← Chapters

ဘိုးဘေးသားရဲ

Vol. 129 Ch. 4.1441

ဘိုးဘေးသားရဲ

Vol. 129 Ch. 4.1441

လုရွှမ် ကြိုးဆွဲကာ ထျန်းလင်ကို တိုက်ရိုက် ချိန်ရွယ်ပြီး မြှားတစ်စင်းကို ပစ်ခတ်လိုက်သည်။

အဲဒီဘိုး​ဘေးသားရဲနဲ့ ပတ်သက်ရင်တော့ လုရွှမ် ၎င်းကို မတိုက်ခိုက်နိုင်တော့တာမို့ ထျန်းလင်ကိုသာ ပစ်သတ်ရ​တော့မည်။ ဘိုးဘေးသားရဲက သေချာပေါက် တိုက်ခိုက်နိုင်သော်လည်း ၎င်းတို့ရဲ့ အရှိန်ကိုတော့ တားဆီးနိုင်မှာပဲ ဖြစ်သည်။

ဘိုးဘေးသားရဲရဲ့ အရှိန်က အလွန်မြန်လွန်းသဖြင့် လုရွှမ်ပင် ထိတ်လန့်သွားသည်။ ၎င်းက နှလုံးက ပိုင်ဆိုင်သော စွမ်းအားသာ ဖြစ်သေး၏။ တကယ်လို့ ခန္ဓာကိုယ် အားလုံးသာ စုစည်းလိုက်ပါက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

ဘိုးဘေးသားရဲ?

ဒီကောင်က တကယ်ပဲ အာကာသ သတ္တဝါတွေရဲ့ အစပြုသူ ဖြစ်နိုင်မလား။

ဘိုးဘေးသားရဲက ညည်းတွား ဟိန်းဟောက်လေသည်။ သူ့ရဲ့ ပထမကျွန်ကို ဒီလိုသတ်ပစ်ဖို့ ခွင့်မပြုတာ ထင်ရှားပါ၏။

၎င်းက လက်ဖဝါးကို အစွမ်းကုန် လွှဲပစ်လိုက်ပြီး မြှားကို လက်ဖဝါးတစ်ဖက်နဲ့ ရိုက်လိုက်သည်။ နတ်လေးက ၎င်းကို ဖိနှိပ်ရန် တည်ရှိခဲ့သောကြောင့် သဘာဝအတိုင်း ခြိမ်းခြောက်မှုကြီး တစ်ခုလည်း ဖြစ်သည်။

လုရွှမ်က ဘိုးဘေးသားရဲကို အမှန်တကယ် ရပ်တန့်စေလိုက်တာ မြင်လိုက်ရသဖြင့် လူသုံးဦးသည်လည်း ဝမ်းသာအားရဖြင့် ရှေ့မှ အမြန် လမ်းဖွင့်လိုက်သည်။ လုရွှမ်ကလည်း ဘိုးဘေးသားရဲရဲ့ အရှိန်ကို ဟန့်တားနိုင်အောင် အနောက်မှ ပစ်ခတ်​နေခဲ့သည်။

လူသုံးယောက် လက်ဝါးချင်းရိုက်ပြီး ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ပစ်ချလိုက်တော့ အလင်းတွေ တဖျတ်ဖျတ် ခတ်ကာ ယဇ်ပလ္လင်တစ်ခုထဲကို မြန်မြန်ဆန်ဆန် ဝင်ရောက်သွားခဲ့သည်။

လုရွှမ်မှာ ဒီသုံးယောက်က ဒီလို အစီအစဉ်မျိုး လုပ်နိုင်လိမ့်မယ်လို့ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ဒါပေမဲ့ ဘယ်နေရာမှာမဆို စီစဉ်လို့ မရဘူးဆိုတာ သိသာပါသည်။ မဟုတ်ရင် ဒီတလမ်းလုံး ပြေးနေစရာတောင် မလိုတော့ချေ။

သူတို့လေးယောက် ယဇ်ပလ္လင်ပေါ်သို့ ပြေးတက်လိုက်ကြစဥ် လုရွှမ် မြှားများကို အမြန်ပစ်လွှတ်လိုက်သည်။

