← Chapters

အရာရာတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ရှိတယ်

Vol. 6 Ch. 73

အရာရာတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ရှိတယ်

Vol. 6 Ch. 73

ကျန်းရီရဲ့ စကားပြီးသောအခါ အဘိုးအိုသည် ခေါင်းကို မော့ကြည့်လိုက်သည်။

ဒီည ရာသီဥတုက ကောင်းကင်မှာ ကြယ်တွေ နဲ့ တော်တော်ကောင်းပါတယ်။ တောက်ပတဲ့ လမင်း မရှိပေမယ့် လျှပ်စီးလက်ပြီး မိုးခြိမ်းတဲ့ညတော့ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အချိန်မှာ မိုးကြိုးထပစ်တော့မည့်အတိုင်း ကောင်းကင်မှာ တိမ်မည်းတွေ ဘယ်အချိန်ကတည်းက ခုန်ပေါက်နေမှန်းမသိဘူး။

အဘိုးအိုသည် အလွန်ကြောက်လန့်ပြီး မသိစိတ်က မြစ်ကမ်းနားရှိ အပေါက်ထဲသို့ ဝင်ချင်လာခဲ့သည်။

ထိုအဖုအထစ်လေးသည် သူမြှုပ်နှံရာနေရာဖြစ်သည်။ သူသေဆုံးပြီးနောက်တွင် မည်သူမျှမတွေ့ရှိမီ သူ၏ခန္ဓာကိုယ်သည် ပုပ်ပွပြီး အနံ့အသက်များ ထွက်နေကြောင်း သူ ပြောခဲ့သည်။ သင်္ဂြိုဟ်တုန်းက အခေါင်း​တောင် မရှိခဲ့ဘူး။

လူတိုင်းသိသည့်အတိုင်းပင် လောင်ကွမ်း က သူ့ကို ဒေါသတကြီး လက်ညှိုးထိုးပြီး “ခင်ဗျားသေတုန်းက ကျုပ် ငယ်သေးပေမယ့် ခင်ဗျားအသက်ရှင်နေတဲ့အချိန်မှာ ခင်ဗျားဘယ်လိုလူလဲဆိုတာကို ကိုယ့်ကိုကိုယ်မသိဘူးလား။ တခြားသူတွေရဲ့ မိသားစု ချို့ယွင်းချက်တွေအကြောင်းကို ခင်ဗျားအမြဲပြောပြီး တခြားသူတွေရဲ့ ဥစ္စာတွေကို ခိုးခဲ့တယ်။

ဟုတ်တယ်၊ ဒါတွေအားလုံးဟာ အသေးအဖွဲကိစ္စပဲ၊ ဒါပေမယ့် တခြားတစ်ယောက်ယောက်က ဇနီးနဲ့ သို့မဟုတ် သမီးတို့ လက်ထပ်တဲ့အခါ၊ ခင်ဗျားက လူဆိုးတစ်ယောက်လုပ်ပြီး အခြားသူရဲ့ မကောင်းကြောင်းတွေ သွားပြောခဲ့တယ်လေ။

တခြားသူရဲ့သား ဒါမှမဟုတ် တခြားသူရဲ့သမီးပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။

“မင်းက တခြားသူတွေအကြောင်းကို တစ်ခါမှ အကောင်းမပြောဖူးဘူး၊ ဒါကြောင့် ရွာ က လူတွေက မင်းကို တောင်တွေ သစ်တောတွေကို မင်းကို စောင့်ရှောက်ခိုင်းရအောင် အဲ့လောက် အနေမယ်လို့ မင်းထင်နေတာလား။ မင်း ဒီကို အပြင်ကနေ ထွက်ပြေးလာတာ။

မင်းက ရွာ သားမဟုတ်ပေမယ့်လည်း ရွာကမင်းကို သနားပြီး ရွာနဲ့ မနီးမဝေးမှာ အိမ်လေးဆောက်ပေးခဲ့တယ်လေ၊ တောင်ပေါ်က တောရိုင်းအသီးတွေက မင်းအသက်ကို ဒီလောက်နေနိုင်အောင် အာဟာရဓာတ်တွေ ပေးနိုင်မယ်လို့ မင်းတကယ်ထင်နေလား”

“မင်းကိုယ်မင်းလည်း နားလည်ပါတယ်၊ ရွာကလူတွေက မင်းကို ချစ်ခြင်းမေတ္တာနဲ့ ကူညီခဲ့တာ သနားလို့ ကူးညီခဲ့တာမဟုတ်ဘူး ဆိုတာကို..

