ငါသူမကို ဆုတ်ဖြဲပြစ်ချင်တယ်
Vol. 6 Ch. 83
တံခါးဖွင့်သံနဲ့အတူ ကြမ်းရှရှ အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
အသံက သိပ်မကျယ်ပေမယ့် အရမ်းကြမ်းတမ်းနေသည်။
တံခါးပွင့်သွားတာနဲ့ ပြတင်းပေါက်များ ပွင့်သွားသကဲ့သို့ လေပြင်းများလည်း တိုက်ခတ်လာခဲ့သည်။
ရှောင်ပိုင်က လှည့်ကြည့်မယ်လုပ်တော့ ကျန်းရီက ရုတ်တရက် သူမကို "ကုတင်အောက်မှာ ပုန်းနေလိုက်"လို့ ပြောလိုက်သည်။
ရှောင်ပိုင် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ကျန်းရီ ပြောသည့်အတိုင်းပဲ ကုတင်အောက်တွင် ပုန်းနေလိုက်သည်။
ရှောင်ကျန်းကတော့ ကုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ ဒါပေမယ့် ပုံရိပ်တစ်ခုကတော့ အခန်းထဲသို့ ဝင်လာနေပြီဖြစ်သည်။
သာမာန် တီရှပ်တစ်ထည်သာ ၀တ်ထားတဲ့ လူတစ်ယောက်။
သူသည် အခန်းထဲရှိ ရှောင်ကျန်း ကို သတိထားမိပုံမရဘဲ အိမ်တွင်းရှိ နေရာတိုင်းကို မျက်လုံးအသေကြီးများဖြင့် လှည့်ကြည့်နေခဲ့သည်။
ခဏကြာတော့ အခန်းထဲကို ရောက်လာခဲ့သည်။
ရှောင်ကျန်းကို သူမြင်လိုက်သည် ရှောင်ကျန်းကလည်း သူ့ကိုမြင်သည်။
သို့သော် သူသည် ရှောင်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အရိပ်မဲ့နေတဲ့ ခန္ဓာကိုယ်နဲ့ အခန်းအတွင်းရှိ အရာအားလုံးကို ထိရန် လက်လှမ်းလိုက်သည်။
ဗီရို ၊ စားပွဲ ၊ ကုတင်….
ဖြည်းညှင်းစွာပဲ အခန်းဝရံတာမှာ ထိုင်ပြီး အပြင်ကို ငေးကြည့်နေသည်။
ရှောင်ကျန်း က စကားမပြောရဲဘဲ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ကျန်းရီကို လက်ချောင်းတွေနဲ့ မေးလိုက်တယ် "စတွင်မာ သူက ဘယ်သူလဲ၊ ငါ ဘာလုပ်ရမလဲ"
"သူက ဟီယွမ် ဖြစ်မယ်ထင်တယ်၊ ရှောင်ပိုင် သူ့ကို တွေ့ဖူးမယ်ထင်တယ်။" ကျန်းရီကလည်း မက်ဆေ့ချ်နဲ့ ပြန်ဖြေလိုက်သည်။
"သူငါ့ကိုမြင်တာသေချာတယ်၊ ဒါပေမယ့် ဘာလို့ဂရုမစိုက်တာလဲ"
"သူက သရဲလေကွာ မင်းက လူသားတစ်ယောက်။ သူက မင်းကို မြင်ပေမယ့် မင်းက သူ့ကို မြင်မယ်လို့ ထင်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်းကို လျစ်လျူရှုတာက ပုံမှန်ပါပဲ။ လူတော်တော်များများက သရဲတွေကို ကြုံတွေ့ရလေ့ရှိတယ်၊ ဒါပေမယ့် အဲဒီသရဲတစ္ဆေတွေက ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး "
ကျန်းရီက ပြောလိုက်ပြီး “ဒါဆို ကျွန်တော် သူ့ကို သတိပေးလိုက်ရမလား?”