ဘိုးဘေးသားရဲက သူ့ဆီသို့ ဟောက်သော်လည်း လုရွှမ် ခွန်အားကို ထပ်ဖြည့်သည်။ ဘိုးဘေးသားရဲမှာ မြှားသုံးစင်း ဆက်တိုက် ထိုးခံရပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ရှောင်ထွက်သွားပြီး ၎င်းတို့ကို အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အလင်းတန်းတစ်ခုက လူလေးယောက်ကို ခေါ်သွားပြီ။

လုရွှမ်နဲ့အတူ သုံးယောက်သား လေထဲမှ ပြုတ်ကျသွားသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်က လင်းထိန်လာတာကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်မိတဲ့အခါ အမှန်တကယ်ပင် ကြယ်ရောင် အစက်အပြောက်တွေနဲ့ ကောင်းကင်မှာ ရှိနေကြောင်း သိလိုက်ရသည်။

"ဒါက?" သူတို့သုံးယောက်ကို ကြည့်လိုက်သည်။ အခု လေဟာနယ်က ရုတ်တရက် ပြောင်းလဲသွားတာ ထင်ရှားပါ၏။

"ငါတို့ ကြယ်ကောင်းကင် ဟင်းလင်းပြင်မှာ ရှိနေပြီ... ဘယ်မြို့နဲ့ အနီးဆုံးလဲတော့ မသိဘူး"

လူတစ်ဦးက အော်ကာ ဘိုးဘေးသားရဲ ပြေးထွက်လာမှာကို စိုးရိမ်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်​သေးသည်။

လုရွှမ် အလွန်သိချင်လွန်းသဖြင့် မျက်လုံးအရောင် ပြောင်းလာသည်။ ကျုံးကျိုး အကြောင်း ဘာမှမသိကြောင်း မိမိဘာသာ ကောင်းကောင်းသိတာမို့ စကားမပြောဘဲ ကျန်သုံးယောက်ကိုသာ ကြည့်လိုက်သည်။

"ဘာကိုဆိုလိုချင်တာလဲ... မြို့တိုင်းက ကြယ်ကောင်းကင်တွေထဲမှာ ရှိနေတာလား?"

လုရွှမ်သည် ကောင်းကင်ဓားနှင့် နတ်လေးကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း သူတို့သုံးယောက်လုံး မြင်ထားပြီးပြီမို့ ပြန်မအော်ရဲ။ သူ့အဆင့်က နည်းနည်းနိမ့်ပေမယ့် အလွန်အစွမ်းထက်ပြီး ရိုသေလေးစားမှု လုံးဝ မရှိလို့ မဖြစ်ချေ။

ကျားယွမ်ဆိုလျှင် သေဆုံးသွားပြီး သူ့ဝိညာဉ် ကွဲအက်သွားကာ သဲလွန်စ မကျန်တော့ပေ။ ဒါပေါ့။ ကျန်ရစ်သူတွေက သူ့ရဲ့ သိုလှောင်ကွင်းတွေကို သိမ်းထားကြပြီလေ။

အစ်မကြီး ထျန်းလင်သည် လုရွှမ်နှင့် တိုက်ပွဲတွင် ဘိုးဘွားပိုင်သားရဲအား အခွင့်ကောင်း ယူ​စေကာ သူမဝိညာဉ်ကို နောက်ဆုံး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲ​စေခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်ကြသော်လည်း အဆုံးတွင် လုရွှမ်က အဆင်ပြေသွားကာ အစ်မကြီး၏ ဦးခေါင်းမှာတော့ သူမဝိညာဉ်ကို ဆုံးရှုံးလိုက်ရသည်။ ဒီကနေ သူတို့နှစ်ယောက်ကြားက ခွန်အားကွာဟမှုကို တွေ့နေရပြီ။

နှိုင်းယှဥ်လိုက်ရင် နိမ့်ကျသော နယ်ပယ်က အသာစီး ရသွားသည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ငြိမ်သွား၏။ တစ်ယောက်က။

“သခင်လေး ခန့်မှန်းတာ မှန်တယ်... ဒီမှာ မြို့တိုင်းက ကြယ်ကောင်းကင်ထဲမှာ ရှိတာ အထူးဆက်သွယ်မှုရှိမှာ မြို့တစ်မြို့ကနေ တခြားမြို့ကို ခရီးသွားနိုင်တာ...."

