နှုတ်ဆက်ခြင်းနှင့် သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခြင်း
Vol. 95 Ch. 1328
ဝမ်ဝေ့နှင့် ဝူဟုန်တို့က မျက်နှာချင်းဆိုင်ထိုင်နေပြီး လက်မအနည်းငယ်သာ ကွာဝေးတော့သည်။
“ပိုင်ရှင်နဲ့ မခွဲချင်တဲ့ ခွေးပေါက်စလေးလိုမျိုး ဘာလို့ ကြည့်နေတာလဲ” သူမက မေးလိုက်သည်။
“မင်းကို လွမ်းနေတော့မှာ။ အဲဒါက မှားလို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ယွမ်ခေတ်ကာလ နည်းနည်းလောက်ပါပဲ”
“ကိုယ့်ကို လွမ်းနေမယ်လို့ ပြောလို့မရဘူးလား”
“ကျွန်မ ရှင့်ကို လွမ်းနေမှာ ဟုတ်ပြီလား” သူမက မေးလိုက်သည်။
“ဒါပေါ့” ဝမ်ဝေ့က ပြုံးကာ သူ့ရှေ့တွင် ရှိနေသည့် မိန်းမလှလေးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှ ချစ်ခြင်းမေတ္တာတို့က နက်နက်ရှိုင်းရှိုင်း ထင်ဟပ်ပြသနေ၏။ ဤလေ့ကျင့်မှုအတွင်း သူက တိုးတက်မှုများစွာ ဖြစ်တည်လာလေသည်။ ဤသည်က သူ့ပါရမီကြောင့်လား။ သူက ထိုအရာမျှသာ မကကြောင်း သိထားလေ၏။ ထိုအရာက တစိတ်တပိုင်း ပါဝင်ပတ်သက်နေသော်လည်း သူ့အောင်မြင်သည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။
သူ့ရှေ့တွင်ရှိနေသည့် အမျိုးသမီးက သူ့လက်ရှိ အားကောင်းလာရပြီး တိုက်ပွဲဉာဏ်ရည်နှင့် ပတ်သက်ပြီး ပြီးပြည့်စုံသည်ဟု မှတ်ယူနိုင်သည့် အကြောင်းအရင်း ဖြစ်ပေသည်။ ဝူဟုန်က သူမ၏ ဗဟုသုတနှင့် အတွေ့အကြုံများကို မိခင်ငှက်ကြီးက ငှက်ပေါက်စလေးကို နှုတ်သီးမှ တဆင့်ခွံ့ကျွေးနေသလိုမျိုး သင်ကြားပြသပေးဖို့ တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။ သူမ၏ ကိုယ်ကျိုးမငဲ့ သင်ကြားပြသမှုများက သူ့အား သူမနှင့် လက်ရည်တူ တိုက်ခိုက်လာနိုင်စေခြင်း ဖြစ်၏။
ဝမ်ဝေ့က သူသည် ယှဉ်နိုင်လိမ့်မည်ဟု တွေးတောဖို့ရာ စိတ်ကြီးဝင်နေခြင်း မရှိပေ။ အတွေ့အကြုံအားဖြင့် သူသည် သူမနှင့် အနည်းငယ် ကွာဝေးနေသေး၏။ အကယ်၍ သူတို့သာ သေခြင်းရှင်ခြင်း တိုက်ပွဲက တူညီသည့်အဆင့်တွင် ရှိပါက သူက တစ်ရက်တာပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ သူမက သူ့အား ညှာတာခြင်းကင်းမဲ့စွာ သတ်ပစ်နိုင်လေသည်။ ဤလေ့ကျင့်မှုအတွင်း သူ သင်ယူခဲ့သမျှအရာအားလုံးက မရှောင်ရှားနိုင်သည့်အရာကို အချိန်ဆွဲထားခြင်းမျှသာ ဖြစ်၏။
“ကောင်းပြီလေ။ ရှင့်အနေနဲ့ ထပ်ပြီးတော့ အချိန်ဆွဲမနေနဲ့တော့” ဝူဟုန်က ပြောပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
