← Chapters

သူမလည်း သေခဲ့တာကြာပြီ

Vol. 6 Ch. 77

သူမလည်း သေခဲ့တာကြာပြီ

Vol. 6 Ch. 77

ကျန်းရီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သော ကြည့်ရှုသူအနေဖြင့် ကျန်းရီ နှင့် စကားပြောနေသရွေ့ သူတို့ဘာကြီးနဲ့ပဲ တွေ့တွေ့ လုံးကို အန္တရာယ်ကင်းကြောင်း နားလည်​ပြီးသားဖြစ်သည်။

သူတို့ကို ပစ်မှတ်ထားနေတဲ့ အရာတွေ ပေါ်လာရင်တောင် ကြောက်စရာ မရှိပါဘူး။ သတိထားရမယ့် တစ်ခုတည်းသော အရာက သူမ ထွက်ပြေးသွားမှာကိုပါပဲ။

ယခုအချိန်တွင် ရှောင်ကျန်းသည် ဘုရားကျောင်းမှ ထွက်လာခဲ့ပြီး ကျန်းလန်အိမ်ရာဆီသို့ ဦးတည်သွားခဲ့သည်။

လမ်းတွင် ရှောင်ကျန်း အနည်းငယ် စိုးရိမ်နေသေးသည်။ သူက ကျန်းရီ ကို "စတွင်မာရေ ငါ မင်းနဲ့ ဗီဒီယိုဖုန်းပြောလို့ရမလား? ဒီနည်းနဲ့ မတော်တဆဖြစ်ခဲ့ရင် ငါအဆင်သင့်ဖြစ်နေရအောင်"

ကျန်းရီ က ပြုံးပြီး ပြန်ပြောလိုက်တယ် "ရပါတယ်။

ဗီဒီယိုချိတ်ဆက်ပြီးနောက် ရှောင်ကျန်း သည် တကယ်လမ်းလျှောက်နေပြီး အလွန်စိတ်လှုပ်ရှားစွာ လမ်းလျှောက်နေသည်။

ဤဘုရားကျောင်းသည် သူနှင့် အနီးဆုံးဘုရားကျောင်းလည်းဖြစ်သည်။ ဘုရားကျောင်းမှ ထွက်လာခဲ့ပြီးနောက် ရှောင်ကျန်း ၏ မျက်နှာသည် ပို၍ ထိတ်လန့်နေသည်မှာ ထင်ရှားနေသည်။

"ဘုရားကျောင်းကို သွားတဲ့လမ်းမှာ သူမနောက်ကလိုက်နေသလို ခံစားမိလား" ကျန်းရီ က မေးလိုက်သည်။

ရှောင်ကျန်း က သူ့ခေါင်းကို ခါလိုက်ပြီး "ဒါကို ငါမသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါလမ်းကြားက ပြေးထွက်လာတော့ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ သူမလက်ထဲမှာ ငါ့ဓာတ်ပုံကိုကိုင်ပြီး မီးရှေ့မှာ ရပ်နေခဲ့တယ်။”

“ဒါဆို အဲဒီအချိန်က မီးက တကယ်မီးလား ”

"..........”

ရှောင်ကျန်း ခဏကြာအောင် ပြန်မဖြေနိုင်ဘဲ သေသေချာချာ စဉ်းစားပြီးနောက် “မီးအစစ်မဟုတ်ဘူးထင်တယ်၊ အဲ့နားမှာရပ်နေတဲ့အချိန်တုန်းက အပူချိန်ကို ငါမခံစားရဘူး။”

"ဟုတ်တာပေါ့။ တကယ်သာ ပူခဲ့ရင် မနေ့ညကတည်းက မင်းသေနေပြီ။"

ကျန်ရီက ပြောလိုက်ရာ ရှောင်ကျန်း ၏မျက်နှာမှာ ထိတ်လန့်သွားသည်၊ သို့သော်လည်း ကျန်းရီ က သူ့ကို ကျန်းလန်အိမ်ရာသို့ အမြန်သွားရန် တိုက်တွန်းခဲ့သည်။

တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ရှောင်ကျန်း သည် ကျန်းလန်အိမ်ရာရဲ့ အပေါက်ဝတွင် ရပ်လိုက်သည်။

အချိန်က မနက်လေးနာရီထိုးနေပြီ​ဖြစ်သည်။

ဒါပေမယ့် အိမ်ရာကို ဖြတ်တဲ့လမ်းပဲ ဖြစ်ဖြစ်၊ အိမ်ရာအတွင်းမှာပဲဖြစ်ဖြစ်၊ တိတ်ဆိတ်ငြိမ်သက် နေသည်။

အစောင့်ခန်းထဲမှာ မီးလင်းနေပြီး တံခါးဝမှာ ရပ်နေရင်း အထဲတွင် လူနှစ်ယောက် အိပ်နေတာကို တွေ့လိုက်ရတယ်။

ရှောင်ကျန်းက အစောင့်ခန်းတံခါးကို ခေါက်လိုက်သည်။ အထဲက ဦးလေးနှစ်ယောက်က စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကိုမော့ပြီး “မင်းဝင်ခွင့်ကတ်က ဘယ်မှာလဲ” လို့ မေးလိုက်တယ်။

"ဦးလေး၊ ငါက ဒီအိမ်ရာက မဟုတ်ပါဘူး၊ ဒါပေမယ့် ငါမင်းကို အရေးတကြီးပြော ချင်တဲ့ ကိစ္စတစ်ခုရှိလို့ပါ။"

"ငါတို့အိမ်ရာအကြောင်း လေ့လာဖို့ မင်းလာခဲ့တာလား။ မင်းဝင်ချင်ရင် မင်းဝင်ခွင့်ကတ်ရှိရမယ်၊ မဟုတ်ရင် အပြင်လူတွေကို ဝင်ထွက်ခွင့်မပေးဘူး။"

အစောင့်အကြပ် ဦးလေးဟာ အိမ်မက်ကလန့်နိုးလာတာေကြာင့် သိပ်စိတ်မကြည်နေပေ။

ရှောင်ကျန်းက ရှက်ကိုးရှက်ကန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို ငုံ့ကြည့်လိုက်ပြီး ကျန်းရီ က "မင်းပြောစရာရှိတာ ပြောပါ၊ ဒါပေမယ့် လောလောဆယ်တော့ ငါ့အကြောင်း သူတို့ကို ခွင့်မပြောနဲ့အုံး"

"ဒီလိုပါ ဦးလေး၊ လွန်ခဲ့တဲ့ လအနည်းငယ်က မင်းတို့အိမ်ရာမှာ သတ်သေသွားတဲ့ မိန်းကလေး ရှိခဲ့သလား။ ငါ သိပ်မကြာသေးခင်က ဒီအိမ်ရာကို ပစ္စည်းလာပို့တော့ သူမနဲ့ တွေ့ခဲ့တယ်။"

ဒီစကားတွေပြောလိုက်တော့ အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ အစောင့်ဦးလေးနှစ်ယောက်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။

"မင်း..မင်းဘာပြောလိုက်တာလဲ?"

"ထပ်ပြောလို့ရမလား?"

လူနှစ်ယောက်၏ အရှိန်အဝါသည် အလွန်ပြင်းထန်နေပုံရသော်လည်း သူတို့၏လေသံမှာ သိသိသာသာပင် ယုံကြည်မှုကင်းမဲ့နေခဲ့သည်။

"တကယ်ပါ၊ ငါအရင်က မင်းတို့အိမ်ရာကို ပစ္စည်းလာပို့ဖူးတယ်။ ငါ့အော်ဒါမှတ်တမ်းထဲမှာ အဆောက်အဦး ၁၄ ရဲ့ အခန်းနံပါတ် ၇၀၁ ကဟာရှိနေတာကို မင်းတွေ့နိုင်တယ်။ ငါ ဦးလေးတို့ကို မလိမ်ပါဘူး!"

