သူမလာနေပြီ
Vol. 6 Ch. 80
ချီဖေး ရဲ့ ချစ်သူ ဟီယမ် သည် မြို့မှ ထွက်ခွာသွားပြီး နောက်နေ့တွင် ၎င်း၏ လက်ကောက်ဝတ်ကို ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိတ်သတ်တွေနှင့် ရှောင်ကျန်း၊ အန်ကယ်ဖန်းတို့၏အမူအရာမှာ အလွန်အံ့သြသွားနေသော်လည်း ကျန်းရီကတော့ အလွန်ကို တည်ငြိမ်နေသည်။
သူ လုံးဝ မအံ့သြခဲ့ပါဘူး။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေနဲ့ ခေါင်းဆောင်ကျင်း က သူ့ကို မေးလိုက်တယ်။
“မစ္စတာကျန်း၊ ဟီယမ်က သေချာပေါက် သေမယ်လို့ မင်း ခန့်မှန်းထားတာလား”
ခေါင်ဆောင်ကျန်း သည် ယခုအချိန်တွင် ရဲတစ်ယောက်ရဲ့ ဗီဇကြောင့် ကျန်းရီ ၏ တုံ့ပြန်မှုအပေါ် သိသိသာသာ မှန်းဆနေမိတော့သည်။
ကျန်းရီ က မှုခင်းဖြစ်ပွားတဲ့ တံခါးကို ညွှန်ပြပြီး “ချီဖေး သေဆုံးတဲ့အချိန်တုန်းက တံခါးနားမှာ ရပ်နေတဲ့လူတစ်ယောက် ရှိတယ်” လို့ ပြောလိုက်တယ်။
“လူတစ်ယောက်ရပ်နေခဲ့တာလား? လူတစ်ယောက်က ချီဖေး သေနေတာကို သူ့မျက်လုံးနဲ့ကြည့်နေခဲ့တာလား?!” အန်ကယ်ဖန်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျန်းရီ က ခေါင်းခါလိုက်ပြီး “အတိအကျပြောရရင် သူက လူမဟုတ်ဘူး၊ သူက ၁၉ ထပ်က တစ်ယောက်ပဲ”
ကျန်းရီ ၏ စကားပြီးသောအခါတွင် အန်ကယ်ဖန်း နှင့် ရှောင်ကျန်းတို့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဒါပေမယ့် မကြာခင်မှာပဲ ကျန်းရီ က “မိုးလင်းနေပြီဆိုတော့ ဆက်လက်စစ်ဆေးလည်း ထူးလာမှာမဟုတ်ဘူး။ ရှောင်ကျန်း ဒီည ကျန်းလန်အိမ်ရာကို ပြန်လာခဲ့ရမယ်။ အန်ကယ်ဖန်း ဒီကိစ္စရပ်တွေကို လောလောဆယ် ကျွန်တော်တို့အတွင်းမှာပဲ ချုပ်ကိုင်ထားရမယ်။ ဦလေးတို့ရဲ့ အထက်လူကြီးတွေကို မပြောပြနဲ့အုံး။ မလိုလားအပ်တဲ့ ဒုက္ခတွေကို ရှောင်ရှားဖို့အတွက်။”
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး!” အန်ကယ်ဖန်းက သဘောတူလိုက်သည်။
ရှောင်ကျန်းက ဘာပြဿနာမှမရှိကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရီ က ခဏလောက်စဉ်းစားပြီး “စကားမစပ် ၁၉ ထပ်ကနေ ပြုတ်ကျခဲ့တဲ့ မိန်းကလေးက မြေပြင်ကို ဦးခေါင်းနဲ့အရင်ထိတာလား ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ အရင်ထိခဲ့တာလား?”
