နှိမ့်ချ
Vol. 129 Ch. 4.1444
ကူလိတို့ သုံးယောက်က ကျယ်လောင်စွာ အော်ငေါက်ကာ ခုန်ထွက်လာကြသည်။ ရတနာဖမ်းသားရဲလည်း သိသာထင်ရှားစွာ ထိတ်လန့်သွားပြီး ငိုယိုကာ အပျက်အစီးများထဲသို့ ပြေးဝင်သွားခဲ့ပြန်သည်။
လုရွှမ် သူတို့သုံးယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူတို့ သုံးယောက်ဟာ အရမ်းစိတ်လှုပ်ရှားနေပုံရပြီး ရှေ့ကိုတောင် အပြေး သွားချင်နေသေးသည်။
"ဟမ့်!"
လုရွှမ်ရဲ့ ရုတ်တရက် အေးစက်စွာ ထွက်ပေါ်လာသံက သူတို့ သုံးယောက်ရဲ့ နားရွက်တွေကို တုန်ရီသွားစေ၏။ သုံးယောက်သား ခြေထောက်တွေ ရပ်သွားကာ စိတ်ပူနေသည့်နှယ် ခေါင်းငုံ့ ငြိမ်သက်သွားသည်။
"တောင်းပန်ပါတယ် လုရွှမ်... ငါတို့က နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ပါ..."
လွန်ခဲ့သည့် သုံးနှစ်အတွင်း ဆက်ဆံရေးက ပိုနီးစပ်လာသော်လည်း သူတို့သုံးယောက်ဟာ လုရွှမ်ရဲ့ ခွန်အားကို ပိုသိလာပြီးနောက်မှာတော့ နတ်မီးနယ်ပယ် အဆင့်၁၁ကို အောင်မြင်ခဲ့တဲ့ လုရွှမ်က သူတို့သုံးယောက်ကို တကယ်ပဲ ချေမှုန်းနိုင်ကြောင်း နားလည်လာခဲ့သည်။
လုရွှမ်က အမြဲတမ်း ကြင်နာတတ်ပေမယ့် သူတို့ သုံးယောက်ကတော့ အနည်းငယ် ဂုဏ်ယူမိနေသေးသည်။ အခုတော့ လုရွှမ် အသံပြုလိုက်ရာ သုံးယောက်သား လုရွှမ်က သူတို့ရဲ့ သူငယ်ချင်းအရင်း မဟုတ်မှန်း၊ စော်ကားဖို့ မတတ်နိုင်သူတစ်ယောက်မှန်း ပြန်သတိရသွားသည်။
"လုရွှမ် ဟားဟား ငါနည်းနည်းတော့ စိတ်လှုပ်ရှားသွားတာ... အဲဒါ ရတနာဖမ်းသားရဲပဲလေ... ဟုတ်ပါတယ် ငါတို့ ဘာကိုမှ မတွေးဝံ့ပါဘူး ဒီအတိုင်း နည်းနည်း စိတ်လှုပ်ရှားသွားရုံပဲ"
"ဟုတ်တယ်... ရတနာဖမ်းသားရဲက ဒဏ္ဍာရီတွေထဲမှာ အမြဲရှိခဲ့တာ.. အဲဒါကို ပထမဆုံး မြင်ဖူးတာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမှာ သေချာတယ်လေ... ဟုတ်တယ်မလား စိတ်မဆိုးပါနဲ့"
လူသုံးယောက်က သူ့ကို တစ်ယောက်ပြီး တစ်ယောက် တောင်းပန်လေသည်။ လုရွှမ်လည်း သူတို့ သုံးယောက်ကို ရန်သူများထက် သာလွန်သော သူငယ်ချင်း အများအပြားနှင့် မတွေ့ချင်ပေ။
"ကောင်းပြီ ညီအကိုသုံးယောက်... အရမ်းစိတ်လှုပ်ရှားမနေပါနဲ့... အကောင်လေးက အရမ်းကြောက်နေပြီ...."