“သူက ဒီလို လျောက်လည်နေတာ ကြာပြီထင်တယ်၊ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ပုံတော့မပေါ်ဘူး။ သူ့အသွင်အပြင်ကို အရင်စောင့်ကြည့်လိုက်ရအောင်၊ အခု မလှုပ်နဲ့အုံး။”
ကျန်းရီက ပြောလိုက်သည်နှင့် ရှောင်ကျန်းက ကုတင်ပေါ်ထိုင်နေရင်း မလှုပ်ဝံ့ပေ။
သူသည် သူ့လက်ကိုင်ဖုန်းကို ဟီယွမ်ဆီသို့ ဦးတည်လိုက်သည်။ ဝရံတာတွင်ထိုင်နေသော ဟီယွမ် သည် သူဘာကို တွေးနေမှန်းမသိ။
ဒါပေမယ့် သူ့ဝိညာဥ်က နည်းနည်း တုန်ခါသွားခဲ့ပြီး မျက်နှာကို သုတ်လိုက်ပြီး ပြန်ထလိုက်သည်။
သူက ကုတင်ဆီသို့ တိတ်တဆိတ် လျှောက်လာပြီးနောက် ကုတင်ပေါ်သို့ ညှင်သာစွာ လှဲအိပ်လိုက်သည်။
ဒီမြင်ကွင်းကို ရှောင်ကျန်း ရဲ့ မျက်လုံးတွေနဲ့ ရှင်းရှင်းလင်းလင်းနဲ့ကို မြင်လိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တိုင်းရဲ့ မျက်လုံးထဲမှာလည်း မြင်နေရသည်မှာ ထင်ရှားပါတယ်။
သို့သော် ဟီယွမ်သည် ရှောင်ကျန်း ကို မမြင်ရသလို ရှိနေရုံသာမက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကိုလည်း သတိမထားမိပုံရသည်။
ထိုအချိန်တွင် မှိတ်ထားသော ဟီယွမ် ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။
သူ့မျက်လုံးထဲတွင် အလွန်ပြင်းထန်သော ရူးသွပ်မှုတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ကုတင်အောက်သို့ ရုတ်တရက် ခေါင်းထွက်ကြည့်ခဲ့လိုက်သည်။
သူ့ခန္ဓာကိုယ်က ကုတင်ပေါ်မှာ မလှုပ်ဘဲ ရှိနေခဲ့ပြီး ခေါင်းကသာ လည်ပင်းကနေ အရူးအမူး ရှည်ထွက်လာခဲ့သည်။
ရှောင်ပိုင်ကို ကုတင်အောက်မှာ သူတွေ့လိုက်ရသည်။ မျက်လုံးချင်း ဆုံမိလိုက်သည်နှင့် ဟီယွမ် က "မင်းက ဘယ်သူလဲ!"
သူစကားပြောပြီးတာနဲ့ ဟီယွမ်က သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ပိုင် ကို ကုတင်အောက်ကနေ ဆွဲထုတ်ဖို့လုပ်လိုက်သည်။
ဒါပေမယ့် သူ့လက်ကို ဆန့်ထုတ်လိုက်တာနဲ့ ရှောင်ပိုင် က သူ့လက်ကို ပြန်ရိုက်ထုတ်လိုက်တယ်။
ရှောင်ပိုင်က ကုတင်အောက်မှ ထွက်လာခဲ့ပြီး "ချီဖေး ဘယ်မှာလဲ?" မေးလိုက်သည်။
"မင်းဘယ်သူလဲ!"
ဟီယွမ်က ထပ်မေးလိုက်သည်၊ သူက အလွန်ခေါင်းမာသူ တစ်ယောက်ဟု ထင်ရသည်။
ကျန်းရီ သည် ကန့်သတ်ချက်အချို့ကို ဖျက်သိမ်းလိုက်သလိုမျိုး မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ ပြီးနောက် ဟီယွမ် သည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ရုတ်တရက် ခေါင်းလှည့်လိုက်သည်။
ကျန်းရီ ၏ မျက်လုံးများနှင့် သူတိုက်ရိုက် တွေ့လိုက်ရသောအခါ သူ့ခန္ဓာကိုယ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
"မင်းဘာလို့ဒီကိုရောက်နေတာလဲ။ မင်းသေပြီးနောက်ပိုင်း လတွေအတော်ကြာသွားပြီလေ၊ ချီဖေး သေဆုံးခဲ့တဲ့နေရာကို မင်းဘာလို့ရောက်လာတာလဲ။"
ကျန်းရီ က သူ့ကို တိုက်ရိုက်မေးလိုက်ပြီး အေးစက်တဲ့လေသံနဲ့ "ပြော!"
