← Chapters

သချိုင်းဂူပေါ် သို့ သေးပေါက်ချခြင်း

Vol. 6 Ch. 71

သချိုင်းဂူပေါ် သို့ သေးပေါက်ချခြင်း

Vol. 6 Ch. 71

ညသည် တဖြည်းဖြည်း နက်သထက် နက်လာခဲ့သည်။

ကျန်းရီသည် ကလေးမလေး နှစ်ယောက် နှင့် ခွေးတစ်ကောင်ကို တောအုပ်ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒါကတော့ ကျန်းရီ ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်သာ တွေ့မြင်ရတာဖြစ်သည်။ အခုအချိန် အခြား အပြင်ကသူ တစ်ဦးသာရှိခဲ့လျှင် ကျန်းရီတစ်ယောက်တည်းကိုသာ မြင်ရပေလိမ့်မည်။

"ကျောင်းလွယ်အိတ်က ဘာဖြစ်နေတာလဲ ညီမလေး၊ ရွာကလူတွေက ကျောင်းလွယ်အိတ်လေးက သမီးအနှစ်သက်ဆုံးလို့ ပြောကြတာကို ကြားလိုက်ရတယ်"

“အဲဒါက အမေ့ရဲ့ မွေးနေ့ လက်ဆောင်ပါ။ အတန်းဖော် တော်တော်များများက ဒီလိုမျိုး ကျောင်းလွယ်အိတ်လေးကို သမီးမှာရှိနေတာကို မနာလိုဖြစ်နေကြတာ။”

အငယ်မလေးရဲ့စကားတွေကို နားထောင်ရင်း ကျန်းရီက ပြုံးကာ သီချင်းလေးညည်းညူရင်း အဝေးကို လှမ်းကြည့်လိုက်ပြီး "ဒါဆို ဒီသီချင်းကို ဘယ်ကရလာတာလဲ" လို့ မေးလိုက်တယ်။

“ကျောင်းမှာ ကြားဖူးခဲ့တာ၊ ဒါပေမယ့် ဒီသီချင်းမှာ မူလက စာကြောင်းလေးကြောင်းပဲ ရှိတယ်။ နောက်ပိုင်းမှာ အတန်းဖော်တစ်ယောက်က သီချင်းရဲ့ တခြားဗားရှင်းတွေ ရှိသေးတယ်လို့ ပြောတယ်၊ အဲ့ဗားရှင်းကို ကြားလိုက်ရတော့ အရမ်းကြောက်သွားခဲ့တယ်။

ဒါပေမယ့် အဲဒီသီချင်းမှာ ပါတဲ့ အရာအားလုံးက နောက်ပိုင်းကျတော့ သမီးတို့အတွက် အမှန်ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။”

အကြောင်းအရင်းကို အကြီးဆုံးမိန်းကလေးက ပြောပြသောအခါ ကျန်းရီ က အနည်းငယ် မျက်မှောင်ကြုတ်ကာ "မင်းရဲ့ အတန်းဖော်က မင်းကို ပြောခဲ့တာလား"

"အင်း၊ သူကလည်း မိန်းကလေးပဲလေ။ သူပြောတာက သူ့အဒေါ်က ဒီအကြောင်းကို ပြောပြခဲ့တာတဲ့ ။ အဒေါ်က အပြင်က မြို့ကြီးမှာ ကောလိပ်တက်နေတာလေ​။"

ကျန်းရီ က ပြုံးပြီး ဘာမှ မပြောတော့ပါ။ ညီအစ်မနှစ်ယောက်က ဒီသီချင်းရဲ့ ကြောက်စရာကောင်းတဲ့ ဗားရှင်းကို တစ်ခါမှ မသီဆိုဖူးပါဘူး။

အငယ်မလေးက ကျန်းရီ ကို အဲ့သီချင်းဆိုပြခဲ့တယ်ဆိုတာကလည်း ကျန်းရီ ရဲ့ အာရုံကို ဆွဲဆောင်ချင်တာကြောင့်ပါ။

အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်သွားတာ ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်ဘူး။ အချိန်ကတော့ ည နှစ်နာရီခွဲနေပြီဖြစ်သည်။

ကျန်းရီ သည် တောင်တန်းများပေါ်တွင် အချိန်အတော်ကြာ ကင်းလှည့်နေခဲ့ပြီး ညီအစ်မနှစ်ယောက်ကပင် “အစ်ကိုကြီး၊ ငါတို့ သူ့ကို မရှာဘဲ​နေလိုက်ရင်ရော။ အကိုကြီးက လူသားတစ်ယောက်လေ၊ တောင်လမ်းမှာ ဒီလောက်အကြာကြီး လမ်းလျှောက်လိုက်တော့ ပင်ပန်းမှာပေါ့။"

"သမီးတို့ အမေကိုမတွေ့ချင်ဘူးလား" ကျန်းရီ က မေးသည်။

"တွေ့ချင်တာပေါ့ ၊ ဒါပေမယ့် အမေက တခြားသူတွေကို ဒုက္ခမပေးရဘူးတဲ့" အကြီးဆုံးမိန်းကလေးက လေးနက်စွာပြောလိုက်သည်။

"အဆင်ပြေပါတယ်။ မင်းတို့ ငါ့ကို ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။"

သူစကားပြောနေစဉ်မှာပဲ ကျန်းရီ က ရုတ်တရက် တစ်ခုခုကို တွေးပြီး "သမီးတို့ ဦးလေးကိုးလို့ ခေါ်တဲ့ အခုလက်ရှိ တောင်စောင့်ကလေ သူ ဒီရက်တွေမှာ ထူးထူးဆန်းဆန်း ပြုမူနေတယ်လို့ သမီးတို့ ခံစားရလား"

“ဦးလေး ကိုး က သေတော့မှာ။”

ညီအစ်မနှစ်ယောက်က တစ်ပြိုင်နက်တည်း ပြောလိုက်ရာ ကျန်းရီ ရဲ့ သွားနေတဲ့ ခြေလှမ်းများတောင် ရပ်တန့်သွားခဲ့သည်။

“သမီးတို့ ဘာလို့ အဲ့လိုပြောရတာလဲ။”

“ဦးလေး ကိုး က သိပ်ဉာဏ်မမှီပေမယ့် ဦးလေး ကိုး က အရမ်း​ကောင်းတဲ့လူပါ။

သူက သမီးတို့ရဲ့ သင်္ချိုင်းဂူကို အမြဲလိုလို ပေါင်းပင်တွေကို လာရှင်းလေ့ ရှိပြီး သမီးတို့နဲ့ မကြာခဏဆိုသလို စကားလာပြောလေ့ ရှိတယ်။

သမီးတို့ပြောတာကို သူ မကြားနိုင်ပေမယ့် သူပြောချင်တာတွေကိုပဲ ​သူပြောနေတာ ဆိုပေမယ့်လို့ပေါ့။

ဒါပေမယ့် ဦးလေး ကိုး က သမီးတို့နဲ့ နှစ်ပေါင်းများစွာအကြာကြီး စကားလာပြောပေးတဲ့ သူတစ်ယောက်ပဲ “

ကောင်မလေးနှစ်ယောက် စကားပြောနေစဉ်မှာပဲ ခေတ္တရပ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး “အဲဒီနေ့က ဦးလေး ကိုး က တောင်ကို မစောင့်ပဲနဲ့ တောင်အောက်ကို တိတ်တိတ်လေး ပြေးဆင်းသွားတယ်။

