လား” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါက ရှင့်ခန္ဓာကိုယ်ထဲက တာအိုဆန္ဒ ဒါမှမဟုတ် အစစ်အမှန်ဆန္ဒတွေကို ဖယ်ရှားနှုန်းကို မြှင့်တင်ပေးနိုင်တယ်။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ ရှင်က မငြှိမ်းသက်နိုင်ဖွယ် စံပြတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ အဲဒါတွေကို သင်ယူသင့်တာ။ အဲဒီအခါကျရင် ရှင့်ရဲ့ စိတ်စွမ်းအားက ရှင့်ရဲ့ ခန္ဓာကိုယ်ဆီ ပေါင်းစည်းသွားပြီးတော့ အဲ့လိုနည်းစနစ်တွေကို သုံးဖို့ ပိုပြီး လွယ်ကူလာလိမ့်မယ်”
“ကိုယ်နားလည်ပြီ။ ကိုယ် ကုစားပြီးရင် ဆက်ပြီးတိုက်ခိုက်မယ်”
“မဟုတ်သေးဘူး။ ခဏနားရအောင်” ဝူဟုန်က ပြောလိုက်သည်။ သူမက သူ့အတွက် လေ့ကျင့်ရေးအစီအစဉ်များစွာ ရှိလေ၏။ နမူနာအနေဖြင့် အုပ်စုတိုက်ပွဲကဏ္ဍအတွင်းပင် အမျိုးအစားများစွာ ကွဲထွက်နေသည်။ ဝမ်ဝေ့က အခြေခံကျဆုံး အစီအရင်ကိုသာ ရင်ဆိုင်ရပြီးကာစ ဖြစ်၏။ သို့သော် သူမ၏ ဘဝက နည်းလမ်းမျိုးစုံ အသုံးပြုသည့် အဖွဲ့မျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသည်။
ထူးထူးဆန်းဆန်းအရာထဲမှ နှစ်ခုထဲမှ တစ်ခုက စိတ်အမဲလိုက်မုဆိုးများ ဖြစ်ကာ သူမကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။ နောက်တစ်ခုကမူ အစီအရင်ကို အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်ကို ပျက်ယွင်းစေကာ တိုက်ပွဲအတွင်း သူမအား ရေဘဝဲနှင့်တူသည့် သက်ရှိအသွင် ဖြည်းဖြည်းချင်း ပြောင်းလဲပစ်ခဲ့သည်။ ထိုတိုက်ပွဲကို နိုင်ပြီးသည့်နောက်တွင်ပင် ဝူဟုန်က အသွင်ပြောင်းမှုကို ပြန်လည်ပြောင်းဖို့ အခက်အခဲ ရှိခဲ့ရသည်။
“တစ်ခုခုဖြစ်လို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ရှင့်ရဲ့ အကြီးမားဆုံးဟာကွက်က ရှင့်ရဲ့ ဗဟုသုတ လိုအပ်နေမှုပဲ။ ဆိုတော့ ကျွန်မရဲ့ စာကြည့်တိုက်ထဲမှာ အချိန်ကုန်ဆုံးပြီးမှ ကျွန်မတို့တွေ ဆက်တိုက်ကြတာပေါ့”
သူ့ဝိညာဉ်၏ သိသာလှသည့် ဟာကွက်အပြင် ဝမ်ဝေ့က ငယ်ရွယ်လွန်းသည့်အတွက် အားနည်းချက်များ ရှိနေလေသည်။ သူ ကောင်းကင်ဘုံအဆင့်မျှသာ ဖြစ်သော်လည်း ကျန်သည့် ကျင့်ကြံသူကမူ မည်မျှကြာကြာ ရှင်သန်နေထိုင်ထားလဲ ကောင်းကင်ကသာ သိနေသည့် စံပြများ ဖြစ်နေသည်။
သူက စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် သူ့ပြိုင်ဘက်များဖြင့် တိုက်ခိုက်ရေးကို သေချာနိုင်ဖို့အတွက် ကိစ္စများစွာ သင်ယူဖို့ လိုအပ်နေသည်။ သူက ထိုအဆင့်တွင် ရှုံးနိမ့်ခြင်းနှင့် သေဆုံးမှုမှ ကာကွယ်ဖို့အတွက် ထိုအဆင့်၌ တိုက်ခိုက်ရေးကို နေသားကျနေရမည်။
