← Chapters

အနီရောင် ဒေါက်ဖိနပ်

Vol. 6 Ch. 74

အနီရောင် ဒေါက်ဖိနပ်

Vol. 6 Ch. 74

ကျန်းရီ သည် တောင်ပေါ်မှဆင်းလာသော မီးရောင်များကို မြင်လိုက်ရသည်။ သူ့နောက်ကိုလိုက်နေတဲ့ ရွာ ကလူတွေပဲဖြစ်မယ်ထင်တယ်။

ရွာ မှလူတွေနဲ့ ဘာမှ များများစားစား ထပ်မပြောချင်တော့ပါဘူး။ လောင်ကွမ်း နဲ့ သူ့မိသားစု ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် မြစ်ကူးတံတားမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

အပြန်လမ်းမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက မေးခွန်းတစ်ခုကို သိချင်နေခဲ့တယ်။

ကြည့်ရှု့သူ A-"စတွင်မာ၊ မင်းက ဘယ်သူလဲ၊ မင်း ကောင်းကင်က နတ်ဘုရားတွေနဲ့ တကယ်ပဲသိတာလား"

ကြည့်ရှု့သူ B-"ဟုတ်တယ် စတွင်မာနဲ့ ကြာကြာသိရလေ၊ သူ့မှာ လျှို့ဝှက်ချက်တွေ ပိုများလာတာကို ငါတွေ့လိုက်ရတယ်။ စတွင်မာက ဘယ်သူလဲဆိုတာ ငါတကယ်သိချင်မိတယ်!"

ကြည့်ရှု့သူ C-" ကျွန်တော်က ကွန်ပြူတာရှေ့မှာ အမြဲထိုင်နေပြီး အရမ်းမလှုပ်ခဲ့တာကြောင့် စတွင်မာ မှာ ပြဿနာရှိမရှိ သံသယဖြစ်ခဲ့ဖူးတယ်။ သူပြင်ပ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မှ သူက ငါတို့လိုပဲ သက်ရှိထင်ရှား လူတစ်ယောက်ဆိုတာ သေချာပေါက် သိလိုက်ရတယ်။ စတွင်မာရေ ငါတို့ကို မင်းအကြောင်း နည်းနည်း ပြောပြလို့ ရမလား "

လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လူပေါင်း ၁၆၀,၀၀၀ ရှိနေသည်။ ဤလူ ၁၆၀,၀၀၀ တွင် ကျန်းရီက ဘယ်သူဖြစ်သည်ဆိုတာကို မသိချင်ကြတဲ့သူ မရှိနိုင်ပါဘူး။

ဒါပေမယ့် ကျန်းရီ က ပြုံးပြီး "ငါ ငရဲရောက်ဖူးတယ် ယုံလား?"

"ယုံတယ် ယုံပါတယ်... နောက်တော့ ဘာဆက်ဖြစ်လဲ"

အချက်အလက်အချို့ရရန် ကြိုးစားနေကြောင်း မက်ဆေ့ချ်များကို ကြည့်ပြီး သင်ပြောနိုင်သည်။

"ပြီးတော့ တခြားဘာမှ မရှိပါဘူး။ ငရဲကိုသွားပြီးတော့ ငရဲကပြန်လာတယ်၊ ပြီးတော့ လူတိုင်းရဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးဖို့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။ အဲဒါက ရိုးရှင်းပါတယ်။"

ကျန်းရီက ပြုံးပြီး ပြောလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းက "တော်..!" ဆိုတဲ့ မက်ဆေ့ချ်များဖြင့် ပြည့်နေသည်။

ဒါပေမယ့် ဒါက ပရိသတ်​တွေအတွက် သိပ်အရေးမကြီးပါဘူး။ မနက်သုံးနာရီထိုးနေပြီဆိုတော့ တစ်ယောက်ယောက်က မေးလိုက်တယ်။

"စတွင်မာ၊ ဒီည ဆက်ပြီး ထုတ်လွှင့်အုံးမှာလား"