ရှောင်ကျန်း က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ဖုံးကွယ်လိုက်ပြီး သူ့အလုပ်မှတ်တမ်းတွေကို ထုတ်ဖော်ပြခဲ့ပါတယ်။

တံခါးအပြင်ဘက်က ဦးလေးနှစ်ယောက်က မှတ်တမ်းကို မြင်လိုက်ရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့ချင်းစီရဲ့ မျက်လုံးထဲတွင် မယုံ​ကြည်ခြင်းများစွာကို တွေ့လိုက်ရသည်။

“ဘယ်လိုဖြစ်တာလဲ အခန်း ၇၀၁ က လအတော်ကြာ ပိတ်သွားခဲ့ပြီ မဟုတ်ဘူးလား။ အဆောက်အဦး ၁၄ ကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်က လာငှားတဲ့သူတွေ မရှိခဲ့ဘူး။ နေထိုင်သူတွေဆို ပြောမနေနဲ့ ဘယ်သူက ဘယ်လို အော်ဒါမှာရမှာလဲ။ လူငယ်လေး.. မင်းဘာတွေ့ခဲ့တာလဲ"

တံခါးအပြင်ဘက်က ဦးလေးနှစ်ယောက်က ကြွားလုံးထုတ်​နေတာကို ရပ်လိုက်ပြီး ရှောင်ကျန်း ကို ဝင်ခွင့်ပေးဖို့ တံခါးကို ဖွင့်ပေးလိုက်သည်။

အစောင့်ခန်းထဲမှာ ထိုင်နေတဲ့ ရှောင်ကျန်း က ကျန်းရီ ရဲ့ အရင်ညွှန်ကြားချက်တွေကို လိုက်နာပြီး “ဦးလေး မိုးလင်းခါနီးနေပြီမို့ မကြောက်နဲ့နော်... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိလို့ပါ။

ဒီမြို့ မှာ ငါတကယ်မနေနိုင်တော့ဘူး။ ဒီရက်ပိုင်း သူမက လိုက်နှောက်ယှက်နေမှန်း မင်းတို့မသိဘူး၊ ငါသွားတဲ့နေရာတိုင်း သူမရှိနေတာ!”

ထိုအချိန်တွင် ရှောင်ကျန်း သည် မကျေမနပ်ခြင်းတွေနဲ့ ဆို့နင့်လာခဲ့သည်။

ဒါက သရုပ်ဆောင်နေတာ မဟုတ်ဘဲ စိတ်ခံစားမှုကြောင့်သာ ဖြစ်သည် ။ ဒါပေမယ့် ဒီထွက်လာတဲ့ စိတ်ခံစားမှုက အစောင့်ဦးလေးနှစ်ယောက်ရဲ့ သနားမှုကို ရခဲ့သည် ။

သို့သော်လည်း ရှောင်ကျန်း က သူ့တို့ကို သူမက နေရာတိုင်းတွင် တွေ့နိုင်သည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများက အနည်းငယ် ထိတ်လန့်သွားကြသည်။

"ဒါဆို မင်းသူ့ကိုတွေ့တုန်းက ဘယ်လိုပုံစံလဲ" အစောင့်ဦးလေးက ထပ်မေးလိုက်သည်။

ရှောင်ကျန်းက သူအရင်က ကျန်းရီကို ပြောခဲ့တဲ့ ဖြစ်စဉ်ကို တံခါးစောင့် နှစ်ယောက်ကို ပြောပြခဲ့တယ်။ အဲ့တာကို ကြားတော့ သူတို့ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်က မနေနိုင်ဘဲ တုန်ယင်သွားခဲ့သည်။