ဒါကြောင့် မင်း ရွာ ကလူတွေကို အပြစ်မတင်ဝံ့ဘူး၊ ဒါကြောင့် မင်းရဲ့ဒေါသက ငါနဲ့ ငါ့အဖေဆီကို ရောက်လာခဲ့တာပဲ.. ..

ငါ့အဖေသေပြီး လူပြန်ဝင်စားလိုက်တော့ မင်းရဲ့ နာကြည်းမုန်းတီးမှုတွေ ပိုပြင်းထန်လာပြီး နောက်ဆုံး မင်းငါ့ကိုယ်ပေါ်ရောက်လာပြီး ငါ့လက်နဲ့ ငါ့မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တယ်!”

“မင်း အခုမှလာပြီး ဆင်ခြေတွေ ပေးချင်နေသေးတာပဲ၊ နတ်ဘုရားတွေက မင်းကို ဘယ်လို လွှတ်ထားနိုင်မှာလဲ”

ရှေးဆိုရိုးစကားအတိုင်း ငယ်သေးတဲ့အတွက်ကြောင့် ကောင်းသော အကျင့်ကို မကျင့်နှင့်၊ ငယ်သေးတဲ့အတွက်ကြောင့် မကောင်းမှုကိုလည်း မပြုနှင့်။

ဤတောင်တန်းကျေးလက်ရွလေးတွင် အတင်းအဖျင်းပြောသူ အများအပြားရှိနေသည်မှာ မလွဲမသွေပေ၊ သူတို့အားလုံးက သူတို့ရှေ့က အဘိုးကြီးလိုပါပဲ၊ မကောင်းတာလုပ်နေမှန်းတောင် မသိကြဘူး။

တခြားတစ်ယောက်ယောက်ရဲ့ သားက လက်ထပ်တဲ့အခါ သူ့ခမည်းခမက်အိမ် သွားပြီး သူ့သားက မကောင်းဘူးလို့ သွား ပြောတယ်။

တစ်ယောက်ယောက်ရဲ့ သမီးက လက်ထပ်တဲ့အခါ မိန်းကလေးရဲ့ မသင့်လျော်တဲ့ အပြုအမူတွေကို အခြားတစ်ဖက်ကို သွား​ပြောလိမ့်မယ်။

အဲ့ဒီ အကြောင်းတွေကြောင့်ပဲ​ ရွာမှ လူများသည် အဖိုးအိုအား ဤတောစောင့် အလုပ်ကို မပေးလိုကြသည်ဖြစ်သည်။ သို့ပေမယ့်လည်း ရွာရှိ ကြင်နာသောလူတစ်စုက သူ့အတွက် နေထိုင်ရန် အိမ်တစ်လုံးကို ဆောက်လုပ်ပေးခဲ့ ကြသည်။

လူတစ်ဦးကို အကောင်းဆုံး ထောက်ပံ့ပေးခဲ့ပြီးပြီပဲ သူ့အား တစ်သက်လုံး ပြုစုစောင့်ရှောက်ရန် အခြားသူတို့ကို တောင်းဆိုရန် မဖြစ်နိုင်ပေ။

ရွာမှ လူများမရှိလျှင် သူအတွက် အသက် ဆက်မရှင်နိုင်တော့ကြောင်း အဘိုးကြီးကိုယ်တိုင် ကောင်းကောင်းသိသည်။ ထို့ကြောင့် ပျော့ညံ့သူတို့သည် သန်မာသောသူအား အပြစ်မတင်ဝံ့ဘဲ မိမိနှင့် သိပ်မခြားနားသော တစ်စုံတစ်ဦးအပေါ်တွင် သူ၏ မကျေနပ်ချက်များကိုသာ ဖွင့်ဟနိုင်သည်။

“ဘုန်း…!”