“မင်း ထွက်မသွားခင် တစ်ခုမေးချင်တယ်။ ကိုယ်တို့က ဘာတွေလဲ” ဝမ်ဝေ့က သိချင်လာသည်။ သူသာ သူတို့ကို မိတ်ဆွေဟု ပြောပါက သူသည် သဘောတူမည် မဟုတ်ပေ။ လေ့ကျင့်ရေးအတွင်း သူတို့ မည်မျှရင်းနှီးလာလဲ မြင်တွေ့နိုင်၏။ သို့သော်လည်း သူတို့က ချစ်သူများလည်း မဟုတ်သေးပေ။ လေ့ကျင့်ရေးအတွင်း အင်္ကျီများ စုတ်ပြဲသွားမှုကြောင့် သူမ၏ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့ အရင်းနှီးဆုံးအပြုအမူများက လက်ကိုင်ခြင်းနှင့် သူ နိုင်ပြီးသည့်နောက်တွင် ပါးပြင်အထက် နမ်းရှိုက်ခြင်းမျှသာ ဖြစ်၏။
ဝူဟုန်က ထိုမေးခွန်းကို ချက်ချင်းမဖြေသေးဘဲ သူ့ဆံပင်များကို ပွတ်သပ်လိုက်သည်။
“ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အဓိပ္ပာယ် ဖွင့်ဆိုနေဖို့ မလိုဘူး။ ကျွန်မတို့တွေ အဖြေထုတ်ဖို့ အချိန်တွေအများကြီး ကျန်ပါသေးတယ်”
ဝမ်ဝေ့က သူမအား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ ကမ္ဘာမြေတွင် ရှိစဉ်အခါက သူသည် တခြားသော တိုင်းပြည်များမှ အင်တာနက်၊ ဆိုရှယ်မီဒီယာနှင့် အစရှိသည်များကို ဝင်ရောက်ကြည့်ရှုဖို့ ဗွီပီအန် (VPN) မကြာခဏ သုံးလေ့ရှိသည်။ သူသည် သူငယ်ချင်းမက ရည်းစားမကျ အခြေအနေအကြောင်းနှင့် ပတ်သက်ပြီး စာတစ်ခုကို ဖတ်ခဲ့ဖူး၏။ ကံဆိုးစွာဖြင့် ထိုစကားလုံးက ယခု သူတို့၏ ဆက်ဆံရေးကို ဖော်ညွှန်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်နေသည်။
“ကောင်းပြီ။ ကျွန်မ သွားတော့မယ်” သူမက သူ့ပါးပြင်ပေါ် နမ်းရှိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ဒီနေရာကို ရှင် အလိုရှိတိုင်း ဝင်လို့ရတယ်။ တကယ်လို့ ပြဿနာရှိနေတယ်ဆိုရင် ဒီနေရာကိုလာပြီး အစီအရင်ကို အသက်သွင်းလိုက်။ လမင်း ခုနှစ်ယောက်လုံး လာရင်တောင် ကျွန်မရဲ့ အစီအရင်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုတော့ ရှင် ကိုယ်တိုင် ဂရုစိုက် မသေစေနဲ့”
ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူမက သူ့တုံ့ပြန်မှုကို မစောင့်ဆိုင်းဘဲ ပျံသန်းသွားလိုက်သည်။
ဝမ်ဝေ့က အော်ပြောလိုက်၏။
“တကယ်လို့ ကိုယ်သေသွားခဲ့ရင် … ကိုယ်ပြောတာ အစစ်အမှန်သေဆုံးမှုဖြစ်သွားခဲ့ရင် မင်း ကိုယ့်ကို အသက်ပြန်သွင်းမှာလား”
“မသေနဲ့။ အဲဒါဆိုရင် ရှင် အဖြေထုတ်နေစရာ မလိုတော့ဘူး”
“သူမက ငါ့ကို သေချာပေါက် အသက်ပြန်သွင်းမှာ” ဝမ်ဝေ့က ပြုံးကာ ရေရွတ်လိုက်သည်။ သူက သက်ပြင်းချလိုက်၏။
“သူမ အဆင်ပြေပါစေလို့ပဲ မျှော်လင့်ပါတယ်”
သူက သူမသည် အလင်းမဲ့အမှန်တရားအတွင်း ဝင်ရောက်ဖို့ ပြဿနာမရှိကြောင်း ၉၉ ရာခိုင်နှုန်းသေချာနေသည်။ တစ်ရာခိုင်နှုန်းကမူ သူ့အား စနှိုးစနှောင့် ဖြစ်စေနိုင်သည်။
