တားမြစ်တိုက်ခိုက်ရေးအဆင့်
Vol. 95 Ch. 1330
ဝမ်ဝေ့၏ သွေးမျိုးဆက်ထဲတွင် ယခုဗလာနတ္ထိစွမ်းအား ပါဝင်နေပြီဖြစ်သည့်အတွက် သူက ဖြစ်စဉ်အတွင်း တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးထိတ်နေဆဲ ဖြစ်၏။ ထို့ကြောင့် သူသည် သူ့ခန္ဓာကိုယ်ကျင့်ကြံရေးကို တိုးတက်အောင် လုပ်ဖို့ အာရုံစိုက်ထားခဲ့သည်။ ထိုအရာအားလုံး အဆင့်သင့်ဖြစ်နေသည့်အတွက် သူ့အနေဖြင့် အချိန်ဆွဲနေစရာ မလိုအပ်တော့ပေ။
လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ နဂါးနန်းဆောင်မှ ဗလာနတ္ထိအစီအရင်က ဗလာကျင်းနေသည့် အဖြူရောင်အခန်းအတွင်း ပေါ်ထွက်လာသည်။ သို့သော် အစီအရင်အသစ်က ယခင်နှင့် မယှဉ်နိုင်တော့ပေ။ အကြောင်းအရင်းကမူ ဝူဟုန်က အဆင့်မြှင့်တင်ထား၍ ဖြစ်၏။ ထို့နောက် ဝမ်ဝေ့၏ အသိစိတ်ပင်လယ်ထဲရှိ ဗလာနတ္ထိစက်ဝန်းက စတင်လည်ပတ်လာသည်။ ထိုအရာက အစီအရင်မှ ဗလာနတ္ထိစွမ်းအားကို စုပ်ယူသွား၏။
စက်ဝန်းက အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစား ကြီးမားလာသည်။ ဝမ်ဝေ့က ဖြစ်စဉ်ကို သေချာလေ့လာနေပြီး တစ်စုံတစ်ခု လွဲမှားသွားခြင်းမရှိအောင် သေချာစောင့်ကြည့်နေ၏။ အရာအားလုံး သေချာသည်ကို အတည်ပြုပြီးသည်နှင့် သူက ခေါင်းညိတ်လိုက်သည်။
ပထမအဆင့်တော့ ပြီးသွားပြီ။ ဒုတိယအဆင့် သွားလိုက်ရအောင်…
ဝမ်ဝေ့က သွေးမျိုးဆက်ကို အသက်သွင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်က ဗလာနတ္ထိစွမ်းအားကို စတင်စုပ်ယူလာသည်။ သူက ဗလာနတ္ထိစွမ်းအားကို အဆင့်(၄)ဆင့် ခွဲခြားထား၏။ ကိုယ်ထည်မဲ့အဆင့်၊ ဗလာအဆင့်၊ ဟင်းလင်းပြင်အဆင့်နှင့် အစစ်အမှန်မတည်ရှိခြင်းအဆင့်တို့ ဖြစ်ပေသည်။
သူက ဗလာအဆင့်ထိပ်သီးသို့ ရောက်ရှိနေပြီဖြစ်ကာ ယခုအခါ ဟင်းလင်းပြင်အဆင့်သို့ ဝင်ရောက်တော့မည် ဖြစ်၏။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲကို အာရုံခံပြီးသည့်နောက်တွင် တွက်ချက်ကြည့်လိုက်သည်။
ဒီဖွံ့ဖြိုးတိုးတက်မှုအရဆိုရင် ဟင်းလင်းပြင်ထိပ်သီးက မငြှိမ်းသက်နိုင်ဖွယ် ထိပ်သီးနဲ့ တူနေမှာ။ ငါနဲ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကြားမှာ အစစ်အမှန်မတည်ရှိမှုကို ရရှိနိုင်မှာလား။ မတည်ရှိမှုကို ရယူတာက ထူးကဲသာလွန်မှုအတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သလိုပဲ…
အကယ်၍ ဝမ်ဝေ့၏ ကောက်ချက်ချမှုက မှန်ကန်နေပါက ဗလာနတ္ထိသည် တားမြစ်ချက်တစ်ခု ဖြစ်နေသည်က အန္တရာယ်ကြောင့်သာမကဘဲ ထူးကဲသာလွန်မှုဆီ ဦးတည်နေသည့် တိုက်ရိုက်ကျသော တာအိုတချို့ထဲမှ တစ်ခုဖြစ်နေ၍လည်း ဖြစ်နိုင်သည်။
ဒုတိယအဆင့်က အဲဒီစွမ်းအားကို ငါ့ရဲ့ ရင်းနှီးမှုနဲ့ နောက်ထပ်တစ်ဆင့်ကို တိုးမြှင့်ပေးလိမ့်မယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါတွေပြီးသွားတာနဲ့ ငါက တတိယအဆင့်ကို စတင်နိုင်ပြီ…