ကောင်းကင်မှာ ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး အဘိုးအိုက ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ် ကျုံ့သွားခဲ့တယ်။

“သူ့ကို ရိုက်၊ သူ့ကို ရိုက်!”

တောင်ခြေရင်းတွင် ဝဝဖြိုးဖြိုးနဲ့ လူတစ်ယောက် ရောက်လာခဲ့သည်။

ကျန်းရီကို အဘိုးအိုအား သေအောင်ရိုက်ရန် အားပေးနေသည့် ဟန်ဖြင့် အဘိုးအိုအား စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြနေသည်။

ရွာမှ ရူးနေသော အကိုကြီး ကိုး မှလွဲ၍ အခြားသူမဟုတ်ပါ။

သူ ဒီကို ဘယ်လို ရောက်လာတာလဲ ဆိုတာ ဘယ်သူမှ မသိပါ။

သို့သော်လည်း အကိုကြီး ကိုး က အနီးအနားကို မလာခဲ့ပေ။ အဘိုးကြီးကို သူကြောက်နေဆဲ ဆိုတာကို မြင်နေရပါတယ်။

ညီအစ်မနှစ်ယောက်က အဖိုးအိုကြီးကို ကြည့်လိုက်ပြီး “အစ်ကို​ကြီး၊ သူက သမီးတို့ မိဘတွေနဲ့ သမီးတို့ကို သတ်ခဲ့တဲ့သူလား” လို့ ကျန်းရီကို မေးလိုက်တယ်။

ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး ညီအစ်မနှစ်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်- “ဒါဆို နတ်ဘုရားတွေက သူ့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး ဟုတ်တယ်မလား?”

“ဟုတ်တာပေါ့။”

“ဒါပေမယ့် သမီးတို့က သေနေပြီလေ၊ သမီးတို့ သူ့ကို ဘာမှမလုပ်နိုင်ဘူး” ဒီအချိန်မှာ ကလေးမလေးက စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။

ကျန်းရီ က ပြုံးပြီး သူ့မလက်လေးကို ကိုင်လိုက်ပြီး “အဲ့ဒီအဘိုးကြီးကို ကြည့်စမ်း၊ သူက ဆိုးသွမ်းမှုတွေ အားလုံးကို လုပ်ထားခဲ့တယ် သေပြီးရင်တောင်မှ စိတ်ချမ်းချမ်းသာသာ နေရမှာ မဟုတ်ဘူး။

နောင်ဘဝမှာ သူက လူပြန်မဖြစ်နိုင်ဘူး၊ ခွေးတို့ ဝက်တို့ ဖြစ်ဖို့တောင် မသေချာဘူး။

ဒါပေမယ့် မင်းတို့ မိသားစုက မတူဘူး။

အချိန်တန်လာတဲ့အခါ သမီးတို့က အိမ်ကောင်းကောင်းမှာ ပြန်ဝင်စားနိုင်ပြီး ဒီလို သနားစရာကောင်းတဲ့ဘဝနဲ့ ထပ်ပြီးအသက်ရှင်ဖို့ စိတ်ပူစရာ မလိုတော့ဘူး”

“ဒါဆို သမီးတို့ မိသားစုဖြစ်နိုင်သေးရဲ့လား၊ ဖေဖေက မတရား ခဲခဲ့ရတာ၊ သူ့ကို အသိစိတ်မရှိတဲ့ လူသတ်သမားဆိုပြီး အပြင်ကလူတွေက ပြောကြတယ်။ သမီးတို့က ဖေ့ဖေ့ရဲ့သမီး ဖြစ်ချင်နေတုန်းပဲ။ သားသမီးတာဝန် ကျေချင်နေသေးတယ်”