ရွာသားတွေက သူ့ကို ရူးနေတယ်ဆိုပြီး လူတွေက သူ့ကို ဂရုမစိုက်ချင်ကြဘူး။

တောင်ပေါ်မှာ ထမင်း နဲ့ ခေါက်ဆွဲ မရှိတော့တဲ့အတွက် တောင်အောက်ကို ဆင်းခဲ့တယ်၊ ဒါပေမယ့် သူ့ကို ရွာကလူတွေက ဘယ်သူက အချိန်တိုင်း ပေးကမ်းချင်မှာလဲ ဒါကြောင့် သူက ခိုးယူလာလိုက်ရုံပါပဲ။”

“အဲဒီတုန်းက ဦး​​လေး ကိုး က ဦးလေး ချောင်ရှင်းရဲ့ အိမ်ကို ဆန်ခေါက်ဆွဲ သွားခိုးမယ်ဆိုပြီး သွားခဲ့တယ်၊ ဒါပေမယ့် ခေါက်ဆွဲတွေသယ်ပြီး ပြန်လာချိန်မှာတော့ ခြံထဲမှာ လူတစ်ယောက် ရှိနေခဲ့တယ်။”

“ဘယ်သူလဲ?”

“မကြာသေးခင်က ဆုံးပါးသွားခဲ့တဲ့ အဘိုး ကိုး ပဲ၊ သူက ဦးလေး ကိုး တို့ရဲ့ အဖေပဲ ။ သူက တံခါးဝမှာ တုတ်တစ်ချောင်းနဲ့ ရပ်နေခဲ့တယ်။ ဦးလေး ကိုး က သူ့ကို မြင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ “အဖေ၊ အသက်ရှင် နေသေးတာလား၊ ကောင်းလိုက်တာ အဖေက အသက်ရှင်နေသေးတယ်!” လို့ ရယ်မောလိုက်တယ်။

" သမီးတို့ က ဦးလေး ကိုးနောက် တစ်ချိန်လုံး လိုက်နေခဲ့တာ။ အဘိုး ကိုး က သရဲမှန်း သမီးတို့ သိတယ်။ ဒါပေမယ့် အဘိုး ကိုး က အဘိုး ကိုးက သမီးတို့ကို သတိမထားမိဘူး။ သူက ဦးလေး ကိုး ကို တုတ်နဲ့ရိုက်ပြီး ကြိမ်းမောင်းခဲ့တယ်။ မင်းက စားဖို့​သောက်ဖို့လောက်ပဲသိတဲ့ သားမိုက်ပဲ၊ မင်းအသက်မရှည်တော့ဘူး၊ သူက မင်းနဲ့ မင်းညီလေးကို ဒုက္ခလာပေးတော့မယ်"

"ဦးလေး ကိုး က ငါဗိုက်ဆာလို့ စားတာလေလို့ ပြန်ပြောခဲ့တယ်၊ ဒါ့အပြင်ကို သူကအခု နေကောင်းနေတာကို၊ သူ့ခန္ဓာကိုယ်မှာ ဘာနာကျင်မှုမှလည်း မရှိဘူး၊ ဘယ်လိုသေရမှာလဲ။"

အဘိုး ကိုး က "မင်း ခွေးကောင်၊ ငါအသက်ရှင်တုန်းက တောင်ကိုပဲ စောင့်ပြီး ဘယ်မှာ ရှောက်မပြေးဖို့ပြောခဲ့တယ်မလား၊ မင်းငါ့စကားကိုနားမထောင်ဘဲ ရှောက်ပြေးနေပြီး အဲ့နေရာမှာ သေးပေါက်ခဲ့တော့ မင်းမှ မသေရင် ဘယ်သူသေမှာလဲ!"

ဦးလေး ကိုး က ပိုလို့တောင် မခံနိုင်ဘဲ ပြန်​ပြောခဲ့တယ် "ငါ သေးပေါက်ခဲ့တော့ရော ဘာဖြစ်မှာလဲ? တစ်ယောက်ယောက်က ငါ့ကို လာေခြာက်ရင် သူ့ကို သေးနဲ့ ပန်းပစ်လိုက်မယ် !"