ကျန်းရီက ခဏလောက်စဉ်းစားပြီး " နောက်နှစ်နာရီလောက်ဆို မိုးလင်းပြီပဲ၊ ငါ ဘတ်စ်ကားရောက်တဲ့ နေရာထိကို လမ်းလျှောက်ရမှာ။ အချိန်တော်တော်ကြာလိမ့်မယ်။ ငါတို့ဘာလို့ နောက်ဖုန်းကို စောင့်ရင်း စကားမပြောကြမှာလဲ "

စကားပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ဖုန်းမြည်လာခဲ့တယ်။

တစ်စုံတစ်ယောက်က ဖုန်းခေါ်ဖို့ စောင့်နေပုံရသည်။

ကျန်းရီက ဖုန်းလာတာကိုမြင်သောအခါ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် “ဟယ်လို၊ ငါက ကျန်းရီပါ ”

“စိတ်​တော့ မကောင်းပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ငါကြည့်နေခဲ့တာ။ မင်းကို ဖုန်းဆက်ချင်ပေမယ့် မင်းအလုပ်ရှုပ်နေတာကို တွေ့လို့ မခေါ်ခဲ့လိုက်တာ။ မင်းအခု နောက်ထပ်အဖြစ်အပျက်တစ်ခုကို ဖြေရှင်းပြီးတာကို ငါမြင်လိုက်ရလို့ ငါ မင်းကို ခေါ်လိုက်တာပဲ၊ အနှောင်အယှက်တော့ မဖြစ်ဘူးမလား။

ဖုန်း၏အခြားတစ်ဖက်က ယောက်ျားလေးတစ်ယောက်၏ အသံသည် အလွန်ယဉ်ကျေး​နေသည်။

ကျန်းရီ က ပြုံးပြီးပြောလိုက်တယ် “ရပါတယ်၊ ဒါပေမယ့် အချိန်တိုအတွင်းမှာ မင်းကို ကူညီဖြေရှင်းပေးနိုင်မလား ငါမသိဘူး၊ နာမည်က ဘယ်လိုခေါ်လဲ မသိဘူး။”

“ငါ့နာမည် ဝမ်ကျန်း ပါ၊ မင်းငါ့ကို ရှောင်ကျန်း လို့ ခေါ်လို့ရတယ်။ ငါ အခု ကျန်းဟိုင်မြို့ မှာ ပစ္စည်းပို့သမားအဖြစ် အလုပ်လုပ်နေတယ်။ ဒီကိစ္စက ရှည်လျားတယ်။ ဖြည်းဖြည်းချင်း ပြောပြလို့ရမလား”

“ရပါတယ်၊ မင်းက ဒီကိစ္စကို သေသေချာချာ ရှင်းပြဖို့ပဲလိုတယ်၊ ဒါမှ ငါမင်းကို ကူညီဖြေရှင်းပေးလို့ရမှာ။”

“ကောင်းပြီ၊ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံနဲ့ စလိုက်ရအောင်။”

“အနီရောင် ဒေါက်မြင့်ဖိနပ်တစ်စုံ?”

“ဟုတ်ပါတယ်၊ နှစ်ကီလိုမီတာအကွာက ကျန်းလန်အိမ်ရာကို အသားကင်ဆိုင်ကနေ ပစ္စည်းတွေကို ပို့ပေးဖို့ လွန်ခဲ့တဲ့ညက အော်ဒါရခဲ့တယ်။

အဲ့ဒီအချိန်က ကျွန်ုပ်က အော်ဒါမှာထားသော ပစ္စည်းတွေကို ယူပြီး ကျန်းလန်အိမ်ရာရဲ့ အောက်ထပ်ကို ရောက်ရှိနေခဲ့တယ် ဒါပေမယ့် ကာစတန်မာက ရုတ်တရက် ဖုန်းဆက်ကာ သူတို့နားရှိ ပို့​​ဆောင်းရေးအခန်းမှ သူ့ကိုပို့ထားတဲ့ တစ်ခုကိုပါ သွားယူခဲ့ပေးဖို့ တောင်းဆိုခဲ့တယ်။”

