← Chapters

ခုန်နေတဲ့ ခေါင်း

Vol. 6 Ch. 75

ခုန်နေတဲ့ ခေါင်း

Vol. 6 Ch. 75

"အနီရောင် ဒေါက်မြင့်ဖိနပ်စီးတဲ့ မိန်းကလေးအကြောင်းကို ပြောတာ ကြားလိုက်ရတော့ လုံခြုံရေးအစောင့်တွေရဲ့ မျက်နှာတွေ ပြောင်းလဲသွားတယ်။ ပြီးတော့ ကျွန်တော့်ကို ပြန်ပြောချင်တဲ့ သူတွေလည်း ရှိပေမယ့် သူတို့ခေါင်းဆောင်က ကျွန်တော့်ကို ခပ်မြန်မြန် ကြိမ်းမောင်းလိုက်တော့ ဘယ်သူမှ စကားမပြောကြတော့ဘူး။"

"ကျွန်တော်လည်း ထပ်မေးရမှာ နည်းနည်းရှက်သွားတယ်။ နောက်ပြီး အော်ဒါအသစ်တစ်ခုကလည်း ပေါ်လာခဲ့တယ်။ အော်ဒါကောက်ပြီး ကာစတန်မာဆီ အရောက်ပို့ပေးဖို့ ဆိုင်ကို အပြေးအလွှား သွားလိုက်ရတယ်။ အဲဒီအချိန်မှာ အရမ်းသိချင်နေပေမယ့် ရိုးရိုးသားသားပြောရရင် လူတွေက အရမ်း အလုပ် ရှုပ်နေကြတာ။ သူတို့ အလုပ်ရှုပ်နေချိန်ဆို ကျန်တဲ့အရာတွေ ဘာမှ မမှတ်မိတော့ဘူး။

"နောက် နှစ်ရက်လောက် ကြာသွားခဲ့တယ်၊ အဲဒီကာစတန်မာဆီက ဘာအော်ဒါမှ ထပ်မရခဲ့ပေမယ့် ကျန်းလန်အိမ်ရာ က ကျွန်တော့်ရဲ့ ပေးပို့မှုအပိုင်းအတွင်းမှာပဲ ရှိတယ်။ ဒါကြောင့် သုံးရက်မြောက်တဲ့ညမှာ ကျန်းလန်အိမ်ရာကနေ နောက်ထပ် အော်ဒါတစ်ခု လက်ခံရရှိခဲ့ပါတယ်။ ညဉ့်နက်ပြီဆိုပေမယ့် ဆယ့်နှစ်နာရီမထိုးသေးဘူး ဆယ့်တစ်နာရီခွဲပဲ ရှိသေးတယ်။"

“မြို့ကလူတိုင်းက နောက်ကျမှ အိပ်ကြတယ်၊ ဆယ့်တစ်နာရီကျော်တောင်မှ လမ်းတွေ အများကြီးမှာ လူတွေ ရှိနေတက်တယ်။

ကျန်းလန်အိမ်ရာက အော်ဒါကို မြင်လိုက်ရတဲ့အခါ၊ ထိုညက အရာကို စဉ်းစားမိသောကြောင့် ချီတုံချတုံတောင် ဖြစ်ခဲ့သေးသည်။

ဒါပေမယ့် အချိန်စောနေသေးတာပဲ ဘာမှမဖြစ်ပါဘူးဆိုပြီး တွေးခဲ့တယ်၊ ပြီးတော့ အော်ဒါတင်တဲ့ ကာစတန်မာက တခြားအဆောက်အဦးကပါ။ ”

“လမ်းတစ်လျှောက်မှာ ဘာ မတော်တဆမှုမှ မရှိခဲ့ဘူး။ ပစ္စည်းကို ကာစတန်မာရဲ့ တံခါးထိ ပို့ပေးခဲ့တယ်။ တံခါးဖွင့်ပေးတဲ့သူက ကျွန်တော်နဲ့ အသက်တူတဲ့ မိန်းကလေးတစ်ယောက်ပါ။ ပစ္စည်းအပ်ပြီးတော့ မနေနိုင်ဘဲ မေးလိုက်မိတယ်။"