ညီအစ်မနှစ်ယောက်က ပြောပြနေရင်း အနည်းငယ်ရှက်သွားသော်လည်း ကျန်းရီက နားထောင်နေရင်း မျက်လုံးများ မှေးကျဥ်းသွားသည်။

"ဦးလေး ကိုး က ဘယ်သူ့ သင်္ချိုင်းမှာ ဆီးသွားခဲ့တာလဲ" ကျန်းရီက မေးလိုက်သည်။

ကောင်မလေးနှစ်ယောက်က ခေါင်းယမ်းရင်း “မသိဘူး၊ ဒီတောင်ပေါ်မှာ သင်္ချိုင်းဂူတွေ အများကြီးမရှိဘူး၊ ငါတို့တောင်ပေါ်မှာလည်း ဘယ်သူနဲ့မှ မတွေ့ဖူးဘူး။

တကယ်လို့ ရှိခဲ့မယ် ဆိုရင် သမီးတို့ သေချာပေါက် သိမှာပါ။

အိုး၊ စကားမစပ် ဦးလေး ကိုး က ဟိုဟိုဒီဒီ ပြေးရတာကို ကြိုက်တယ်။ ဘာကိုမှ ကြောက်ရမှန်းလည်း မသိသလို တခါတရံ တောင်ထိပ်ကနေ တောင်အောက်ကို ပြေးပြီး တောင်အောက်ကနေလည်း တောင်ထိပ်ကို ပြန်ပြေးတတ်တယ်”

"ဆိုလိုတာက အဲ့ဒီ ကြောက်စရာကောင်းတဲ့ သင်္ချိုင်းက ဒီတောင်ပေါ်မှာ မရှိဘူးပေါ့"

"တောင်ပေါ်မှာတော့ မရှိလောက်ဘူး။ သြော် ဒါနဲ့ အမေပြောတာကတော့ ဒီတောင်ရဲ့အစွန်းမှာ သင်္ချိုင်းတစ်ခုရှိတယ်တဲ့ "

ကောင်မလေးက ရုတ်တရက်ပြောလိုက်တော့ ကျန်းရီ က “အဲ့တာ ဘယ်နေရာမှာလဲဆိုတာ သိလား” လို့ လေးလေးနက်နက် မေးလိုက်တယ်။

“တည်နေရာအတိအကျတော့မသိဘူး၊ ဒါပေမယ့် အမေက တစ်ခါပြောဖူးတယ်၊ မေ့လုနီးပါးပဲ...

အမေက တောင်ကင်းလှည့်တာကနေ ပြန်လာတော့ တစ်ခုခုကြောင့် ထိတ်လန့်နေပုံရပြီး သူ့မျက်နှာက အရမ်းဖြူရော့နေတယ်။

အဖေက ဘာမှားနေတာလဲလို့ မေးတော့ အမေက သမီးတို့ မကြားရအောင် တံခါးပိတ်ခိုင်းတယ်။

ဒါပေမယ့် တောင်ရဲ့အဆုံးမှာ အုတ်ဂူတစ်ခုရှိနေတယ် ဆိုတဲ့ အမေပြောသံကို သမီးတို့ ကြားနေရဆဲပါ။”

“ဒါပေမယ့် ဘယ်နေရာလဲ ဘယ်လိုသဏ္ဍာန်လဲ ဆိုတာတော့ အသေးစိတ် မပြောခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် နောက်နေ့ကျတော့ အဖေနဲ့ အမေက အဲဒီကို အလှူတွေ အများကြီးသွားလုပ်ခဲ့ပြီး ပြန်လာတော့ သူတို့တွေရဲ့ မျက်နှာက ကြည့်မကောင်းနေခဲ့ဘူး ”

အကြီးဆုံးမိန်းကလေးက သူမရဲ့ မှတ်ညဏ်တွေထဲက အဖြစ်အပျက်တွေ​အကြောင်းပြောနေတုန်း ကျန်းရီ က ရှေ့တစ်လှမ်းတိုးပြီး “အဲဒီသင်္ချိုင်းကို သွားရှာရအောင်” လို့ပြောလိုက်တယ်။