အချိန်က ကျော်လွန်သွားပြီး ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ဂုဏ်သတ္တိကို ဆက်လက် တိုးမြှင့်နေသည်။ သူက ပြီးမြောက်သည်အထိ စောင့်ဆိုင်းလိုက်၏။ သူ့အလိုလိုသိစိတ်က သူသည် ထပ်မံ စုပ်ယူနေပါက ဆိုးရွားသွားနိုင်ကြောင်း သတိပေးလာသည့်အခါ ရပ်တန့်လိုက်၏။ ထို့နောက် သူက တတိယအဆင့်ဖြစ်သည့် တည်ရှိမှု ဆင့်ကဲပြောင်းလဲခြင်းကို အစပျိုးလိုက်သည်။
သူက မုန့်ခယ်ဆီ ပြောခဲ့သည့်အတိုင်း ဗလာနတ္ထိစွမ်းအားကို သူ့တည်ရှိမှုကို ဆင့်ကဲပြောင်းလဲပြီး အခွံ့ကို တိုးမြှင့်ဖို့ အသုံးပြုခဲ့သည်။ ထိုအရာက သူ့အနေဖြင့် ကောင်းကင်ဘုံအဆင့်နှင့် စံပြကြားမှ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ခွင့်ပြုထားလေသည်။
ဤသည်က ထိုအပြောင်းအလဲအားလုံးကို သေချာစောင့်ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်၏။
တကယ်လို့ ငါသာ ပြီးပြည့်စုံမှုအုတ်မြစ်အတွင်း ဒီအဆင့်ကို ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်…
သူက ထိုအဆင့်ကို သွားရည်ကျနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့တည်ရှိမှုထဲ အခြေခံပုံကြမ်းကို ချမှတ်ပြီးပြီဖြစ်ကာ ယခု သူ သင့်တော်သလို ဆင့်ကဲပြောင်းလဲရမည် ဖြစ်၏။ ယခု ဝမ်ဝေ့က ထိုပုံကြမ်းသည် ပြောင်းလဲသွားကြောင်း ပြောနိုင်လေသည်။
ဝမ်ဝေ့က အလိုလိုသိစိတ်အပေါ် မူတည်ကာ ဗလာနတ္ထိစွမ်းအားကို သူ့တည်ရှိမှုထဲ လမ်းညွှန်လိုက်သည်။ ထိုဖြစ်စဉ်က အပြီးသက်ရောက်မှုရှိပြီး ဘေးကင်းလှသည်။ ဝမ်ဝေ့က အာရုံများနေသည့် အတွေးများကို ဖယ်ရှားကာ ခန္ဓာကိုယ်၏ အပြောင်းအလဲကိုသာ အာရုံစိုက်ထားလိုက်၏။ ထိုဖြစ်စဉ်က ထင်ထားသည်ထက် ကြာမြင့်လှသည်။ အကြောင်းအရင်းကမူ သူသည် ဤကဲ့သို့ မတည်ငြိမ်ဖွယ် စွမ်းအားနှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။
ဤသည်က ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ပိုမိုယုံကြည်ချက်ရှိလာမိ၏။
ဝမ်ဝေ့က မျက်လုံးကိုဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ထိုင်ပြီးသည့်နောက်တွင် လက်သီးကို ဆုပ်ကာ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားကြည့်လိုက်၏။
“ငါ့ပုခုံးပေါ်က ဝန်ထုပ်ကြီး လျော့သွားသလိုပဲ”
မိုးမြေမှ ထားရှိသည့် ကန့်သတ်ချက်များကို ချိုးဖောက်သည်ထက် ပိုမိုကောင်းမွန်သည့် ခံစားချက် မရှိပေ။
“ငါက အခု စံပြအဆင့်နဲ့ ခြေတစ်လှမ်း နီးသွားပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုအတွေ့အကြုံက သူ့အား အဆင့်မြင့်တည်ရှိမှုကို နားလည်လာစေသည်။ ထိုအရာက ထာဝရကောင်းကင်ဘုံအဆင့်များအနေဖြင့် အဆုံးစွန်မဲ့ စံပြများအဆင့် ရောက်ရန် နားလည်ဖို့ လိုအပ်သည့်အရာတစ်ခု ဖြစ်၏။ ဝမ်ဝေ့က နောက်အဆင့်ကို ဝင်ရောက်ဖို့ လုံလုံလောက်လောက် နားမလည်သေးသော်လည်း ယခုအခါ အဆုံးစွန်မဲ့စံပြတစ်ယောက်ဖြစ်လာဖို့ သူ့အတွက် ပိုမိုလွယ်ကူလာစေသည့် လုံလောက်သည့် အုတ်မြစ် ရှိလာသည်။