သူတို့သုံးယောက်လည်း အနားကို ထပ်တိုးမလာဘဲ သိသိကြီးနှင့် ထွက်သွားကြရသည်။ လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သတိပြုမိသည်။ သေချာသည်မှာ သူတို့သုံးယောက် နောက်ဆုတ်သွားသောအခါတွင် လူကလေးပုံက ပေါ်လာပြန်သည်။
လုရွှမ် အပျက်အစီးများကို မဖွင့်တော့ဘဲ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ထိုအကောင်လေး သူ့ဘာသာသူ ထွက်ပေါ်လာမယ့် အချိန်ကို တိတ်တဆိတ် စောင့်နေလိုက်သည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ပြီး တစ်နာရီတောင် ကြာသွား၏။
ရတနာဖမ်းသားရဲသည် စူးစမ်းလိုစိတ် အပြည့်ဖြင့် လုရွှမ်ကို မျက်လုံးကြီးကြီးတွေနဲ့ လှမ်းကြည့်သော်လည်း အနည်းငယ် ကြောက်နေသေးသည်။
လုရွှမ် ခပ်ဖွဖွ ပြုံးပြီး သူ့လက်ဖဝါးကိုဖွင့်ကာ လက်ထဲမှာ စိမ်းပြာရောင် သလင်းကျောက်ကိုပြ၍ ရတနာဖန်းသားရဲရှေ့မှာ ဖြည်းညှင်းစွာ ချလိုက်သည်။
ရတနာအမဲလိုက်သော သားရဲ၏ မှော်အစွမ်းသည် ရတနာများကို ရှာဖွေရန်ဖြစ်ပြီး ၎င်းမှလွဲ၍ သူ့ကိုယ်သူ ကာကွယ်ရန် စွမ်းအားများစွာ မရှိပါ။ သူအကြိုက်ဆုံးအရာက သလင်းကျောက်ကို စားရတာ ဖြစ်သည်။ သလင်းကျောက်အဆင့်မြင့်လေ ရတနာဖမ်း သားရဲတွေကို ပိုဆွဲဆောင်နိုင်လေပါပဲ။
ရတနာဖမ်းသားရဲသည် အဝါရောင် အလင်းတန်း တစ်ခုလို လျင်မြန်စွာ ပြေးချလာကာ လုရွှမ်ဆီက သလင်းကျောက်ကို ယူ၍ အပျက်အစီးထဲသို့ ပြန်ပြေးသွားခဲ့သည်။
လုရွှမ် အလျင်စလိုမလုပ်ပဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ပြီးတော့ ဒီမြင်ကွင်းကြောင့် လူသုံးယောက်ရဲ့ မျက်လုံးများအားလုံးက ငြူစူခြင်းနဲ့ မနာလိုခြင်းကလွဲလို့ တခြားဘာမှ မရှိတော့ပေ။ ၎င်းသည် စိမ်းပြာရောင် သလင်းကျောက် ဖြစ်သလို လက်သီးလုံးလောက် ကြီးမားသောကြောင့် ငွေအမြောက်အမြား တန်လေသည်။
ဒီလို တန်ဖိုးကြီးတာကို ရတနာဖမ်းသားရဲကို အမှန်တကယ် ကျွေးပစ်တဲ့အထိ စွန့်လွှတ်ပစ်ခဲ့သည်။ တစ်နာရီ ကြာပြီးနောက်တွင် ရတနာဖမ်းသားရဲသည် ၎င်း၏ခေါင်းကို ထပ်ခါယမ်းကာ လုရွှမ်အား အနည်းငယ် မဝံ့မရဲနှင့် အနည်းငယ် ပိုရင်းနှီးစွာ ကြည့်လာသည်။
ရွှေကျီးကန်း: "ဟားဟား ကောင်လေး မင်းက ကံကောင်းလိုက်တာ ရတနာဖမ်းသားရဲ တစ်ကောင် ရသွားပြန်ပြီ... မင်း သိမ်းရမယ် ယွမ်ယန်စွမ်းအင်ကို သုံး... ယင်စွမ်းအင်ပါတဲ့ သားရဲတစ်ကောင်မှ မဟုတ်ရင် ယွမ်ယန်စွမ်းအင်က သားရဲတွေအတွက် အများကြီး အကျိုးရှိတယ်"
လုရွှမ်လည်း ရွှေကျီးကန်းရဲ့ အကြံပေးချက်ကို နားထောင်ပြီး ယွမ်ယန်ကျင့်စဥ်ကို လက်ဖဝါးဖြင့် တစ်နည်းနည်းချင်း အသုံးပြုကာ သူ့လက်ချောင်းများပေါ်တွင် ပေါင်းထည့်လိုက်သည်။