လူတစ်​​ယောက်​၊ သရဲနှစ်​​ကောင် ​နှင့်​ ​ခွေး​အိုတစ်​​ကောင်တို့​သည်​ ​တောင်​ရဲ့ အစွန်း​ဆီသို့ လျှင်​မြန်​စွာ ​လျှောက်​သွားလိုက်သည်။ ဒါပေမယ့်​ အားလုံးက ​တောင်​​ပေါ်မှ ထွက်​လိုက်ပြီး ​တောင်​​အစွန်းတွင်​ မြစ်​တစ်​စင်းကို မြင်​လိုက်​ရသည်​။

ညအချိန်ဖြစ်နေသော်လည်း ကျန်းရီ ရဲ့ လက်ပေါ်ရှိ အလင်းရောင်သည် မြစ်ကမ်းစပ် တစ်နေရာတွင် တောက်ပနေခဲ့သည်။

“အစ်ကိုကြီး​ သမီးတို့ ကြောက်တယ်!”

“………….!”

တောင်စောင့် ခွေးအိုကြီးက မြစ်ကမ်းနားကို ဟောင်နေခဲ့တယ်။ အသံက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကို နည်းနည်း ထိတ်လန့်စေတယ်။

ကြည့်ရှု့သူ A-“ဘာဖြစ်နေတာလဲ၊ အဲဒီနေရာက သင်္ချိုင်းတစ်ခုရှိနေရမှာ မဟုတ်ဘူးလား”

ကြည့်ရှု့သူ B-“ဟုတ်တယ်၊ မြေက အရမ်းပြား​နေတယ်။ အုတ်ဂူတစ်ခုရှိနေရင် အုတ်ဂူအသေးလေးဆိုရင်တောင် ခွဲခြားလို့ရတယ်၊ ဟုတ်တယ်မလား”

“အဲဒါကို ငါတို့အားလုံး ခံစားလို့ရတယ်။”

ကျန်းရီ သည် မြစ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ ညီအစ်မနှစ်ယောက်ကို ခေါ်ကာ မြစ်ဆီသို့ လျှောက်သွားလိုက်သည်။

မြစ်ကမ်းဘေးမှာ သေးငယ်တဲ့ အဖုအထစ်တစ်ခုရှိနေခဲ့ပြီး ကျန်းရီ က အဲဒီကို တိုက်ရိုက်ပဲ တက်ခဲ့လိုက်တယ်။ သူသည် မြစ်ကို တည့်တည့် စိုက်ကြည့်လို​က်ပြီးနောက် ရုတ်တရက် သတိမပေးဘဲ မြစ်ထဲကို ခုန်ဆင်းခဲ့လိုက်တယ်။

မြစ်ကမ်းသည် အလွန်မြင့်မားသော်လည်း မြစ်ကတော့ သိပ်မနက်ပါဘူး။ ​ရေက ကျန်းရီရဲ့ ခြေထောက်အထိသာ ရှိပါတယ်။

ကျန်းရီက မြစ်ထဲသို့ ခုန်ချလိုက်ပြီးနောက် မိန်းကလေးနှစ်ယောက်လည်း ခုန်ဆင်းလိုက်ကြသည်။ မြစ်ကမ်းစပ်ရဲ့ အစွန်းနားမှာ အပေါက်တစ်ပေါက် ရှိ​နေခဲ့တယ်။

အပေါက်က လူခေါင်းလောက်သာ ကြီးတယ်။ ကျန်းရီက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ပြီး သူ့လက်ကိုင်ဖုန်းက မီးအလင်းရောင်ဖြင့် အပေါက်ထဲသို့ ကြည့်လိုက်သည်။

အနက်ရောင် အ​ပေါက်အဝင်ဝတွင် မျက်လုံးတစ်စုံက သူ့မျက်လုံးနဲ့ ဆုံမိလိုက်တယ် ။

All Chapters