အဲဒီစွမ်းအားကို ကြိုးစားကြည့်ရအောင်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့ကျင့်ကြံရေးကို မဟာတာအိုအရင်းအမြစ် ၇၀ရာခိုင်နှုန်း ကန့်သတ်လိုက်ပြီးသည့်နောက်တွင် တာအိုအမှတ်အသားအား ကြားခံအဖြစ် အသုံးပြုကာ မဟာတာအိုအားဖြည့်မှုကို အသုံးပြုလိုက်သည်။သူက ဝိညာဉ်၊ ခန္ဓာကိုယ်၊ အစစ်အမှန်ဆန္ဒ၊ အသုံးအဆောင်ပစ္စည်း၊ အစွမ်းထိန်းချုပ်ရေးပညာရပ်၊ တာအိုခန္ဓာနိုးထခြင်း၊ ကံကြမ္မာနန်းဆောင် ၁၁ခု၊ မဟာမြူစက်ဝန်းနှင့် တခြားသောအရင်းအမြစ်နည်းစနစ်များကိုပါ ထည့်ပေါင်းလိုက်သည်။
သူ့အရှိန်အဝါက ဆယ်ဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိသွားသည့်အခါ သိသိသာသာ တိုးမြင့်သွားလေ၏။ ယခု သူက ၈၉ရာခိုင်နှုန်းရှိထားသည့် ထိပ်သီးကောင်းကင်ဘုံအဆင့်နှင့် ယှဉ်နိုင်လေပြီ။ သို့သော်လည်း သူ့ခွန်အားက ဤတစ်ကြိမ် ရပ်တန့်သွားခြင်း မရှိပေ။ ၉၀ရာခိုင်နှုန်းအထိ ရောက်အောင်ဆက်လက်တိုးမြင့်လာလေ၏။
“စံပြတစ်ယောက်ရဲ့ စွမ်းအား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤသည်က သူ့အနေဖြင့် ထိုသို့သော စွမ်းအားမျိုးကို ဆွဲယူသည်က ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ယခု သူသည် နယ်ခြားပစ္စည်းများကို အားကိုးခြင်းမရှိဘဲ သူကိုယ်တိုင်အပေါ်သာ မှီခိုနေလေသည်။ တစ်ယောက်တည်းသာ ရရှိထားခြင်းဖြစ်သည့်အတွက် မည်သူကမှ သူ့ဆီမှ ယူဆောင်မသွားနိုင်ပေ။
ကံကောင်းတာက ငါ့အနေနဲ့ တာအိုအမှတ်အသားအပေါ်မှာ နားလည်မှုတွေကိုရှိထားလို့ပဲ…
ဝမ်ဝေ့က အမှတ်အသားအသုံးပြုမှုသာ မြင့်မားသည့် အဆင့်တစ်ခုသို့ မရောက်နိုင်ခင် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ဖို့ရာ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ထိုအတွေ့အကြုံအပြီးတွင် သူက တိုက်ခိုက်ရေးအဆင့်သည် မဟာတာအိုက ဤကမ္ဘာထဲတွင် ပါရမီရှင်များ အဆင့်(၁၀)ပြီးသည့်နောက် မြင့်မားသည့်အဆင့်ကို ရောက်ဖို့ရာတွက် ထည့်သွင်းထားသည့် ပုံစံတစ်ခုဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ မဟုတ်ပါက မသေမျိုးအဆင့်သုံးခုကြားမှ ကြီးမားသည့် ကွာဟချက်ကြောင့် စွမ်းအားဝါစဉ်သည် ရပ်တန့်နေမည် ဖြစ်၏။
