← Chapters

ပျက်စီးဝိညာဥ်မြက်

Vol. 129 Ch. 4.1445

ပျက်စီးဝိညာဥ်မြက်

Vol. 129 Ch. 4.1445

လုရွှမ် စကားတွေက အတော်လေး အံ့သြဖို့ကောင်းသည်။ သူတို့သုံးယောက်မှာ ခဏလောက် ထိတ်လန့်သွားပြီးမှ အမှန်တရားကို လက်ခံလိုက်ကြပြီး လုရွှမ်ကိုလည်း နည်းနည်းတော့ ပိုပြီး ထိတ်လန့်သွားကြ၏။

"မင်းတို့မှာ သံသယဝင်စရာ မရှိဘူးမလား?"

"င။တို့အားလုံးက ပါရမီရှင်တွေပဲလေ... သာမန်လူတွေရဲ့ အမြင်မှာ လက်တွေ့မကျတဲ့ဟာတွေကို အမြဲတမ်း လုပ်နိုင်ကြတယ်... အခုလည်း အတူတူပဲ။ ဒါကို ငါတို့ နားမလည်တာနဲ့တော့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး"

လုရွှမ် သူတို့သုံးယောက်ကို တစ်ချက် ကြည့်လိုက်သည်။

"ကောင်းပြီ... သွားကြရအောင်"

"ခဏလေး... ရတနာဖမ်းသားရဲ ပေါ်လာတဲ့ နေရာတိုင်းမှာ ရတနာတွေ ရှိရမယ်တဲ့... အဲဒီကောင်လေးက ငါတို့ကို စောင့်နေတာ မဟုတ်ရင်တောင် အနီးအနားမှာ ရှားပါးတဲ့အရာတွေ ရှိနေမှာ သေချာတယ်..."

ဟယ်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ သူက လုရွှမ်ကို ဂရုတစိုက်ကြည့်ကာ လုရွှမ်က ဒီလိုအကျိုးရလဒ်​ကောင်းကို တိုက်ရိုက် စွန့်လွှတ်ပစ်မှာလည်း စိုးရိမ်​နေသည်။

လုရွှမ် :"ဒီမှာ ရတနာတစ်ခု ရှိတယ်ဆိုရင်တော့ သေချာပေါက် သိမ်းရမှာပေါ့... ဟုတ်ပြီ ရတနာကို အရင်ရှာပြီးမှ ဘယ်လိုဝေငှရမလဲ စဥ်းစားကြတာပေါ့"

သူတို့သုံးယောက် အနည်းငယ် ရွှင်မြူးသွားကာ အပျက်အစီးများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်တော့သည်။ ထို့နောက် အစိမ်းရောင် ဝိညာဥ်အပင် တစ်ပင်က ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

"ဒါက?"

"မင်း မမှားဘူး...အဲဒါက ပျက်စီးဝိညာဥ်မြက်!"

လုရွှမ်သည် မိုးမြေအဆောက်အအုံ၌ ဂန္ထဝင်ကျမ်း မြောက်များစွာကို စေ့စေ့စပ်စပ် ဖတ်ပြီးလေပြီ။ အမည်ကို ကြားသောအခါ ၎င်းက နတ်မီးကို သန့်စင်စေခြင်း၊ မျှော်စင်ကို သန့်စင်စေခြင်းနဲ့ နတ်ခြေလှမ်းနယ်ပယ် အထိ လင်းလက်စေတဲ့ အနာဂတ်အတွက် ဒါ ဒဏ္ဍာရီဆန်တဲ့ မြက်ပင်ပဲ မဟုတ်လား။

အမှန်တော့ ဒီအရာဟာ အလွန်ရှားပါးပြီး အရေးကြီးတဲ့အတွက် ဒီလို​နေရာမှာ ရှာတွေ့မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။ ပျက်စီးဝိညာဥ်မြက်ကို လူသုံးယောက်က စိမ်းစိမ်းစိုစို ရွှဲရွှဲစိုနေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သင်းပျံ့သောရနံ့က မြက်ပင်ရနံ့နှင့် မြေစွမ်းအင်ရဲ့ မွှေးရနံ့လည်း ရှိသည်။

"အဟမ့်...."