အခြားသူတစ်ဦးက "မြို့တော်တော်များများ အပျက်အစီးတွေ ဖြစ်သွားရင် အလယ်က လမ်းက သဘာဝအတိုင်း ပြိုကျသွားလိမ့်မယ်... အဲ့ကျရင် အိမ်ပြန်ဖို့ ကိုယ့်လမ်းကိုယ် ရှာရမှာ"

"ဟုတ်ပါတယ်... အခု ပထမမြို့ကြီး ပြိုကျသွားပြီ အနာဂတ်မှာ ဒီကိုပြန်လာဖို့က ခက်ခဲမယ်လို့ ထင်တယ်... ပထမမြို့ကို ပြန်လည် ထူထောင်မလား ဆိုတာတော့ ကျွန်တော်တို့လည်း ​မသိပါဘူး... မဟုတ်ရင်လည်း အနာဂတ်မှာ ဘယ်သူမှ လာနိုင်မှာ မဟုတ်ဘူး..."

"ဘာလို့ ဝင်လာတာလဲဆိုရင်...အမ် အဲဒါက ပထမမြို့ပဲ... ဘယ်အပိုင်းကို ဖိနှိပ်မှန်း မသိပေမယ့်.. အဲဒါက ဘိုးဘေးသားရဲရဲ့ အရေးကြီးဆုံးအပိုင်း ဖြစ်နိုင်တယ် အခု ဘိုးဘွားသားရဲက ဖိနှိပ်မှုကနေ လွတ်မြောက်သွားပြီ... ဒုက္ခရောက်တော့မှာ...အဲ့ထဲကိုဝင်တဲ့ လူတွေကတော့ သေဖို့ သွယးနေကြတာနဲ့ အတူတူပဲ...."

သူတို့ သုံးယောက် အတူတူ သက်ပြင်းချလိုက်ကြသည်။ ထိုစဉ် ကြယ်လေးတစ်ခု သူတို့ဘက်သို့ ပျံသန်းလာနေတာကို မြင်တော့ သုံးယောက်သား ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

"သခင်လေး ... အဲ့ကြယ်နောက်ကို အမြန် လိုက်သွားကြရအောင်.. အနီးနားက ကြယ်ရောင်စုံတဲ့ ကောင်းကင်မှာ ကြယ်သေးသေးလေးတွေက ရွေ့နေလိမ့်မယ်... ငါတို့သွားချင်တဲ့ နေရာကို ရှာလို့ရတယ်"

ဒီကိစ္စအတွက်တော့ လုရွှမ်လည်း သဘာဝအတိုင်း စွန့်လွှတ်ရန် အကြောင်းမရှိပေ။

"ကောင်းပြီ... သွားကြရအောင်"

လေးယောက်အတူ ပျံသန်းလာခဲ့သည်။

ကြယ်က ကြီးကြီးမားမား မဟုတ်သော်လည်း ၎င်းရဲ့အမြန်နှုန်းမှာ မနှေးပေ။ သူတို့လေးယောက်အတွက်တော့ ဒီအမြန်နှုန်းက ဘာမှ မဟုတ်သေးချေ။ ကြယ်လေးပေါ်သို့ ဆင်းသက်ပြီးနောက် သူတို့လေးယောက် ခြေချလိုက်စဥ် သုံးယောက်လုံးက လုရွှမ်ကို ကာကွယ်ရန် အတူတကွ ထိုင်လိုက်ကြသည်။

"ငါ့နာမည်က လုရွှမ်... အဲဒီကျားယွမ်လို့ ခေါ်တဲ့လူက မင်းတို့ဘေးမှာ ထားနိုင်တဲ့ ညီကောင်းတစ်ယောက်လား? အဲဒီထျန်းလင်ကရော မင်းတို့ရဲ့ သေအတူရှင်အတူလား?"