သေချာတာကတော့ ရတနာဖမ်းသားရဲရဲ့ မျက်လုံးကြီးတွေက တောက်ပြောင်နေတာကို မြင်လိုက်ရကာ လုရွှမ်ရဲ့လက်ချောင်းကိုလည်း သတိထားပြီး ငုံ့ကြည့်လိုက်သေးသည်။ ဒီမြင်ကွင်းကြောင့် လူသုံးယောက်မှာ မျက်လုံးတွေ ကျွတ်ထွက်လုနီးပါး ဖြစ်သွား၏။
ဒါ ဖြစ်နိုင်ပါ့မလား။
ရတနာဖမ်းသားရဲ ကျော်ကြားရတဲ့ အကြောင်းရင်းမှာ ရတနာများရဲ့ တည်ရှိမှုကို သိရှိနိုင်သောကြောင့်သာ ဖြစ်သည်။ ဤနှစ်များတစ်လျှောက်တွင် မရေမတွက်နိုင်သော လူသားများသည် ရတနာဖမ်းသားရဲကို ထိန်းကျောင်းရန် ကြိုးစားခဲ့ကြသည်။
အဲဒီလိုဆိုရင်တောင် ရတနာဖမ်းသားရဲကို ပိုင်ဆိုင်တဲ့ ကျင့်ကြံသူကတော့ သေချာပေါက် ဒုက္ခရောက်လိမ့်မည်။
ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာအောင် ဘယ်သူမှ မအောင်မြင်ခဲ့ပါဘူး။ ရတနာဖမ်းသားရဲက အလွန်ထက်မြက်ပြီး အလွန်လျင်မြန်သော သားရဲ ဖြစ်၏။ သို့သော်လည်း ရတနာကို ရှာဖွေရန် ၎င်းနောက်က လိုက်နိုင်ရင်တောင် ၎င်းကိုဖမ်းမိဖို့ ကြိုးစားတာက အိပ်မက်တစ်ခုနီးပါးပဲ ဖြစ်သည်။
အရင်ကတော့ လုရွှမ်ဟာ လက်သီးဆုပ်လောက်ကြီးတဲ့ စိမ်းပြာရောင် သလင်းကျောက်ကို ထုတ်ယူခဲ့၏။ အဲဒါက သူတို့ သုံးယောက်ရဲ့ မျက်လုံးထဲမှာတော့ စိတ်ကူးတစ်ခု ဖြစ်နေဆဲ။ ရတနာဖမ်းသားရဲသည် စိမ်းပြာရောင် သလင်းကျောက်ကို လုယူပြီးနောက် ထွက်ပြေးသွားရာ လုရွှမ် လိုက်မသွားခဲ့။
ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့ အရာက ရတနာဖမ်းသားရဲဟာ ကြိုးစားချင်စိတ် ပြင်းပြပြီး တစ်ဖန် ပြန်ပြေးလာခဲ့တာပါပဲ။
ဤအခိုက်တွင်တော့ သူဟာ လုရွှမ်၏ လက်ဖဝါးထဲသို့ တိုက်ရိုက် ခုန်ဆင်းလာတဲ့အပြင် လုရွှမ်လက်ဖဝါးကို လျှာလေးနဲ့ပါ လျှက်လိုက်ပြန်ရာ သုံးယောက်သားခမျာ သူတို့ရဲ့ ကမ္ဘာ့မြင်ကွင်းအပေါ် ခံစားချက်များအား ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။
ရတနာဖမ်းသားရဲက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက လုရွှမ်ကို အသိအမှတ်ပြုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာလေ။
လုရွှမ်: "အကောင်လေး.. နာခံပြီးနေ မင်းကို တစ်နေရာ ပို့ပေးမယ်"
ရတနာဖမ်းသားရဲသည် ၎င်း၏ဦးခေါင်းလေးကို မြှောက်လိုက်ပြီး လုရွှမ်ကို ကြည့်ကာ အလွန်ချစ်စရာကောင်းသော ခေါင်းလေးကို ညင်သာစွာ ညိတ်ပြလာသည်။ လုရွှမ် ရယ်မောရင်း ထိုအကောင်လေးကို ကျောက်စိမ်းပြားထဲ ပို့ပေးလိုက်သည်။
"မင်း ရတနာဖမ်းသားရဲကို တကယ် သိမ်းယူခဲ့တာလား?"