"လူငယ်​လေး မင်းငါတို့အိမ်ရာမှာ ဖြစ်ပျက်ခဲ့တာကို အစကတည်းက မင်းမသိခဲ့တာက မင်းအပြစ်ပဲ၊ မဟုတ်ရင် မင်း အဲဒီညကတည်းက သေအောင် ကြောက်နေလိမ့်မယ်။

“အခု သိသွား​ပြီလေ တကယ်ပါ ဦးလေးတို့မသိလို့ ဒီနှစ်ရက်အတွင်း ဘုရားကျောင်းမှာနေခဲ့ရတာ ။

ဘုရားကျောင်းမှာ နေခဲ့တုန်းက ကျွမ်းကျင်သူတစ်ယောက်နဲ့တွေ့ပြီး မိန်းကလေးသေဆုံးရတဲ့ အကြောင်းရင်းကို အရင်နားလည်ဖို့ ဒီကိုလာမေးခိုင်းခဲ့တယ်

ဦးလေးတို့ အဲ့ကောင်မလေး ဘယ်လိုသေသွားလဲ သိလား။ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံ ဝယ်ပြီးနောက်မှာ သူ့ချစ်သူနဲ့ ရန်ဖြစ်ခဲ့လို့ သူမက အမှန်တကယ်ပဲ သတ်သေခဲ့တာလား။

ရှောင်ချန်း ကမေးလိုက်တော့ အစောင့်ဦးလေးနှစ်ယောက်က ခေါင်းညိတ်ပြီး ပြောလိုက်တယ် "အဲဒါက ရဲတွေပြောခဲ့တာပဲ၊ ရဲစခန်းက လာရောက်စုံစမ်းတဲ့အခါမှာ သူမဟာ သတ်သေသွားခဲ့ကြောင်းကို အတည်ပြုခဲ့တယ်။

ဟေး... အဲဒီမိန်းကလေးက ပန်းပွင့်လေးလို လှပငယ်ရွယ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။

သနားစရာပဲ၊ ဒါပေမယ့် အခုခေတ်က လူတွေအတွက် တကယ်ကို အန္တရာယ်ရှိတယ်!"

"​​​ခေတ်က လူငယ်တွေကို ဒုက္ခပေးတာလား"

"ဟုတ်တယ်​လေ၊ ဘာလို့ တခြားသူတွေကို မထိခိုက်စေရမှာလဲ၊ ယောကျာ်းလေးတွေ ဘယ်လောက်ပင်ပန်းလိုက်လဲ ၊ ချစ်သူများနေ့၊ တရုတ်ချစ်သူများနေ့၊ အဖြူရောင် ချစ်သူများနေ့၊ အမျိုးသမီးများနေ့၊ ပြီးတော့ တစ်ချို့လူတွေက ချစ်သူများနေ့က လတိုင်းရှိတယ်လို့တောင် ပြောကြတယ်

အိုးမိုင်ဂေါ့.. မင်းတို့အရွယ် ကောင်လေးတွေ အခု တကယ်ကို သနားစရာ ကောင်းတယ်။

ပိုက်ဆံရှိတဲ့ မိသားစုကဆိုရင်တော့ အဆင်ပြေတာပေါ့၊ ပိုက်ဆံမရှိတဲ့ သူတွေကတော့ ရည်းစားထားဖို့ မစဥ်းစားနဲ့။”

“အဆောက်အအုံ ၁၄ ရဲ့ ၇ လွှာက မိန်းကလေးက အလိုလိုက်ခံထားရတာ။

သူ့ချစ်သူက လစဉ် လစာ ယွမ် ၁၀၀၀၀ အထက်ရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်။

ဒါပေမယ့် ဒီမိန်းကလေးက တစ်ခါမှ အလုပ်မလုပ်ဖူးသလို အွန်လိုင်းမှာလည်း စီးပွားရေးလုပ်ပုံလည်းမပေါ်ဘူး။