“သူခေါင်းက မြေပြင်နဲ့ အရင်ထိခဲ့တာဖြစ်မယ်။”
“အိုခေ၊ ဒီကိစ္စကိုဖြေရှင်းဖို့ ညအထိစောင့်ရမယ်။ အခုက အချိန်မလောက်တော့ဘူး၊ ကောင်းကင်က လုံးဝတောက်ပနေပြီ။ အခုချိန် ချီဖေးရော တခြားဘယ်သူမှ မထွက်လာနိုင်တော့ဘူး”
ကျန်းရီ ကပြောလိုက်ပြီး အားလုံးက ခေါင်းညိတ်လိုက်ကြတယ်။
“တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာပဲအဆုံးသတ်တော့မယ်။ ရှောင်ကျန်း ကျေးဇူးပြုပြီး ပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်ပါအုံး။ ညမမှောင်ခင်မှာ ကျန်းလန်အိမ်ရာကို ပြန်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်နေဖို့ မမေ့နဲ့။ ပြီးတော့ နေ့ခင်းဘက်မှာလည်း ဘယ်ကိုမှ လျှောက်သွားမနေနဲ့အုံး”
ရှောင်ကျန်း က လေးလေးနက်နက် ခေါင်းညှိတ်လိုက်ပြီး ကျန်းရီက ထုတ်လွှင့်မှုကို ပိတ်ခါနီးတွင် ရှောင်ကျန်းက “စတွင်မာ ငါ... မင်းကို ဒီကိုလာဖို့ ဖိတ်ခေါ်လို့ရမလား... ဒီမြို့ ကို လာခဲ့ပါလား စိတ်မပူပါနဲ့ ခရီးစရိတ်အားလုံးကို အကုန်အကျခံပါ့မယ်။
ပိုက်ဆံအများကြီးသုံးရတာ ရှက်စရာကောင်းမှန်းသိပေမယ့်...
စတွင်မာသာ ဒီမြို့ကို လာခဲ့ရင် ငါ ပိုသက်တောင့်သက်သာ ခံစားရလိမ့်မယ်။”
ကျန်းရီဆီကရတဲ့ လုံခြုံမှုသည် ပရိသတ်များ၏ နှလုံးသားထဲတွင် တုနှုင်းမဲ ဖြစ်နေသည်။
ထို့အပြင် ရှောင်ကျန်း သည် ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျန်းရီ က သူ့ကို ပြုံးပြီးတော့ “ ငါ အဲ့ဒီကို လာစရာ မလိုပါဘူး၊ ပိုက်ဆံကြောင့်လည်း မဟုတ်ဘူး။ ဒီည တိုက်ရိုက်ထုတ်လွှင့်တာကို စောင့်နေ။ အားလုံး ရှင်းသွားလိမ့်မယ်။ မင်းကိစ္စတွေက သဘာဝအတိုင်းပဲ ပြေလည်သွားလိမ့်တယ်။”
“ကောင်းပါပြီ၊ ငါမင်းစကားနားထောင်ပါ့မယ်။”
ရှောင်ကျန်း ပြောြပီးတာနဲ့ ကျန်းရီ သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို ပိတ်လိုက်သည်။
သူနေခဲ့တဲ့နေရာကို ကားနဲ့ပြန်စီးခဲ့ပြီး အိမ်ပြန်ရောက်တော့ ညနေစောင်းနေခဲ့ပြီဖြစ်သည်။
ရေမိုးချိုး တစ်ခုခုစားလိုက်ပြီး လက်ဖက်ရည်ပူပူတစ်ခွက်ဖျော်လိုက်ကာ ကွန်ပျူတာရှေ့ထိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အလျင်စလိုမလုပ်သေးဘဲ ညမိုးချုပ်တဲ့အထိ စောင့်နေခဲ့လိုက်တယ်။
တကယ်တော့ သူ့စိတ်ထဲမှာ ရှောင်ကျန်း တွေ့ကြုံခဲ့ရတဲ့ ကိစ္စေတွရဲ့ အကြမ်းဖျင်းကို သိထားပြီးနေပါပြီ၊ ဒါပေမယ့် သူ အဖြေရှာမရသေးတဲ့ အရာတစ်ခုရှိပါတယ်။
အဲ့ဒါက ဘာကြောင့် သရဲမ ချီဖေး က ရှောင်ကျန်းကို လိုက်ခြောက်နေရတာရယ်၊ ပြီးတော့ ရှောင်ကျန်း ရဲ့ အိမ်အောက်ထပ်မှာ ဘာကြောင့် ရှောင်ကျန်းရဲ့ ဓာတ်ပုံကို ဖိနပ်နဲ့ရိုက်နေရတာလဲ ဆိုတာပါပဲ။
ဒါက ရိုးရှင်းတဲ့ ခြောက်လန့်မှုတစ်ခု တော့ မဟုတ်ပါဘူး။ ဟီယမ်ရဲ့ သေဆုံးမှုက ပြဿနာကို ရှင်းပြထားပြီးဖြစ်ပါတယ်။ ဟီယမ် ၏သေဆုံးမှုသည် ချီဖေး နှင့် ဆက်စပ်နေရမည်ဖြစ်သည်။
ခေါင်းဆောင်ကျင်း သူ့ဆီ လွှဲပြောင်းပေးခဲ့တဲ့ အချက်အလက် အပိုင်းအစတစ်ခုပါရှိနေတဲ့ ဖိုင်တွဲတစ်ခုကို ဖွင့်ကြည့်လိုက်တယ်။
ကျန်းရီ သည် ယခု ခေါင်းဆောင်ကျင်းလို လူများနှင့် တိတ်တဆိတ် နားလည်မှုတစ်ခုကို ယူထားခဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်ကျင်းကဲ့သို့ လူများသည် ကျန်းရီ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ရှာဖွေမနေတော့ပါဘူး။ ပြီးတော့ ကျန်းရီက ဒုက္ခပေးနိုင်ချေ ရှိမရှိကို စိုးရိမ်နေစရာလည်း မလိုအပ်တော့ပါဘူး။
နှစ်ဖက်စလုံးသည် လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင်၊ အသီးသီး သူတို့လုပ်သင့်သည့် ကိစ္စများကိုသာ လုပ်နေခဲ့ကြသည်။
လက်ဖက်ရည်သောက်ရင်း ဖိုင်ထဲက ဟီယမ် ရဲ့ သေဆုံးတဲ့ ဖိုင်ကို ကြည့်လိုက်တယ်။
တစ်ချိန်တည်းမှာပင် ချီဖေးရဲ့သေဆုံးခဲ့တဲ့ ဖိုင်လည်းပါဝင်နေခဲ့တယ်။
အထူးသဖြင့် ဓာတ်ပုံကနေ သေဆုံးသူနှစ်ဦးရဲ့ ရုပ်သွင်ကို ကြည့်ရင်း၊ ကျန်းရီ သည် ဟီယမ်ရဲ့ သေဆုံးမှုသည် ချီဖေး နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း ပို၍သေချာလာခဲ့သည်။
ဒါပေမယ့် ဟီယမ် ရဲ့မျက်နှာက တံခါးကို မျက်နှာမူထားပြီး သူ့ခေါင်းက ကုတင်စွန်းမှာရှိနေပြီး သူ့ခြေထောက်တွေက ကုတင်ခေါင်းရင်းမှာ ရှိနေခဲ့တယ်။
နှစ်ယောက်စလုံးက မျက်လုံးတွေ မှိတ်ထားခဲ့ကြတယ်။
ဤဖိုင်ကိုဖတ်ပြီးနောက် ကျန်းရီ သည် အပြင်ဘက်တွင် မှောင်နေပြီဆိုတာကို သတိထားမိလိုက်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်လိုက်သည်။
ရှောင်ကျန်း အွန်လိုင်းမှာ ရှိနေတာကို တွေ့တာနဲ့ ကျန်းရီ က သူ့ကို ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်သည်။
ရှောင်ကျန်း ဝင်လာပြီးနောက် အန်ကယ်ဖန်း လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ကျန်းရီက သူတို့ကိုကြည့်ရင်း ပြုံးပြီးမေးလိုက်တယ် "အဆင်သင့်ဖြစ်ပြီလား။ အဲ့ဒီမြို့ရဲ့ ကောင်းကင်က လုံးဝမှောင်နေပြီလား"
"လုံးဝမှောင်နေပါပြီ၊ ငါတို့ ဘယ်သူ့ကိုမှ မပြောထားပါဘူး။ အားလုံးက ပုံမှန်အတိုင်းပါပဲ"
ကျန်းရီက ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ရှောင်ကျန်း ကို တိုက်ရိုက်ကြည့်လိုက်ပြီး "အခု အဆောက်အဦး ၁၄၊ အခန်း ၇၀၁ ကိုသွားလိုက်ပါ၊ နောက်ငါ ဘာပဲလုပ်ခိုင်းပါစေ၊ မငြင်းပါနဲ့၊ ငါနဲ့ ပူးပေါင်းပါဝင်ပေးပါ။"
"ကိစ္စမရှိပါဘူး”။ ရှောင်ကျန်း က လေးလေးနက်နက်ပြောလိုက်တယ်။
ကျန်းရီက သိပ်အများကြီး မပြောခဲ့ပါဘူး။ အခန်း ၇၀၁ရဲ့ တံခါးကို သူတို့ရောက်လာခဲ့ပြီး တံခါးကို ဖွင့်မယ်လုပ်တော့ ကျန်းရီ က "အန်ကယ်ဖန်း၊ အရင်ပြန်သွားလိုက်ပါ။ ရှောင်ကျန်းကို ဒီအခန်းထဲမှာ တစ်ယောက်တည်းနေပါစေ။ ရှောင်ကျန်း ဘာဖြစ်သွားလဲ မင်းသိချင်ရင် ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လာကြည့်လို့ရတယ်"
"ငါ သူနဲ့လိုက်ခဲ့လို့ မရဘူးလား။ တကယ်လို့ သူ အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင် သူ့ကို အမြန်ဆုံး ကယ်တင်နိုင်မယ်လေ!"
"စိတ်မပူပါနဲ့ ကျွန်တော်ဒီမှာရှိနေတယ် မဟုတ်ဘူးလား"
"အန်ကယ်ဖန်းက နွေးထွေးပြီး စိတ်ကောင်းရှိတဲ့သူတစ်ယောက်ပါ၊ ဒါပေမယ့် ကိုယ့်ရဲ့နေရာကို မြန်မြန်ပြန်သွားလိုက်ပါ။ စတွင်မာရှိနေရင် ဘာပြဿနာမှ မဖြစ်ဘူး” ဟု တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက မှတ်ချက်များ ရေးခဲ့ကြသည်။
"အမှန်ပဲ၊ ငါတို့ရဲ့ စတွင်မာ ပြုံးနေသရွေ့ ငါတို့ အရမ်းလုံခြုံတယ်လို့ ခံစားနေရတယ်!"
ကျန်းရီ၏ တောင်းဆိုချက်အရ အန်ကယ်ဖန်းသည် အခန်း ၇၀၁ မှ ပြန်ခဲ့လိုက်သည်။ ရှောင်ကျန်း သည် တံခါးဝတွင် တစ်ယောက်တည်း ရပ်ကာ တုန်လှုပ်ချောက်ချားစွာနဲ့ မေးလိုက်သည် " စတွင်မာရေ၊ ငါ ဘာဆက်လုပ်ရမလဲ "
"တံခါးအရင်ပိတ်လိုက်ပါ။"
"ကျွီ…!"
ရှောင်ကျန်း တံခါးကိုပိတ်လိုက်ပြီး ကျန်းရီ က "အခန်းထဲ ဝင်သွားလိုက်ပါ။
"....'
ရှောင်ကျန်း အခန်းထဲရောက်တဲ့အခါ ကျန်းရီက "မင်း ဒီဓာတ်ပုံကို မြင်လား သူ့လိုမျိုး ကုတင်မှာလှဲလိုက်”
ကျန်းရီလက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံဟာ ချီဖေးသေတုန်းက ရဲတွေက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရှောင်ကျန်း သည် ဓာတ်ပုံကိုမြင်သောအခါ သူ့မျက်နှာသည် ဖြူဖျော့သွားပြီး ငိုချင်သလိုတောင် ခံစားလိုက်ရသည်။
“သိပ်လည်း မကြောက်ပါနဲ့၊ သေသေချာချာကြည့်ပြီး ကုတင်ပေါ် လှဲအိပ်လိုက်ပါ။ တကယ်တော့ ဒီကိစ္စက အရမ်းရိုးရှင်းပါတယ်။ ငါတို့က အခြားသူတွေကို အရင်ဆုံး ဆွဲဆောင်ရမှာလေ ဟုတ်တယ်မလား။ အခုငါတို့လုပ်ရမှာက အုတ်ခဲကို ပစ်ပြီး သရဲတစ္ဆေကို ဆွဲဆောင်ရမှာ"
ကျန်းရီ က ပြောပြလိုက်ရာ ရှောင်ကျန်း က သူ့ရဲ့ကြောက်စိတ်ကို ထိန်းထားလိုက်ပြီး ဓာတ်ပုံထဲက အတိုင်း ကုတင်ပေါ် ဖြည်းညှင်းစွာ လှဲချလိုက်ပြီး မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်လိုက်ပါတယ်။
သူအိပ်ပြီးနောက် ကျန်းရီ ကို "စတွင်မာ မျက်လုံးတွေရော မှိတ်ထားရမှာလား" လို့မေးလိုက်တယ်။
"မင်း မကြောက်ရင် ဖွင့်ကြည့်လို့ရတယ်"
ရှောင်ကျန်းက ချက်ခြင်းပဲ မျက်လုံးမှိတ်လိုက်ပြီး ကျန်းရီ ကလည်း စကားရပ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းတွေ ပြည့်နေခဲ့သည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အသံအနည်းငယ် ထွက်ပေါ်လာခဲ့သည်။
"ကျွီ.......”
ဒီအသံကို ကြားလိုက်တာနဲ့ ရှောင်ကျန်း ရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်းပဲ တုန်လှုပ်သွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာလည်း မက်ဆေ့ချ်များ ပြည့်နေခဲ့သည်။ "ဒါက တံခါးဖွင့်သံပဲ၊ သူမ ရောက်လာပြီ!"