"ငါ...ငါသူမကိုရှာနေတာ၊ ငါသူမကို ဆုတ်ဖြဲပစ်မလို့ သူရူးသွားပြီ ... သူမလုံးဝရူးသွားပြီ!"
"ဘာဖြစ်ခဲ့တာလဲ?"
ကျန်းရီ က မေးလိုက်သည်နှင့် ဟီယွမ် က ခေါင်းကို အပြင်းအထန် ခါလိုက်ပြီး “ငါမသိဘူး၊ ငါ လူပြန်ဝင်စားချင်ခဲ့တာ၊ ဒါပေမယ့် မရဏကမ္ဘာကို သွားဖို့လုပ်တိုင်း သူမ ပေါ်လာလေ့ရှိတယ်။ ငါ သူမကို မနိုင်ဘူး သူမကငါ့ကို အသဲအသန် ပြန်ဆွဲခေါ်လာခဲ့တယ်၊ ငါ့မှာ ရုန်းကန်ဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး!”
“ငါထွက်သွားတာနဲ့ သူငါ့ကိုကြားဝင်နှောက်ယှက်ခဲ့တယ်။ ငါ ဒီမြို့ကထွက်လိုက်တာနဲ့ သူမပေါ်လာတယ်၊ ဒါပေမယ့် သူမဘယ်မှာရှိတယ်ဆိုတာ ငါမသိဘူး၊ ပြီးတော့ ငါ့ကို ဒီလောက်အချိန်ကြာခဲ့တာတောင် မလွှတ်ပေးသေးဘူး”
“ဘာလို့ မင်းကို လွှတ်ပေးဖို့ ငြင်းနေတာလဲ”
ဟီယမ် တိုက်ရိုက်ငိုပါတော့တယ်။ သူငိုသောအခါ အခန်းတစ်ခုလုံး၏ အပူချိန်သည် အနည်းငယ် အေးစက်သွားပုံရသည်။ ရှောင်ကျန်း သည် သူ့လက်များကို ပွေ့ဖက်လိုက်ပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
“သူမရဲ့ မတော်တဆမှုမဖြစ်ခင်မှာ ကျွန်တော်က သူမနဲ့ လမ်းခွဲချင်ကြောင်း သူမသိခဲ့ပြီးတော့ ကျွန်တော့်ကိုလည်း သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ်။
သူမက အရူးတစ်ယောက်ပဲ။ သူလုပ်လိုက်တဲ့အရာတွေက တခြားသူတွေကို ထိခိုက်စေလားဆိုတာ ဘယ်တော့မှ မတွေးခဲ့ဘူး။ ပြီးတော့ သူမလုပ်တဲ့အရာတွေက လူတွေကို စိတ်ပျက်အားငယ်စေနိုင်တာကိုလည်း သူနားမလည်ဘူး။ သူမက သူမကို အလိုလိုက်ပေးရမယ်လို့သာ သိတယ်၊ ပြီးတော့ သူမကို ဒီ့ထက် ပိုပိုပြီး ထပ်အလိုလိုက်ပေးရမယ်ပဲ…
ငါဘဝက ခွေးတစ်ကောင်လို အသက်ရှင်နေခဲ့တာ၊ ဘာကြောင့်လဲ!?”
“ကျွန်တော်က လူသားတစ်ယောက်ပါ၊ နတ်ဘုရားမဟုတ်ဘူး၊ အင်း.. ထားလိုက်ပါတော့ ကျွန်တော် သူမကို ထားခဲ့ဖို့ စိတ်ကူးရှိခဲ့ရင်တောင် အခု ကျွန်တော် သေနေပြီပဲ။ ငါ့နည်းပရိယာယ်နဲ့ သူ့အတွက် ငါပေးဆပ်မယ်လို့ပြောပြီး သူ့ရှေ့မှာပဲ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်၊ ဒါတောင် ဘာလို့ သွားခွင့်မပြုခဲ့တာလဲ။”
“အခုတော့ ငါ လူပြန်မဝင်စားချင်တော့ဘူး။ သူ့ကိုသာ ရှာပြီးတော့ အဲ့ခွေးမကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ချင်တော့တယ်!”