"ဒီက အလှလေး၊ အရင်က အဆောက်အဦးနံပါတ် ၁၄ မှာ တစ်ခုခုဖြစ်ခဲ့​သေးလား၊ ကာစတန်မာက ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ပြီး ဘယ်လိုသိတာလဲလို့ မေးခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က အဆောက်အဦးနံပါတ် ၁၄ ကို အော်ဒါပို့ခဲ့တယ်

အဲ့ဒီအဆောက်အဦးမှာ တစ်ခုခုတွေ့တော့ လုံခြုံရေးအစောင့်ကို မေးပေမယ့် လုံခြုံရေးဝန်ထမ်းက ဘာမှ မပြောဘူး” လို့ ပြောလိုက်တယ်။

ထိုအချိန်မှာ မိန်းကလေး၏ မျက်နှာက သဘာဝမကျနေခဲ့ဘူး။

သူမက ကျွန်တော့်နောက်ကို ကြည့်လိုက်ပြီး အဆောက်အဦး ၁၄ မှာ လူတွေ သေခဲ့တယ်လို့ ပြောတယ်!”

“ဒီစကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ မ​ကောင်းတဲ့ ခံစားချက်တွေ ရနေခဲ့တယ်။

အဆောက်အဦး ၁၄ ရဲ့ ဘယ်အထပ်မှာ လူသေတာလဲ။ ဘယ်သူသေတာလဲလို့ ထပ်မေးလိုက်တယ်။ လွန်ခဲ့သည့်လ အနည်းငယ်က ခုနစ်လွှာမှာ မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ကောင်မလေးက ပြောပြခဲ့တယ်။

သူမက လက်ကောက်ဝတ်တွေကို ဖြတ်လိုက်ပြီး

သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ! အွန်လိုင်းမှာ ယွမ်ထောင်ချီ စျေးတန်တဲ့ ဒေါက်ဖိနပ်တစ်ရံကို ဝယ်ခဲ့ပုံရတယ်။ ပြီးတော့ သူ့ရည်းစားနဲ့ ရန်ဖြစ်ခဲ့ပြီး ဘာလို့လည်းတော့ မသိဘူး လက်ကောက်ဝတ်ကို လှီးဖြတ်ခဲ့ပြီး သတ်သေခဲ့တယ်။"

"ဒါကိုကြားလိုက်တာနဲ့ အဆောက်အဦး ၁၄ က ကာစတန်မာက အဲ့အမျိုးသမီး ဖြစ်နိုင်တယ်ဆိုတာကို ငါတကယ် သိထားပြီးသားပါ၊ ဒါပေမယ့် အခွင့်အရေးရလိုရငြား၊ ဘာအရောင်လဲ သိလားလို့ မေးကြည့်လိုက်တော့ မိန်းကလေးက အနီရောင်လို့ ပြောပြခဲ့တယ်။ ဖိနပ်က အနီရောင်တဲ့ ပြီးတော့ အဲဒီတုန်းက လူတွေက အဲ့ဖိနပ်ကို အောက်က အမှိုက်ပုံထဲ ပစ်ခဲ့လိုက်ကြတယ်။”

“သူပြောတာကို နားထောင်ပြီးသွားတော့ တကိုယ်လုံး အေးစက်သွားခဲ့တယ်။

ဟုတ်တယ်၊ ကာစတန်မာက ငါ့ကို သိပ်ကြောက်စေခဲ့တာမဟုတ်ဘူး။

ဒါပေမယ့် သူမက သေခဲ့ပြီလေ၊ ဘယ်လိုလုပ် အော်ဒါမှာနိုင်တာလဲ။ ပြီးတော့ အဲဒီဖိနပ်တွေကို ငါထိလိုက်တာနဲ့ စိုစွတ်နေတယ်။

အဲ့တာ မှားတယ်လို့ ခံစားရတယ်။

ကောင်မလေး ပြောတာကို ကြားလိုက်တာနဲ့ ပိုတောင်ကြောက်လာတယ်။

​အောက်​ထပ်​ကို အမြန်ပြေး​ဆင်းလိုက်​တယ် နောက်နေ့တွေ ပစ္စည်းပို့ရင် ဒီနေရာကို လာမပို့တော့ဘူး

