နတ်ဘုရားတွေတောင် သည်းမခံနိုင်တဲ့လူ
Vol. 6 Ch. 72
ကျန်းရီ မြင်နေရသမျှ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ပရိသတ်တွေလည်း မြင်နိုင်ပါတယ်။
လူခေါင်းအကျယ်လောက်ရှိတဲ့ မြစ်ကမ်းပါးရှိ အပေါက်ကြီးတစ်ခုရှိ မျက်လုံး နှင့် ကျန်းရီ တွေ့ဆုံခိုက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူ ထောင်ပေါင်းများစွာတို့သည်လည်း ယင်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ငါးသေလို မျက်လုံးတစ်စုံက သူ့ကိုတည့်တည့်စိုက်ကြည့်နေတယ်။
ကြည့်ရှု့သူများ-"ဝှက်သည်****!!"
ကြည့်ရှု့သူ A-"ကြောက်စရာကောင်းလိုက်တာ f**k... ဒီမျက်လုံးတွေကြောင့် ငါငိုလုမတတ်ပဲ!"
ကြည့်ရှု့သူ B-"စိတ်အေးအေးထားပါ၊ အေးအေးဆေးဆေးပဲ စိတ်ကိုငြိမ်အောင် ထားပါ။ စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ကြောက်စရာဘာမှမရှိပါဘူး။ အခုက ငါတို့ ဘာမှကြိုတင်မပြင်ဆင်ထားလို့ပါ။ ဒီလို ရုတ်တရက်ကြီးတွေ့လိုက်ရတာကြီးက တကယ်ကို ကြောက်စရာကောင်းတဲ့ခံစားချက်ကိုပေးခဲ့တာ!"
"သူမ ပါးရိုးတွေ အရမ်းမြင့်နေတာ သတိထားမိလား။ သူမရဲ့ ပါးရိုးတွေက တကယ်ကို မြင့်နေတယ်!"
"အမေ!"
ဒါကို တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက တစ်ယောက်ယောက်က တွေ့လိုက်ချိန်မှာပဲ ညီအစ်မနှစ်ယောက်က အပေါက်ထဲက မျက်လုံးနဲ့ မျက်နှာကို မြင်ပြီး ဘယ်သူလဲဆိုတာ မှတ်မိသွားတယ်။
အဲဒါ သူတို့အမေပဲ အချိန်အတော်ကြာ ပျောက်နေခဲ့တဲ့သူပေါ့။ သူမက မြစ်ကမ်းပါးရှိ အခေါင်းပေါက်တွင်း၌ ရှိနေခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် သူတို့ညီအစ်မတွေ မပျော်ရွှင်နိုင်ေသးခင်မှာပဲ အပေါက်ထဲက သူတို့အမေက “ ဒီကိုမလာခဲ့နဲ့ မြန်မြန်ပြေးတော့…”
သူပြောပြီးသည်နှင့် မျက်နှာကို အနောက်မှ လက်ဖြင့်ဆွဲခံလိုက်ရသလို ရွှံ့ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။
"မင်း ထပ်လှုပ်ရဲရင် လှုပ်ကြည့်စမ်း မင်းငရဲရောက်သွားရင်တောင် မင်းကိုငါ လိုက်သတ်ပစ်မယ်"
ကျန်းရီ ပြောလိုက်ချိန်တွင် သူသည် အပေါက်ထဲသို့ ငုံ့ကြည့်နေဆဲဖြစ်သည်။ မူလက အနည်းငယ် နစ်မြုပ်သွားသော မျက်နှာသည် ချက်ချင်း ရပ်တန့်သွားသည်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူမဘေးက မြေဆီလွှာဟာ ရုတ်ချည်း လှုပ်ခါလာပြီး အပိုင်းအစတစ်ခု ပြိုကျသွားတယ်။
အဲ့ဒါကတော့ နာကျင်မှုတွေ အပြည့်နဲ့ ယောကျာ်းမျက်နှာတစ်ခုပါ “သမီးကြီး၊ သမီးငယ်၊ သူ့ကို ထွက်သွားဖို့ပြော၊ သူ့ကို ထွက်သွားဖို့ပြောလိုက်!”