ဟီယွမ် ၏မျက်လုံးများက အလွန် ကြမ်းတမ်းခက်ထန်နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကြည်းမုန်းတီးမှုများက ရုတ်ချည်းပင် ထိုးတက်လာခဲ့သည် ။
ကျန်းရီ သည် မျက်မှောင်ကြုတ်လိုက်သည်။ ဟီယွမ်၏ နာကြည်းမှုတွေကို သူခံစားနိုင်ခဲ့သည်။
သူသည် အခြားသူ၏ အရုပ်တစ်ခု ဖြစ်သွားသလိုမျိုးပဲ၊ ကိုယ့်ရဲ့ သေခြင်းရှင်ခြင်းကိုတောင် မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ မည်သည့် အမူအရာမျိုးကိုမဆို အခြားသော မကောင်းဆိုးဝါးတစ္ဆေများက စိုက်ကြည့်နေလိမ့်မည်။ ဒီလိုအခြေအနေတွေအတိုင်းသာ ဆက်ရှိနေခဲ့ရင် ဟီယွမ် ဟာ အနှေးနဲ့အမြန်ဆိုသလိုပဲ မကောင်းဆိုးဝါးတစ္ဆေတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
သို့သော် ကျန်းရီ သည် ဟီယွမ် ၏ စကားများကို နားထောင်ပြီးနောက် တိတ်ဆိတ်သွားကာ သူ့မျက်လုံးများကတော့ ဟီယွမ်ရဲ့ ဘယ်မှညာသို့ ကြည့်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူက ထပ်ပြောလိုက်ပြီး ဟီယွမ်ကို မေးခွန်းတစ်ခု မေးလိုက်သည် "ဒါဆို သူမက မင်းရှေ့မှာ ရပ်နေရင် မင်းဘာလုပ်မလဲ"
"ငါပြောခဲ့တယ်လေ၊ ငါသူမကို ဆွဲဖြဲပစ်မယ်လို့!"
ဟီယွမ်က အံကြိတ်ကာ ပြောလိုက်ပြီး ကျန်းရီက "ဒါဆို မင်း သူမကို ရှာနေတာ ဘယ်လောက်ကြာပြီလဲ?"
"ဒီရက်တွေမှာ ညဘက်ရောက်တိုင်း သူမကို လိုက်ရှာတယ်။ သူသွားလည်ဖူးတဲ့ နေရာတိုင်းကို သွားခဲ့တယ်။ ညမိုးချုပ်ကနေ မနက် မိုးလင်းတဲ့အထိ တစ်ညလုံး နေရာတိုင်းမှာ သူမကို စောင့်နေခဲ့တယ်။ ဒီတစ်ခါ ရှာလို့မတွေ့ရင် နောက်တစ်ခါ သွားထပ်ရှာတယ်၊ ဘယ်လောက်ပဲ ကြာပါစေ သူမကို တွေ့အောင် ရှာပြီး ငါ့ကို ဘာလို့ ဒီလောက်ထိ နာကျင်အောင် လုပ်ခဲ့တာလဲလို့ မေးမယ်!"
ဟီယွမ် စကားပြောနေစဉ်မှာပဲ သူ့ရဲနာကြည်းမှုတွေက အဆက်မပြတ် တက်လာခဲ့သည်။
ကျန်းရီ က ခေါင်းညိတ်ပြီး "ဒီလိုဆိုရင် သူမက တကယ်ကို မုန်းစရာပေါ့"
ဟီယွမ် သည် သူ့မျက်နှာကို ဖုံးကာ နာကျင်စွာပဲ ငိုကြွေးနေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များကပင် သူ့ကို သနားသွားခဲ့ကြသည်။
သို့သော် ပြတင်းပေါက်အပြင်ဘက်ရှိ လရောင်သည် အခန်းထဲသို့ တိတ်တဆိတ် လင်းလက်လာခဲ့ပြီး ဟီယွမ်၏ မျက်နှာပေါ်သို့ ကျရောက်လာသောအခါ ကျန်းရီ က ထူးဆန်းသော အသံဖြင့် မေးလိုက်သည်။
"ဒါဆို မင်းက ဟီယွမ်လား ဒါမှမဟုတ် ချီဖေး လား"