← Chapters

အမှတ်တရ ဓာတ်ပုံထဲက အသက်ရှင်နေတဲ့လူ

Vol. 6 Ch. 76

အမှတ်တရ ဓာတ်ပုံထဲက အသက်ရှင်နေတဲ့လူ

Vol. 6 Ch. 76

ရှောင်ကျန်း ၏ စကားများကို နားထောင်ပြီးနောက် ကျန်းရီ ၏ စိတ်ထဲတွင် ပုံရိပ်တွေ ပေါ်လာခဲ့သည်။

အပန်းဖြေချင်နေသော အလုပ်သမားတစ်ယောက်က ခမ်သေးသေး အနှိပ်ခန်းသို့ ရောက်လာခဲ့သည်။ သူသည် ကုတင်ပေါ်တွင် လှဲလျောင်းပြီး နှိပ်နယ်မှုရဲ့ သာယာမှုကို ခံစားနေသည်။

ဒါပေမယ့် နှိပ်ပေးနေသည့်အရာက လက်မဟုတ်ခဲ့ဘဲ လူ့ဦးခေါင်းက နောက်ကျောပေါ်တွင် မေးစေ့ဖြင့် ဖိနှိပ်ပေးနေခဲ့ခြင်းဖြစ်သည်။

ထိုမြင်ကွင်းက သူ့စိတ်ထဲတွင် ပေါ်လာသည်နှင့်အမျှ ကျန်းရီ က သက်ပြင်းချလိုက်ကာ- ဘယ်လိုတောင် ခုန်နေတဲ့ ခေါင်းလဲ ။

“အဲ့ အကိုကြီးက ဒီအကြောင်းတွေ ပြောပြတဲ့အခါမှာ အားလုံးက ရယ်ပြီး ကြွားလုံးထုတ်​နေတယ်လို့ ပြောခဲ့ကြတယ်။

သူကသာ အမှန်တကယ် တွေ့ခဲ့ရမယ်ဆိုရင် သူတို့နဲ့အတူ အသက်ရှင်လျှက်နဲ့ ပစ္စည်းလိုက်ပို့နိုင်ပါအုံးမလား။ ဒါပေမယ့် အဲဒီတုန်းက ငါ့မျက်နှာမှာ အရောင်မရှိတော့ဘူး။

သူ့ကို ကြွားလုံးထုတ်​နေတယ်လို့ သူများတွေပြောတာကြားတော့ သူ ဒေါသထွက်သွားတယ်။

သူ့လက်ကိုင်ဖုန်းကနေ သတင်းတစ်ပုဒ်ကို ဖွင့်ပြခဲ့တယ်။

အဲ့ဒီသတင်းက ကားမတော်တဆမှုမှာ ခေါင်းကြေမွသွားတဲ့ အနှိပ်ခန်းပိုင်ရှင် တစ်ဦးအကြောင်းပဲ။

ဒီသတင်းကို သူတို့မြင်တော့ အဲ့ဒီက အကိုတွေက ပိုလို့တောင် ရယ်မောခဲ့ကြပါတယ်။

စတွင်မာရေ ဒါပေမယ့် ဘာလို့လဲဆိုတာတော့ မသိဘူး ရယ်စရာကောင်းတယ်လို့ မခံစားရဘူး အဲ့ဒီအစား ကျွန်တော် ကြောက်နေခဲ့တယ်”

"အမှောင်လေက ရုတ်တရက် မင်းခန္ဓာကိုယ်ကို တိုက်ခတ်လိုက်သလိုပဲ တစ်ကိုယ်လုံး အေးစက်နေတဲ့ ခံစားချက်မျိုး​ကြီး။

အရမ်းကြောက်နေခဲ့တယ်၊ နားမလည်နိုင်လောက်အောင် ကြောက်နေခဲ့တယ်။

အဲ့ အကိုရဲ့ ကျောကို ကြည့်လိုက်ရင်တောင် သူ့နောက်ကျောမှာ တစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ်။

အဲဒီနောက်မှာ အားလုံးက တယောက်ပြီး တယောက် အော်ဒါလက်ခံရခဲ့ပြီးတော့ ကြွားလုံးထုတ်နေတာကို ရပ်လိုက်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားတယ်။

ရှောင်ကျန်းရဲ့ စကားပြီးသွားပေမယ့် ကျန်းရီ က မဖြေဘဲ ထပ်မေးလိုက်တယ် "ဒါဆို မနေ့ညက သူမနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ?"

