← Chapters

အခင်းဖြစ်ပွားခဲ့တဲ့ နေရာ

Vol. 6 Ch. 79

အခင်းဖြစ်ပွားခဲ့တဲ့ နေရာ

Vol. 6 Ch. 79

အဆောက်အဦ ၁၄ အခန်းနံပါတ် ၇၀၁ ရဲ့ အိမ်ရှင်သည် အလွန်လျင်မြန်စွာပဲ ရောက်လာခဲ့သည်။ ဖုန်းပြောပြီးတာနဲ့ သူချက်ချင်းပဲ မောင်းလာခဲ့သည်။

တကယ်တော့ သူ့အိမ်မှာ အိမ်ငှားနေတဲ့သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာလေ။ အိမ်က တကယ်သန့်ရှင်းနေရင်တောင်မှ သူ့နှလုံးသားထဲမှာတော့ အရိပ်မဲတစ်ခုက ရှိနေတုန်းပါပဲ။

ဒါကြောင့် ဒီကိစ္စကို သူ့ထက် ပိုဖြေရှင်းချင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး။ ထိုကြောင့် အခုလို မိုးလင်းခါနီးပြီ မဆိုထားနှင့် ညနက်သန်းခေါင်မှာတောင် ဖုန်းခေါ်ခဲ့ရင် သူ့အနေနှင့် ပြေးလာရပေလိမ့်မယ်။

အဲဒီကို အိမ်ပိုင်ရှင် ရောက်တဲ့အခါ အိမ်ရှင်က ရှောင်ကျန်းရဲ့ ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ကျန်းရီ ကို တွေ့ခဲ့လိုက်တယ်။

“မစ္စတာအိမ်ရှင် မင်းမကြောက်တက်ရင် ငါတို့နဲ့လိုက်ခဲ့လို့ရတယ်။ မလိုက်ချင်ရင်လည်း အစောင့်ခန်းထဲမှာပဲ စောင့်နေလို့ရတယ်။”

“ငါ..မလိုက်ရင် ပိုကောင်းမယ်’

အိမ်ရှင်က နည်းနည်းကြောက်နေတုန်းပါပဲ၊ အထူးသဖြင့် ဒီအဖြစ်အပျက်ကို ကြားလိုက်ရတော့ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ထားတဲ့အိမ်ဖြစ်နေတာတောင်မှ သွားရမှာကို ကြောက်နေတုန်းပါပဲ။

သို့သော်လည်း တံခါးစောင့် ဦးလေးတစ်ယောက်က လေးလေးနက်နက်ကြည့်ကာ “ငါ ဒီလူငယ်လေးနဲ့ လိုက်ခဲ့မယ်။ အဲဒီညက တံခါးလာခေါက်တဲ့ကိစ္စကို ငါအခဲမကြေသေးဘူး၊ ပြီးတော့ ဒီမိန်းကလေးက လူတွေကို ထပ်ခြောက်ဖို့ ရှိနေသေးလားဆိုတာ သိချင်သေးတယ်”

“ကောင်းပြီ အန်ကယ်ဖန်၊ ရှောင်ကျန်း နဲ့ အဆောက်အဦး ၁၄ ကို လိုက်သွားလိုက်ပါ။”

ကျန်းရီ က ပြောလိုက်ပြီး နှစ်ယောက်သား အစောင့်ခန်းထဲက အတူတူ ထွက်လာခဲ့တယ်။

အဆောက်အဦး ၁၄ ဆီသို့ တလျှောက်လုံး လမ်းလျှောက်ခဲ့ကြပြီး ဓာတ်လှေကားထဲသို့ ရှောင်ကျန်း ဝင်တော့မည့်အခိုက်တွင် တံခါးစောင့် ဦးလေက “ငါတို့ ​လှေကားကတက်ရင်ကော? ဓါတ်လှေကားက တက်ရတာ မလုံခြုံဘူးလို့ တယောက်ယောက်က ပြောတာကို ကြားလိုက်ရတယ်။

“မိုးလင်းနေပြီပဲ၊ စိတ်မပူပါနဲ့”