လုရွှမ်က ချောင်းဆိုးပြီး "မင်းတို့သုံးယောက်... ငါမင်းတို့ တစ်ယောက်ကို ခရမ်းရောင်သလင်းကျောက် တစ်လုံးနဲ့ နတ်လက်နက်တစ်စီ ပေးနိုင်ပါတယ်... ဒီမြက်ပင်ကို ငါယူလိုက်မယ် ဘယ်လိုယူလဲ"

လုရွှမ် ဒီဝိညာဥ်မြက်ကို ယူဆောင်သွားချင်တာ အမှန်ပါပဲ။ ဒီနတ်ဘုရားလို ပစ္စည်းကို စွန့်လွှတ်လိုက်ရင် သူ့ကိုယ်သူ အရူးတစ်ယောက်လို့သာ မှတ်ယူရလိမ့်မည်။ လုရွှမ်ရဲ့ ချောင်းဆိုးသံက သူတို့နှလုံးသားများကို အေးခဲသွား​စေသည်။

လုရွှမ်က ဒါကို ရှာတွေ့ခဲ့တာလို့ ပြောရရင်လည်း ဒါက ဖြစ်သင့်သည်။ ပြောစရာမလိုအောင် သူသည် အလွန်ကောင်းမွန်သော စျေးတစ်ခုဖြစ်သည့် ခရမ်းရောင်သလင်းကျောက်နဲ့ နတ်ဓားတစ်လက်ဖြင့် ပေးချေခဲ့သည်။

ကူလိ ကျန်နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်တော့ နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာပဲ ခေါင်းညိတ်ကြ၏။

"အမ်... အလေးအနက် မလုပ်ရဲပါဘူး... ဒါ အစကတည်းက...."

သူစကားမဆုံးခင်မှာပဲ လူနှစ်ယောက်က လုရွှမ်ရဲ့ ဘယ်နဲ့ညာမှာ ဝန်းရံလိုက်သည်။ ကူလိပါ ထည့်ပေါင်းလိုက်ရင် သူတို့က လုရွှမ်ကို တြိဂံပုံသဏ္ဌာဖြင့် အခင်းအကျင်း ဖွဲ့စည်းလိုက်လို့ရသည်။

ကူလိ :"မင်းတို့ ဘာလုပ်​​နေတာလဲ!"

ကူလိ မယုံနိုင်​​စွာ အော်​လိုက်​သည်။ ဒီကောင်တွေ လုရွှမ်ရဲ့ အစွမ်းအစကို မသိကြဘူးလား။ ဒါမှမဟုတ်​ သူတို့က ​ငွေကို တကယ်​​လောဘကြီးပြီး လုရွှမ်နဲ့ ပြိုင်​ရဲတာလား။

နှစ်ယောက်သား တခဏမျှ ထိတ်လန့်သွားသော်လည်း ဆက်လက် တိုက်ခိုက်သည်။

"ဟမ့်...သူက ရတနာဖမ်းသားရဲနဲ့ ဝိညာဥ်မြက်ကို ရပြီးရင် ငါတို့ကို အသက်ရှင်ခွင့် ပေးမယ်လို့ မင်းထင်နေတာလား... သလင်းကျောက်နဲ့ နတ်လက်နက်က အကြောင်းပြချက် တစ်ခုပဲ... ငါတို့က အသတ်ခံခဲ့ရမှာပဲ..."