"ကျန်းလန်အိမ်ရာမှာ အဲ့ကောင်မလေးကို ဒုတိယအကြိမ်တွေ့ပြီးနောက်မှာ ကြီးကြပ်ရေးမှူးကို သွားရှာပြီး ပို့ဆောင်တဲ့ နယ်ပယ်ကို ပြောင်းခဲ့တယ်။

ပေးပို့တဲ့လမ်းမှာ အနီရောင် ဒေါက်မြင့်ဖိနပ် ဝတ်ထားတဲ့ ပုံသဏ္ဍာန်ကို အမြဲတွေ့ခဲ့ရပေမယ့် နောက်ဆုံး ကျွန်တော် တာဝန်ယူရတဲ့ နယ်ပယ်မှာ အရမ်း အလုပ်များခဲ့တဲ့အတွက် အလုပ်ဆက်လုပ်ဖို့ပဲ တက်နိုင်ခဲ့တယ် ”

“ဒါပေမယ့် မနေ့ညက တစ်နေ့တာလုံး အလုပ်တွေပြီးတာနဲ့ ကျွန်တော် အိမ်ကို လျှပ်စစ်စက်ဘီးစီးပြီး ပြန်ခဲ့တယ်။

အိမ်ဟောင်းတွေနဲ့ပြည့်နေတဲ့ ရပ်ကွက်ထဲက လူနေအဆောက်အဦးတစ်ခုမှာ ကျွန်တော်နေထိုင်နေတာ။

လျှပ်စစ်စက်ဘီးစီးပြီး လမ်းသေးသေးလေးထဲကို ကွေ့ဝင်လိုက်တယ်။ ဒါပေမယ့် လမ်းထောင့်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော်နေထိုင်တဲ့ အဆောက်အဦးအောက်မှာ စာရွက်တွေ မီးရှို့နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ မနက် ၂ နာရီကျော်နေပြီ၊ စာရွက်ကို မီးရှို့နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတော့ ရင်ထဲမှာ အနည်းငယ် ခုန်သွားသလို ခံစားလိုက်ရတယ်။"

"ဒါပေမယ့် ငါ အရမ်းမကြောက်ခဲ့ဘူး။

စက်ဘီးစီးပြီး အောက်ထပ်နားမှာ ရပ်လိုက်တယ်။

မိသားစုထဲက တစ်ယောက်ယောက် သေဆုံးသွားရင် ဖယောင်းတိုင် ထွန်းပြီး ညလယ်မှာ မီးရှို့ရမယ်ဆိုပြီး ဒီဒေသမှာ ဓလေ့တစ်ခု ရှိခဲ့တယ်။

အဲဒီတုန်းက ကျွန်တော်နဲ့အတူတူ ဒီအဆောက်အဦးမှာနေတဲ့ အိမ်ပိုင်ရှင်ရဲ့ အမေက အပြင်းဖျားနေတော့ သူ့အမေ ဆုံးသွားပြီလို့ ကျွန်​တော်ထင်တဲ့အတွက် စက်ဘီးကိုရပ်ပြီး ဘယ်သူဘယ်ဝါဆိုတာ သိဖို့ သေသေချာချာကြည့်လိုက်တယ်။"

“ဒါပေမယ့် သေသေချာချာ ကြည့်လိုက်တော့ စာရွက်တွေ မီးရှို့နေတဲ့ အမျိုးသမီးကို ရင်းနှီးနေတယ်ဆိုတာ တွေ့လိုက်ရတယ်။

သူ့ဆံပင်တွေက ရှည်လွန်းပြီး မြေပေါ်ကို ကျ​နေခဲ့တယ်။

သူမရဲ့ ခြေထောက်ကို မသိစိတ်က လှမ်းကြည့်မိလိုက်တယ်။ ဒါပေမယ့် သူမက ခြေထောက်ထိ ဖုံးနေတဲ့ စကတ်ကိုဝတ်ထားခဲ့တယ်။