ကျန်းရီ က ပြောလိုက်တယ်၊ အဲ့အချိန်မှာပဲ ရှောင်ကျန်း နဲ့ ဦးလေးဖန်း တို့ဟာ ဒီမိုးလင်းတော့မဲ့ အချိန်မှာပဲ အခန်း ၇၀၁ ဆီကို ဓာတ်လှေကားနဲ့ တက်သွားလိုက်တယ်။

ရှောင်ကျန်း သော့ကိုကိုင်ကာ တံခါးကို ဖွင့်လိုက်သည်။ သော့ထည့်ပြီးနောက်မှသာ တံခါးက လုံးဝသော့မခတ်ထားကြောင်း တွေ့ရှိခဲ့ရသည်။

သူ့လက်ကို ဆန့်လိုက်ပြီး တံခါးလက်ကိုင်ကို ဆွဲတွန်းလိုက်သည်နှင့် “ကျွီ” ဟူသော အသံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသို့ ထွက်ပေါ်လာခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် အိမ်အတွင်းမှ လေပြင်းများ တိုက်ခတ်လာခဲ့သည်။

မနက်ခင်းလေက အရမ်းကို အေးနေခဲ့တယ်။

ထိုလေတိုက်ခတ်လာသောကြောင့် အန်ကယ်ဖန်းသည် မနေနိုင်ပဲ တုန်ယင်သွားခဲ့သည်။

ပြတင်းပေါက်တွေကို အကြာကြီး မဖွင့်ထားသလိုမျိုး အိမ်ထဲမှာလည်း အနံ့အသက်ဆိုးတွေ ရံဖန်ရံခါ ထွက်လာ​နေခဲ့တယ်။

သူတို့ ဝင်လာတော့ ပြတင်းပေါက်တွေ အကုန်ပိတ်ထားတာကို တွေ့လိုက်ရတယ်။ အန်ကယ်ဖန်း နှင့် ရှောင်ကျန်း တို့သည် လေဘယ်ကနေ ရောက်လာသည်ကို အ​ဖြေရှာမရ ဖြစ်နေကြသည်။

ဒီအိမ်သည် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော စတုရန်းမီတာ ရှစ်ထောင်ရှိသည်။

အိမ်ရဲ့ ပရိဘောဂတွေနဲ့ အလှဆင်ထားတာ​တွေကို ကြည့်လိုက်မယ်ဆိုရင် ငှားရမ်းခမှာ တစ်လလျှင် နှစ်ထောင်မှ သုံးထောင်အထိ ရှိနိုင်သည်။

ဒါပေမယ့် အိမ်က အရမ်းကို သပ်ရပ်နေတယ်။

အိမ်မှာရှိတဲ့ ပရိဘောဂတွေကို ကြည့်လိုက်ပြီး အန်ကယ်ဖန်းက “အခင်းဖြစ်ပွားပြီးတဲ့နောက် ရဲစခန်းက အမှုကို သေဆုံးသူက သတ်သေခဲ့ကြောင်းကို အတည်ပြုပြီးတဲ့နောက် အိမ်ပိုင်ရှင်က လာရောက်ပြီး တစ်ကြိမ် သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။”

“ဒါဆို မင်းဒီမှာ သဲလွန်စလေးဘာလေး တွေ့ရတော့ဘူးပေါ့"

“ ဒါပေမယ့် စတွင်မာရေ ဒီအိမ်မှာ တစ်ခုခု မှားယွင်းမှု ရှိမရှိကို အနီးကပ်ကြည့်ပေးပါအုံး။

ပြောရရင် တစ်စုံတစ်ယောက်က ဒီမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပဲလေ။”

ကျန်းရီက ခေါင်းညှိတ်လိုက်ပြီး အခန်းရဲ့ အပြင်အဆင်ကို ကြည့်လိုက်တယ်၊ ပြီးနောက် ခေါင်းယမ်းပြလိုက်ပြီး ရှောင်ကျန်း ကို "အဲဒီညက ပစ္စည်း လာပို့ပေးခဲ့တုန်းက မိန်းကလေးက ဘယ်အခန်းက ထွက်လာတာလဲ။”