သူတို့ မယုံနိုင်ပေမယ့် သူတို့ရှေ့မှာ ဖြစ်ပျက်နေတာက တကယ်ကြီး အတိုင်းပါပဲ။ တစ်ယောက်ယောက်က ရတနာဖမ်း သားရဲကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ကြောင်း တွေ့လိုက်ရသည်။
သူတို့သုံးယောက်လုံး လုရွှမ်ကို ပုံစံအမျိုးမျိုးဖြင့် ကြည့်ကြသည်။ လုရွှမ်ရဲ့ အရည်အချင်းကို သူတို့ မျက်လုံးထဲမှာ အသိအမှတ် ပြုထားပြီးပြီ။ ဒဏ္ဍာရီဆန်ဆန် ကျွင်းရှန့်ကလွဲလို့ လုရွှမ်က အရည်အချင်း အရှိဆုံးပါပဲ။
တစ်ခါတစ်ရံတွင် လူတစ်ဦးသည် တစ်စုံတစ်ခုကို အောင်မြင်နိုင်ခြင်း ရှိမရှိက အရည်အချင်း၊ ကြိုးစားအားထုတ်မှုနှင့် နောက်ခံ အပေါ်တွင်သာ မူတည်သည် မဟုတ်ဘဲ ပို၍အရေးကြီးတာကို ရိုးရိုးရှင်းရှင်း ပြောရရင် အခွင့်အလမ်းပဲ ဖြစ်သည်။
ဆယ်စုနှစ်များစွာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရင်တောင် တစ်စုံတစ်ဦးက သင့်အား မယုံလျှင် မရတော့ချေ။
ဒဏ္ဍာရီထဲမှာတော့ ကျွင်းရှန့်က အချစ်တွေနဲ့ ပြည့်လုနီးပါးပါပဲ။ သို့သော် ယခု လုရွှမ်နှင့် နှိုင်းယှဥ်ကြည့်လျှင် မဟုတ်တော့သယောင်ပင်။ လုရွှမ်တွင် ရှေးခေတ်ကတည်းက မရေတွက်နိုင်သော လူများမျှော်လင့်ထားသည့် ရတနာဖမ်းသားရဲကို လက်ဝယ် ရသွားပြီ။
သူ၏ ယခင်အသွင်အပြင်ကို ကြည့်လျှင် လုရွှမ်ကို ရတနာဖမ်းသားရဲက သူ့ဘာသာသူ လာရှာတာဖြစ်ကာ လုရွှမ်ကိုလည်း သူ့ဘာသာ အသိအမှတ်ပြုခဲ့တာ ထင်ရှားသည်။
ဤရှုထောင့်မှ ကြည့်လျှင် လုရွှမ်ရဲ့ အခွင့်အရေးသည် သာလွန်ကောင်းမွန် ရုံသာမက ထိုကျွင်းရှန့်ထက်လည်း မနည်းပေ။ ကျွင်းရှန့်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေဟာ ဒဏ္ဍာရီတွေသာ ဖြစ်ကာ လုရွှမ် တွေ့ကြုံခဲ့ရတာတွေက သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရတာပါ။
ကျွင်းရှန့်နဲ့ မယှဉ်နိုင်ပေမယ့် သူတို့သုံးယောက်ကတော့ လုရွှမ်ကို အရှင်သခင်အဆင့်သို့ မသိစိတ်ဖြင့် မြှင့်တင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လုရွှမ်ဟာ ကျွင်းရှန့်ကို မကျော်နိုင်ခဲ့ရင်တောင် အမီလိုက်တော့မှာပင်။
ဒီအရာ အားလုံးအတွက် အကြောင်းရင်းမှာ ဤရတနာကို အမဲလိုက်သော သားရဲရှိသွားတာကြောင့်လည်း ဖြစ်သည်။ လုရွှမ် သူ့လက်ဖဝါးကို နောက်တစ်ကြိမ် လှန်လိုက်သော် ရတနာဖမ်းသားရဲက သူ့လက်ဖဝါးထဲတွင် ပြန်ပေါ်လာပြန်သည်။
"မင်း ဘယ်လိုလုပ် လုပ်လိုက်တာလဲ?"
လုရွှမ် ဒီဇာတ်လမ်းကို မပြောဘဲ ပြုံးပြီး။
"ငါ့ရဲ့ ရိုးသားမှုကို ပြသဖို့ ရတနာဖမ်းသားရဲနဲ့ ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တာ... ရတနာဖမ်းသားရဲကလည်း သဘာဝအတိုင်း ငါ့နဲ့ ဆက်သွယ်ဖို့ ဆန္ဒရှိနေတယ်...အထူးသဖြင့် ဒီနေရာက လုံးဝအပျက်အစီး ဖြစ်နေပြီ... ရတနာဖမ်းသားရဲ ငါတို့ကို ရှာတဲ့ အကြောင်းရင်းက ထွက်သွားချင်တာကြောင့်ပဲ"
သူတို့သုံးယောက်လုံး နည်းနည်းတော့ ဆွံ့အသွားသည်။ တကယ်ဟုတ်လား၊ မဟုတ်လား စဥ်းစားနေကြ၏။
ဒါက အဲ့လောက်တောင် ရိုးရှင်းလား။