“ဒါ ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒီမှာ ဒါက ရှင့်အတွက် စာကြည့်တိုက်ထဲမှာ အကန့်အသတ်မရှိ ဝင်ထွက်ခွင့်ပဲ” ဝူဟုန်က သူ့အား အမှတ်အသားပြားတစ်ခု ထုတ်ပေးလိုက်၏။ ထို့နောက် ဝမ်ဝေ့က ပြန်လည်ကုစားနေစဉ် သူမက ထွက်ခွာသွားခဲ့သည်။
သူ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် သူက အနက်ရောင်အဝတ်ကို ဝတ်ဆင်လိုက်ပြီး စာကြည့်တိုက်ထဲ ဝင်ရောက်မသွားသေးဘဲ သူ့အခန်းဆီ ပြန်လာလိုက်သည်။ မှန်ပေသည်။ သူက ဤနန်းဆောင်အတွင်း သူ့ကိုယ်ပိုင်အခန်းတစ်ခု ရှိထားလေ၏။
သူ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ဘေးပတ်ဝန်းကျင်ကို အပြုံးဖြင့် ပြောလိုက်သည်။
ဒါက အတူတူနေတာလို့ မှတ်ယူလို့ရတယ်မလား။ ဒါမှမဟုတ် တခြားတစ်ယောက်ရဲ့ အိမ်ကို လိုက်လည်တာလို့ပဲ မှတ်ယူရမှာလား။ ဘာပဲဖြစ်ဖြစ် ကိစ္စတော့ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဆက်ဆံရေး တိုးတက်လာတာကို ပြနေတာပဲလေ…
ဝမ်ဝေ့က လက်ကိုဝှေ့ပြီးသည့်နောက်တွင် သူ့လက်ဖဝါးထဲ အဆောင်တစ်ခု ပျံသန်းလာ၏။ အနီရောင်မျက်နှာဖုံးက ဤနေရာသို့လာကာ သူလိုချင်သည့် အချက်အလက်များကို ချန်ထားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ပြဿနာမရှိကြောင်း သေချာအောင် စစ်ဆေးဖို့ လိုအပ်နေ၏။ သူက လက်ကိုမြှောက်ကာ သွေးတစ်စက်ထုတ်ပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။
“မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား”
“သိပါတယ်” ကိုယ်ပွားက ခေါင်းညိတ်လိုက်၏။ လေ့ကျင့်နေသော်လည်း ဝမ်ဝေ့က ပြင်ပကမ္ဘာ၌ သူ့ကို မည်သည့်ပြဿနာများ စောင့်ဆိုင်းနေကြောင်း မမေ့ခဲ့ပေ။ သူ ထိုကပ်ပါးများနှင့် ရင်ဆိုင်ဖို့ စတင်ပြင်ဆင်ဖို့ လိုအပ်နေသည်။
အကောင်းဆုံးသော နည်းလမ်းကမူ သူတို့အကြောင်း များစွာ သိဖို့ ဖြစ်၏။ သူ့အတွက် ကံကောင်းသွားသည်က ထိုသူများသည် တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဘက်နှင့် ရန်သူများအဖြစ် မှတ်ယူကြလေသည်။ သွေးနဂါးက ထိုသူများကို သုံးသပ်ဖို့ စုစည်းထားသည့် သတင်းအချက်အလက်များစွာ ရှိပေသည်။ ဝမ်ဝေ့က ထိုသတင်းအချက်အလက်ကို အသုံးပြုကာ သူတို့၏ သေဆုံးမှုကို ကြံစည်ရမည် ဖြစ်၏။
ပင်မခန္ဓာကိုယ်က လေဟာနယ် ပြောင်းရွှေ့သွားလိုက်သည်။ ထို့နောက် သူက စာအုပ်စင်များဖြင့် ပြည့်နှက်နေသည့် အခန်းအတွင်း ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။
“စာအုပ်တွေလား။ သူမက သတင်းအချက်အလက် ကျောက်စိမ်းပြားကို သုံးမယ်ထင်နေတာ”
သို့သော်လည်း ဝမ်ဝေ့က သူသည် အပြောစောလွန်းသွားကြောင်း သိသွားခဲ့သည်။ ထိုစာအုပ်များက အလှပြရုံမျှသာဖြစ်၏။ သူတို့ကို မည်မျှပင် ကြည့်စေကာမူ ထိုစာအုပ်ထဲတွင် သင်္ကေတတစ်ခုရှိသည့် စာရွက်တစ်ရွက်သာ ပါဝင်နေသည်။ သူ့အံ့ဖွယ်အသိစိတ်ကို အသုံးပြုပြီးသည့်နောက်တွင် စာအုပ်၏ ပါဝင်အကြောင်းအရာများက စာဖတ်သူ၏ စိတ်ထဲ ဝင်ရောက်သွားလိမ့်မည်။