“မင်းက လောင်ကွမ်းလား?” ကျန်းရီ က မေးလိုက်သည်။
"ဟုတ်ပါတယ် ငါပါ ဒီက ညီအစ်ကို၊ ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပါ။ ဒီနေရာက ကောင်ကို ဘယ်သူမှ မကိုင်တွယ်နိုင်ဘူး။ ငါတို့ လူပြန်မဝင်စားနိုင်ရင်တောင် ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ဘာအပြစ်မှမရှိတဲ့ ငါ့သမီးလေးတွေက လူပြန်မဝင်စားလို့ မရဘူး။"
ရက်စက်ကြမ်းကြုတ်ပြီး မယားနှင့် သမီး သတ်သမားလို့ နာမည်ဆိုးရနေသော လောင်ကွမ်း သည် ကျန်းရီ ကို ဆက်တိုက် တောင်းပန်နေခဲ့သည်။
ကျန်းရီက သူ့လက်ကို မြစ်ကမ်းပေါ်တင်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ် "ဒီစကားကြောင့် မင်းက ငါထင်ထားသလို နှလုံးသားမရှိတဲ့ကောင်တော့ မဟုတ်ဘူးပဲ၊ ဒါပေမယ့် မင်းဘာကိုကြောက်နေတာလဲ၊ အခု ဒီမှာရပ်နေတဲ့ ငါ့ကိုကြည့်လိုက် သူက မင်းကိုထိဖို့ သတ္တိရှိမယ်လို့ ထင်လား?"
ကျန်းရီ၏ စကားများသည် အလွန်စိတ်အေးလက်အေး ဖြစ်နေသော်လည်း သူ၏သက်သက်သာသာ ဖြစ်နေမှုသည် သူ့ကို မာနကြီးနေသည်ဟု အခြားသူများ မထင်စေခဲ့ပေ။
အထူးသဖြင့် သူနှင့်ရင်းနှီးနေပြီ ဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများသည် ယခုအခိုက်အတန့်တွင် မူလက ထိတ်လန့်တုန်လှုပ်နေသည့် ကြောက်စိတ်များအစား လုံခြုံမှုရှိနေသည့် ခံစားချက်များ ပြည့်နှက်နေပါသည်။
"မင်း ထွက်လာလို့ရတယ်၊ သူ့ကို စိတ်မပူနဲ့။" ကျန်းရီ က အေးစက်စွာပြောပြီး လောင်ကွမ်း နဲ့ သူ့မိန်းမတို့ဟာ အပေါက်ကနေ ဖြည်းဖြည်းချင်း တွားထွက်လာခဲ့ကြတယ်။
သူတို့ ထွက်လာချိန်မှာတော့ ကျန်းရီ ရဲ့ဖုန်းက အလင်းရောင်ဟာ အပေါက်ထဲမှာ လင်းလက်နေတုန်းပါပဲ။
အဲဒီမှာ မျက်လုံးတစ်စုံရှိနေခဲ့သည်၊ ထိတ်လန့်မှုအပြည့်နဲ့ မျက်လုံးတစ်စုံ။
ကျန်းရီ ၏မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုအရာ မလှုပ်ရှားသည်ကို မြင်သောအခါ လက်ကိုဆန့်၍ အပြင်သို့ ဆွဲထုတ်လိုက်သည်။
ထိုဆွဲထုတ်လိုက်သော အသွင်အပြင်မှာ ခါးကုန်းကုန်း နဲ့ မျက်နှာတွင် တင်းမာသော အကြည့်များ ရှိနေသည်။
" လက်စသတ်တော့ မင်းက ဒီတလျှောက်လုံး ပြဿနာတွေ ပေးနေတဲ့ ကောင်ပဲ၊ ပြီးတော့ လောကွမ်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီး သူ့မိန်းမနဲ့ သမီးကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာ မင်းပဲ မဟုတ်လား"
“အဲဒါက သူပဲ၊ ငါ့မိန်းမက သူ့သင်္ချိုင်းကို မတော်တဆ ရှာတွေ့ခဲ့တယ်။ အဲဒီအချိန်မှာ သူက ငါ့မိန်းမ ကို မြစ်ထဲ ဆွဲချပြီး ရေနစ်သတ်ချင်ခဲ့တယ်။ ငါ့မိန်းမ က သူ့အသက်ကို ကယ်တင်ဖို့ အသည်းအသန် အပေါ်ကိုတက်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့ကို ထပ်မနှောက်ယှက်ဖို့ ပူဇော်တဲ့ပစ္စည်းတွေယူပြီး တောင်းပန်ခဲ့တယ်၊ ဒါပေမယ့် ဒီဝိဥာဉ်က ဒီလောက်ရက်စက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး!”