ထိုအခါ ကူလိမျက်နှာတွင်လည်း ဒေါသအရိပ်အယောင် ပြလာပြီး ဓားကိုဆွဲကာ စည်းဝိုင်းထဲသို့ ဝင်လာ၏။ လုရွှမ် အနည်းငယ် စိတ်ပျက်သွားတာကြောင့် ခေါင်းကို အနည်းငယ် ခါယမ်းသော်လည်း လုံးဝ မအံ့သြသွားပေ။

လူတွေက ငွေအတွက်သေပြီး ငှက်တွေ အစာအတွက် သေတယ်ဆိုတာ အမှန်ပဲကိုး။

အားလုံးရဲ့ အကြောင်းပြချက်ကတော့ သူတို့ သုံးယောက်က သူ့ကို လုံးဝ မယုံ​ကြည့်သလို မယုံချင်ကြတာကြောင့်ပါပဲ။ ယခုအချိန်တွင် သူ့မှာလည်း တခြား အဖြေ​ကောင်း​ကောင်း မရှိသော်ငြား ၎င်းတို့သုံးဦးသည် အချင်းချင်းလည်း မရိုးသားနိုင်ကြကြောင်း ကောက်ချက်ချမိသည်။

လုရွှမ် သူ့ဓားရှည်ကို လှန်လိုက်ပြီး လူနှစ်ယောက်ရဲ့ ဓားရှည်ကို ဖယ်ခိုင်းလိုက်သည်။

"ငါပြောတာကို မင်းတို့ဘာသာ ​မယုံမှတော့ ငါကဘာလို့ ရှင်းပြ​နေရမှာလဲ?"

သူတို့သုံးယောက်သည် လုရွှမ်ကို ရင်ဆိုင်ရန် တန်းစီခဲ့ကြ​ပြီ။ မျက်လုံးများက မလုပ်ချင်သော အငွေ့အသက်များ ရှိသော်လည်း မုန်းတီးမှုနှင့် နောင်တရမှု ပိုများလာသည်။ အကယ်၍ သူတို့သည် ဤရတနာဖမ်းသားရဲနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို သိခဲ့ရင် ဘာကြောင့်များ စောင့်ဆိုင်းနေခဲ့မိမှာလဲ။

တစ်စက္ကန့်၊ နှစ်စက္ကန့်နဲ့ အချိန်တွေက တဖြည်းဖြည်း ကုန်သွားသည်။ သူတို့သုံးယောက်သည် လုရွှမ်ရှေ့မှာ မျက်နှာချင်းဆိုင် ရှိနေကြဆဲ ဖြစ်ကာ တိုက်ခိုက်ရန် မစဥ်းစားကြသေးပေ။

လုရွှမ် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ ရွှေ့လိုက်ကာ သူတို့ကြား ညီညီညာညာ လှုပ်ရှားလိုက်ကြသည်။ မြေပြင်ပေါ်ရှိ အပျက်အစီးများကြားက ပျက်စီးဝိညာဥ်မြက်ကို ကောက်ယူကာ နတ်လက်နက်သုံးလက်နှင့် ခရမ်းရောင်သလင်းကျောက် သုံးလုံးကို ပစ်ချ၍ ထွက်ခွာသွားခဲ့သည်။

"ငါလုရွှမ်က သူများဆီက လှည့်ဖြားခံရမှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး... လမ်းတလျှောက် ငါ့အပေါ် ကြံစည်တဲ့သူတွေ လဲကျသွားတယ်... ငါ့အတွက်တော့ စည်းစိမ်ဥစ္စာရှာတာက လူတွေကို သတ်တာနဲ့ မတူဘူး... လူသတ်နှုတ်ပိတ်တာမျိုး လုရွှမ် ဘယ်တော့မှ မလုပ်ဘူး!"