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းယမ်းလိုက်၏။ ထိုကြီးမားလှသည့် စာကြည့်တိုက်ထဲတွင် လေးလွှာ ခွဲခြားထားပြီး တစ်ခုချင်းစီက ယခင်ထက် ပိုမိုကြီးမားလာသည်။ အနိမ့်ဆုံးအဆင့်တွင် သေမျိုးအဆင့်အောက် အချက်အလက်များ ပါဝင်ပြီး ဒုတိယအဆင့်တွင် ဧကရာဇ်အဆင့်နှင့် တခြားအရာများ ပါဝင်သည်။ ဝမ်ဝေ့ သင်ယူလိုသည့်အရာများက စတုတ္ထအလွှာတွင် ရှိလေ၏။ သို့သော် တတိယအဆင့်တွင် စတင်ဖို့ ဆုံးဖြတ်လိုက်သည်။
တတိယအလွှာဆီ ဝင်ရောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဇနီးလောင်းလေးကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ထိုတစ်ထပ်တည်းကပင် ဒိုင်မေးရှင်းအနိမ့်နှင့် ယှဉ်နိုင်လေ၏။ ပိုပြီးအရေးကြီးသည်က ထိုအရွယ်အစားသည် ကြီးကျယ်ခမ်းနားမှုမျှသာ တည်ရှိနေခြင်း မဟုတ်ပေ။ နေရာတစ်လက်မတိုင်းက စာအုပ်များဖြင့် ပြည့်နှက်နေပြီး သူမ၏ စုဆောင်းထားသည့် ကျယ်ပြောလှသော ဗဟုသုတများကို ပြသနေသည်။ သူက နေရာတစ်ဝိုက်ကို ဖတ်ရှုပြီးသည့်နောက်တွင် မဟာမြူစက်ဝန်းအကြောင်း တည်နေရာဆီ ဦးတည်လိုက်၏။ သူ့အနာဂတ်ဇနီးလောင်းဆီမှ လက်ခံရရှိထားသည့် ပြက်ရယ်ပြု မှတ်ချက်များက သူ့မဟာမြူစက်ဝန်းအပေါ် အသုံးပြုမှု ဖြစ်၏။ သူမ ပြောစကားများအရ ကောင်းကင်ဘုံအဆင့်တစ်ယောက်၏ စံနှုန်းဖြင့်ပင် သူ့အသုံးပြုမှုက သူမ၏ စံနှုန်းဖြင့် မကိုက်ညီပေ။ စံပြအဆင့်အတွင်း ယှဉ်နိုင်ဖို့ ဆိုထားဖွယ် မရှိတော့ပေ။ ဝမ်ဝေ့က အခြေခံမှစတင်ဖို့ ဆုံးဖြတ်လိုက်၏။
ဝမ်ဝေ့က စာအုပ်တစ်အုပ်ကို ယူကာ စတင်ဖတ်ရှုလိုက်သည်။ ပတ်ဝန်းကျင်သည် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။
အချိန်အစီအရင်လား…
သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာပြီးသည့်နောက်တွင် ဖတ်ရှုလိုက်သည်။ အချိန်က အသက်ဖြစ်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက အလျင်လိုနေမိသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ၁.၂၆၉ ထရီလီယံစိတ်ဝိညာဉ်အမှုန်များကို ခွဲထုတ်လိုက်ပြီး တစ်ခုချင်းစီက စာအုပ်တစ်အုပ်ကို ဖတ်ရှုလိုက်ကြသည်။
အချိန်ကြာလာသည်နှင့် ဝမ်ဝေ့က တတိယအလွှာမှ စတုတ္ထအလွှာအထိ စာအုပ်များကို ဖတ်ရှုဖို့ ယွမ်ခေတ်ကာလဆယ်ခု ကုန်ဆုံးခဲ့လေသည်။ သူတို့က ဒုတိယအလွှာရှိ စာအုပ်တချို့ကိုပင် ဖတ်ရှုခဲ့လေ၏။ သူက စာကြည့်တိုက်မှ ထွက်ခွာသွားရမည်ဖြစ်သော်လည်း အနည်းငယ် ဝန်လေးနေမိသည်။ သူက ဤအချိန်အတောအတွင်း သူ ဖတ်ခဲ့သမျှ စာအုပ် အရေအတွက်နှင့် ပတ်သက်ပြီး အပေါ်ယံမျှသာ ဖမ်းဆုပ်မိသေးသည်။
