ခြောက်ကြိမ်မြောက် ခန္ဓာကိုယ်စမ်းသပ်ချက်
Vol. 95 Ch. 1329
ဝမ်ဝေ့က တတိယကောင်းကင်ဘုံထိပ်သီးအဆင့်သို့ ရောက်ရှိပြီးပြီဖြစ်သည့်အတွက် ခန္ဓာကိုယ် - စိတ်ဆန္ဒပေါင်းစည်းမှုကို အာရုံစိုက်ထားဖို့သာ လိုအပ်တော့သည်။ သူက ထိုအကြောင်းအရာကို များစွာ သိထားလေသည်။ ထိုအရာက ဖျက်ဆီးခြင်းဧကရာဇ်ဆီမှ ဖြစ်စေ ဝူဟုန်ဆီမှဖြစ်စေ သူက ခန္ဓာကိုယ် - စိတ်ဆန္ဒ ပေါင်းစည်းခြင်း အစောပိုင်းအဆင့်တွင် ပြီးပြည့်စုံမှုကို ရဖို့ အချိန်ယူထားခဲ့သည်။
သူ့စံနှုန်းနှင့် ကိုက်ညီသည်နှင့် သူက ၆ကြိမ်မြောက် ခန္ဓာစမ်းသပ်ချက်ကို ဆင့်ခေါ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ ထိုစမ်းသပ်ချက်က ရိုးရှင်းသော်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ဝမ်ဝေ့ရှေ့တွင် လည်နေသည့် စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး သူ့နှလုံးသားကိုပင် ကတုန်ကယင်ဖြစ်သွားစေသည့် အငွေ့အသက်မျိုး ထုတ်လွှတ်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ သူ့ညာဖက်လက်ကို ထည့်လိုက်၏။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့လက်မောင်းကို အပိုင်းပိုင်း အစအစ ဖြစ်သွားစေသည်။ ကြောက်စရာကောင်းသည့် အပိုင်းက ဝမ်ဝေ့သည် အစစ်အမှန်ဆန္ဒနှင့် တူသည့်စွမ်းအားကို မခံစားမိသော်လည်း ထိုစက်ဝန်းက သူ့လက်မောင်းအား တည်ရှိမှုမှ ဖျောက်ဖျက်ပစ်နိုင်လိမ့်မည်ဟု ခံစားချက် ပေးစွမ်းလေသည်။ တခြားနည်းဖြင့်ပြောရလျှင် သူသာ ထိုစမ်းသပ်ချက်ကို ကျရှုံးသွားပါက သူ့လက်ကို ထာဝရဆုံးရှုံးရမည် ဖြစ်၏။ သူ့အနေနှင့် အင်မတန် အဖိုးတန်ကာ ရှားပါးလှသည့် အဆင့်(၁၂)ဆေးပင်များကို မတွေ့သရွေ့ ဘယ်သောအခါမှ ပြန်လည်ကုစားနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး ဆက်လက်လုပ်ဆောင်လိုက်သည်။ ထိုစက်ဝန်း၏ အဓိကရည်ရွယ်ချက်က သူ့လက်မောင်းများကို ဖယ်ရှားဖို့ မဟုတ်ဘဲ ခန္ဓာကိုယ် - စိတ်ဆန္ဒ ပေါင်းစည်းမှုနှင့် စံနှုန်း ကိုက်ညီသည်လား စမ်းသပ်၏။ ထို့ကြောင့် သူ့လက်ကို ထည့်သွင်းပြီးသည့်နောက်တွင် သူ့ညာဖက်လက်က အပိုင်းပိုင်းအစအစဖြစ်သွားသော်လည်း ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသည်။ ထိုအရာက သူသည် မသေနိုင်စွမ်း ဂုဏ်သတ္တိတချို့ကို ရယူနိုင်ကြောင်း ပြသနေ၏။