အသံက လွင့်ထွက်သွားပြီး လုရွှမ်ရဲ့ နောက်ကျောသည်လည်း အဝေးမှာ ပျောက်ကွယ်သွားသည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရပ်နေကြသည့် နေရာမှာ ဆက်ရပ်နေကြသည်။

ရုတ်တရက် စိတ်ဓာတ်ကျသွားသလို သုံးယောက်သား မြေပြင်ပေါ်တွင် လဲလျောင်းပစ်လိုက်ကြတော့သည်။ သိပ်မကြာခင်မှာပဲ ကူလိဆီက အသံထွက်လာ၏။

"ငါတို့သာ လူကြမ်းတစ်ယောက်လို မလုပ်ဘဲ လူကြီးလူကောင်း တစ်ယောက်လို လုပ်ခဲ့မယ် ဆိုရင် လုရွှမ်နဲ့ သူငယ်ချင်း ဖြစ်သွားလိမ့်မယ်"

ကျန်နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းကို မလှည့်နိုင်ကြတော့။ နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာ နောင်တရခြင်း အရှက်ရခြင်းတွေကို မြင်လိုက်ရသည်။

လုရွှမ် ထွက်သွားပြီ။ သူ့အသက်ရှုသံကိုတောင် လုံးဝ မခံစားနိုင်တော့ပေ။ လုရွှမ်သာ သူတို့ကို တကယ် သတ်ချင်ရင် သူတို့ လွတ်မြောက်ဖို့ အခွင့်အရေး မရှိဘူးဆိုတာ ထင်ရှား၏။ ဒါကလည်း အမြဲတစေ ထိပ်တိုက် ရင်ဆိုင်ရဖူးတာမို့ တကယ်တိုက်ဖို့ သတ္တိမရှိကြဘူး။

သူတို့ရဲ့ အကျင့်စရိုက်က လုရွှမ်နဲ့ သူငယ်ချင်းဖြစ်ခွင့်ကို ထာဝရ ဆုံးရှုံးစေခဲ့သည်။ အထူးသဖြင့် နောက်ဆုံးစာကြောင်းက သူတို့နားထဲမှာ ပိုရှက်ပြီး ပိုဝမ်းနည်းစေ၏။

ဟယ်ရှန်း: "ငါတို့ ထွက်သွားပြီး နာလန်ထဖို့ နေရာရှာရအောင်... ငါတို့ဘဝရဲ့ ကျန်ရှိနေတဲ့ ဘဝတွေကို ဖြတ်သန်းရဦးမယ်"

ဟွမ်းယဲ: "တစ်ချိန်က ငါတို့ရှေ့မှာ ဒီလိုအခွင့်အရေးကောင်း တစ်ခုရှိခဲ့တယ် ဒါပေမဲ့ ငါတို့က ဆုပ်ကိုင်ထားရမယ့်အစ မဆိုင်းမတွ စွန့်လွှတ်ခဲ့တယ်"

"မင်းတို့နှစ်ယောက်... သွားကြတော့ ငါလည်း လမ်းအသစ် ရှာတော့မယ်!"

ကူလိက အော်ပြောပြီး နတ်လက်နက်နဲ့ သလင်းကျောက် တစ်လုံးကို ကောက်ယူပြီး ထွက်သွားခဲ့လေသည်။ နှစ်ယောက်သား ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ကြ။ ကူလိနောက်ကျော ကောင်းကင်၌ ပျောက်ကွယ်သွားတာကိုသာ ကြည့်နေခဲ့ကြသည်။

လုရွှမ် ယဇ်ပလ္လင်ရှိသို့ ရောက်လာခဲ့သည်။ ၎င်းအား ထိန်းချုပ်နည်းကို လွန်ခဲ့သော သုံးနှစ်က ရှင်းရှင်းလင်းလင်း သိထားပြီးပြီ ဖြစ်သည်။ ထိုအချက်ကို သိပြီးနောက် ယဇ်ပလ္လင်ကို ခင်းပြီး ပို့ဆောင်ခြင်းအစီအရင်ကို အသက်သွင်းကာ သူ့ခန္ဓာကိုယ်လည်း ဖျတ်ကနဲ ပျောက်ကွယ်သွားခဲ့သည်။

All Chapters