သူဌေးက သဘောမတူရင် ကျွန်တော် အလုပ်ထွက်မယ်”လို့ ဆုံးဖြတ်ခဲ့တယ် “

“ဒါပေမယ့် ဓာတ်လှေကားက ခုနစ်ထပ်ကို ရောက်တဲ့အခါမှာ ခဏရပ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဟုတ်တယ်... အဲဒါ ခုနစ်ထပ်ပဲ။

အဆောက်အဦးက တစ်ခုတည်း မဟုတ်ပေမယ့် ဓါတ်လှေကားက ခုနစ်လွှာမှာ ရပ်သွားခဲ့တယ်။

တံခါးက ပွင့်လာခဲ့ပြီး အပြင်က တံခါးနားမှာ ဘယ်သူမှ ရပ်မနေခဲ့ဘူး။ ဓာတ်လှေကား သုံးချင်တာလားလို့ အပြင်ကို လှမ်းအော်လိုက်တယ်။

ဘယ်သူကမှ ပြန်မဖြေတော့ ခပ်မြန်မြန်ပဲ ...

“ခဏနေအုံး မင်းဘာပြောလိုက်တာလဲ”

ကျန်းရီ က ကြားဖြတ်ပြောလိုက်သည်၊ ရှောင်ကျန်းက “ဓာတ်လှေကားက ခုနစ်ထပ်မှာ ရပ်သွားတယ်။ ဓါတ်လှေကားသုံးချင်တာလားလို့ စင်္ကြံလမ်းကို လှမ်းအော်လိုက်တယ်။ အဲဒီတုန်းက ဓာတ်လှေကား ဝင်ပေါက်နားမှာ ဘယ်သူမှ ရပ်မနေခဲ့ဘူး!”

“အဲဒီတုန်းက မင်းကို ဘယ်သူမှ ပြန် မဖြေတာ သေချာလား”

“​သေချာပါတယ်!”

“ဒါဆို ဘယ်သူမှမတွေ့ခဲ့ရင် ဓါတ်လှေကားကိုပိတ်ပြီး ဘာလို့ အောက်ထပ်ကိုမဆင်းတာလဲ”

“ငါ...ငါလည်းမသိဘူး၊ ဗီဇကြောင့်ပဲအော်လိုက်တာ။ ဘာဖြစ်လို့လဲ၊ စတွင်မာ မင်း တစ်ခုခုကို ခန့်မှန်းမိလို့လား”

ကျန်းရီ က “သူမကို ဓာတ်လှေကားထဲမှာ ထပ်တွေ့ခဲ့သေးလား”

“ဟုတ်တယ်...သူမကိုထပ်တွေ့ခဲ့တယ်! ဒါပေမယ့် ဓာတ်လှေကားထဲမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဓာတ်လှေကား တံခါးထဲမှာ

ထိုအဆောက်အအုံက ဓာတ်လှေကားတံခါးက မှန်တစ်ချပ်လိုပဲ

ဓာတ်လှေကားထဲမှာ ရပ်နေချိန်ဆို လူတွေက သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ... ဓာတ်လှေကားတံခါးမှာ ကျွန်တော့်ပုံရိပ် မရှိခဲ့ဘူး သူမတစ်ယောက်တည်း... အဲ့ညကလို ခေါင်းငုံ့ထားပြီး ဆံပင်တွေက သူ့ခန္ဓာကိုယ်ရှေ့မှာ ပြန့်ကျဲနေတယ်၊ ပြီးတော့ သူ့လက်က အနီရောင် ဒေါက်မြင့်ဖိနပ်ကို ကိုင်ထားတုန်းပဲ”

ရှောင်ကျန်း ရဲ့ လေသံမှာ စိတ်လှုပ်ရှားစပြုလာခဲ့သည်။ အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သူမှ အေးအေးဆေးဆေး နေလို့မရပါဘူး။

“မင်းမြင်လိုက်တာသေချာလား ဓါတ်လှေကားတံခါးမှာ ပေါ်လာတဲ့ပုံက မင်းမဟုတ်ပဲနဲ့ အနီရောင်ဖိနပ်နဲ့ ကောင်မလေးလား”

“ဟုတ်​တယ်​၊ အဲ့ဒီအချိန်​က ကျွန်​​တော်​မြင်​တဲ့လူက သူမဆို​တာ​သေချာတယ်​!”