အနီရောင် ဒေါက်မြင့်ဖိနပ်ကို မတွေ့လိုက်ရဘူး။ ပြီးတော့ အကြောက်လွန်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ရယ်မောခဲ့သေးတယ်။

ဒါပေမယ့် ငါမမျှော်လင့်ထားတဲ့အရာက ငါ တခြားကို လှည့်ကြည့်ခါနီးမှာ ငါ့ဘေးနားက အထည်ဖိနပ်ကို ဆွဲယူခဲ့တယ်”

“ဖိနပ်က ဟိုးရှေးရှေးကတည်းက ၀တ်ခဲ့တဲ့ အနက်ရောင်ထိပ်နဲ့ အဖြူရောင် ခြေဖဝါးပါတဲ့ အထည်ဟောင်းဖိနပ်တွေဖြစ်ပြီး ဝတ်ရလွယ်ကူပြီး ပျော့ပျောင်းတဲ့ ဖိနပ်တွေပါ။ အထည်ဖိနပ်ကို ယူလိုက်ပြီး မြေပြင်ပေါ်ကို ရိုက်ခတ်နေတယ်။ သူ့ပါးစပ်ကလည်း တစ်စုံတစ်ခုကို တီးတိုးရွတ်ဖတ်နေခဲ့တယ် ။”

“အဲဒီအချိန်မှာ ကျွန်တော် ဆက်မကြည့်ရဲတော့ဘဲ အိမ်ထဲကို ဝင်ဖို့ ပြင်လိုက်တယ်။

ဒါပေမယ့် ကျွန်တော် လှည့်လိုက်တာနဲ့ ကျွန်တော့် မျက်လုံးထောင့်ကနေ သူမ ခေါင်းမော့လာတာကို တွေ့လိုက်ရတယ်။

သူမ ခေါင်းကို မြှောက်လိုက်တာနဲ့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ အဲ့ဒီမှာ သူမကလည်း ချက်ချင်းပဲ ခေါင်းပြန်ငုံ့လိုက်တယ် ပြီးတော့ ကျွန်တော့်ရဲ့ အကြည့်ကလည်း သူမကိုင်ထားတဲ့ အထည်ဖိနပ်အောက်ကို ရောက်သွားတယ် ပြီးတော့ အဲ့ဒီအောက်မှာ ဓာတ်ပုံတစ်ပုံ ရှိနေတာကို တွေ့လိုက်ရတယ် “

“အဲ့ဒီဓာတ်ပုံကို မြင်လိုက်တာနဲ့ကို ရင်းနှီးနေသလို ခံစားလိုက်ရတယ်၊ ဘာလို့ဆို အဲဒါက ကျွန်တော့်ပုံပဲ၊ အဖြူအမည်း ဓာတ်ပုံတစ်ပုံဖြစ်ပြီး ဓာတ်ပုံထဲမှာ မိုးပြာရောင် ခြုံထည်ကို ၀တ်ဆင်ထားတယ်။

ကျွန်တော်က အသက်နှစ်ဆယ်ပဲ ရှိသေးတာလေ ခြုံထည်ကြီးဝတ်ပြီး ဓာတ်ပုံ ဘာလို့ရိုက်ရမှာလဲ? အဲဒါတွေကို လူကြီးတချို့ကပဲ အမှတ်တရ ဓါတ်ပုံတွေအဖြစ် ရိုက်ကြတာလေ”

“ဒါပေမယ့် ဓာတ်ပုံထဲကလူက ကျွန်တော်ပဲဆိုတာ လုံးဝကို သေချာတယ်! သူမက ဓာတ်ပုံကို ဖိနပ်ရဲ့ရိုက်နေခဲ့တယ်၊ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတယ် ကျိန်စာတိုက်နေသလိုပဲ။ ပြီးတော့ ခေါင်းကို မြှောက်လိုက်တယ်။ သူ့မျက်နာကို အနက်ရောင်ဆံပင်တွေက ဖုံးအုပ်ထားပေမယ့် ကွဲနေတဲ့ ဆံပင်တွေကြားကနေ သူ့မျက်လုံးတွေကို မြင်လိုက်ရတယ်။

သူက ကျွန်တော့်ကို ပြုံးပြနေခဲ့တယ်၊ လှောင်ပြောင်တဲ့ အပြုံးနဲ့ ကြည့်နေခဲ့တယ်!”