“ဒါပေါ့ ငါတို့ကို တောင်းဆိုတဲ့ ကာစတန်မာ တွေကို ငါတို့ ငြင်းမှာ မဟုတ်ပါဘူး။

ပြီးတော့ ဒါကလည်း လွယ်ကူတဲ့အရာပဲလေ

ကာစတန်မာက စိတ်ကျေနပ်ပါက၊ ငါတို့ကို ကောင်းမွန်တဲ့ သုံးသပ်ချက် ပေးခဲ့ရင် ငါတို့က ငွေပိုရနိုင်တယ်လေ။

ချက်ချင်းပဲ သဘောတူလိုက်ပြီး အမြန်ချောပို့ ကောင်တာသို့သွားကာ ထုတ်ယူကုဒ်ကို ရိုက်ထည့်လိုက်တယ်။

တံခါးပေါက်လေး ကိုဖွင့်လိုက်တဲ့အခါမှာ အထဲမှာ ထုပ်ပိုးမထားတဲ့ အနီရောင်ဒေါက်မြင့်ဖိနပ် တစ်ရံသာရှိတယ် “

“ညနေခင်းဆိုတော့ ရပ်ကွက်ထဲက အလင်းရောင်က သိပ်မကောင်းပေမယ့် မီးအလင်းရဖို့ ဖုန်းမီးဖွင့်လိုက်တော့ ဖိနပ်က အနီရောင်ဖြစ်ပြီး ဖိနပ်ကို မြှောက်လိုက်တာနဲ့ ဖိနပ်ထဲမှာ စေးကပ်ကပ်တွေ ရှိနေတာကို တွေ့လိုက်ရတယ်။ ဖိနပ်က ရေစိုနေတယ်လို့ပဲ ထင်ပြီး ဒေါက်ဖိနပ်ကို ကောက်ကိုင်ပြီး ပြန်လာခဲ့တယ်။”

“ဒါပေမယ့် ကျွန်တော့်ကားနားကို ရောက်တော့ အဲ့ဒီစကားတွေက နည်းနည်းထူးဆန်းတယ်လို့ ခံစားရတယ်။

ငါကိုင်ထားတာက ဖိနပ်တစ်ရံမဟုတ်ဘဲနဲ့ အေးစက်တဲ့လက်လို့ အမြဲခံစားရတယ်။

တကယ်ပါ...

ပေါက်ကရတွေ ပြောနေတာမဟုတ်ပါဘူး တကယ်ကိုင်မိလိုက်တယ်လို့ ခံစားလိုက်ရတာပါ။

လူတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ထားသလိုမျိုး ခံစားရပြီး လက်ချောင်းတွေနဲ့တောင် တွဲချိတ်ထားရတဲ့ ခံစားချက်မျိုးတောင် ရနေခဲ့တယ်။”

“အဲဒီအချိန်မှာ ကျွန်တော် အံ့သြထိတ်လန့်သွားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်ကိုင်ထားတာကို ကြည့်လိုက်တော့ ဖိနပ်တစ်ရံပါပဲ။ ကာစတန်မာက စိတ်မရှည်တော့မှာစိုးလို့ ဒါကြောင့် ကျွန်တော်လည်း သိပ်ဂရုမစိုက်ခဲ့ဘဲ ပစ္စည်းတွေကို ကာစတန်မာဆီ ပို့ဖို့ပဲ စိတ်ရောက်ခဲ့တယ်”

“ကာစတန်မာက ခုနစ်ထပ်မှာနေတယ်။

ဓါတ်လှေကားထဲမှာ သူ့ကိုဖုန်းခေါ်ပြီး တံခါးဖွင့်ပြီး ကောက်ခိုင်းလိုက်တယ်။

ဖုန်းဆက်ပြီးတာနဲ့ ဓာတ်လှေကားနဲ့ ခုနစ်ထပ်ကို တက်သွားလိုက်တယ်။

ဒါပေမယ့် ဓာတ်လှေကားကနေ ထွက်လိုက်တော့ ကာစတန်မာနေတဲ့ အခန်းနံပါတ် ၇၀၁ ကို တွေ့လို​က်တယ်။

