ကျွင်းရှန့်
Vol. 129 Ch. 4.1442
ကျုံးကျိုးတွင် မြို့များစွာ ရှိသော်လည်း အရေအတွက် ဘယ်လောက်ရှိလဲ အတိအကျ မသိကြချေ။ ဘယ်မြို့တွေက ကြီးပွားတိုးတက်နေလဲ၊ မြို့ဘယ်လောက် ပြိုပျက်သွားသလဲ ဘယ်သူမှ မသိနိုင်ပေ။
ဒါပေမဲ့ မြို့တွေ တော်တော်များများ ပြိုပျက်သွားတယ်ဆိုတာ သိသာပါ၏။ အကြောင်းမှာ ကျင့်ကြံသူတွေ ထိုမြို့တွေကြားက ခရီးသွားတဲ့အခါ ပျက်စီးနေတဲ့ မြို့တွေကို တွေ့နိုင်လို့ပါပဲ။
တွင်းထဲမှာ နေထိုင်ကြတာက အရင်းအနှီး မရှိလို့ဟု ဆိုကြသည်။ ဒီနေရာမှာတော့ အာကာသသားရဲက လူသားများအပေါ် အလွန်ရက်စက် ကြမ်းကြုတ်ပြီး အိမ်များကို လုယက်တာက ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို ဖြစ်လာသည်။
"မြို့တိုင်းမှာ တစ်ချိန်က တစ်ခုခုကို ချိတ်ပိတ်ခဲ့တယ်... နောက်ပိုင်းကျတော့ အဲဒါက ပြန်ပေါ်ထွက်လာတယ်ပေါ့?"
လူသုံးယောက်က ခေါင်းညိတ်ပြီး တညီတညွတ်တည်း အော်ပြောလာသည်။
“အဲ့လိုပဲ ဖြစ်နိုင်တယ်”
အဲဒီနောက် လူသုံးယောက်က သူတို့ရဲ့ ဇာစ်မြစ်ကို ပြောပြသည်။ ပထမမြို့ကို လာရတဲ့ အကြောင်းအရင်းကတော့ ဒဏ္ဍာရီပုံပြင်ကို ကြားလိုက်ရလို့ပါပဲ။ အလယ်ပိုင်းဒေသ ကျုံးကျိုးမှာရှိတဲ့ ဒီမြို့တွေဟာ သားရဲအများစုကို နှိမ်နင်းဖို့ တည်ဆောက်ခဲ့တာလို့ ဒဏ္ဍာရီမှာ ဆိုထားပါ၏။
အထူးအရေးပါသော အချို့မြို့ကြီးများတွင် တချို့ အစားထိုးသားရဲများပင် နှိမ်နင်းခံရသည်။ မကြာသေးမီက သူတို့ရဲ့ အစ်မအကြီးဆုံး ထျန်းလင်ကို အမျိုးသားတစ်ဦးက ထိုဒဏ္ဍာရီဖြင့် ဆွဲဆောင်ခဲ့သည်။ ထို့နောက် လျှို့ဝှက်ချက်ကို ပြောပြပြီး ရတနာယူရန်အတွက် လူတစ်စုကို ပထမမြို့သို့ ပို့ဆောင်ခဲ့သည်။
ပထမမြို့က အရာသည် အစဖြစ်မယ်လို့ ထင်သောကြောင့် လူတိုင်းကလည်း စမ်းကြည့်ရန် ဤနေရာကို လာခဲ့ကြတာ ဖြစ်သည်။
ဒါက ပထမဆုံးမြို့လည်း ဖြစ်တာကြောင့် ရိုးရှင်းလွန်းပြီး သာမန်လောက်ပဲလို့ ထင်ခဲ့သည်။ သူတို့ ရောက်လာသောအခါတွင် ဘိုးဘေးများက ပထမမြို့၌ တစ်စုံတစ်ရာကို အမှန်တကယ် မြှုပ်နှံထားလိမ့်မည်ဟု တကယ် မထင်ခဲ့ကြပေ။
သူတို့တွေက ပထမမြို့ထဲကို ဝင်ပြီးရင်တော့ ကြံ့ခိုင်သန်မာနေသမျှ ပထမမြို့ထဲက တတ်နိုင်သမျှ မြန်မြန် ထွက်သွားကြမှာပဲလို့ တွေးထားခဲ့သည်။ ပထမမြို့က စူးစမ်းရကျိုး နပ်မယ့်အရာ မရှိရင် ကြည့်ပြီးတာနဲ့ ထွက်သွားမလို့ပင်။