"အဲ့ဒါက ဘယ်ဘက်မှာပါ။"

အန်ကယ်ဖန်းသည် ဘယ်ဘက်ရှိ အခန်းတံခါးကိုဖွင့်လိုက်သည်။

"အန်ကယ်ဖန်း၊ ကောင်မလေးက ဒီအခန်းထဲမှာ သေနေတာကို တွေ့ခဲ့တာ မလား"

"မှန်ပါတယ်၊ ဒီအခန်းထဲမှာဘဲ။ အဲဒီ့ကောင်မလေးက ခုတင်ပေါ်မှာ လဲလျောင်းနေခဲ့တာ။ အိပ်ယာခင်းတွေနဲ့ အရာအားလုံးက သွေးတွေနီရဲနေခဲ့တယ်။ ကောင်မလေးက အရမ်းကို သနားစရာကောင်းတယ်။ သွေးတွေအကုန်လုံးက သူ့ခန္ဓာကိုယ်က ထွက်လာပြီး သူက အရမ်းဖြူဖျော့နေခဲ့တယ်။ ဘယ်လိုဖော်ပြရမလဲတောင် မသိဘူး။”

"ရှောင်ကျန်း အဲဒီညက သူမကိုတွေ့တော့ သူ့ခြေလက်တွေ အရမ်းဖြူဖပ်ဖြူရော် ဖြစ်နေတယ်လို့ ပြောခဲ့တယ်မလား"

“ဟုတ်ပါတယ်၊ အရမ်းကို ဖြူနေခဲ့တာ”

“အခန်းထဲ သွားကြည့်လိုက်ပါလား။”

ကျန်းရီက ပြောလိုက်ရာ ရှောင်ကျန်း နဲ့ အန်ကယ်ဖန်း နှစ်ယောက်လုံး အိပ်ခန်းထဲသို့ ၀င်သွားခဲ့ကြသည်။ အခန်းထဲတွင် ကုတင်တစ်လုံးသာ ကျန်ခဲ့ပြီး အိပ်ယာခင်းများနှင့် ကျန်တာ အားလုံးကို သိမ်းသွားခဲ့သည်။

ဗီရိုထဲမှာလည်း ဘာမှမရှိနေခဲ့ဘူး။ အန်ကယ်ဖန်းက အိမ်ပိုင်ရှင်က သန့်ရှင်းရေးလုပ်တုန်းက အားလုံးကို ယူသွားပြီး မီးရှို့ခဲ့တယ်လို့ ပြောတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေက ဘာမှ မတောင်းဆိုခဲ့ပါဘူး။ ဒါ့အပြင်ကို ကွယ်လွန်သူက ဒေသခံ မဟုတ်တဲ့အတွက်ကြောင့် ၎င်း၏မိဘများ ရောက်ရှိလာသောအခါမှာ ပစ္စည်းအများအပြားကို ယူဆောင်သွားခြင်း မရှိခဲ့ပေ။

ကျန်းရီ က ခေါင်းညှိတ်လိုက်သည်။ ဖုန်းကနေတဆင့် အခန်းတစ်ခုလုံးကို ချုံကြည့်လိုက်ပြီး “ ရှောင်ကျန်းက ပြောတယ် ဖိနပ်ကို သွားယူခဲတုန်းက ဖိနပ်အတွင်းပိုင်းမှာ စေးကပ်နေပြီး သူ့လက်ထဲမှာ ဖိနပ်ကို ကိုင်ထားတုန်းကလည်း

အေးစက်နေတဲ့ လက်ချောင်းတွေကို ကိုင်ထားရသလိုပဲတဲ့

အန်ကယ်ဖန်း အဲ့အချိန်က ဖိနပ်ကို တွေ့လိုက်တာနဲ့ အထဲမှာ သွေးတွေ ရှိနေတယ် မဟုတ်လား”

“ဟုတ်​တယ်​ ​သွေး​တွေရှိနေခဲ့တယ်။”