“ဒါဆို မင်းသူ့ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲ”

“သူမကို နောက်ဆုံးတွေ့ခဲ့တာက မနေ့ညကပါ။ မနေ့ညက သူနဲ့တွေ့ပြီးတော့ အိမ်မပြန်ရဲတော့ဘူး။ အခု ကျွန်တော် ဘုရားကျောင်းမှာ ရှိနေတယ်။ မင်းရဲ့ယခင် တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ကြည့်ခဲ့တယ်။ စတွင်မာရေ ခေါင်းဆောင်ကျိုးကို ဘုရားကျောင်းကို ပို့ခဲ့တာ ဒီလိုမျိုးပဲမလား”

ကျန်းရီ က ထပ်မေးလိုက်သည် “မင်း သူမကို ဘယ်နှစ်ခါတွေ့ပြီးပြီလဲ”

“မသိ​တော့ပါဘူး. တကယ်ပါ ကျန်းလန်အိမ်ရာ အသိုက်အဝန်းကို ငါ ဒုတိယ အကြိမ် အော်ဒါ ပို့ပြီးကတည်းက သူက ငါ့ဘေးမှာ အမြဲရှိနေတယ်လို့ ခံစားနေရတယ်။ သူက ငါ့ကို ဘာ့ကြောင့် နှောင့်ယှက်နေရတာလဲ မသိဘူး၊ ငါက ပစ္စည်းပို့သမား​​လေးပါ။ မတော်တဆ သူ့ဒေါက်ဖိနပ် အနီရောင်လေးကို သူမအတွက် ယူလာပေးရုံလေးပဲကို!”

“ဒါဆို မေးပါရစေအုံး အဲ့ဖိနပ်ကို မကောက်ပေးခင် ဒီအဲ့အဆောက်အဦးကို ပစ္စည်းပို့ပေးဖူးလား”

ကျန်းရီ က ထပ်မေးလိုက်ပြီး ရှောင်ကျန်း က “မဟုတ်ဘူး၊ ကျွန်တော်က ပြီးခဲ့တဲ့လလောက်ကပဲ ပစ္စည်းပို့ဆောင်ရေး အနေနဲ့ အလုပ်စလုပ်ခဲ့တာ။ ငါ အရင်က ကျန်းလန်အိမ်ရာ ကို ဘာမှ မပို့ဖူးဘူး၊ ဒီကိုတောင် မရောက်ဖူးဘူး။”

“ဒါဆို မင်းအဲ့ဒါကိုလက်ခံတုန်းက မင်းဘယ်နေရာမှာလဲ”

“ငါက ကျန်းလန်အိမ်ရာနဲ့ နှစ်ကီလိုမီတာဝေးတဲ့ အသားကင်ဆိုင်အနီးမှာ။”

“တက်ဆိုင်မှုလည်း မရှိဘူး၊ မြို့ထဲမှာ နှစ်ကီလိုမီတာအကွာအဝေးဆိုတာ တော်တော် ကျယ်တယ်။ မင်းကို သူမပစ်မှတ်ထားဖို့ အကြောင်းပြချက်မရှိဘူး။ မင်းဒီအရာတွေကို မင်းမကြုံခင်မှာ ဘာတွေကြုံခဲ့လဲ ပြန်စဉ်းစားကြည့်ပါ၊ မင်းပတ်ဝန်းကျင်မှာ တစ်ခုခုဖြစ်ခဲ့သလား။ မင်းကိုယ်တိုင်က ဝမ်းနည်းစရာ ဒါမှမဟုတ် ဆိုးရွားလွန်းတဲ့ အရာတစ်ခုခုကို ကြုံတွေ့ဖူးလား။”

ကျန်းရီ ကမေးတော့ ဖုန်းတစ်ဖက်က ရှောင်ကျန်း က “စဉ်းစားပါရစေဦး၊ ကျေးဇူးပြုပြီး စဉ်းစားခွင့်ပေးပါဦး... မကြုံခဲ့ဖူးဘူးထင်.. ခဏနေအုံး... အဲဒီညက ပစ္စည်းပို့သမားတွေ အချင်းချင်း အတူတူ စကားစမြည် ပြောနေခဲ့ကြတယ်။”

“မင်းတို့ ဘာတွေပြောနေခဲ့တာလဲ?”