ကျင့်ကြံခြင်းလောကတွင် ဆက်ဆံရေးတိုင်း တည်ရှိနေခြင်း မဟုတ်သော်လည်း တခြားသူများကို ကူညီရန် မိမိတို့အသက်ကို စွန့်လိုသူများကို တွေ့ဆုံရန်မှာ ရှားပါးလှသည်။

ဒီလူတွေကြားက ဆက်ဆံရေးကို ကြည့်ရင် ဒါဟာ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး မဟုတ်ဘူးဆိုတာ သိသာပါ၏။ ထို့ကြောင့် ထျန်းလင်က ကျားယွမ်သေတော့မှာကို လျစ်လျူရှုခဲ့ပြီး ကျားယွမ်ကလည်း ကျိန်ဆဲခဲ့သည်။

ဘိုးဘေးသားရဲ ထျန်းလင်ကို ဖျက်ဆီးလိုက်သောအခါ ဤလူများရဲ့ ပထမဆုံး လုပ်သောအရာမှာ လွတ်မြောက်ရန် မဟုတ်ဘဲ ကယ်တင်ချင်တာ ဖြစ်သည်။

ယခု သူတို့လေးယောက် ဤနေရာတွင် ပိတ်မိနေပြီ။ လုရွှမ်ဟာ ဤနေရာနှင့် မရင်းနှီးတော့သဖြင့် သူတို့သုံးယောက်ကို သဘာဝအတိုင်း အားကိုးနေရပြီး သူတို့သုံးယောက်နှင့် ဆက်ဆံရေး ပြေလျော့ရန် သဘာဝကျကျ လိုအပ်သည်။

သူတို့ သုံးယောက်ရဲ့ မျက်နှာမှာ အရှက်ကွဲမှု အရိပ်အယောင်တွေ ပေါ်လာ၏။ တစ်ယောက်ကို တစ်ယောက် နာကျင်အောင် လုပ်နေကြတာ မဟုတ်လား။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူတို့သည် အရာအားလုံးကို ပေါ့ပေါ့တန်တန် ခံယူလာခဲ့သည်။

အခု အခြားသူများအတွက် ကိုယ်ပိုင်အသက်ကို စတေးတာက ဟာသတစ်ခုပဲ မဟုတ်လား။

"အဲဒီတော့ မင်းတို့က ငါ့ကြောင့် အဆင်မပြေဖြစ်မှာကို စိတ်ပူနေတာလား... မင်းတို့ကို အဆင်မပြေဘူးလို့ ငါဘယ်တုန်းကမှ မတွေးဖူးဘူး... မင်းတို့ လှည့်စားဖို့တောင် မလိုဘူးဆိုတာ သိတယ်... စိတ်ချနိုင်ပါတယ် မင်းတို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်.... ငါ့ကို လုပ်ကြံစေချင်လို့လား....အခု ငါတို့ ဒီနေရာလေးမှာ ပိတ်မိနေပြီ တကယ် လက်တွဲလုပ်ဖို့ လိုတယ်... ဒါပေါ့ မင်းတို့ငါ့ကို ယုံကြည်ဖို့ မလိုဘူး... ငါတို့ လွတ်မြောက်ဖို့ပဲ ပူးပေါင်းဖို့လိုတယ်... နောက်တစ်ခါ ထပ်ပြောမယ်... ငါ့နာမည်က လုရွှမ်...."

လုရွှမ် သူ့လက်ကို ဆန့်တန်းပြီး သူတို့သုံးယောက်ကို ပြုံးပြလိုက်သည်။ သုံးယောက်သား၏ မျက်လုံးများက လှည့်ကြည့်ကာ စိတ်လှုပ်ရှားမှု၊ စိတ်ရှုပ်ထွေးမှုနှင့် သတိထားမှု လက္ခဏာများ ပြသနေသည်။ ထို့နောက် လူတစ်​​ယောက်​က သူ့လက်​ကိုဆန့်​ပြီး လုရွှမ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကူလိ..."

"ဟွမ်းယဲ...."

"ဟယ်ရှန်း"

"ကောင်းပြီ...အချင်းချင်း သိပြီဆိုတော့ ငါတို့အားလုံး ကောင်းကောင်း စကားပြောကြရအောင်"

လုရွှမ် တင်ပျဉ်ခွေထိုင်ကာ သူတို့သုံးယောက်ကို သတိထားကာ စကားစလိုက်သည်။

All Chapters