သူမဝတ်တဲ့နာရီက ယွမ် ၁၀၀၀၀ ကျော်ရှိပြီး သူမစီးတဲ့ဖိနပ်ကလည်း နာမည်ကြီးတံဆိပ်တွေထဲကပဲ

ယွမ်ထောင်ပေါင်းများစွာ ကုန်ကျပုံရတယ်။

ပွဲတော်တစ်ခုရှိတိုင်းမှာ သူမကို နှင်းဆီပန်းများစွာကို ကိုင်ဆောင်ထားတာကို အမြဲတွေ့မြင်နေရလေ့ရှိတယ်။

ပြီးတော့ သူ့ရည်းစားရဲ့လက်ကို ကိုင်ပြီး အိမ်ရာထဲကို ၀င်ခဲ့လေ့ရှိခဲ့တယ်။

“ငါတို့အိမ်ခြံမြေစီမံခန့်ခွဲမှုဌာနက အမျိုးသမီးဝန်ထမ်းတစ်ယောက်က သူ့ကို အရွှန်းဖောက်ပြောခဲ့တယ် အစ်မ၊ အမက အရမ်းကံကောင်းတယ်၊ အမရဲ့ချစ်သူက အမကို အရမ်းချစ်တာပဲ။

အဲဒီတုန်းက သူမ အရမ်းပျော်ခဲ့ပြီး စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။

မိန်းကလေးရဲ့ မိသားစု နောက်ခံက ဆင်းရဲတယ်လို့ ထင်ခဲ့တယ်။

အမှန်ပဲ သူ့မိဘတွေ တစ်ခေါက်လောက် ရောက်လာခဲ့တယ်

အံ့သြစရာမဟုတ်ပါဘူး သူမရဲ့ မိဘတွေက သာမာန်ကျေးလက်မှာ နေတဲ့သူတွေဖြစ်တယ်။ မိန်းကလေးရဲ့ မိဘတွေက သူမရဲ့သူငယ်ချင်းတွေ အကြောင်းကို ကြွားတဲ့အခါတုန်းက သူမကိုတောင် ကြိမ်းမောင်းခဲ့သေးတယ်"

“အဲ့လို အဆူခဲရပြီး ရက်အတော်ကြာတော့ မိန်းကလေးက ယွမ် ၈၀၀၀ ကျော်တန်တဲ့ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝယ်လိုက်တယ်။

ကောင်မလေးသေဆုံးတဲ့ မနက်ခင်းမှာ ကောင်လေးက အဲ့သတင်းကြားတော့ အပြေးပြန်လာခဲ့ပြီး အလောင်းဘေးမှာ ထိုင်ကာ ငိုပြီး သူမကို မချစ်လို့မဟုတ်ပါဘူး သူ တကယ်ကို သည်းမခံနိုင်တော့လို့ပါလို့ ဆိုခဲ့တယ်။

သူ့ခရက်ဒစ်ကတ်က ကုန်ဆုံးသွားပြီဖြစ်ပြီး အဲ့ဒီယွမ် ၈၀၀၀ ကျော်က သူ့လစာသာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ စားဖို့သောက်ဖို့ကလည်း ရှိသေးတယ်လေ အဲ့တာကြောင့် ကောင်မလေးကို ဆူပူကြိမ်းမောင်းခဲ့တာ“

“ဟေး… ကောင်မလေးက ဆိုးသွမ်းတဲ့ မိန်းကလေးလို့လည်း ပြောလို့ မရဘူး။

ငွေဆိုတာ ငယ်ငယ်ကတည်းက ခက်ခက်ခဲခဲ ရှာရမှန်း သူမှ မသိခဲ့တာ။

သူမဟာ အမြဲစျေးကြီးတာတွေ ဝတ်ပြီး ပစ္စည်းလာပို့တဲ့လူတွေကလည်း နေ့တိုင်းရှိတဲ့အတွက် သူမကို အားလုံးက သိခဲ့ကြတာ။