သေသေချာချာ တွေးကြည့်တော့ ဒီကလူတွေက အားနည်းပြီး ဘာကောင်းတာတွေမှ မရှိ။ ယနေ့လူများသည် မတွေးတော မဆင်ခြင်နိုင်သောကြောင့် ရှင်းရှင်းလင်းလင်း ရှင်းပြ၍မရသော အပေါက်တစ်ခုမှ ထွက်ခွာသွားနိုင်တဲ့ နည်းလမ်းကိုလည်း မသိကြ။
နောက်ဆုံးတွင် သူတို့သည် ကြီးကျယ်သောဆုကြီးကို တိုက်ရိုက် ရရှိခဲ့သည်။ မထင်ထားတဲ့အရာက ပထမမြို့မှာ ဘိုးဘေးသားရဲကို တွေ့ရလိမ့်မယ်လို့ပင်။
ဘိုးဘေးသားရဲ။ အဲဒါ ဘာလဲ။
အတိအကျပြောရလျှင် အချက်အလက်က အမှန်တကယ် ဟောင်းလွန်းနေပြီမို့ ဘယ်သူမှ မသိနိုင်ပေ။ လူ့သမိုင်းတွင် ဘိုးဘွားစဉ်ဆက် သားရဲများ၏ ဒဏ္ဍာရီများကို ရှေးခေတ်မှ ယနေ့အထိ မှတ်တမ်းတင်ခဲ့သည်။
သို့သော် ဘိုးဘေးသားရဲ၏ မူလဇာစ်မြစ်ကို ဘယ်သူမှ မစစ်ဆေးနိုင်ခဲ့သောကြောင့် ၎င်းကို ဘိုးဘေးသားရဲဟု အမည်တွင်ခဲ့သည်။
ပထမမြို့၌ ဘိုးဘေးသားရဲကို နှိမ်နင်းခဲ့သည်။ ကံကောင်းထောက်မစွာပင် လူသား ဘိုးဘွားများက မူလကိုယ်ကို ခွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုကိုသာ ဖိနှိပ်ခဲ့သည်။ မဟုတ်ပါက ဘိုးဘေးသားရဲသည် အလွန်အစွမ်းထက်လှသဖြင့် ဒဏ္ဍာရီလာ စိမ်းပြာနဂါးနဲ့ ကျားဖြူတို့တောင် ကြောက်ရွံ့ပြီး အောင်ပွဲခံဝံ့မည် မဟုတ်ပေ။
"မင်းတို့ သုံးယောက် မပြန်နိုင်တော့ဘူးမလား"
လုရွှမ် ပြုံးပြလိုက်သည်။
လူသုံးယောက်ရဲ့ အမူအရာမှာ အနည်းငယ် ရှက်ရွံ့သွားသည်။ ထိုအရှင်သခင်ကို ချော့မော့နိုင်တဲ့ အကြောင်းရင်းမှာ ထျန်းလင်ရဲ့ ဆက်ဆံရေးကြောင့်ပဲ ဖြစ်သည်။ ထျန်းလင်က သူတို့အားလုံးကို စည်းရုံးနိုင်ခဲ့တယ်လေ။
"မင်းတို့ပြောနေတဲ့ အရှင်သခင်က ဘယ်သူလဲ"
လူသုံးယောက်သည် အလွန်ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို ကြားလိုက်ရသလိုပင် တုန်လှုပ် ခြောက်ခြားသွားကာ ကူကယ်ရာမဲ့သွားသည်။
"မင်းတို့ရဲ့လက်ရှိ အခြေအနေအကြောင်း ငါမပြောမိဘူး ထင်တယ်... ဒါပေမဲ့ မင်းတို့ကိုယ်တိုင်လည်း ဒါကိုသိပြီးသားပါ... ထျန်းလင် သေသွားပြီးရင် မင်းတို့ ပြန်နိုင်မယ်လို့ ထင်လား... အခု ငါတို့က လှေတစ်စင်းတည်းပေါ် ရောက်နေပြီ မင်းတို့ အန္တရာယ်တွေကို ရှင်းချင်ရင် ဒီလူတွေရဲ့ နောက်ခံနဲ့ ခွန်အားကို နားလည်ထားရမယ်..”