“သူမ ခြေထောက်က ဘယ်အချိန်က စကပ်အောက်က ထွက်လာခဲ့မှန်း မသိပေမယ့် ရင်းနှီးနေတဲ့ အနီရောင် ဒေါက်မြင့်ဖိနပ်ကို တွေ့လိုက်ရတော့ ကျွန်တော် သေးထွက်မတက် ကြောက်လန့်သွားခဲ့တယ်။

အဲ့ ဖိနပ်ပေါ်ရှိ အနီရောင်က ကျွန်တော့်စိတ်ထဲ သွေးတွေစီးကျနေသလိုမျိုး ပေါ်လာခဲ့တယ်။ အဲ့အချိန်မှာတော့ ကျွန်တော် ငိုယိုပြီး ထွက်ပြေးခဲ့တယ်။

ကျွန်တော် လျှပ်စစ်စက်ဘီးစီးဖို့တောင် အချိန်မရှိခဲ့ပါဘူး၊ ဒါကြောင့် ဘုရားကျောင်းဘက်ကို ခြေကျင်နဲ့ပဲ အမြန်ပြေးခဲ့တယ်”

ရှောင်ကျန်း က လောလောဆယ်မှာ သူ ဘုရားကျောင်းထဲမှာ ရှိနေပေမယ့်လည်း သူ ကြောက်နေသေးတယ် လို့ ​ပြောခဲ့သည်။

ကျန်းရီ သည် သူ့ဇာတ်လမ်းကို နားထောင်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အရင် ရွာက အဖြစ်အပျက်ကဲ့သို့ပင် ဤလောကရှိ အရာများစွာသည် အကြောင်းတရားနှင့် အကျိုးဆက်များ ရှိကြသည်... အဘယ်ကြောင့်ဆိုသော် လောင်ကွမ်း အဖေရဲ့ ရွေးချယ်မှုက နောက်ဆက်တွဲအဖြစ်ကို ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။

ကော်ဘို့ အနေနဲ့လည်း လက်ရှိဘဝအနေအထားကို ပြောင်းလဲလိုသောအခါမှသာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ခံစားခဲ့ရသည်။

နောက်ပိုင်းမှ သဘာဝလွန်ဖြစ်ရပ်များလည်း အဲ့အတိုင်းပါပဲ။

ရှေ့ဆက်သွားကြည့်လိုက်ရင်၊ ကျန်းရီ ကြုံတွေ့ခဲ့သမျှ အရာအားလုံးမှာ ရှင်းရှင်းလင်းလင်း အကြောင်းပြချက်တစ်ခု ရှိနေခဲ့ကြသည်။ သို့သော်လည်း ပစ္စည်းပို့သမားလေး ရှောင်ကျန်း ကိစ္စမှာတော့ ဘာပတ်သက်မှုမှ လုံးဝမရှိနေပေ။

ကျန်းလန်အိမ်ရာသို့ ပထမဆုံးအကြိမ် အော်ဒါ ပေးပို့ခဲ့တယ်၊ သေဆုံးသူတစ်ဦးထံ လက်ဆောင်ပစ္စည်းတစ်ခု ပေးပို့ခဲ့ပြီး သေဆုံးသူက အမြန်ချောပို့ကောင်တာမှ အနီရောင်ဒေါက်မြင့်ဖိနပ်တစ်ရံကို သွားယူပေးရန် တောင်းဆိုခဲ့သည်။

ဒါဟာ ရှောင်ကျန်း ကို ပစ်မှတ်ထားနေတာ သိသာထင်ရှားနေပါတယ်။

သို့သော် ရှောင်ကျန်းက ဒီမြို့ရဲ့ ဇာတိမဟုတ်ပေ။ ကျန်းလန်အိမ်ရာသို့ တစ်ခါမှ မသွားခဲ့ဖူးသလို သေဆုံးသွားခဲ့သော မိန်းကလေးနှင့်လည်း အဆက်အသွယ်မရှိခဲ့ပေ။