“ဒါဆို သူမက တကယ်ကို သတ်သေခဲ့တာဖြစ်ပြီးတော့ လူသတ်မှုလို့ သံသယ မရှိခဲ့ဘူး။ ဖြစ်နိုင်တာက သူမသေဆုံးပြီးတဲ့ နောက်မှာ သူမရဲ့ နှလုံးသားထဲမှာ နာကြည်းမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် သူမက လိုက်ခြောက်နေတယ်ဆိုတဲ့ သဘောပေါ့

အိပ်ယာခင်းတွေ အားလုံးက သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်ဆိုတော့ တခြားနေရာတွေမှာများ သိသာထင်ရှားတဲ့ သွေးစွန်းထင်းနေတာတွေ ရှိခဲ့သလား”

ကျန်းရီ က မေးလိုက်ရာ အခင်းဖြစ်ပွားရာကို ရောက်ဖူးခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အန်ကယ်ဖန်း က ခေါင်းခါပြီး “မဟုတ်ဘူး၊ အခန်းထဲမှာပဲ ရှိတယ်။”

“သူမက ဖိနပ်ကို မစီးခဲ့ပဲ သူမရှေ့မှာ တင်ထားခဲ့တယ်။

ပြီးတော့ သူမရဲ့ သွေးတွေကို ဖိနပ်ထဲမှာ တမင်တကာ ရှိစေခဲ့ပြီး ပြတင်းပေါက်ကနေ အဆောက်အဦး အောက်ခြေအထိ ပစ်ချခဲ့တယ်။

အဲ့အချိန်မှာ ပြတင်းပေါက်နဲ့ ကြမ်းပြင်မှာ သွေးတွေ စွန်းထင်းနေခဲ့တယ်။ ပြီးတော့ သွေးအလွန်အကျွံကုန်ဆုံးပြီးတဲ့နောက် ပန်းနွမ်းနယ်လာပြီး အိပ်ရာပေါ်ကို လဲကျခဲ့တယ် ထင်တယ် “

ကျန်းရီက ပြောပြီးတဲ့အခါ အန်ကယ်ဖန်း က “အံ့သြစရာပဲ။ အဲ့​ကောင်မလေးကို အရေးပေါ် ကယ်ဆယ်ဖို့ အိမ်ထဲကို အပြေးအလွှားသွားတုန်းက အဲ့မိန်းကလေးက ကုတင်ပေါ်မှာ ​ခွေခွေလေးရှိနေခဲ့တာ”

“ခန့်မှန်းရတာ သိပ်မခက်ပါဘူး၊ သြော်.. ဒါနဲ့ အဲဒီအချိန်မှာ သူ့မျက်လုံးတွေက စိုက်ကြည့်နေပြီး မမှိတ်ထားဘူးမလား” ကျန်းရီက မေးလိုက်သည်။

အန်ကယ်ဖန်း က “သူမ မျက်လုံးတွေက မှိတ်ထားနေခဲ့တာ။

“ဒါဆို သူမမျက်နှာက တံခါးကို မျက်နှာမူပြီးတော့ ခေါင်းက ကုတင်ရဲ့ အဆုံးမှာ၊ ပြီးတော့ သူမခြေထောက်တွေက ကုတင်ခေါင်းရင်းမှာ ရှိနေတယ်မလား။”

“ဟုတ်ပါတယ်၊ ဒါက ထူးခြားတဲ့ အဓိပ္ပာယ်ရှိနေခဲ့တာလား။”

ကျန်းရီ က မျက်မှောင်ကြုတ်ပြီးတော့ ပြောလိုက်တယ် “ဒါမျိုးက မဖြစ်သင့်ဘူး​လေ။

ဘာလို့ မျက်လုံးတွေမှိတ်ထားတာလဲ။ သူမက ဒီလောက် နာကြည်းမှုတွေနဲ့ သေဆုံးသွားခဲ့တာကို။

တကယ်တမ်းပြောရရင် သူမက မျက်လုံးဖွင့်ပြီးတော့ တံခါးကို ကြည့်နေခဲ့သင့်တာကို။

ခဏ... သူသေပြီးနောက် ဘာဖြစ်သွားလဲဆိုတာ ငါနားလည်ပြီ...

သူမရဲ့ နာကြည်းမှုတွေက ပျောက်ကွယ်သွားခဲ့တယ်၊ ဒါပေမယ့် သူမသေဆုံးပြီးတဲ့ နောက်မှာ တစ်ခုခုဖြစ်ခဲ့ပြီးတော့ နာကြည်းမှုတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်လာခဲ့တယ်၊ ပြီးတော့ အခုလက်ရှိအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့တယ်။

ရှောင်ကျန်း၊ အန်ကယ်ဖန်း အဲဒီမိန်းကလေးရဲ့ ချစ်သူနဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှိလား။

"အရင်ကတော့ ဖုန်းနံပါတ် ရှိခဲ့ပေမယ့် အခုချိန် ဆက်လို့ ရနိုင်မလားတော့ မသိဘူး။"

သူစကားပြောနေစဉ်မှာပဲ အန်ကယ်ဖန်းက အစောင့်ခန်းရှိ အခြားအစောင့်ကို ဖုန်းခေါ်လိုက်သည်။ အခြားအစောင့်က ဖုန်းနံပါတ်ပေးလိုက်သော်လည်း ဖုန်းခေါ်လိုက်သောအခါတွင် နံပါတ်သည် ဗလာဖြစ်နေကြောင်း သိလိုက်ရသည်။

" ခဏစောင့်​​အုံး​.. အရာရှိချင်း မင်းရှိ​နေ​သေးလား"

ကျန်းရီက မေးလိုက်တယ်၊ ဒါပေမယ့် ချင်းဟို က ပြန်မဖြေခဲ့ဘူး။ အဲဒီအစား အခြားကြည့်ရှုသူတစ်ယောက်က "ငါက ခေါင်းဆောင်ကျင်း ပါ။ ငါစုံစမ်းမေးမြန်းဖို့ အဲ့ဒီမြို့ရဲစခန်းကို ဖုန်းဆက်လိုက်မယ်။ မစ္စတာကျန်းက အဲ့ကောင်မလေးရည်းစားရဲ့ တည်နေရာကို သိချင်တာလား"

ကျန်းရီ သည် ခေါင်းဆောင်ကျန်း ပေါ်လာခဲ့သောကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေဆဲပဲဆိုတာကို သူ မမျှော်လင့်ခဲ့ပေ။

"ကောင်းပြီ ဒါဆို ငါက ခေါင်းဆောင်ကျင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့။"

"ရပါတယ်။ အခြားသူတွေထက် ကျွန်တော်က ဒါကိုလုပ်ရတာ ပိုအဆင်ပြေတယ်လေ။ ခဏလောင်စောင့်တာနဲ့ သိရတော့မှာပါ"

ခေါင်းဆောင်ကျင်း က ပြောလိုက်သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် အခြားဒေသရှိ ရဲစခန်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် အထူးအဆန်းမဟုတ်သောကြောင့် ၎င်း၏ဖုန်းခေါ်ဆိုမှုသည် ရှောင်ကျန်း၏ ရဲစခန်းထံ ခေါ်ဆိုခြင်းထက် ပိုမိုထိရောက်ပေလိမ့်မည်။

အချိန်ခဏကြာစောင့်ဆိုင်းပြီးနောက် ခေါင်းဆောင်ကျင်းက ကျန်းရီ ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ဒါပေမယ့် သူပြောလိုက်သည်နှင့် ခေါင်းဆောင်ကျင်း၏ လေသံမှာ အထူးလေးနက်နေခဲ့သည်။

" ရဲတွေပြောခဲ့တာက အဲ့ဒီ မြို့က ထွက်သွားပြီးတဲ့ နောက်နေ့မှာပဲ ချီဖေး ရဲ့ ချစ်သူ ဟီယမ် က သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး သတ်သေခဲ့တယ်တဲ့!"

All Chapters