ဝမ်ဝေ့က လည်ပတ်နေသည့် စက်ဝန်းဆီမှ သူ့လက်ကို ဖယ်ရှားလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ သိပ်မကြာခင် သူ့အရေပြား၊ ကြွက်သား၊ သွေးကြော၊ အရိုး၊ သွေးနှင့် ဆဲလ်များတွင် ပြန်လည်ကောင်းမွန်လာသည့် အစက်အပြောက်များကို တွေ့လိုက်ရသည်။ ဘီးက အနည်းငယ် တုန်ယင်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ပြန်လည်ကုစားမှုကို နှောင့်နှေးထားနေသည့် စွမ်းအားကို ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ချက်ချင်းပြန်လည် မကုစားသေးပေ။ ထိုအစား သူက စွမ်းအားကို ဖြန့်ကျက်ပြီး သူအာရုံခံမိသည့် အရာများကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် လက်ကို စက်ဝန်းအတွင်း ထပ်မံ ထည့်သွင်းလိုက်သည်။
သူက လက်ကို ပြန်ပြီးစစ်ဆေးကြည့်လိုက်သည့်အခါ ပြန်လည်မကောင်းမွန်သည့် အစက်အပြောက် ငါးခုကို တွေ့လိုက်ရသည်။ သူက သူတို့ကို ပြန်လည်ပြုပြင်ပြီးသည့်နောက်တွင် လက်ကို နောက်ထပ်တစ်ကြိမ် ထပ်မံထည့်သွင်းလိုက်၏။ သူ ပြီးမြောက်သွားသည့်အခါ ကွဲပြားသည့် အရာတစ်ခု ဖြစ်ပျက်လာသည်။ သူ့လက်က ရွှေရောင် ပြောင်းလဲသွားခဲ့၏။
“ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှု။ ငါက တတိယအကြိမ်နဲ့ ပြီးမြောက်သွားတာပဲ” ဝမ်ဝေ့က သူ့ကိုယ်သူ ချီးကျူးလိုက်၏။ ကျီစုန့်၏ ရုပ်ခန္ဓာကို စုပ်ယူသည်က မှန်ကန်သည့် ကိစ္စဖြစ်ကြောင်း သိလိုက်ရသည်။ ကြောက်ဖို့ကောင်းသည့် ခန္ဓာကိုယ်လေ့ကျင့်ရေးပါရမီက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားလေ၏။ သို့သော်လည်း သူက အနာဂတ်ဇနီးလောင်းအတိုင်း လိုက်လုပ်ကာ ကမ္ဘာဦးအနှစ်သာရရုပ်ခန္ဓာကို စုပ်ယူနိုင်ဖို့ မျှော်လင့်နေသည်။
ဝမ်ဝေ့က လုပ်လက်စများ လုပ်ပြီးသည့်နောက်တွင် ဘယ်ဖက်လက်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။ ပထမဦးဆုံး အရေးကြီးဆုံးဖြစ်၏။ ထိုအရာ ကျရှုံးသွားလျှင် သူ့အနေဖြင့် လက်ကို ဆုံးရှုံးသွားရနိုင်သည်။ ထို့နောက် ကျင့်ကြံသူက သူတို့၏ အမှားအယွင်းကို ပြုပြင်ပြီး ပြီးပြည့်စုံသည့် ပေါင်းစည်းမှုကို ရယူဖို့ အကြိမ်အနည်းငယ် ကြိုးစားကြည့်နိုင်သည်။ လူတစ်ယောက်က ပါရမီထူးကဲလေလေ သူတို့ကြိုးစားနိုင်သည့်အခွင့်အရေးက ပိုမိုများပြားလေလေ ဖြစ်၏။ ပါရမီအရှိဆုံးသူတစ်ယောက်က အခွင့်အရေးများစွာ မလိုအပ်ပေ။ နှမြောဖို့ကောင်းလှစွာဖြင့် စက်ဝန်းဖြစ်စေ သို့မဟုတ် ထိုအရာ၏ ဖန်တီးသူ မဟာတာအိုဖြစ်စေ ဂရုမစိုက်ပေ။