လုရွှမ် သူတို့ သုံးယောက်ကို ကြည့်နေသည်။ သူတို့ရဲ့ မျက်နှာတွေ အနီရောင်ကနေ အဖြူရောင်ပြောင်းသွားလေသည်။
"ရိုးရိုးသားသား ပြောရရင် အဲ့အရှင်သခင်က ဘယ်သူလဲ ဆိုတာတောင် ငါတို့ မသိပါဘူး...ထျန်းလင်တောင်မှ မသိဘူး... ဒါပေမဲ့ အဲ့အရှင်သခင်က ဒုတိယပါရမီရှင်စာရင်းမှာ နံပါတ်တစ်လို့တော့ ကောလဟာလသတင်းတွေ ထွက်ထားတယ်.... သူ့အဖေကလည်း ပထမပါရမီရှင်စာရင်းမှာ ဒုတိယ..."
"ဒါပေမဲ့ ပါရမီရှင် စာရင်းထဲက ထိပ်တန်းနာမည်ဆယ်ခုကို ပိတ်ဆို့ထားတယ်... ထိပ်ဆုံးဆယ်ယောက်ကသာ ထိပ်တန်းဆယ်ယောက်ကို မြင်နိုင်တာ..."
လုရွှမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး။
"ဒုတိယပါရမီရှင်စာရင်းမှာ နံပါတ်တစ်လား?"
ဟွမ်းယဲက ပြုံးပြလိုက်ပြီး "သခင်လေး... မင်းနာမည်က လုရွှမ်လို့ ပြောဖူးတယ်နော်... ဒါပေမဲ့ မင်းက ပါရမီရှင်တွေရဲ့ ဒုတိယစာရင်းမှာ အဆင့်ငါးရှိတဲ့ ပါရမီရှင်ပဲ... တကယ်တော့ အရှင်သခင်ဆိုတဲ့ ကျွင်းရှန့်က တစ်ချိန်က နံပါတ်တစ်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ သူက တက်သွားပြီ... သူကအခု နတ်ခြေလှမ်းနယ်ပယ်ထဲ ဝင်သွားပြီ"
ဟယ်ရှန်းကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။
"သခင်လေး... ဒါက အမှန်တရားပဲ... ဒုတိယ ပါရမီရှင်စာရင်းမှာပါတဲ့ ပါရမီရှင် တစ်ယောက်က နတ်ခြေလှမ်းနယ်ပယ် ရောက်တဲ့အခါ ပါရမီရှင်တွေရဲ့ စာရင်းကနေ အလိုအလျောက် ဖယ်ရှားခံရလိမ့်မယ်..."
ကူလိ: "သခင်လေး... မင်းရဲ့ အရည်အချင်းနဲ့ ခွန်အားက ထူးကဲပေမယ့် အလယ်ပိုင်းဒေသမီာ အရေးကြီးဆုံးအရာက ပါရမီနဲ့ နောက်ထပ် မရှားပါးဆုံးက ဆရာကြီးတွေပဲ... ပထမမြို့မှာ မင်းက အရမ်း တန်ခိုးကြီးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တခြားမြို့တွေကို သွားတဲ့အခါ ကမ္ဘာကြီးက မင်းထင်ထားတာထက် အများကြီး ပိုကြီးတာကို တွေ့ရလိမ့်မယ်"
လုရွှမ်: "စိတ်မပူပါနဲ့ ငါက အဲ့လောက်လည်း မာနမကြီးပါဘူး... ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲပြီး ဘဝင်မြင့်ဖို့လည်း မဝံ့ရဲပါဘူး"
သေချာတာကတော့ ဒီလူတွေက သူတို့ရဲ့ လုံခြုံရေးအတွက် ဒီအချက်တွေကို မပြောခဲ့တာပဲ ဖြစ်လိမ့်မည်။ ဤလူများရဲ့ နောက်ထပ် အစီအစဉ်က အလယ်ပိုင်းဒေသက ထွက်ခွာရန်၊ ပုန်းခိုဖို့ နေရာရှာရန်နှင့် အမည်မသိအဖြစ် ဆက်နေရန် ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။