“ကန့်သတ်ချက်ကို စစ်ဆေးကြည့်ရအောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူက မဟာတာအိုအားဖြည့်မှုကို ဒုတိယအကြိမ် အသုံးပြုလိုက်သော်လည်း စမှတ်ကမူ ဤတစ်ကြိမ် ကွဲပြားသွားသည်။ သူက ကျင့်ကြံရေးကို ပိတ်ဆို့ထားခြင်းမရှိဘဲ သူ့မဖျက်ဆီးနိုင်ဖွယ်ကောင်းကင်ဘုံကျင့်ကြံဆင့်ကို ပင်မအနေဖြင့် အသုံးပြုကာ မဟာတာအိုအရင်းအမြစ် ၈၀ရာခိုင်နှုန်းကိုလည်း အားဖြည့်မှုတစ်ခုအနေဖြင့် အသုံးပြုလိုက်သည်။ ထို့နောက် သူက ဝိညာဉ်နှင့် တခြားသောအရာများကိုထည့်ပေါင်းလိုက်လျှင် သူ့စွမ်းအားက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိလာ၏။
“၉၄ ရာခိုင်နှုန်း အရေးပေါ်အခြေအနေမှာဆိုရင်တော့ အချိန်တိုအတွင်း ၉၅ ရာခိုင်နှုန်းနဲ့ တိုက်ခိုက်လာလိမ့်မယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ဒီလိုစွမ်းအားမျိုးက ကပ်ပါးအများစုအတွက် ဖြေရှင်းဖို့ လုံလောက်တယ်ဆိုပေမဲ့ အချိန်စားသုံးသူအတွက် မလုံလောက်သေးဘူး”
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက တိုးတက်ဖို့ရာအတွက် အခွင့်အရေးများစွာ ကျန်ရှိသေးပြီးမကြာခင် စံပြဖြစ်လာမည့် အခွင့်အရေးလည်း ရှိနေသေးသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ဖိအားပေးနေဖို့ မလိုအပ်ပေ။သူ့အကြည့်က ကျင့်ကြံရေးအခန်းမှ ထိုးဖောက်ကာ အပြင်ဘက်ကို ကြည့်လိုက်၏။
အစီအရင်ထဲမှာ ယွမ်ခေတ်ကာလ ရှစ်သောင်း နှစ်ထောင် ကုန်ဆုံးသွားပြီ။ အပြင်မှာတော့ ယွမ်ခေတ်ကာလ ရှစ်ထောင်ပဲ ရှိသေးတယ်။
သူ ကုန်ဆုံးခဲ့ရသည့် အချိန်အများစုက အသွင်ပြောင်းမှုအတွင်းတွင် ဖြစ်၏။ သူက သတိကြီးကြီးထားဖို့ လိုအပ်နေသည်။
ယွမ်ခေတ်ကာလ တစ်သောင်းရောက်ရင် ကိစ္စကြီးကြီးမားမား ဖြစ်လာတော့မယ်လို့ ခံစားချက်ရနေတယ်။ ငါ့အနေနဲ့ ယွမ်ခေတ်ကာလ နှစ်သောင်းလောက် ကျင့်ကြံချိန် ရသေးတယ်။
ဝမ်ဝေ့က တွက်ချက်ကြည့်လိုက်သည်။
ပုံမှန်ဆိုရင် ဒီအချိန်က ငါ့ရဲ့ ၈၀ရာခိုင်နှုန်း နားလည်မှုကို တိုးတက်စေဖို့ မလုံလောက်သေးဘူး။ ဒါပေမဲ့ ငါ့ဆီမှာ ဒါရှိနေတယ်…
သူက လက်ကိုမြှောက်ကာ ကံကြမ္မာစွမ်းအားပါဝင်နေသည့် မီးခိုးရောင်သတ္တုလုံးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက လူအိုကြီးထျန်းကျိဆီမှ ယူလာသည့်အရာ ဖြစ်၏။
ဝမ်ချီ ပို့ထားတဲ့ တာအိုစည်းချက်တွေ အားလုံးနဲ့ဆိုရင် ငါက တော်တော် တိုးတက်လာမှာပါ
ဝမ်ဝေ့က ထိုင်ခုံပေါ်သွားကာ သူ့ကျင့်ကြံဆင့်အတွက် အထောက်အကူဖြစ်မည့် အရာတချို့ကို ဆင့်ခေါ်လိုက်သည်။ ထိုအရာထဲတွင် ဗောဓိသစ်ပင်၊ မက်မွန်ဉာဏ်အလင်းပွင့် သစ်ပင်လည်း အပါအဝင် ဖြစ်၏။ သူက တာအိုစည်းချက်များကို စတင်စုပ်ယူလိုက်သည်။ သို့သော်လည်း ဤသည်က မဟုတ်သေးပေ။ မူလစည်းတံဆိပ် ပါဝင်နေဟန်ပေါ်သည့် သတ္တုလုံးငယ်လေးက သူ့ရှေ့တွင် မျောလွင့်လာ၏။ ထိုသတ္တုလုံးငယ်လေးက သူ့အနာဂတ်ဇနီးလောင်းမှ သူ့ကို ပေးလာခြင်း ဖြစ်သည်။ ထိုအရာက သူ့အား မူလစည်းတံဆိပ်ကုန်းမြေ၏ သင်္ကေတ သို့မဟုတ် အနှစ်သာရများအား လေ့လာဖို့ ခွင့်ပြုပေးထားသည်။