လောင်ကွမ်း သည် မျက်ရည်တွေကျကာ ခေါင်းတောင်မမြှောက်ဝံ့ဘဲ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေခဲ့သည်။ သူ့ဇနီးသည်လည်း ငိုယိုနေခဲ့သည်။

ကျန်းရီက သူတို့ခေါင်းကို ကိုင်လိုက်ပြီး “သမီးတို့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်။ သမီးတို့ရဲ့ ကံကြမ္မာက ဒီဘဝမှာ မကုတ်သေးရင်တော့ နောင်ဘဝမှာ မိသားစုဖြစ်လာလိမ့်မယ်”

“တကယ်လား?”

“ဟုတ်တာပေါ့ အစ်ကိုက ဘယ်သူ့ကိုမှ မလိမ်ညာဘူး”

“မင်း လိမ်နေတာ။

မင်းက ရှောင်ကျန်း ( အကို ကိုး ရဲ့သား)ကို မင်းက ကျောက်စိမ်းဧကရာဇ် နဲ့ ယမမင်း ပြီးရင် တတိယလို့ ပြောပြီးတော့ အဲဒီ နံစော်နေတဲ့ အဖိုးအိုကိုတောင် မသတ်နိုင်ဘူး ။

သူ ငါ့ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။

သူငါ့ကို မြစ်ထဲဆွဲချပြီး ရေနစ်ခဲ့တယ်၊ ငါအပြေးမြန်လို့ပေါ့”

အကိုကြီး ကိုး က ရုတ်တရက် တစ်ခုခုပြောခဲ့ပြီး ကျန်းရီ ရဲ့နဖူးမှာ အနက်ရောင်လိုင်းတွေ ပေါ်လာခဲ့တယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက ပိုလို့တောင် ရယ်မောကြလိုက်တယ်။

“ကောင်းပြီ၊ သူအသက်ဆက်ရှင်နိုင်မလား ကြည့်ရအောင်။”

ကျန်းရီ သည် အပြုံးဖြင့် ပြောလိုက်ရာ အဘိုးအို၏ မျက်ခုံးကြားမှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"အား…..!"

အဘိုးကြီးရဲ့ နာကျင်စွာ အော်လို​က်တဲ့အသံက အကိုကြီး ကိုး ကို အရမ်းထိတ်လန့်သွားစေခဲ့ပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်။

လောင်ကွမ်း ၏ မိသားစုသည် အဘိုးအို၏ ဝိညာဥ် တဖြည်းဖြည်း ပျက်ဆီးသွားသည်ကို အနီးကပ် စိုက်ကြည့်နေခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေလည်း ကြည့်ရှုခဲ့ကြပါတယ်။ ထိုလူအိုကြီးသည် သူရဲကောင်း ဟိုတယ်ရှိ တစ္ဆေကဲ့သို့ ကရုဏာနှင့် မထိုက်တန်ပါ။

ပြန်လည်မွေးဖွားခဲ့လျှင်တောင် လူကောင်းတစ်ယောက်ဖြစ်လာမည်ဟု မည်သူမျှမထင်ခဲ့ပေ။

လူတွေဟာ သူတို့လုပ်ခဲ့တဲ့အရာအတွက် အဖိုးအခကို ပြန်ပေးဆောင်ရမှာပဲ၊ တစ္ဆေဆိုရင်တောင်မှပေါ့။

"ငါ့ကို လွှတ်...ငါ့ကို ခွင့်လွတ်ပေးပါကွာ.....!"