ဝမ်ဝေ့လိုလူမျိုးက သူ့ပေါင်းစည်းမှုကို ပြီးပြည့်စုံစေဖို့အတွက် အနည်းဆုံးအကြိမ်ရေ ရာချီ ရှိနိုင်သည်။ ထိုစဉ် သာမန်ပါရမီရှင်များက အကြိမ်ရေ နှစ်ဆယ်မှ ငါးဆယ်အတွင်းရှိပြီး ပါရမီရှင်များကမူ ဆယ်ကြိမ်အောက် လျော့နည်းလိမ့်မည်။
သူ့၏ ဘယ်ဖက်လက်ကို ပြီးပြည့်စုံပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကျင့်ကြံရေးအတားအဆီးက ပျောက်ကွယ်သွားကြောင်း ခံစားမိလိမ့်မည်။ များစွာအားစိုက်ထုတ်ခြင်း မရှိဘဲ သူက စတုတ္ထကောင်းကင်ဘုံအဆင့်ကို ချိုးဖောက်သွားလေသည်။ သူက ကမ္ဘာဦးအနှစ်သာရ ကောင်းချီးဆေးလုံးကို ထုတ်ကာ သောက်သုံးလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထုတ်သုံးလာကာ သူ့ရုပ်ပိုင်းဆိုင်ရာအနေအထားကို တိုးမြင့်သွားစေသည်။ ဝမ်ဝေ့က စိတ်သက်သာရာရသွားမိ၏။ သူက သိပ်မကြာလှသည့် ယွမ်ခေတ်ကာလအတွင်း ထိုဆေးလုံးကို စုပ်ယူနိုင်လိမ့်မည်။
ထို့ကြောင့် သူက စိတ်စွမ်းအားကို ထပ်မံလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်၏။ သူက လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ဖြင့် ဗလာနတ္ထိစိတ်ဆန္ဒကို ဆင့်ခေါ်ကာ သူ့စိတ်စွမ်းအားကို လေ့ကျင့်လိုက်သည်။ ထိုအရာက နာကျင်ကာ အန္တရာယ်များလှ၏။ အချိန်မရွေး လွှမ်းမိုးခံရနိုင်ချေ ရှိသည်။ ဆက်တိုက်ဆိုသလို ထိုချဉ်းကပ်မှုအတွက် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ လေ့ကျင့်ရေးကောင်းတစ်ခုလို ဖြစ်နေ၏။
အချိန်က ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခွန်အားကလည်း ဆဌမကောင်းကင်ဘုံထိပ်သီးအဆင့်သို့ ရောက်ရှိသွားလေသည်။ ဆိုလိုသည်မှာ သူက ခန္ဓာကိုယ်ချည်းသက်သက်ဖြင့် မဟာတာအိုအရင်းအမြစ် ၉၂ ရာခိုင်နှုန်းရှိထားသည့် ကျင့်ကြံသူဖြင့် တိုက်ခိုက်နိုင်ပြီ ဖြစ်၏။ ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲ ကျန်ရှိနေသည့် ဆိုးကျိုးတချို့ ရှိနေသေးသော်လည်း သူက ခန္ဓာကိုယ်စိတ်ဆန္ဒပေါင်းစည်းခြင်း အလယ်အလတ်အဆင့်ကို ဝင်ရောက်သွားဖို့ လိုအပ်ပြီး သတ္တမကောင်းကင်ဘုံအဆင့်ကို မရောက်ခင် နောက်ထပ်စမ်းသပ်ချက်တစ်ခုကို ကျော်ဖြတ်ဖို့ လိုအပ်သည်။