တံခါးက ပွင့်နေပြီး မီးတွေလည်း မဖွင့်ထားဘူး။

စင်္ကြံထဲလမ်းထဲက လျှောက်လာခဲ့ပြီး အထဲကိုကြည့်လိုက်တော့ အရမ်းကိုမှောင်နေတယ် “

အခန်းနံပါတ် ၇၀၁ ​ဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်မှာ တံခါးကို ခေါက်လိုက်တယ်။

“ဒါပေမယ့် သုံးကြိမ်ခေါက်ပြီးတဲ့နောက်မှာ ဘာမှပြန်မကြားရတဲ့အတွက် အထဲကို အော်လိုက်တယ်။

နောက်ဆုံးတော့ ကျွီဆိုတဲ့ အသံနဲ့ အထဲက တံခါးပွင့်သွားခဲ့တယ်။ ဒါပေမယ့် အဲ့အခန်းထဲမှာလည်း အလင်းရောင်မရှိဘူး ပြီးတော့ အထဲကနေ ပုံသဏ္ဍန်တစ်ခုက ထွက်လာခဲ့သည်။

သူမ ဖြည်းညှင်းစွာပဲ ထွက်လာခဲ့သည်။

ခြေထောက်က ဗလာနဲ့ ၊ မိန်းကလေးတစ်ယောက်ပါ။ အသက်ဘယ်လောက်ရှိပြီလဲတော့ မပြောနိုင်ဘူး ဘာလို့လဲဆိုတော့ သူမ လမ်းလျှောက်ရင်း ခေါင်းကို ငုံ့ထားလို့ပါ ပြီးတော့ သူ့ဆံပင်တွေက အရမ်းနက်ပြီး ရှည်လျားနေတာကြောင့်ပါ။

ဆံပင်ရှည်က ခါးထိတောင် ရောက်နေခဲ့တယ်။

“အဲ့တုန်းက ညဥ့်နက်နေပြီ၊ အဲ့ဒီ အိမ်ရာကလည်း တိတ်ဆိတ်တဲ့နေရာ ဖြစ်နေတယ်။

ကျွန်တော်နေထိုင်တဲ့ အဆောက်အဦကလည်း ဒီအိမ်ရာရဲ့ အဆုံးနားမှာ မို့လို့ ခေါင်းငုံ့ပြီးတော့ ဆံပင်တွေ ပြန့်ကျဲနေတဲ့ သူမက ကျွန်တော့်ဆီ လျှောက်လာနေတာကို တွေ့လိုက်ရတော့ ကျွန်တော် အနည်းငယ် ကြောက်လန့်သွားမိတယ်။

ဒါပေမယ့်။

တံခါးနားသို့ ရောက်တဲ့အခါမှာ သူမက လက်ကို လှမ်းလိုက်တယ် “

“အဲဒီတုန်းက သူမမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ချင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဆန့်ထုတ်ထားတဲ့ သူမရဲ့ လက်တွေက အရမ်းဖြူနေတာကြောင့်ပါ၊ စင်္ကြံက မီးရောင်ကြောင့်လား ဒါမှမဟုတ် သူ့အသားအရည်ကပဲ အရမ်းဖြူနေတာလားတော့ မသိပါဘူး။ သူ့မျက်နှာနဲ့ ဖြူဖျော့​​နေတဲ့ လက်တွေကို ကြည့်ပြီး နှလုံးတွေ ထိန်းမနိုင်သိမ်းမရ တုန်နေခဲ့တယ်။

“ ပြီးတော့ သူမက စကားမပြောဘဲ ခေါင်းပဲငုံ့ထားနေခဲ့တယ်၊ အဲ့တာက ထူးဆန်းတယ် ။ ဒါပေမယ့် သူမက ငါ့ရှေ့ရောက်လာတော့ အိတ်နဲ့ ဖိနပ်ကို အမြန်ပေးလိုက်တယ်၊ သူမယူပြီးတဲ့နောက်မှာ ကျွန်တော်လည်း လှည့်ပြီး ပြန်ခဲ့လိုက်တယ် “