“အစတုန်းကတော့ အနီးနားက အနှိပ်ခန်းတွေအကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေကျတော့လည်း တစ်နေ့တာလုံး ဟိုဟိုဒီဒီပြေးပြီးရင် ခြေထောက်ရေစိမ်ရတာ အရမ်းသက်သောင့်သက်သာရှိတယ်လေ၊ ဒါ့အပြင် ကျွန်တော်ကလွဲရင် သူတို့အားလုံးက အိမ်ထောင်ကျပြီးသားတွေ။

အဲ့ဒီက အစ်ကိုတွေ တော်တော်များများက အိမ်ထောင်သက် နှစ်အတော်ကြာခဲ့ပြီ။ သူတို့အားလုံးက အဲဒီအရာတွေမှာ ဆရာတွေပဲ။

ဒါပေမယ့် အကိုကြီးတစ်ယောက်က တစ်ခုခု ပြောလိုက်တယ်။

ဂျီဖန်း လမ်းမှာ ခပ်သေးသေးအနှိပ်ခန်းတစ်ခု ရှိခဲ့ဖူးကြောင်း သူက ပြောခဲ့တယ်။

ဆိုင်မှာရှိတဲ့ ဆိုင်ရှင်မိန်းမက အရမ်းကြည့်ကောင်းတာမဟုတ်ပေမယ့် သူမရဲ့ လက်စွမ်းကတော့ အရမ်းကို ကောင်းတယ်။“

“သူက အဲဒီကို မကြာခဏ သွားလေ့ရှိတယ်။

သူ့စကားအရ အဲ့ဒီကသာ အနှိပ်ခံလိုက်ရရင် တစ်နေ့လုံးကို သက်တောင့်သက်သာ ခံစားရတယ်။

ဒါပေမယ့် တစ်ညမှာတော့ သူအဲဒီကိုသွားတော့ ဆိုင်က မီးမှိန်မှိန်လေးပဲ ရှိတယ်။

ဒါပေမယ့် သူ အဲ့ဒီကိုဝင်လိုက်တာနဲ့ ဆိုင်ရှင်မက သူ့ကို အခန်းငယ်လေးတစ်ခုဆီ ခေါ်သွားလိုက်တယ်။

သူတို့အားလုံးက ရင်းနှီးပြီးသား ဖောက်သည်တွေပါ။

ဝင်လာပြီးတာနဲ့ အင်္ကျီကို ချွတ်ပြီး ဗိုက်မှောက်ပြီး အိပ်လိုက်တယ်။

သူက သက်သောင့်သက်သာနဲ့ အိပ်ပျော်သွားခဲ့တယ် ဒါပေမယ့် သူ့ပေါ်တစ်ခုခု ကျလာသလို ခံစားလိုက်ရတယ်။

ခါးကို တစ်ခုခု ထိမိသွားတော့ သူ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

“အိမ်ရှင်မကို တစ်ခုခု ပြုတ်ကျသွားတာလားလို့ မေးလိုက်ပေမယ့် အိမ်ရှင်မက ပြန်မဖြေဘဲ နောက်ကျောကို ဆက်နှိပ်နေခဲ့တယ်။

အဲ့အကိုက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရလို့ နောက်ပြန် လှည့်ကြည့်လိုက်တယ်။

သူမြင်လိုက်ရတာက သူ့ကို နှိပ်ပေးနေခဲ့တဲ့အရာက လက်မဟုတ်နေခဲ့တာကိုပါပဲ။

လူခေါင်းကြီး... ဆိုင်ရှင်မရဲ့ ခေါင်းက သူ့ကျောကို မေးစေ့နဲ့ ထိုးနေခဲ့တာပါပဲ!"

All Chapters