ထို့ကြောင့် သူက စိတ်စွမ်းအားလေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး ပေါင်းစည်းမှုကိုသာ အာရုံစိုက်လိုက်၏။ ထိုအရာက အချိန်နှင့် သတိထားမှုတို့ လိုအပ်ကာ အမြဲလိုလို နာကျင်လေ့ရှိသည်။ ဤသည်က ခန္ဓာကိုယ်လေ့ကျင့်သူများသည် နာကျင်မှုကို သာယာနေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ မဟာတာအို၏ လမ်းစဉ်အပေါ် တားမြစ်ချက်တချို့ ထားရှိလိုသည်။ အထူးသဖြင့် ထိုအရာက ကျင့်ကြံဖို့ အချိန်များစွာ ကြာမြင့်သည့်အချိန်တွင်ဖြစ်၏။
စစ်မှန်သည့် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ယောက်က ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီး တစ်ယွမ်ခေတ်ကာလအတွင်း ကောင်းကင်ဘုံအဆင့် ဖြစ်လာနိုင်သည်။ ထို့နောက် ထာဝရကောင်းကင်ဘုံအဆင့်တစ်ယောက်က ပါရမီထူးကဲပြီး အရင်းအမြစ်များ လုံလောက်ကာ နာကျင်မှုကို တောင့်ခံပြီး သူတို့၏ စိတ်စွမ်းအားနှင့် ပေါင်းစည်းမှုကို လေ့ကျင့်သည့် နည်းလမ်းကောင်းများရှိနေသရွေ့ သူတို့သည် နောက်အဆင့်ကို ယွမ်ခေတ်ကာလ သုံးသောင်းအတွင်း ရောက်ရှိသွားနိုင်သည်။ ထိုအရာက ဝမ်ဝေ့လိုလူမျိုးကို ရည်ညွှန်းနေခြင်း ဖြစ်၏။
ထိုစဉ် သာမန်ဧကရာဇ်များကမူ ကောင်းကင်ဘုံအဆင့်ဖြစ်လာဖို့ ယွမ်ခေတ်ကာလ ငါးသောင်းမှ ခုနှစ်သောင်းအထိ ဖြစ်ကာ၊ ပါရမီရှင်များကမူ ယွမ်ခေတ်ကာလ တစ်သောင်းကျော် လိုအပ်လာသည်။ အကယ်၍ သူတို့က ဝမ်ဝေ့၏ ခေတ်ကာလမှ လူများကဲ့သို့ ကုသိုလ်နှင့် ကံကောင်းမှုကဲ့သို့ ကောင်းချီးများရှိနေပါက ထိုအချိန်ထက် နည်းပါးသွားနိုင်သည်။
စံပြဖြစ်လာဖို့ ယေဘုယျအချိန်ကမူ ကွဲပြားကြ၏။ လူများအနေဖြင့် ကောင်းကင်ဘုံအဆင့် (၇၀ရာခိုင်နှုန်း)မှ ထိပ်သီး ၈၉ ရာခိုင်နှုန်းကို ရောက်ရှိဖို့ရာ ယွမ်ခေတ်ကာလနှစ်သိန်းခွဲမှ သန်းဝက်ခန့် လိုအပ်နိုင်သည်။ ပါရမီရှင်များကမူ ယွမ်ခေတ်ကာလ တစ်သိန်းခွဲလောက်ဖြင့် ရောက်ရှိနိုင်၏။ အင်မတန် ပါရမီထူးကဲပြီး ကံကြမ္မာ၊ ကုသိုလ်နှင့် ကောင်းချီးပေးခံထားရသူကမူ ယွမ်ခေတ်ကာလ ၇သောင်းမျှဖြင့် ရောက်ရှိနိုင်သည်။