ရှောင်ကျန်းက ပြောပြီးတဲ့အခါမှာ သူ့လေသံက နည်းနည်းမှား​နေခဲ့တယ်။ ကျန်းရီကလည်း လမ်းလျှောက်နေခဲ့တယ်။ ဒါပေမယ့် သူပြောတာကိုကြားတော့ ရပ်လိုက်ပြီး “သူမအိမ်ထဲကို ပြန်ဝင်သွားတော့ တံခါးပိတ်သွားလား” လို့ မေးလိုက်တယ်။

“ဟုတ်တယ်၊ တံခါးမပိတ်ဘဲ အခန်းထဲကို ၀င်သွားခဲ့တယ်။

အော်ဒါမှာပြီး အိပ်ပျော်သွားတဲ့ ကာစတန်မာတချို့နဲ့ တွေ့ဖူးတယ်။

ထိုကာစတန်မာမျိုးက သူမလိုပဲ တံခါးကိုဖွင့်လိုက်တာနဲ့ ခေါင်းက အောက်ကို အမြဲစိုက်နေခဲ့တယ်။

ဒါပေမယ့် မြို့ထဲမှာ နေထိုင်သူတိုင်းက အရမ်းသတိရှိကြတဲ့အတွက် အခြေခံအားဖြင့် ကာစတန်မာတိုင်းက တံခါးကို ပြန်ပိတ်လေ့ရှိကြတယ်။

“အဲဒီတုန်းက တံခါးပိတ်ဖို့ သူမ တကယ်မေ့သွားတာကို တွေ့တော့ သူမကို သတိပေးဖို့ ပြန်သွားခဲ့တယ်။

ဒါပေမယ့် သူမက ကျွန်တော့်ကို လျစ်လျူရှုပြီး အခန်းထဲကို ပြန်သွားခဲ့တယ်။

သူမ မတုံ့ပြန်တာကိုမြင်တော့ ကျွန်တော်လည်း နောက်ပြန်လှည့်ပြီး တံခါးမပိတ်ပေးနိုင်ဘူးလေ၊ ဒါကြောင့် ဓာတ်လှေကားထဲဝင်သွားလိုက်ပြီး နောက်လာမယ့် အမှာကို စောင့်ရင်း ဖုန်း ကြည့်နေလိုက်တယ်။

"ဒါပေမယ့် ဓာတ်လှေကား တံခါးပိတ်လိုက်တာနဲ့ သူမရဲ့ တံခါးပိတ်လိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ ဘန်းဆိုပြီး တော်တော့်ကို ကျယ်လောင်တဲ့အသံကြီး။ အဲဒီအချိန်မှာ ကျွန်တော် တော်တော် စိတ်မသက်မသာ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် သူ့မှာ ထူးဆန်းတဲ့ စရိုက်တစ်ခု ရှိမယ်လို့ပဲ ထင်ခဲ့တာ၊ ဒါကြောင့် အများကြီး မစဉ်းစားခဲ့မိဘူး။

“ဓာတ်လှေကားက ပထမထပ်ကို ဆင်းသွားတယ်။

ပထမထပ်မှာ တံခါးနှစ်ပေါက်ရှိတယ်။

ပင်မတံခါးသည် ညာဘက်မှာရှိပြီး ကြမ်းပြင်စီမံခန့်ခွဲရေးရုံးခန်းတံခါးက ဘယ်ဘက်မှာရှိတယ်။

အဲ့ဒီအချိန်မှာ အဲ့ဒီအစောင်အဦးက လုံခြုံရေးအစောင့်တွေက ညကင်းလှည့်ဖို့ ပြင်ဆင်ရန် ထိုနေရာတွင် စုရုံးနေခဲ့ကြတယ်။

ကျွန်တော့်ကားကို သူတို့နားက တံခါးအပြင်ဘက်မှာ ရပ်ထားခဲ့တာ။ ဒါကြောင့် အောက်ထပ်ကိုဆင်းပြီး သူတို့ဘက်ကိုသွားခဲ့လိုက်တယ်။