သူက စိုးရိမ်နေဖို့ အကြောင်းမရှိကြောင်း သိထားသော်လည်း ပုံမှန်ကိစ္စများကိုသာ အာရုံစိုက်ထားလိုက်၏။ ကမ္ဘာက ငြိမ်းချမ်းနေသော်လည်း အားလုံးက မုန်တိုင်းမလာခင် ငြိမ်သက်နေကြောင်း သိထားကြသည်။
ဝမ်ဝေ့က အချိန်မည်မျှကျန်သေးကြောင်း မသိသေးပေ။ ထို့ကြောင့် သူက အလျင်လိုဖို့ လိုအပ်နေ၏။ ကမ္ဘာကြီးထံ သိသိသာသာ အပြောင်းအလဲဖြစ်မလာခင် သူ့အနေဖြင့် ကိစ္စတချို့ကို ပြီးမြောက်ထားဖို့ လိုအပ်နေသည်။ မဟုတ်ပါက မပြင်မဆင် ဖြစ်သွားလိမ့်မည်။
ဝမ်ဝေ့၏ ပထမဦးဆုံးအရာက ကျန်ရှိနေသည့် လမင်းများ၏ ကျဆုံးမှုကို စီစဉ်နေမှုကို တာဝန်ယူထားသည့် ကိုယ်ပွားဆီ ဖြစ်၏။
“အခြေအနေကဘယ်လိုလဲ” ဝမ်ဝေ့က ကိုယ်ပွားကို မေးလိုက်သည်။
“ကောင်းတယ်” ကိုယ်ပွားက ပြောလိုက်၏။
“လမင်းတွေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ထားတာတွေ ရှိတယ်။ သူတို့ရဲ့ အကျင့်စရိုက်၊ သမိုင်းကြောင်းနဲ့ စိတ်အနေအထားအပေါ် မူတည်ပြီးတော့ပေါ့။ အခု သူတို့ကို သုတ်သင်ဖို့ အစီအစဉ်တချို့ကိုပါ ကောက်ချက်ချထားတယ်။ အောင်မြင်နိုင်ချေကိုတော့ သိပ်မကျေနပ်သေးဘူး”
“မင်း တွက်ချက်နေတာ ဘယ်လောက်မလို့လဲ”
“အချိန်စားသုံးသူအတွက် ၁၀ ရာခိုင်နှုန်း၊ ကျန်သူတွေအတွက် ၄၀ ရာခိုင်နှုန်း၊ ပြီးတော့ ပစ်မှတ်ထားနေတဲ့သူအတွက်ကတော့ ၆၀ရာခိုင်နှုန်း”
“အတော်လေးကို နိမ့်သေးတာပဲ။ သူတို့က ဘာလို့ အဲ့လောက် နည်းနေရတာလဲ။ မင်း အချိန်လိုသေးတာလား။ သတင်းလိုသေးတာလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အချိန်က ပြဿနာ မဟုတ်ဘူး” ကိုယ်ပွားက ရှင်းပြလိုက်သည်။
“အချိန်စားသုံးသူအတွက် သတင်းအချက်အလက်က ပြဿနာပဲ။ တခြားသူတွေနဲ့ မတူတာက သူ့အကြောင်း သတင်းအချက်အလက်တွေက အတော်လေးကို သာမန် ဖြစ်လွန်းနေတယ်။ တခြားသူတွေ အောင်မြင်နိုင်ချေနည်းနေရတဲ့ အကြောင်းအရင်းက သူ့ကြောင့်ပဲ”
“အစီအစဉ်နဲ့ ဆိုရင်တောင်…”
“ဟုတ်တယ်။ အစီအစဉ်နဲ့ဆိုရင်တောင်ပဲ။ တာအိုပညာရှင် နေမင်းက သူတို့ကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတဲ့ အနေအထားလည်း ရှိသေးတယ်။ သူက အကြောင်းအရင်းတစ်ခုကြောင့် အဲဒီလူတွေကို အသက်ရှင်ရက် ထားချင်တယ်ဆိုတာကို ပြောနေတယ်။ သူက သူတို့ကို သေခွင့်ပေးမှာ မဟုတ်သေးဘူး”
“မင်း အစီအစဉ်ကို ကြည့်ရအောင်” ဝမ်ဝေ့က ကိုယ်ပွား၏ မှတ်ဉာဏ်များကို လက်ခံလိုက်ပြီး အရာအားလုံးကို စစ်ဆေးကြည့်လိုက်သည်။ ဤသည်က ဘာမှမှားယွင်းနေခြင်း မရှိပေ။ ဝမ်ဝေ့ကိုယ်တိုင်ကပင် ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ပေ။ ထို့ကြောင့် သူက သူ့အောင်မြင်နိုင်ချေကို မည်သို့တိုးမြှင့်နိုင်မလဲဟု စဉ်းစားနေမိ၏။