ကောင်းကင်ဘုံအဆင့်ထိပ်သီးသို့ ရောက်ရှိလာပြီးသည့်နောက်တွင် ကျင့်ကြံသူအားလုံးက ထိုးဖောက်ရမည် ဖြစ်၏။ ပထမဦးစွာ သူသည် သူတို့၏ ဝိညာဉ်ကို စတင်ပြုစုပေးရမည်။ ထိုအရာက အချိန်ကြာမြင့်တတ်၏။ ထို့နောက် သူတို့သည် သူတို့၏ ကံကောင်းမှုကို တိုးမြှင့်ပြီး စိတ်ကို လေ့ကျင့်ပေးဖို့ နည်းလမ်းရှာရမည်။ အချိန်ကြာမြင့်စွာနေထိုင်ခြင်းနှင့် ကိစ္စများစွာကို တွေ့ကြုံခံစားရခြင်းက နှလုံးသားကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းဖြစ်ကာ ဆေးကြောရေးစမ်းသပ်ချက်ကို ပြင်ဆင်ထားဖို့လည်း ဖြစ်၏။
နောက်ဆုံးအနေဖြင့် စံပြ စမ်းသပ်ချက်အတွက် ပြဿနာလည်း ရှိနေသေး၏။ အများစုက ကောင်းကင်ဘုံအဆင့်တွင် ရပ်တန့်သွားကြပြီး ဆက်လက် ရှေ့မတိုးနိုင်ကြတော့ပေ။ အကြောင်းအရင်းကမူ သူတို့က ထိုစမ်းသပ်ချက်ကို ကြောက်ရွံ့ကြ၍ ဖြစ်၏။ ဤလက်ရှိခေတ်ကာလအနေအထားတွင် အရေအတွက်က ပုံမှန် မဟုတ်ပေ။ လူအများစုက ကပ်ပါးများ၏ လုပ်ကြံသတ်ဖြတ်မှုစာရင်းတွင် ပါဝင်မည်ကို သိသည့်အတွက် ဆက်လက် မကျင့်ကြံကြတော့ပေ။
အလယ်အလတ်အဆင့် စမ်းသပ်ချက်အတွက်မူ ဝမ်ဝေ့က သူ့ခြေထောက်နှစ်ဖက်ကို ကာကွယ်ရမည် ဖြစ်၏။ သူတို့က ရွှေရောင်ပြောင်းလဲသည်နှင့် ကျန်ရှိနေသည့် စွမ်းအားတို့က သူ့အား ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိသွားစေမည်ဖြစ်ကာ ဆေးလုံးအာနိသင်ကလည်း အဆုံးသတ်သွားလိမ့်မည်။ သူကလည်း လျင်မြန်လှသည့် ထိုဖြစ်စဉ်သည် အဆုံးသတ်သွားကြောင်း သိထားသော်လည်း ဆေးလုံးကို အသုံးပြုဖို့ တုံ့ဆိုင်းနေမိ၏။
ဝမ်ဝေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး အစားအစာတစ်ခု ပေါ်ထွက်လာသည်။ သူက တစ်ကိုက် ကိုက်စားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ခွန်အား တိုးပွားလာသည်ကို ခံစားမိလိုက်သည်။
“ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို လက်ထပ်ယူရမယ်”
သူက ရေရွတ်လိုက်သည်။ သူက အစားအစာကို ချက်ချင်းမစားသေးဘဲ အဆီအနှစ်ပန်းပွင့်စွမ်းရည်ကို အသက်သွင်းပြီး သူ့စွမ်းရည်ကို တိုးမြှင့်လိုက်သည်။ ထိုအစား သူက ဆေးလုံးတချို့နှင့် ဆေးဝါးများကိုပင် သောက်သုံးကာ သူ့သွေးမျိုးဆက်ကြီးထွားမှုကို မြှင့်တင်လိုက်သည်။ သူက သွေးမျိုးဆက်နှစ်ခုကြီးပွားဖို့ ချဉ်းကပ်မှုနှစ်ခု ပြုလုပ်ထားပြီး အစားအစာကျင့်ကြံရေးက သူ့အနေဖြင့် နဝမကောင်းကင်ဘုံအဆင့်ကို ရောက်ရှိသွားစေလိမ့်မည်။