ထုံးစံအတိုင်း လုရွှမ်ရဲ့ နှစ်သိမ့်စကားကို သူတို့ စိတ်မပူပေ။ လုရွှမ်ကြောင့် ကျွင်းရှန့်က သူတို့ရဲ့ ဝှက်ထားတဲ့ ခြေရာတွေကို ရှာတွေ့မှာကို ကြောက်ကြတာပဲ ဖြစ်သည်။
သူတို့သုံးယောက်ဟာ လုရွှမ် ပြောတာကို မယုံတာ သဘာဝအတိုင်း တုံ့ဆိုင်းစွာ ပြုံးလိုက်ကြသည်။ သို့သော် လုရွှမ် ပိုသိလေလေ လုရွှမ်ကို ပိုကြောက်လန့်လေပင်။ ကျွင်းရှန့်ဆီကို နောက်တစ်ကြိမ် မသွားချင်တော့ပေ။
ဒါနဲ့ သူတို့သုံးယောက်က ကျွင်းရှန့်အကြောင်း ဒဏ္ဍာရီမျိုးစုံကို တစ်ယောက်ပြီး တစ်ယောက် ကမန်းကတန်း ပြောကြ၏။
သူ မွေးဖွားလာသောအခါက ကောင်းကင်မှ ထူးခြားသည့် အရာများကို ပြသသည့် နိမိတ်လက္ခဏာများ ရှိခဲ့သည်။ ကျင့်ကြံသူ ဖြစ်ပြီးနောက် ထူးကဲသော အရည်အချင်းများကို ပြသခဲ့သည်။ အားနည်းသူများသည် သန်မာသူများကို အနိုင်ယူလေ့ရှိပြီး သူကလည်း နယ်ပယ်ကို အဖန်ဖန် ဖြတ်ကျော်ကာ သခင်များကို အနိုင်ယူလေ့ ရှိသည်။
ထို့အပြင် အခွင့်အလမ်းများနှင့် ကံတရားတို့သည် သူ့တစ်ကိုယ်တည်းတွင် တည်ရှိနေသလို တစ်ကိုယ်လုံးက အဆုံးမဲ့ စွန့်စားမှုများနှင့် ပြည့်နေသည်။ အထူးသဖြင့် နတ်မီးနယ်ပယ်သို့ ရောက်ရှိသော် သူသည် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးသို့ ချက်ချင်း ရောက်ရှိသွားခဲ့ကာ သူ့ကို ဘယ်သူကမှ စိန်ခေါ်နိုင်ခြင်း မရှိခဲ့ပေ။
ဒုတိယစာရင်းတွင် နံပါတ်နှစ်သည် အဆက်မပြတ် ပြောင်းလဲနေသော်လည်း ကျွင်းရှန့်ကတော့ အားလုံးအတွက် စံနမူနာပြ ဖြစ်လာပြီး လက်လှမ်းမမီနိုင်သော တောင်တစ်ခု ဖြစ်လာခဲ့သည်။
သူ့အကြောင်း မရေမတွက်နိုင်သော ဒဏ္ဍာရီများစွာ ရှိသည်။ သူသည် မှတ်တမ်းများ အရ သူနဲ့ရန်သူဖြစ်ခဲ့သော လူများကပင် နောက်ပိုင်းတွင် သူဟာ အကောင်းဆုံး အရည်အချင်း ရှိသူအဖြစ် ချီးကျူးပြောဆိုခဲ့သည်။
အနာဂတ်တွင် သူသည် လူသားမျိုးနွယ်စု တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်လာမှာ သေချာပေသည်။
သူတို့သုံးယောက်သည် ထိုအကြောင်းကို တစ်နေ့လုံး ပြောနေကြ၏။ လျှို့ဝှက် ဆန်းကြယ်သော အရာများ အားလုံးကို ပြန်ပြောပြရင်း လုရွှမ်အမူအရာကို အထပ်ထပ်အခါခါ ကြည့်၍ လုရွှမ် ကြောက်လန့်သွားပါစေလို့ မျှော်လင့်နေလေသည်။
ထို့နောက် လုရွှမ်ရ အစမှအဆုံး လျစ်လျူရှုထားတာကြောင့် သူတို့သုံးယောက်ခမျာ အမြတ်နဲ့ အရှုံးကို ပို၍ပင် စိုးရိမ်လာတော့သည်။