လောင်ကွမ်း သည် ဆွဲထုတ်ခံခဲ့ရသော အဖိုးကြီးကို ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။ ထိုအဖိုးကြီးရဲ့ မျက်လုံးထဲတွင်တော့ ကြောက်ရွံ့မှုအပြင် လှောင်ပြောင်မှုတို့ဖြင့် လောင်ကွမ်းအား ကြည့်နေသည်။
“ငါ့နေရာကို သူ့အဖေကို ဘယ်သူက လုခိုင်းခဲ့တာလဲ။ သူ့မှာ မိန်းမနဲ့ သားသမီးတွေ ရှိတယ်၊ ဒါပေမယ့် ငါ့မှာ ဘာမှ မရှိဘူး၊ ငါက သူ့ထက် ပိုသနားစရာကောင်းတယ်။ ငါသေတုန်းက အခေါင်းတောင် မရှိခဲ့ဘူး၊ ငါအသက်ရှင်နေချိန်တုန်းက ဒီတောင်ကို စောင့်ရတဲ့သူက ဘာလို့ ငါမဟုတ်ခဲ့ရတာလဲ?”
“ငါ့ဘဝက တစ်သက်လုံး အထီးကျန်နေခဲ့ရတာ၊ ဆုံးပါးသွားချိန်မှာ အသက်က ငါးဆယ်ကျော်ပဲ ရှိသေးတယ်။
တခြားသူတွေမှာ သားသမီးတွေ မြေးတွေရှိတယ်၊ ဒါပေမယ့် ငါက တဲထဲမှာ တစ်ယောက်တည်း သေခဲ့ရတာ။ ဒီလောက်ပုပ်ပွနေတာတောင် ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး”
“ဒီတောင်ကြီးကိုသာ စောင့်ရှောက်ခွင့်ရခဲ့မယ်ဆိုရင် အဲဒီနှစ်မှာ ပိုက်ဆံနည်းနည်းလောက် စုခဲ့လောက်တယ်။
နောက်ဆုံးမှာ မုဆိုးမတစ်ယောက်နဲ့ လက်ထပ်ပြီးတော့ သားသမီးတစ်ယောက် လောက် မွေးခဲ့နိုင်သေးတယ်။
ဒါပေမယ့် သူ့အဖေက ငါနဲ့ ပြိုင်လုခဲ့တာ..။
ဟုတ်တယ်၊ ငါအသက်ရှင်နေတော့ သူ့ကို ဘာမှလုပ်လို့မရခဲဘူး။
ငါသေတော့...
ငါသူ့ရဲ့။
သားစဥ်မြေးဆက်တွေကို အမြစ် ဖြတ်ချင်ခဲ့တယ်!”