ဝမ်ဝေ့က တစ်ကိုက် ကိုက်စားလိုက်၏။
ဒါက ငရဲဖိနှိပ်ရေးဆင်သားရဲရဲ့ အရသာလား…
သူ့အကြည့်များက တောက်ပလာသည်။ ဝူဟုန်က သူ့အတွက် ချန်ထားခဲ့သည့် အစားအစာများနှင့် ပတ်သက်ပြီး ကတ်များ ရေးထားခဲ့သည်။ ထိုအရာကမူ မြေအောက်ကမ္ဘာမှ မွေးဖွားလာသည့် ပင်ကိုနတ်ဆိုးနတ်ဘုရား ဖြစ်၏။ အသားက နူးညံ့ပြီး ထုပ်ထုပ်လေး မဖြစ်နေသော်လည်း နူးညံ့သည့် ယင်စွမ်းအားတို့ကို ထုတ်လွှတ်လာလေသည်။ ထိုအရာက ဝိညာဉ်အတွက် အကျိုးကျေးဇူး ဖြစ်စေ၏။
ဝမ်ဝေ့က ဆက်လက် လေ့ကျင့်နေသည်။ ပြိုင်ဘက်ကင်းအစားအစာများ၊ ကောင်းကင်ဘုံသွေဖယ်နေသည့် စွမ်းဆောင်ရည်တို့ဖြင့် သူ့သွေးမျိုးဆက်စွမ်းအားတို့၏ အလျင်အမြန် တိုးတက်လာမှုကို ထည့်ပေါင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ကျင့်ကြံရေးက မှတ်တမ်းချိုးဖောက်နိုင်သည်ဟုပင် မှတ်ယူလို့ ရသွားနိုင်သည်။
ထို့ကြောင့် သူသည် သိပ်မကြာခင် နဝမကောင်းကင်ဘုံအဆင့်ကို ရောက်ရှိသွားပြီး အဆင့်မြင့် ခန္ဓာကိုယ် - စိတ်ဆန္ဒ ပေါင်းစည်းခြင်းအဆင့်ကို စတင်မည်ဖြစ်၏။
ဝမ်ဝေ့က ထိုစမ်းသပ်ချက်သည် အင်မတန် အန္တရာယ်များသည့်အတွက် သတိကြီးကြီး ထားထားရသည်။ ဤတစ်ကြိမ် ထိုစက်ဝန်း၏ ပစ်မှတ်ကမူ သူ့အပေါ်ပိုင်းခန္ဓာကိုယ် ဖြစ်၏။ ကျရှုံးမှုက သူ့အနေဖြင့် ထာဝရသေဆုံးသွားမည်ဖြစ်ကြောင်း ဆိုလိုနေသည်။ ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် ပေါင်းစည်းမှုအောင်မြင်ဖို့ရာ သေချာအောင် လုပ်ဆောင်ထားရသည်။ ယာယီအနေဖြင့် သူသည် ဒုတိယအကြိမ် ကြိုးစားပြီးသည့်နောက်တွင် ရွှေရောင်ခန္ဓာကိုယ် လက်ခံရရှိလိုက်၏။
ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ ဆက်လက်လုပ်ဆောင်လိုက်သည်။ သူက ပြီးပြည့်စုံသည့် သွေးကြောဆေးလုံးဟု ခေါ်ဆိုသည့် ရှားပါးထိပ်တန်းအဆင့်၊ ကောင်းကင်ဘုံဆေးလုံးကို ဝါးမျိုလိုက်သည်။ ထိုအရာက နဝမကောင်းကင်ဘုံအဆင့်ရှိ လူများအား ဒသမအဆင့်သို့ မြန်မြန်ရောက်အောင် ကူညီပေးနိုင်လေ၏။ ထိုဆေးလုံးနှင့် သူ့ပန်းပွင့်စွမ်းရည်တို့ဖြင့် ခန္ဓာကိုယ်ထဲမှ အတားအဆီးကို ချိုးဖောက်ကာ အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရား နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားလေသည်။