“ငါတို့တွေ စိတ်သဘောထားကို နည်းနည်းပြောင်းလဲရမယ်” သူက ပြောလိုက်သည်။
“တကယ်လို့ ငါတို့တွေ အမှောင်ထဲကနေ လုပ်ချင်တယ်ဆိုရင် ရှေ့ပြေးဖြစ်နေဖို့ မလိုဘူး။ အခြေအနေက ပိုပြီး ဖရိုဖရဲဖြစ်လေလေ၊ ငါတို့အတွက် ပိုပြီးတော့ ကောင်းလေလေပဲ”
ကိုယ်ပွားက မျက်မှောင်ကြုတ်လိုက်သည်။
“ရှေးဟောင်းမျိုးနွယ်တွေကို ဒီကစားပွဲထဲ ဝင်စေချင်တာလား”
“ဟုတ်တယ် သူတို့က လမင်းခုနစ်စင်းရဲ့ လက်ထဲ အရှက်ကွဲမှုများစွာကို ခံစားခဲ့ရတယ်။ အဲဒါကြောင့် အဲဒီနှစ်ယောက် မရှိတဲ့အချိန်မှာ သူတို့က ကြောက်ရွံ့နေမှာ မဟုတ်ဘူး”
“တကယ်လို့ အဲ့လိုလှုပ်ရှားချင်တယ်ဆိုရင် သူတို့ရဲ့ အမုန်းတရားကိုပဲ အသုံးချပြီး လှုပ်ရှားစေဖို့ မလုံလောက်ဘူး” ကိုယ်ပွားက ထပ်ပြောလိုက်သည်။
“အကျိုးအမြတ်တချို့ကိုတော့ သူတို့နဲ့ မျှဝေရလိမ့်မယ်”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က အရာအားလုံးကို သူတစ်ယောက်တည်း ယူဖို့ စီစဉ်ထားခြင်း မရှိပေ။ လူများစွာက လမင်းများစွာကို မုန်းတီးနေကြသည်။ အကြောင်းအရင်းကမူ သူတို့က သူတို့ကြားတွင် အားလုံးကို ပိုင်းခြားထားပြီး ကျန်သူအားလုံးအတွက် အစအနပင် မကျန်စေ၍ ဖြစ်သည်။ အကယ်၍ ဝမ်ဝေ့က အားလုံးကို ယူပါက သူသည် လမင်းများလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူက အကြီးမားဆုံးအပိုင်းကို ယူကာ အားလုံးအတွက်လည်း လုံလုံလောက်လောက် ချန်ထားပေးမည် ဖြစ်သည်။
“ကောင်းပြီလေ” ကိုယ်ပွားက ပြောလိုက်သည်။
“ဒါနဲ့ အဲဒီမိန်းကလေးချန်ကျစ်လန်ဆီကနေ သတင်းရသေးလား” ဝမ်ဝေ့က မေးလိုက်သည်။ ကိုယ်ပွားက ချန်ကျစ်လန်၏ ဇစ်မြစ်သည် ရှုကျင်းယောင်၏ စားဖိုမှူးနှင့် တူညီမှုရှိကြောင်း တွေ့ရှိပြီးသည့်နောက်တွင် သူမအပေါ် ထားရှိသည့် သူ့ကတိစကားကို ဖြည့်စည်းပေးလိုက်သည်။
“သူမက သူ့ဆရာနဲ့ ရှိနေတုန်းပဲ။ သူ့ဆရာက ငါတို့အပေါ် ကံကြွေးတင်သွားပြီလို့တော့ ပြောလိုက်တယ်” ကိုယ်ပွားက ရေရွတ်လိုက်သည်။
“အဲဒီကောင်မလေးကို ဆုံးရှုံးသွားတာ နှမြောစရာပဲ။ သူမက အတော်လေးကို အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ထိုမိန်းကလေးအား ဟွေ့မုန်ဝေ့နှင့် လက်ထပ်ဖို့ စီစဉ်ပေးထားပြီး ထိုအခါမှသာ သူမက သူ့ချက်ပြုတ်ရေးတာအိုကို အဆင့်မြှင့်တင်နိုင်လိမ့်မည်။ သို့သော်လည်း အရမ်းကြီး နောက်မကျသေးပေ။
“ကောင်းပြီလေ။ သူ့ကံကြွေးကို လက်ခံလိုက်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့မျက်ဝန်းများက ပြောင်းလဲသွားပြီး ကံကြိုးမျှင်များကို မြင်လိုက်ရသည်။ ထင်ထားသည့်အတိုင်း ရှုကျင်းယောင်နှင့် သူ့ကံကြိုးမျှင်တို့က အနည်းငယ် ပိုမိုနက်ရှိုင်းသွားလေသည်။ သူက လက်ဝှေ့ပြီးသည့်နောက်တွင် သူတို့၏ မေတ္တာရေးရာ ကံကြမ္မာကြိုးမျှင်၌ အက်ကြောင်း အနည်းငယ် ပေါ်ထွက်လာလေ၏။