ထိုပြင်ဆင်မှုများ အပြီးတွင် ဝမ်ဝေ့က ကံကြမ္မာစွမ်းအားကို စုပ်ယူပြီး သူ့ကျင့်ကြံဆင့်ကို အစပြုလိုက်၏။ ယွမ်ခေတ်ကာနှစ်သောင်း ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူက မျက်လုံးပြန်ဖွင့်လိုက်သည်။
“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူ့ကျင့်ကြံဆင့်က အချိန်တိုအတွင်း ၈၆ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေသည်။ ထိုအရာထဲ ကံကြမ္မာစွမ်းအားက ၉၅ ရာခိုင်နှုန်းလောက်ပါဝင်နေကြောင်း ပြောနိုင်လေ၏။ အားဖြည့်မှုများက သူ့အား အချိန်တိုအတွင်း ဤမျှတိုးတက်လာမှု မပေးစေပေ။ အဆိုးဆုံးအပိုင်းကမူ ကံကြမ္မာစွမ်းအားသည် သူက လူအိုကြီးထျန်းကျိဆီမှ ယူလာပြီးသည့်နောက်တွင် ပျက်ယွင်းသွားခဲ့၏။
“ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်” သူက ရေရွတ်လိုက်ပြီး ထိုအသံထဲမှ မျှော်လင့်တောင့်တမှုတို့ကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူက သက်ပြင်းချပြီးသည့်နောက်တွင် အာရုံစိုက်လိုက်၏။ သူက ကျင့်ကြံဆင့်ကို ကြည့်ကာ မလုံမလဲဖြစ်နေသည်။
“ငါ့အတွက် နီးကပ်နေပြီ”
သူ့ကျင့်ကြံဆင့်က ၈၇ ရာခိုင်နှုန်းသို့ ရောက်ရှိဖို့ ဆေးလုံးကို သောက်သုံးနိုင်ပြီး ထိပ်သီးကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
“အခုကတော့ အချိန်မကိုက်တော့ဘူး။” ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။ ယခု ဖြစ်ရပ်ကြီးနှစ်ခု ဖြစ်ပျက်လာတော့မည်ကို ခံစားမိနေ၏။ သူကမူ နောက်တစ်ခုကို မသိသေးသော်လည်း ရှေ့တစ်ခုကိုမူ အာရုံစိုက်နေမိသည်။ သူ့သွေးမျိုးဆက်မှတစ်ဆင့် သူ့အဖေနှင့် အမေတို့က မကြာခင် တက်လှမ်းလာတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
“ကမ္ဘာကြီးက ဖရိုဖရဲအခြေနေကို ရောက်တော့မှာ။ သူတို့အတွက် တက်လှမ်းလာဖို့ အချိန်ဆိုးပဲ။ ဒါပေမဲ့ သူတို့ကို ဘာများလုပ်နိုင်မှာလဲ။ ငါ့ရဲ့ အဖွဲ့ထဲမှာပဲ ကူညီခိုင်းရမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ ဘေးကင်းမှုအတွက် ဂိုဏ်းဆီပဲ ပို့ထားလိုက်ရမလား”
သူ့မိဘများက ရှေ့တစ်ခုကို လိုလားမည်ဖြစ်ကြောင်း သိထားသော်လည်း သူတို့က မလုံလောက်သေးပေ။ ထို့ကြောင့် သူတို့ဂိုဏ်းဆီ ပို့ဆောင်ထားသည်က အကောင်းဆုံး ဖြစ်၏။ ပြဿနာကမူ သူတို့ကို မည်သို့ဖျောင်းဖျရမလဲဟူ၍ ဖြစ်သည်။
ငါ သူတို့ရဲ့ လက်ရှိစွမ်းအားက အကူအညီဖြစ်မဲ့အစား အဟန့်အတားဖြစ်တယ်လို့ ပြောရမှာပဲ။ ဒါက ရက်စက်တယ်ဆိုပေမဲ့ သူတို့ကျင့်ကြံဖို့အတွက် လှုံ့ဆော်မှုကောင်းတစ်ခုပဲ…
ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်နေစဉ် သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက သီးသန့်အခန်းမှ ရုတ်ချည်းဆိုသလို ထွက်လာလေ၏။