အဘိုးအိုသည် ငိုယိုပြီး ကရုဏာကို တောင်းခံနေသေးသည်။ အကိုကြီး ကိုး က ကမ်းကို အမြန်ပြေးသွားပြီး "ငါ မင်းကို ခွင့်မလွတ်နိုင်ဘူး၊ မင်းကို သတ်ပစ်မယ်။ မင်းက လူတွေကို ဒုက္ခပေးတယ်၊ မင်း တစ္ဆေတစ်ကောင်၊ မင်းကို သေအောင် လောင်ကျွမ်း ပစ်လိုက်မယ်"

စိတ်ပိုင်းဆိုင်ရာ မသန်မစွမ်းသူ ပြောသည့်စကားများသည် အမြဲတစေပင် ရှုပ်ထွေးနေသော်လည်း ကလေး​များပင် ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။

အဘိုးအို၏ ဝိညာဉ်သည် လောင်ကျွမ်းသွားပြီးသောအခါ၊ ကောင်းကင်တွင် လှိုင်းထန်နေသော တိမ်မည်းများသည် တဖြည်းဖြည်း ပြန့်ကျဲလာသည်။

ကြယ်ရောင်သည် အလွန်လင်းလက်ခြင်း မရှိသေးသော်လည်း သိမ်မွေ့သော အလင်းရောင်ဖြင့် လင်းလက်နေသည်။

"မင်းရဲ့ ဒီကိစ္စဟောင်းကို ငါရှင်းပြီးပြီ။ မင်းနောက်ဘာဆက်လုပ်ရမှာလဲဆိုတာ သိမယ်လို့တော့ ထင်တယ် "

ကျန်းရီ က ပြောလိုက်ရာ လောင်ကွမ်း က ခေါင်းညိတ်ပြပြီး "မင်းက ကျေးဇူးရှင်ပါ။

မင်း​ကြောင့်သာမဟုတ်ရင် ငါ့မိန်းမနဲ့ ငါက ဒီမြစ်ကမ်းမှာ ထာဝရ ပိတ်မိနေလိမ့်မယ်။"

ငါ့အဖေက ဒီလောက်ဆိုးတဲ့လူကို စော်ကားခဲ့လိမ့်မယ်ဆိုတာ ငါမသိခဲ့ဘူး။

သူသေဆုံးပြီး တာတောင် နှစ်ပေါင်းများစွာကြာလောက်တဲ့အထိ ငါတို့မိသားစုတစ်ခုလုံးကို သတ်ပစ်ဖို့ စီစဥ်နေခဲ့တာပဲ!”

"ဟင်း.....ငါဆက်မပြောတော့ပါဘူး၊ အားလုံးအဆင်ပြေနေပြီပဲ၊ ငါမိန်းမနဲ့ ဒီသမီးလေးနှစ်ယောက်ကိုပဲ ကောင်းစေချင်တော့တယ်။ နောင်ဘဝအတွက်တော့ ငါမတောင်းဆိုတော့ပါဘူး၊ သမီး​လေးနှစ်​​ယောက်​က ငါ့​နောက်​ကို လိုက်​ပြီး ဒုက္ခမ​ရောက်​​စေဖို့ပဲ ​မျှော်​လင့်​ပါတယ်​။”

ကျန်းရီ က အနည်းငယ် ပြုံးလိုက်ပြီး "အရာရာတိုင်းဟာ သူ့ကံကြမ္မာကိုယ်စီ ရှိကြပါတယ်။ အစ်မကြီးနဲ့ ညီမငယ်တို့၊ သမီးတို့ မိဘတွေနောက်ကို သေချာလိုက်ကြ။ မပျောက်စေနဲ့၊ ကိုကြီးပြောတာကို ကြားလား"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။""

မိန်းကလေးနှစ်ယောက်က နာခံမှုရှိရှိနဲ့ တုန့်ပြန်လိုက်တယ်၊ လောင်ကွမ်း နဲ့ သူ့မိန်းမ တို့ဟာ သူတို့ရဲ့သမီးတွေကို ခေါ်သွားပြီး မရဏကမ္ဘာကို သွားလိုက်ကြပါတယ်။

အကိုကြီး ကိုး သည် ကမ်းစပ်တွင်ရပ်ပြီး ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်သည်။

ဒါပေမယ့် သတိပြန်ရလိုက်တဲ့အခါ ကျန်းရီ ပျောက်ဆုံးနေတာကို ရုတ်တရက်တွေ့လိုက်ရတယ်...

All Chapters