“ကံကောင်းတာက နတ်ဘုရားတွေမှာ မျက်လုံးတွေရှိတာပဲ။ သူ့မိန်းမက ဒီလို အရှုံးသမားတစ်ယောက်ကို ဒီလောက်လှတဲ့ သမီးလေးတွေ မွေးပေးခဲ့မယ်လို့ မထင်ထားခဲ့ဘူး။”
အဘိုးအိုက ရယ်မောလိုက်ပြီး တောင်ကြီးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ “ငါ ဒီကို နေစရာမရှိဘဲ ရောက်လာခဲ့တယ်။
ငါက ဒီရွာက မဟုတ်ပေမယ့် ဒီတောင်မှာ နေပြီး ဒီက တောရိုင်းအသီးအနှံတွေကို စားပြီး မှီနေခဲ့တယ်။
ဒီလိုမှသာ ငါရှင်သန် ခွင့်ရခဲ့တာ။
ငယ်ငယ်ကတည်းက မိဘတွေကို တစ်ခါမှ မတွေ့ဖူးဘူး။
ဒီတောင်က ငါ့ရဲ့ မိဘတွေလိုပဲ။
ငါကလွဲပြီး ဘယ်သူမှ ကာကွယ်ခွင့်မရှိဘူး။”
“ဒါဆို မင်းကို သနားဖို့ ကျိုးကြောင်းဆီလျော်တယ်လို့ မင်းထင်နေတယ် မဟုတ်လား”
ကျန်းရီ က မေးလိုက်သည်၊ ဒါပေမယ့် မမျှော်လင့်ထားစွာနဲ့ အဖိုးအိုက ခနော်ခနဲ့တာကို အတည်ယူပြီး ကုန်းနေတဲ့ ခါးကို မတ်လိုက်ကာ
“သူတို့ ငါ့ကို ဂရုမစိုက်သင့်ဘူးလား? ငါတစ်ယောက်တည်းဖြစ်နေပြီး အားကိုးရာမဲ့နေတာကို
ဒီတောင်ကြီးကို တစ်လလောက် စောင့်လိုက်ရင် ပိုက်ဆံနည်းနည်းလောက်တော့ ရနိုင်မယ်လေ။
ငါကလည်း ထမင်းတစ်နပ်မှ မစားရတဲ့ ဘဝကနေလွတ်ပြီး အပြည့်အဝစားနိုင်မယ်လေ၊ ကြည့်… ငါ့လက်ကိုကြည့်စမ်း...
ငါ့မှာ လက်တစ်ဖက်ပဲရှိတယ် ဒါပေမယ့် အဲ့တာက သားရဲကိုက်ခံလိုက်ရတယ်။
ငါမှာ အရမ်းနာကျင်နေခဲ့ရတယ်၊ ဘာကြောင့် ငါ့ကို ဘယ်သူမှ မကူညီခဲ့ရတာလဲ”
အဘိုးအိုသည် အော်ဟစ်လိုက်သည် သို့မဟုတ် တစ်နည်းအားဖြင့် သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် သူ့ကိုယ်သူ အကြောင်းပြချက်ရှာရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ဒါပေမယ့် သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုက ရယ်စရာကောင်းလွန်းတာကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေတောင် မခံနိုင်ခဲ့ပါဘူး။
ကြည့်ရှု့သူ A-“ဘယ်လိုတောင်လားဟ၊ လောကကြီးမှာ ဘာလို့ ဒီလို ဆိုးသွမ်းတဲ့ လူတွေက ရှိနေရတာလဲ၊ သူက သနားစရာကောင်းတယ်၊ ဒါကြောင့် ငါတို့က သူ့ကို အရာအားလုံး ပေးရမယ်ပေါ့။ ငါတို့က သူ့ကို မပေးရင် သူက ငါတို့ရဲ့ မိသားစုတွေကို ဖျက်ဆီးပြီး ငါတို့ရဲ့ သားစဥ်မြေးဆက်တွေကို ဖျက်ဆီးပစ်မယ်ပေါ့ “
ကြည့်ရှု့သူ B-“စတွင်မာရေ သူနဲ့ ဘာမှ ပြောမနေနဲ့တော့၊ မင်းရဲ့ ဦးခေါင်းထက်မှာ နတ်ဘုရားတစ်ပါးရှိတယ်၊ အဲ့နတ်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး!”
ကြည့်ရှု့သူ C-“အရမ်းကို ရွံစရာကောင်းတယ်။ အဘိုးကြီးတစ်ယောက်ကို ဒီလောက်စက်ဆုပ်တာမျိုး တစ်ခါမှ မခံစားဖူးဘူး။ ရှောင်ယု ရဲ့ အဖွားက အရမ်းကြင်နာတယ်၊ ဒါပေမယ့် သူကလည်း အသက်ကြီးတဲ့ အဘိုးကြီးတစ်ယောက်ပဲလေ။ သူက ဘာလို့ အဲ့လောက်တောင် ရက်စက်ရတာလဲ!”