“ကောင်းပြီ သွားတော့မယ်” ဝမ်ဝေ့က ထရပ်ကာ ပြောလိုက်သည်။
“အစီအစဉ်အတွက် နယ်ရုပ်တွေကို ချထားလိုက်တော့”
ကိုယ်ပွားက ခေါင်းညိတ်လိုက်သည်။ တရားဝင်မလှုပ်ရှားခင် အချိန်များစွာ ကျန်ရှိနေသော်လည်း ယခုအခါကတည်းက စတင် စီစဉ်ထားရမည် ဖြစ်၏။
ဝမ်ဝေ့က ထွက်မသွားခင် ဒုတိယကိုယ်ပွားကို ဖန်ဆင်းပြီး မဟာမြူစက်ဝန်းအားပေးကာ သူ့ဖန်ဆင်းမှုသက်ရှိများအား စမ်းသပ်ချက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးခဲ့သည်။ သူက ဒိုင်မေးရှင်းအနိမ့်မှ တင်းကြပ်သည့် စည်းမျဉ်းများဖြင့် ကန့်သတ်ခြင်း မခံရသောကြောင့် ယခုစတင်ရမည့်အချိန်ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့ကျင့်ကြံရေးကိုသာ အာရုံစိုက်ထားရမည်ဖြစ်သည့်အတွက် ကိုယ်ပွားကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ဝေ့က အခန်းမှ ထွက်လာကာ အလယ်တွင် ထိုင်ခုံတစ်ခုရှိနေသည့် အဖြူရောင်နေရာလွတ်အတွင်း ဝင်ရောက်လာသည်။ ဤသည်က သူ့အနာဂတ်ဇနီးလောင်း သူ့အတွက် ပြင်ဆင်ပေးထားသည့် ကျင့်ကြံရေးအခန်း ဖြစ်၏။ သူက ထိုင်ခင်းပေါ် ထိုင်ပြီးသည့်နောက်တွင် သူ့စိတ်ကို တည်ငြိမ်သွားစေပြီး သူ့စိတ်ဝိညာဉ်ကို သဟဇာတဖြစ်သွားစေသည့် လျှို့ဝှက် စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားမိလိုက်သည်။
“ပစ္စည်းကောင်းပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ပေ။ သူ့အလိုလိုသိစိတ်က အချိန်က အသက်ဖြစ်ကြောင်းပြောနေသည့်အတွက် သူ့အနေဖြင့် ရွေးချယ်ရတော့မည် ဖြစ်၏။
ငါ့အနေနဲ့ ကိုယ်ကို လေ့ကျင့်ပြီးတော့ တာအိုကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ခုမဟုတ် တစ်ခုကိုပဲ ရွေးချယ်ရလိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
လက်ရှိအခြေအနေက တာအိုနားလည်တာက သူ့အတွက် အသုံးမဝင်တော့ဘူး…
၈၀ရာခိုင်နှုန်း ရောက်ရှိပြီးသည့်နောက်တွင် သူက ကျင့်ကြံဖို့ လိုအပ်သည့် အချိန်ပမာဏသည် ယခင်ထက် များပြားလာလေ၏။
ငါ့ရဲ့ ဦးစားပေးက ကပ်ပါးတွေနဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို ရဖို့ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ပဲ။ အဲဒါမှ တကယ်လို့ ဖြစ်ပျက်လာနိုင်တဲ့ အခွင့်အရေးကို တိုးမြှင့်စေချင်တယ်ဆိုရင် ငါ့ရဲ့ ခွန်အားအစစ်အမှန်တာအို နယ်ပယ်အဆင့်ကလည်း တိုးတက်သင့်တယ်။
ယခု ဝမ်ဝေ့က ဆုံးဖြတ်ပြီးပြီဖြစ်သည့်အတွက် အချိန်မဖြုန်းနေတော့ပေ။