ဒါပေမယ့် ကောင်လေးရဲ့မိဘတွေရောက်လာတဲ့အခါမှာလည်း သူမက အရမ်းကို လိမ္မာ​ရေးခြားရှိပြီး၊ ယဉ်ကျေးသိမ်မွေ့နေခဲ့တယ်။ ကောင်လေးရဲ့ မိဘတွေကတောင် သူမကို အရမ်းသဘောကျခဲ့တယ် “

“လူငယ်လေး မင်းကို တစ်ခုပြောမယ် မင်းမှာ ရည်းစားရှိတာ မရှိတာ ကိစ္စမရှိဘူး၊ သူကို အလိုလိုက်ပြီး ချစ်ပေးလို့ရတယ် ဒါပေမယ့် မင်းရဲ့ အတိုင်းအတာနဲ့ပဲ အလိုလိုက်ရမယ်၊ မင်း မျက်စိစုံမှိတ် မလုပ်ရဘူး၊ ဒါမှမဟုတ်ရင် မင်းအတွက်သာမကပဲ မင်းရည်းစားကိုပါ ထိခိုက်စေလိမ့်မယ်”

တံခါးစောင့်တစ်ယောက်က စိတ်အားထက်သန်စွာ သတိပေးလိုက်တဲ့အခါ ရှောင်ကျန်း က ပြုံးလိုက်မိသည်။ အခြားဦးလေးတစ်ယောက်က ရုတ်တရက်မေးလိုက်သည် “ဟေ့ လူငယ်လေး၊ ဖိနပ်ဝယ်လိုက်လို့ သတ်သေသွားတယ်လို့ ဘယ်မှာကြားခဲ့တာလဲ၊ ယုတ္တိအရပြောရရင် ဒါကို သိတဲ့သူက

ဒီမှာ သိပ်မရှိဘူး။

အဲ့နေ့က ငါတို့ရဲ့ စီမံခန့်ခွဲရေးက လူတွေနဲ့ ရဲစခန်းက သူတွေက စောင့်ကြပ်နေခဲ့​ကြတာ

ဒီအိမ်ရာအတွင်း နေထိုင်သူ တော်တော်များများက အကြောင်းရင်းကို တိတိကျကျ မသိကြဘူး။

ဒါကိုကြားလိုက်ရတော့ ရှောင်ကျန်း က “ယူနစ် ၂၊ အဆောက်အဦး ၂ ရဲ့ ၁၉ လွှာမှာ နေထိုင်သူတဦးက ပြောပြခဲ့တာ”

အစောင့်ဦးလေးနှစ်ယောက်က ထိုစကားကို ကြားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်ခဲ့ကြသော်လည်း ရုတ်တရက် မျက်နှာများ ပြောင်းလဲသွားကာ “မင်းဘာတွေပြောနေတာလဲ၊ ဘယ်အဆောက်အအုံ၊ ဘယ်အခန်း၊ ဘယ်ထပ်လဲ”

“အဆောက်အဦး ၂၊ ယူနစ် ၂၊ ၁၉လွှာ”

“သူမက ဆံပင်ရှည်ပြီး နည်းနည်းထွားတဲ့ မိန်းကလေးလား။”

“ဟုတ်တယ်!”

“အိုး... အဲဒီ အဆောက်အဦးမှာလည်း သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်နေရင်း ပြုတ်ကျသေဆုံးသွားခဲ့တာ၊ အဲဒီအိမ်မှာ နှစ်နှစ်ကျော်ကြာအောင် ဘယ်သူမှ မနေတော့ဘူး”

အ​စောင့်ဦးလေးနှစ်ယောက်က ကြောက်လန့်တကြားနဲ့ ထခုန်လိုက်ချိန်မှာ ရှောင်းကျန်း ကတော့ လုံးဝကို ထိတ်လန့်ဆွံအသွားခဲ့သည် ။

All Chapters