သူက မိုးမြေ၏ လျှို့ဝှက်ချက်များကို သင်ယူရင်းဖြင့် တိုးတက်လာနိုင်သည်က အတော်လေး အံ့ဩဖို့ကောင်းလှသည်။
အခု ထွက်သွားရမဲ့အချိန်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ဝူဟုန်၏ စံနှုန်းဖြင့် ကိုက်ညီဖို့ လိုအပ်သည့် ဗဟုသုတအားလုံးကို စုဆောင်းထားပြီးပြီ ဖြစ်၏။ ယခုအခါ လေ့ကျင့်ရေးသို့ ပြန်လည်ဝင်ရောက်ရမည့်အချိန် ဖြစ်သည်။
အပြင်ဘက်မှာ အချိန်ဘယ်လောက်ကုန်သွားပြီလဲမသိဘူး…
ဝမ်ဝေ့က စာကြည့်တိုက်မှ ထွက်ခွာပြီးသည့်နောက်တွင် ကြည့်လိုက်၏။
အပြင်ဘက်မှာ ယွမ်ခေတ်ကာလတစ်ခုပဲ ကုန်သေးတာလား။ အဲဒါဆိုတော့ သူက တစ်အချိုး တစ်ဆယ်ပေါ့…
ဒါက ငါ့ထက်ပိုပြီးကောင်းနေတာပဲ…
သူက မှတ်ချက် ပေးလိုက်သည်။
ကံကောင်းတာက ကမ္ဘာက တိတ်ဆိတ်နေသေးလို့ပေါ့…
ပြင်ပကမ္ဘာတွင် အရေးပါသည့်အရာ ဖြစ်ပျက်မလာသေးဘဲ ဝမ်ဝေ့အား စိတ်အေးသွားစေသည်။ သို့သော်လည်း သူက အချိန်ဖြုန်းမနေဘဲ ဝူဟုန်နှင့် လေ့ကျင့်ရေးကို ပြန်လည်စတင်လိုက်၏။
“ဟမ် ရှင့်ရဲ့ ပညာရှင်ဆန်ဆန် အငွေ့အသက်မျိုးကို ကြည့်လိုက်ပါဦး” ဝူဟုန်က မှတ်ချက်ပေးလိုက်သည်။ အချိန်ကြာမြင့်စွာ ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အရှိန်အဝါက ပြောင်းလဲသွားပြီး သမာသမတ် အနေအထားနှင့် နက်နဲသည့် မျက်ဝန်းမျိုးပိုင်ဆိုင်ထားသည့် ပညာသင်သားတစ်ယောက်အသွင် ဖြစ်နေလေသည်။
“ရှင်က အတော်လေး ကြည့်ကောင်းတာပဲ”
“အဲ့လိုထင်တယ်လား။ အဲ့လိုဆိုရင် ကိုယ်တို့တွေ အတူတူ ရှိဖြစ်ပြီးတဲ့နောက်မှာ ဇာတ်ကောင်အလိုက် ကြိုးစားကြည့်ကြတာပေါ့။ ကိုယ်က ပညာသင်သားလည်း ဖြစ်နိုင်တယ်၊ အာဏာရှင်လည်း ဖြစ်နိုင်တယ်၊ ပန်းချီဆရာလည်း ဖြစ်နိုင်တယ်၊ မင်း လိုချင်တာ အားလုံးဖြစ်နိုင်တယ်” ဝမ်ဝေ့က ပရောပရည်လုပ်ဖို့ အခွင့်အရေးကို မဖြုန်းတီးပေ။
“အဲဒါဆိုရင်တော့ ကျွန်မ စောင့်မျှော်နေမယ်” ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒါဆိုရင် စလိုက်ကြရအောင်” နှစ်ဦးသားက တိုက်ခိုက်ကြပြီး အပြင်ဘက်တွင် ယွမ်ခေတ်ကာလနှစ်ခု ကုန်ဆုံးသွားလေသည်။ ပြောရမည်ဆိုလျှင် သူတို့က ယွမ်ခေတ်ကာလ၂၀ မရပ်မနားဆက်တိုက် တိုက်ခိုက်ကာ လေ့ကျင့်နေခဲ့၏။ ကမ္ဘာကြီးက တိတ်ဆိတ်နေသော်လည်း အားလုံးကမူ လေထုတင်းကြပ်မှုကို ခံစားမိကြသည်။ ထိုစဉ် ဝမ်ဝေ့ကမူ သူ့လေ့ကျင့်မှု ပြီးမြောက်သွားလေ၏။
ဝမ်ဝေ့က ဝူဟုန်ကို အနိုင်ပိုင်းနိုင်ခဲ့လား။
မဟုတ်ပေ။ သူက တူညီသည့်အဆင့်အတွင်း တူညီသည့် အနေအထားဖြင့် သူမ သူ့ကို မရိုက်နှက်နိုင်တော့သည့် အနေအထားတစ်ခု ရောက်ရှိလာခဲ့သည်။ ကံဆိုးစွာဖြင့် သူ နိုင်တော့မည့်အချိန်အတိုင်း သူမက လှည့်ဖျားလေ့ရှိကာ သူမ၏ ကျင့်ကြံဆင့်ကို တိတ်တဆိတ် တိုးမြှင့်ပြီး သူ့ကို ရိုက်နှက်လေ့ရှိသည်။