ထို့ကြောင့် ဝမ်ဝေ့က ပြီးပြည့်စုံသည့် ခန္ဓာကိုယ် စိတ်ဆန္ဒ ပေါင်းစည်းမှုကို အာရုံစိုက်ထားလိုက်၏။ ဤတစ်ကြိမ် သူ့ပစ်မှတ်ကမူ ဦးခေါင်း ဖြစ်၏။ ထိုကဏ္ဍကလည်း စမ်းသပ်ချက်အတွင်း သေမိန့်ဟု ဆိုလိုနေသည်။ ထို့ကြောင့် ဝမ်ဝေ့က သတိကြီးကြီးထားထားရ၏။ သူက အတုအယောင် စက်ဝန်း ဆေးလုံးကိုပင် သောက်သုံးခဲ့သည်။ သူ့အနေဖြင့် သေဆုံးစရာမလိုဘဲ လိုအပ်ချက်နှင့် ကိုက်ညီလား စမ်းသပ်ကြည့်ဖို့ရာ ဖြစ်၏။ ထိုဆေးလုံးက ရာနှုန်းပြည့် မတိကျသော်လည်း စမ်းသပ်ချက်ကို အဆင့်သင့်ဖြစ်နေသည့် တစ်စုံတစ်ယောက်ကို တိုင်းတာဖို့ရာအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။
ဝမ်ဝေ့က ထိုအဆင့် ပြီးပြည့်စုံပြီးသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်ပြောင်းလဲသွားလေသည်။ ယခုအခါ သူက အတုအယောင် မသေနိုင်ဖွယ် စိတ်ဆန္ဒကို ရရှိထားပြီးပြီ ဖြစ်၏။ သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ခန္ဓာဂိတ်ပေါက်ကို မြင်လိုက်ရသည်။ သူက ထိုအရာကို ဖွင့်လှစ်လိုက်သရွေ့ စံပြတစ်ယောက် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က အလျင်လိုမှုကို တောင့်ခံထားလေ၏။
ဤသည်က လျှပ်တစ်ပြက်အတွင်း လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဂိတ်ဖွင့်လှစ်ခြင်း ဖြစ်စဉ်က အန္တရာယ်များသလို ကြောက်မက်ဖို့ကောင်းသည့် စမ်းသပ်ချက်လည်း လိုအပ်လှသည်။ သူက အဆင့်သင့်မဖြစ်ခင်အထိ ဖွင့်လှစ်မည် မဟုတ်ပေ။
ထို့ကြောင့် သူက တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်၏။ သူ့အသိစိတ်ပင်လယ်ဆီ ဖြစ်သည်။ သူ့ဦးခေါင်းက ပြီးပြည့်စုံမှုကို ရောက်ရှိပြီးသည်နှင့် သူ့ဝိညာဉ်က အာဟာရပြည့်ကာ နောက်ထပ် တစ်ရာခိုင်နှုန်း တိုးမြှင့်သွားပြီး ၉၅ ရာခိုင်နှုန်းရှိသည့် စံပြနှင့်ပင် ယှဉ်နိုင်သွားသည်။ ပို၍အရေးကြီးသည်က သူ့အသိစိတ်ပင်လယ်သည် အားဖြည့်ကာ ပိုမိုကျစ်လစ်လာပြီး တိုက်ခိုက်ရေးတို့ကို ခုခံနိုင်စွမ်း ရှိလာသည်။
ကောင်းပြီ…
ဝမ်ဝေ့က တွေးလိုက်၏။
အခု ငါ့အနေနဲ့ ဗလာနတ္ထိစက်ဝန်းကြောင့် ဖျက်ဆီးခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး…