← Chapters

ကြီးလေးသောအပြစ်များ

Vol. 6 Ch. 82

ကြီးလေးသောအပြစ်များ

Vol. 6 Ch. 82

တစ္ဆေအမျိုးသမီးက ချီဖေး ကို နောက်တစ်ကြိမ်ထပ်တွေ့ခဲ့တယ်လို့ ပြောတဲ့အခါမှာ သူမရဲ့ မျက်လုံးတွေမှာ ကြောက်ရွံ့မှု အရိပ်အယောင်တွေ ရှိနေခဲ့သည်။

သို့သော် သူမ၏စကားများသည် ချီဖေး ၏ ပြောင်းလဲခြင်းတွေအတွက် အကြောင်းရင်းများစွာကို ထုတ်ဖော်ပြသခဲ့သည်မှာ သေချာနေသည်။

"သူမသေပြီးတော့ သူမကို ဘယ်လောက်အကြာမှ ပြန်တွေ့ခဲ့ရလဲ"

ကျန်းရီက ထပ်မေးလိုက်သည်။ "အချိန်ကို ငါ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ သူသေပြီး ခုနစ်ရက် ရှစ်ရက်လောက်ကြာမှ ဖြစ်မယ်ထင်တယ်။ သူမသေဆုံးပြီးတဲ့ နောက်မှာတော့ သူမရဲ့ ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို စွန့်ခွာသွားခဲ့ပြီး အဲ့ဒီအချိန်မှာ ကျွန်မက သူမဘေးမှာ ရပ်နေခဲ့တယ်။ အချိန်အတော်ကြာအောင် ငါတို့ စကားစမြည်ပြောခဲ့ကြတယ်။

"မင်းတို့ ဘာတွေပြောနေခဲ့တာလဲ?"

"သူမက ကျွန်မကို ငိုပြီး နောင်တရခဲ့တယ်လို့ ပြောခဲ့တယ်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ကို ​ပြန်မြင်လိုက်ရတဲ့အခါမှာ ပြန်သွားလို့ရမယ့် နည်းလမ်းရှိလားလို့ မေးခဲ့တယ်။ ဘယ်လိုဖြေရမှန်းမသိလို့ နှစ်သိမ့်ပေးတဲ့အနေနဲ့ ခေါင်းသာခါပြနိုင်ခဲ့တယ်။ နောက်ဘဝကို မြန်မြန်လူပြန်ဝင်စားပြီး ရလာတဲ့ဘဝကို တန်ဖိုးထားဖို့ပဲ ပြောခဲ့တယ်”

“နောက်တော့ သူက ကျွန်မကိုဘာလို့ လူပြန်မဝင်စားသေးတာလဲလို့ မေးတယ်။ လုပ်စရာတွေရှိသေးတယ်လို့ ပြောလိုက်တယ်။ အမေက ကျွန်မ ငယ်ငယ်တုန်းက သူ့ခင်ပွန်းကို ဆုံးရှုံးသွားခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မကို သူတစ်ယောက်တည်း ကြွေးမွေးစောင့်ရှောက်ခဲ့တာ။ ဒါကြောင့် မထွက်ခွာခင်လေး သူမအတွက် ပန်းတိုင် အသစ်တစ်ခု ရစေချင်ခဲ့တယ်။

တစ္ဆေအမျိုးသမီး ဒီစကားတွေ ပြောတဲ့အခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

သူ့ခေါင်းက ၉၀ ဒီဂရီ စောင်းနေသော်လည်း သူမရဲ့ မျက်နှာပေါ်က အပြုံးတစ်ခုတည်းကိုသာ ကြည့်လိုက်မယ်ဆိုရင် နွေးထွေးတဲ့ အထိအတွေ့ကို ခံစားရမှာပါ။

ဟုတ်ပါတယ်၊ လူတွေက သရဲမျက်နှာကနေ နွေးထွေးတဲ့ ခံစားချက်ကို ခံစားရစေပါတယ်။

"ကျွန်မ သူမကို ကျွန်မနဲ့ ကျွန်မအမေအကြောင်းကို ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ကျွန်မအမေကို ချဥ်းကပ်ခဲ့တဲ့သူတွေရှိခဲ့တယ် ဒါပေမယ့် မိသားစုအသစ်က ကျွန်မကို ထိခိုက်စေမှာကို စိုးရိမ်တာကြောင့် ဦးလေးကျိုး ကို ဘယ်တော့မှ လက်မခံခဲ့ဘူး။

ဦးလေးကျိုးက သူမကို နှစ်ပေါင်းများစွာ နောက်ကနေ ပံ့ပိုးပေးခဲ့တာ။ ဒါပေမယ့် သူမက ဦးလေးကျိုးကို လက်ခံဖို့ သတ္တိမရှိခဲ့ဘူး။ ဒါကြောင့် လူပြန်မဝင်စားမီ သူတို့လက်ထက်တာကို မြင်ချင်ခဲ့တယ်“

"ကျွန်မဇာတ်လမ်းကို ပြောပြလိုက်တော့ ချီဖေး က စဉ်း စားနေပုံပေါ်တယ်။ ပြီးတော့ သူက ကျွန်မကို သူမက တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်လားလို့ မေးခဲ့တယ်။"

တစ္ဆေအမျိုးသမီးက ကျန်းရီ ကိုကြည့်ကာ “အဲဒီတုန်းက သူမကို အမှန်အတိုင်းပြောခဲ့တယ်၊ ကျွန်မပြောလိုက်တယ် မင်းက တစ်ကိုယ်ကောင်းဆန်တာတင်မဟုတ်ဘူး၊ မင်းက လူလိမ်တစ်ယောက်ပဲ။ မင်းက ကိုယ့်ကိုကိုယ် သတ်သေလိုက်တယ်။ အခု မင်းက သေသွားပြီးမှ နောင်တရနေတယ်။ အဲ့လိုဖြစ်မယ်မှန်း မင်းသိခဲ့ရင် မင်းဘာလို့ လုပ်ခဲ့တာလဲ။

“သူမက ကျွန်မကို အများကြီးပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မအတွက်တော့ သူ့အတွေးတွေက ပုံမှန်ဟုတ်နေပုံ မရဘူး။”

သူမရဲ့ စိတ်ထဲမှာတော့ သူမရဲ့ ချစ်သူက ယွမ် ၈၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံအတွက်နဲ့ သူမကို ကြိမ်းမောင်းနေတာကြောင့် သူတို့ရဲ့ အချစ်ရေးက အဆင်မပြေဘူးလို့ ခံစားခဲ့ရတယ်။

ယွမ် ၈၀၀၀ ​တောင် တန်တယ်။

ချစ်ခြင်းမေတ္တာရဲ့ စျေးပေါမှုက သူမကို စိတ်ပျက်စေတဲ့အတွက် သတ်သေဖို့ ရွေးချယ်ခဲ့တယ်တဲ့။

ငါသူမကိုမေးခဲ့တယ်၊ အဲဒီအချိန်က မင်းအတွက် ယွမ် ၈၀၀၀ ကျော်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းစဉ်းစားဖူးလား။ ဘဝက ပိုအရေးကြီးသလား။ ဖိနပ်ကပို အရေးကြီးလားလို့”

“သူမ ဘာမှ ပြန်မပြောခဲ့ဘူး။

ငါသူမကို စိတ်ဆိုးအောင် လုပ်ခဲ့တယ်ထင်တယ် ဒါကြောင့် သူမ ထွက်သွားခဲ့လိုက်တယ်။

ကျွန်မလည်း မိန်းကလေးတစ်ယောက်ပါ၊ ဒါပေမယ့် သူမအစိတ်ကူးအတွေးတွေကို ကျွန်မတကယ် မထောက်ခံပါဘူး။

အ​တွေးအခေါ်တွေ မတူလို့ပဲ ဖြစ်မှာပေါ့၊ ဒါပေမယ့် ရပ်ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ သေတဲ့သူ​တွေကို ကျွန်မ ကူညီဖို့ ဆန္ဒရှိခဲ့တယ်။

​သေသွားတဲ့ လူကြီးတွေက မရဏကမ္ဘာကို ရောက်သွားတယ်၊ ဒါပေမယ့် သူမနဲ့ သိပ်ပြီး မဆက်ဆံချင်ခဲ့ဘူး။

နောက်ပိုင်း သူမ ပြန်လာတဲ့အခါ သူမရဲ့ နာကြည်းမုန်းတီးမှုတွေက အရမ်းပြင်းထန်လာတယ်လို့ ခံစားမိလိုက်ပြီး သူမဟာ ဒီအိမ်ရာထဲက လူတွေကို စပြီး စနောက်လာခဲ့တယ်။

“အစတုန်းကတော့ စ​နောက်နေခဲ့တာပေါ့ ဒါပေမယ့် နောက်ပိုင်းရောက်တော့ သိပ်ချစ်ကြတဲ့ စုံတွဲတွေကို တွေ့တဲ့အခါတိုင်း သူ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေ ပေါ်လာတာ တွေ့လိုက်ရတယ်။

ကျွန်မ ဒီအိမ်ရာကို စောင့်ရှောက်နေခဲ့တာ အနည်းဆုံး သုံးကြိမ်လောက် သူမရဲ့ လူသတ်ဖို့ လုပ်ရပ်တွေကို တားခဲ့တယ်။

သူမအနှစ်သက်ဆုံးအရာက သိပ်ချစ်ကြတဲ့ စုံ​တွဲတွေကြားထဲမှာ အထင်အမြင်မှားမှုတွေကို ဖန်တီးပြီး တဖြည်းဖြည်း သေတဲ့အထိရောက်အောင် တွန်းပို့ရတာကိုပဲ “

"ကံကောင်းတာက၊ ကျွန်မသူ့ကို တားခဲ့တာပဲ အဲ့နောက်မှာ သူမ ဒီပြန်မလာခဲ့တာ တော်တော်ကြာခဲ့ပြီ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ သူမ ဒီပြန်လာခဲ့တာကို သတိပြုမိလိုက်တယ် ဒါပေမယ့် သူမက ဒီပစ္စည်းပို့တဲ့ ကောင်လေးကို ထိခိုက်တာတွေမလုပ်ခဲ့ဘူး။

ဒါနဲ့ ဒီပစ္စည်းပို့တဲ့ကောင်းလေးဆီ အော်ဒါမှာပြီး အဲဒီနေ့ညက ကျန်းလန်အိမ်ရာနဲ့ ခပ်ဝေးဝေးနေဖို့ သူ့ကို ပြောပြချင်ခဲ့တာ။

ချီဖေးက ဒီအိမ်ရာထဲမှာ တကယ်လုပ်ခဲ့ရင် သူ့ကို ကျွန်မ ကူညီနိုင်သေးတယ် ဒါပေမယ့် အိမ်ရာရဲ့ အပြင်ဘက်မှာဆိုရင် ကျွန်မလည်း မကူညီနိုင်ဘူး “

တစ္ဆေအမျိုးသမီး၏ စကားတွေကြောင့် ရှောင်ကျန်းခင်ဗျာ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့သည်။

ကျန်းရီ ပင် သူမကို အံ့သြစွာ ကြည့်နေမိသည်။ သူတို့ရဲ့အမူအရာတွေကို မြင်တော့ တစ္ဆေအမျိုးသမီးက ဒေါသတကြီးနဲ့ "ဟေး နင်တို့ ဘာကိုဆိုလိုချင်တာလဲ၊ ငါ့ပုံစံက လူကောင်းတစ်ယောက်နဲ့ မတူလို့လား? Blah..blah…ငါ့ပုံစံက သရဲတစ္ဆေကောင်းတစ်ယောက်နဲ့ မတူလို့လား?”

သရဲတစ္ဆေအမျိုးသမီးရဲ့ ဒေါသအကြည့်တွေကို မြင်တော့ ကျန်းရီက ရယ်မောပြီး "မင်းနာမည်ပြောပြလို့ရမလား" လို့မေးလိုက်တယ်။

"ငါ့နာမည် ဒါမှမဟုတ် ငါ့မျိုးရိုးနာမည်ကို ပြောင်းဆို ပြောင်းပေးနိုင်တယ် ဒါပေမယ့် ငါ့နာမည်ကိုပြောပြလိုက်ရင် မင်းတို့ မရယ်ရဘူး!"

"ကောင်းပြီ မရယ်ဘူးလို့ ကတိပေးတယ်။"

"ဒီမိန်းကလေးနာမည်က ကျောင်း... ကျောင်းရှောင်ပိုင်!"

"ဘာ?၊ မင်းနာမည်​က ဘာ​ပြောလိုက်​တာလဲ"

တစ္ဆေအမျိုးသမီးက ဒေါသအရမ်းထွက်​နေခဲ့ပြီး "ရှောင်ပိုင်၊ ရှောင်ပိုင်၊ ကျောင်းရှောင်ပိုင်၊ မင်းတို့ ရှင်းရှင်းလင်းလင်းကြားပြီလား? ဒီကောင်မလေးက ဝိုင်မဟုတ်ဘူး။ အိမ်ထောင်စုစာရင်းထဲက ငါ့နာမည်က အဲဒီဝိုင်ဆိုးထက် နှစ်ပေါင်းများစွာ ပိုကြီးတယ်။"(တရုတ်တွင် ကျောင်းရှောင်ပိုင်လို့ အမည်ရတဲ့ ဝိုင်အမျိုးအစားတစ်ခု ရှိသည်)

"ဟားဟားဟား…!"

ကျန်းရီ က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမဘေးမှာ ထိုင်နေတဲ့ ရှောင်ကျန်း ကတောင် မရယ်လိုက်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ရှောင်ပိုင် က လူတိုင်းကို မရယ်ဖို့ ကြိုမပြောထားဘူးဆိုရင် သူမပြောလိုက်တုန်းက နာမည်က ရယ်စရာမဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သူမကြိုပြောခဲ့လိုက်တော့ ရယ်စရာဖြစ်သွားခဲ့တယ်။

"ကောင်းပြီ၊ မင်းတို့ရယ်ချင်ရင် ရယ်လို့ရတယ်။

ဒါပေမယ့် ချီဖေး ရဲ့ ကိစ္စက တကယ့်ကို လေးနက်တယ်။

သူမ ပျောက်သွားတဲ့အချိန်မှာ တစ်ယောက်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ ကျွန်မထင်တယ်။

သရဲအချင်းချင်းက လူအချင်းချင်း မြင်သလိုပဲ။

အကယ်၍ သက်ရှိလူတစ်ယောက်က လူသတ်သမားကိုမြင်ခဲ့ရင် သူကြောက်နေလိမ့်မယ်။ ထိုနည်းအတူပဲ ငါချီဖေးကို မြင်လိုက်ရင်လည်း အမြဲတမ်း သတိထားနေလေ့ရှိတယ်။ “

ရှောင်ပိုင် ၏ စကားကြောင့် ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေသော အခန်းကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

လူအနည်းငယ်က သူ့အကြည့်ကို နားလည်ပုံရပြီး "မစ္စတာကျန်း၊ ကျေးဇူးပြုပြီး စစ်ဆေးပေးဖို့အတွက် ခဏစောင့်ပါအုံး" ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ခဲ့လိုက်တယ်။

"လက္ခဏာများ- ချစ်သူရည်းစား၊ သေဆုံးချိန်သည် ချီဖေးသေပြီးနောက်မှ ယနေ့အချိန်အထိ၊ သေဆုံးခြင်းနှင့် ပတ်သက်၍ ထူးဆန်းသော အရာတစ်ခုရှိသည်၊ အဲ့တာကတော့ မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်သည်။"

ကျန်းရီက ထူးခြားချက်များစွာကို ဖော်ပြခဲ့လိုက်သည်။ ခဏအကြာတွင် အသစ်ဖွင့်ထားသော အကောင့်တစ်ခုသည် ကျန်းရီ နှင့် အဆက်အသွယ်ပြုလုပ်ခဲ့သည်။ သို့သော် သူကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲသို့ ပေါ်မလာခဲ့သော်လည်း သူ့အသံကို ကြားနေရသည်။

"ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉၊ ပန်းခြံ မှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်နေတဲ့ သက်ကြီးရွယ်အိုတစ်ဦးက ရဲကိုဖုန်းဆက်ပြီး ပန်းခြံရေကန်မှာ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းပို့ခဲ့တယ်။

နောက်ဆုံးမှာ သေဆုံးသူက စုံတွဲတစ်တွဲဖြစ်ကြောင်း အတည်ပြုခဲ့သည်။

၁၅ရက်နေ့ မတိုင်ခင် နေ့သည် ချစ်သူများနေ့ ဖြစ်သောကြောင့် ၎င်းတို့က အဲ့နေ့ညတွင် ထိုပန်းခြံမှာ ချိန်းတွေ့ခဲ့ကြပြီး သေဆုံးသွားသော လူနှစ်ဦးကို ပြန်လည်ရှာတွေ့လိုက်ရသောအခါ နှစ်ယောက်စလုံး ရေနစ်သေဆုံးသွားခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ဟန်အနေအထားမှာ ထူးဆန်းနေပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားခဲ့ကြသည်။"

"၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘိုဟွမ် ခရိုင်၊ ကျင်းဟိုင်မြို့ မှာရှိတဲ့ ကြင်စဦးဇနီးမောင်နှံနှစ်ဦး နေအိမ်မှ အောက်သို့ ပြုတ်ကျသေဆုံး နေခဲ့ပါတယ်။ ဒါပေမယ့် မပြုတ်ကျခင်မှာ နောက်ထပ်ဓားနဲ့ထိုးတဲ့ ဖြစ်ရပ်တစ်ခုရှိနေခဲ့ပါတယ်။ သူတို့နှစ်ယောက် ပြုတ်ကျသွားပြီးတဲ့ အချိန်မှာတော့ လင်မယားနှစ်ယောက်က လက်ချင်းကိုင်ထားကြပြီး ဓားတစ်ချောင်းကိုလည်း ကိုင်ထားခဲ့ကြတယ် ”

"၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ ကျင်းဟိုင်မြို့၊ လောင်လမ်အိမ်ရာမှာ စုံတွဲတစ်တွဲ သေဆုံးခဲ့ပါတယ်။ နှစ်ယောက်စလုံး ရေချိုးကန်ထဲမှာ သေဆုံးနေခဲ့တာပါ။ လျှပ်စစ်ဆံပင်မှုတ်စက်ကို သုံးနေရင်း ရေချိုးကန်ထဲကို ပြုတ်ကျပြီး ဓာတ်လိုက်သေခဲ့ပါတယ်။

"ဒီအဖြစ်အပျက်တွေဟာ စုံစမ်းစစ်ဆေးနေတဲ့ အတွင်းမှာ ရှုပ်ထွေးမှုတွေရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ ဒါမှမဟုတ် မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ရတာတွေချည်းပဲ။"

ထိုသို့ပြောပြီးသည်နှင့် ထိုလူသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ တိုက်ရိုက် ထွက်ခဲ့လိုက်သည်။ ထိုစကားတွေကို ကြားပြီးတဲ့နောက်မှာ ကျန်းရီ က အေးစက်သောလေသံဖြင့် “သူမသာ အဲ့တာတွေ ပြုလုပ်ခဲ့တာဆိုရင် သူ့မှာ အပြစ်ရှိတယ်။ ဒါပေမယ့် ရှောင်ကျန်းကို နှောင့်ယှက်ရတဲ့ သူ့ရည်ရွယ်ချက်က ဘာလဲ။”

ထိုအချိန်တွင် ကျန်းရီက စကားမစမီ ခဏလောက်စဉ်းစားပြီး “ရှောင်ချန်း မင်းငါ့ကို တကယ် အကုန်ပြောပြခဲ့တာလား”

“ငါအ ပြောခဲ့တယ်၊ စတွင်မာရေ ငါ့မှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး”

“အိုကေ၊ ဒါဆို မင်း အခုပဲ မင်းနေတဲ့နေရာကို ပြန်သွားလိုက်။ အခု ဗီဒီယိုကို မ​ပြောနဲ့အုံး၊ သူမကို ခေါ်လိုက်။ သူမရဲ့ အပြုအမူက သာမန်လူသတ်ရုံလောက်နဲ့ မကျေနပ်နိုင်ဘူးတယ်။ သူမဟာ မင်းကို သွယ်ဝိုက်ပြီး သတ်ချင်လို့ မင်းကိုလိုက်ခြောက်ပြီး လှုံ့ဆော်ပေးနေတာ ဖြစ်နိုင်တယ်။”

“စတွင်မာ...စတွင်မာရေ မင်းက ငါ့ကို သူ့မျှားခေါ်ဖို့အတွက် ငါးစာအနေနဲ့ သုံးချင်နေတာလား။”

ရှောင်ကျန်း က ဝမ်းနည်းနေသော မျက်နှာဖြင့် မေးလိုက်ရာ ကျန်းရီ က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ကျန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားကာ မတ်တထပ်ရပ်လိုက်သည်။

ဒါပေမယ့် သူထလိုက်တဲ့အချိန်မှာပဲ မူလ တိတ်ဆိတ်နေတဲ့ အခန်းက တံခါးကို ပြန်ဖွင့်လိုက်အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ပြီးနောက် “ဘန်း”ဆိုတဲ့ အသံ ထွက်ပေါ်လာပြီး တံခါးက ပွင့်သွားခဲ့သည်။

All Chapters