ကျန်းရီ က တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိတ်သတ်တွေ ပြောတာကိုမြင်တော့ အဖိုးအိုကိုကြည့်ပြီး “တောထဲက လူလေးယောက်ကရော ဘယ်လိုလဲ။”
“အဲဒီလူယုတ်မာလေးယောက်က လူကောင်းတွေမဟုတ်ဘူး။
ငါ့သင်္ချိုင်းနားကနေ တောင်ပေါ်ကို တက်သွားကြတာ။
အဲ့အချိန်က သူတို့က ဒီရွာကလူတွေက သူတို့ကို စော်ကားခဲ့လို့ ဒီရွာရဲ့ စားဝတ်နေရေးတွေကို ဖြတ်တောက်မယ်ဆိုပြီး သူတို့ပြောတာကို ကြားလိုက်ရတယ်။
သူတို့က မီးရှို့ဖို့ လာခဲ့ကြတာ။
တောင်ကို မီးရှို့ဖို့ လာတဲ့ သူတွေ၊ ဒီတောင်ကို ငါ့အသက်ထက်တောင် ပိုတန်ဖိုးထားတယ်၊ အဲဒါကို ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ။ သူတို့က သေဖို့ ထိုက်တန်တယ်၊ ငါက သူတို့ထဲက တစ်ယောက်ပေါ်ကိုတက်ပြီး အားလုံးကို သူတို့လွှနဲ့ သတ်ပစ်လိုက်တယ်...
တစ်ယောက်မှ အလွတ်မပေးခဲ့ဘူး!”
အဘိုးအိုက လေးနက်သော မျက်လုံးများဖြင့် ပြောလိုက်သော်လည်း ရုတ်တရက် ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် အေးစက်နေသည်ကို သတိပြုမိပြီး တုန်လှုပ်သွားခဲ့သည်။
“ဒီတောင်ကြီးကို ငါ ကောင်းကောင်းစောင့်ရှောက်ခဲ့တာ
သူတို့ အဖိုးကသာ ငါ့ဝမ်းရေးကို ဖျတ်ဆီးခဲ့တာ
သူ့မိသားစုတစ်ခုလုံးကို သတ်လိုက်တာ မှားပေမယ့် လူတိုင်းက အသက်ဆက်ရှင်ဖို့ နည်းလမ်းရှိချင်ကြတာပဲလေ
အသက်ဆက်ရှင်ဖို့ လမ်းမရှိခဲ့ရင် သေတာတောင် သနားစရာကောင်းတယ်
အဲ့ဒါက ငါ့ကို ရူးသွပ်စေခဲ့တယ်။”
အဲ့ဒါကြောင့် ငါလုပ်ခဲ့တာ!”
သူသည် ခွင့်လွှတ်မှုကို စတင်တောင်းရမ်းနေခဲ့ပြီး သူ့ကိုယ်သူ လွတ်မြောက်ရန် လမ်းစရှာခဲ့သည်။
ကျန်းရီ က ရူးသွပ်သွားတဲ့ လူတွေကို မမြင်ဖူးတာမျိုး မဟုတ်ပါဘူး။ ကော်ဘိုကလည်း ဘဝကြောင့် ရူးသွပ်သွားတဲ့ လူတစ်ယောက်ဖြစ်သည်။
ဒါပေမယ့် ကော်ဘို ဟာ သူ့ရဲ့ခက်ခဲတဲ့ဘဝကြောင့် တခြားသူတွေကို ဒုက္ခပေးပိုင်ခွင့်ရှိတယ်လို့ တစ်ခါမှ မခံစားခဲ့ရသလို သူ့ကိုယ်သူ သနားစရာလို့လည်း မထင်ခဲ့ပါဘူး။
“မင်းကို ဆက်ထားလို့မရဘူး။ မင်းကို လုံးဝဆက်ထားလို့ မရနိုင်ဘူး။”
ကျန်းရီ က ပြောပြီးတဲ့အခါ ကောင်းကင်ကို မျှော်ကြည့်ရင်း “တွေ့လား နတ်ဘုရားတွေတောင် မင်းကို သည်းမခံနိုင်ဘူး!”