သူကဘာလို့ ရှောင်ကျန်း ကို ပစ်မှတ်ထားနေခဲ့တာလဲ။

ရှောင်ကျန်း က သူ့ရည်းစားနဲ့ တူနေတာကြောင့်လား။

ရယ်စရာလို့တောင် ထင်ရတဲ့ အကြောင်းပြချက်က ကျန်းရီ ရဲ့ စိတ်ထဲကို ရောက်လာတယ်။

ဖုန်း၏အခြားတစ်ဖက်ရှိ ရှောင်ကျန်း က သူစကားမပြောသည်ကိုမြင်သောအခါ သူကမျက်ရည်များဖြင့် "စတွင်မာရေ တိတ်ဆိတ်မနေနဲ့လေ။

မင်းအရမ်း ငြိမ်နေရင် ငါ ပိုလန့်လာတယ်။”

ဘုရားကျောင်းက ငါ့ကို တကယ် လုံခြုံအောင် ထားနိုင်ပါ့မလား။ သူမက ကျွန်တော့်ဓာတ်ပုံကို ရိုက်ပြီး ကျိန်စာတိုက်နေတာလား။

ငါသေတော့မှာလား။ သူမ ငါ့ကိုရှာဖို့လာနေတာလား။ ငါ့အသက်ကို လာတောင်းနေတာလား"

"ဝူး….. ငါမတရားခံရတာ။ ငါသူမကို တစ်ခါမှမမြင်ဖူးဘူး, သူမသေဆုံးပြီးနောက်မှာတောင်မှသူမနဲ့ပတ်သက်ပြီးမကောင်းတဲ့စကား တစ်လုံးတောင် မပြောခဲ့ဖူးဘူး။ သူမကငါ့ကိုဘာဖြစ်လို့ လိုက်ကပ်နေတာလဲ"

ကျန်းရီ လည်း သူ့စိတ်ထဲမှာ ဒီပြဿနာကို တွေးနေခဲ့တယ်။ သေဆုံးသွားတဲ့ မိန်းကလေးက ရှောင်ကျန်းရဲ့ ဓာတ်ပုံကို ဖိနပ်နဲ့ ရိုက်နေတဲ့ ကိစ္စက အလွန်ပြင်းထန်တဲ့ အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဒီအကြောင်းကို စဉ်းစားပြီးနောက် ကျန်းရီ က "မင်း အခုပဲ ဘုရားကျောင်းကနေ ထွက်ပြီး ကျန်းလန်အိမ်ရာကို သွားသင့်တယ်။ ဘုရားကျောင်းထဲမှာ နေတာက ရောဂါလက္ခဏာကို ပျောက်အောင်ကုတာထက်မပိုဘူး။ ရောဂါကို အမြစ်ကနေကုမှ ရမှာ။ မင်းကတုံးတုံးပြီး တစ်သက်လုံး ဘုန်းကြီးတော့ မဝတ်ဘူးမလား?”

"ငါ..မလုပ်ပါဘူး။"

"မင်းပြောတာက ငါ့ရဲ့အရင်က တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်ဖူးဆိုတော့ ငါဘယ်သူလဲဆိုတာ မင်းသိသင့်တယ်မဟုတ်လား" ကျန်းရီ က ပြုံးပြီး ပြောလိုက်တယ်။

ရှောင်ကျန်းက ခဏလောက် ကြောင်သွားခဲ့တယ်။ ကျန်းရီ က "ကောင်းပြီ၊ ကျန်းလန်အိမ်ရာကို သွားပြီးတော့ အဲ့ဒီမိန်းကလေး သေဆုံးရတဲ့ အကြောင်းရင်းကို နားလည်ဖို့ အဲဒီမှာရှိတဲ့ လုံခြုံရေးအစောင့်ကို ရှာရမယ်။

ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှသာ သူမက မင်းကို ဘာကြောင့် နှောက်ယှက်နေရတာလဲဆိုတာကို သိနိုင်မှာ။

မင်းရဲ့ လုံခြုံမှုအတွက်ကတော့….မင်းက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာရှိနေပြီပဲ မင်းဘာကို စိတ်ပူနေမှာလဲ။"

All Chapters