"ဒါပေမယ့် အခန်းနားကို ရောက်သွားတော့ မျက်လုံးထောင့်ကနေ ဓာတ်လှေကားတံခါး ပြန်ပွင့်လာတာကို သတိထားမိလိုက်တယ်၊ ဆံပင်တွေ ရှုပ်ရှုပ်ပွပွနဲ့ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို သူ့ခြေထောက်မှာ စီးထားတဲ့ ပုံရိပ်တစ်ခု ထွက်လာခဲ့တယ်၊ အဲ့ဖိနပ်က ကျွန်တော်သွားပို့ပေးခဲ့တဲ့ ဒေါက်ဖိနပ်ပဲ”

“အဲဒီအချိန်တုန်းက ကျွန်တော် အလျှင်စလိုနဲ့ လမ်းလျှောက်နေခဲ့တာ။

သူ့ကို မျက်လုံးထောင့်ကနေ မြင်လိုက်ရတော့ ရပ်လိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်တယ်။

ဒါပေမယ့် သူက ကျွန်တော့်ကို နောက်ကျောပေးပြီး ညာဘက်ခြမ်းတံခါးကနေ ထွက်သွားခဲ့တယ်။

ကျွန်တော်လည်း ​ပြန်လှည့်ပြီး ဓာတ်လှေကား ဝင်ပေါက်ဆီကို ပြန်သွားခဲ့တယ်။ ကာစတန်မာက ဘယ်လောက်ဘဲ မြန်နေပါစေ ငါနဲ့ တပြိုင်နက်ထဲ ဓာတ်လှေကားကနေ မဆင်းနိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော် ဓာတ်လှေကားအဝင်ဝကို သွားပြီး အထပ်အရေအတွက်ကို ကြည့်လိုက်တယ်။

အဲဒီတုန်းက ဓါတ်လှေကားထဲက နံပါတ်က ၁၆ ဆိုတာကို ကိုယ့်မျက်စိနဲ့ မြင်လိုက်ရတာ။”

“ဒါက ပုံမှန်တော့ မဟုတ်ပါဘူး... တကယ်ကို အနီရောင် ဒေါက်မြင့်ဖိနပ် စီးထားတဲ့ ပုံရိပ်က ဓာတ်လှေကားထဲက ထွက်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာပါ၊ အချိန်ကို တွက်ကြည့်မယ်ဆိုရင် ဓာတ်လှေကားမှာ ပြထားတဲ့ နံပါတ်က ပထမထပ် ဒါမှမဟုတ် ဒုတိယထပ်ပဲ ဖြစ်​နေရမှာ။ အချိန်တိုအတွင်း ၁၆ လွှာမှာ ရှိ​​နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”

“ဒါနဲ့ ကျွန်တော် ညာဘက်က တံခါးဆီကို ပြေးထွက်လာခဲ့တယ်၊ ဒါပေမယ့် ဒေါက်မြင့်ဖိနပ် အနီရောင် စီးထားတဲ့ ပုံရိပ်ကို မတွေရတော့ဘူး။

ကျွန်တော်ကို ကျွန်တော် ဇဝေဇဝါ ဖြစ်နေတယ်လို့ ထင်ခဲတယ်၊ ဒါနဲ့ စီမံခန့်ခွဲရေးရုံးနားကို ပြန်ရောက်တော့ အဲဒီ လုံခြုံရေး​တွေကိုတွေ့တော့ ပြုံးပြုံးလေးနဲ့ မေးလိုက်တယ်၊ ခုနက ဒေါက်မြင့်ဖိနပ်အနီ စီးထားပြီး ဆံပင်တွေက အလွန်ရှည်လျားပြီး ခါးအထိရှိတဲ့ မိန်းကလေးကို တွေ့မိလိုက်လားလို့? “

“ကျွန်တော် အဲ့ဒီမေးခွန်းကို မေးလိုက်တဲ့အခါမှာတော့ လုံခြုံရေးအစောင့်တွေက အစတုန်းက ကျွန်တော့်ကို သိပ်ဂရုမစိုက်ကြပေမယ့် အဲ့ဒါကိုကြားလိုက်ရတော့ အားလုံးက ခေါင်းကိုမော့ပြီး ကျွန်တော့်ကို မျက်လုံးတွေပြူးပြီး စိုက်ကြည့်နေခဲ့ကြတယ်။”

All Chapters