← Chapters

အယောင်ဆောင်နဂါးလူသား

Vol. 129 Ch. 4.1446

အယောင်ဆောင်နဂါးလူသား

Vol. 129 Ch. 4.1446

ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လုရွှမ် ချင်ထျန်းဓားကို အလိုလို ဆွဲထုတ်ကာ သူ့အား တိုက်ခိုက်ရန် ရုတ်တရက် ပေါ်လာသော ဓားကို တားဆီးလိုက်သည်။ သူယဇ်ပလ္လင်မှ ပေါ်လာတဲ့ ခဏအတွင်းမှာပဲ တိုက်ခိုက်ခံရမယ်လို့ မထင်ထားချေ။

အရမ်းလျှို့ဝှက်သလို အရမ်းလည်း ရုတ်တရက်ဆန်သည်။ ဖြောင်းကနဲ အသံနဲ့အတူ တိုက်ခိုက်သူရဲ့ ဓားရှည်က အပိုင်းပိုင်း ကွဲသွားသည်။

တစ်ချိန်တည်းမှာပဲ လုရွှမ်သည် သူ့အ​နောက်ကနေ ဓားတစ်ချောင်း ခုတ်ထစ်လာပြန်တာ ခံစားလိုက်ရသည်။ နတ်မိုးကြိုး လက်မောင်းက တစ်ခဏအတွင်း ပေါ်လာကာ ထိုဓားရှည်ကို ဖြတ်ထုတ်ရန် လက်သီးတစ်ချက် ကျွေးလိုက်သည်။

နောက်ဆုံးတော့ ဒီနေရာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ အချိန်တန်ပြီ။

သူ့အမြင်မှာ အလွန်ရက်စက် ကြမ်းကြုတ်သော စစ်ပွဲတစ်ခု ဖြစ်နေသလားဟုပင် ထင်မိသည်။ လူနှစ်ဦးက သူ့ကို အရူးအမူး တိုက်ခိုက်နေသဖြင့် ဒီနေရာကို တိုက်ရိုက် ရောက်လာတာက ကံမကောင်းတော့ချေ။

သူသည် တိုက်ခိုက်မှု နှစ်ခုစလုံးကို တိုက်ဆိုင်စွာ ပိတ်ဆို့ခဲ့ပြီး ၎င်းတို့ရဲ့ တိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ နှစ်ယောက်စလုံးကလည်း အံ့ဩသွားကြသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်မှာ တွန့်ဆုတ်နေဖို့ အချိန်မရှိခဲ့။ အကြောင်းမှာ သူတို့ရဲ့လက်နက်တွေကို ဒီကလေးက ဖျက်ဆီးပစ်လိုက်​ပြီ။

နောက်တော့ ဒီကောင်လေးဟာ နတ်မီးနယ်ပယ်ပဲ ရှိသေးတာတွေ့တော့ နှစ်ယောက်သား ဟောက်ပြီး လုရွှမ်ကို တစ်ပြိုင်နက် တိုက်ခိုက်ကြ​ပြန်သည်။

လုရွှမ်က ချီထျန်းပုဖြင့် ထိုနှစ်ယောက်ကြားမှ ရှောင်ထွက်သွားလေသည်။ သူ ဒီပရမ်းပတာ ဖြစ်နေတဲ့ နေရာကနေ လွင့်မျောသွားချင်သည်။ သူ့ရဲ့ လှုပ်ရှားမှုများက လွယ်ကူပြီး အလွယ်လေး ရှောင်ထွက်သွားတာမို့ သူတို့နှစ်ဦးရဲ့ တိုက်ခိုက်မှုကလည်း ရပ်တန့်သွားသည်။

"မိတ်ဆွေတို့ နှစ်​​ယောက်​ ဒီ​နေရာက ဘယ်နေရာလဲ? ဘာဖြစ်​​ကြတာလဲ"

အနီးနားတစ်ဝိုက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပုံပါပဲ။ ဒါပေမဲ့ သူက တခြား အငြင်းပွားမှုတွေမှာ ပါဝင်ခဲ့မိပုံပင်။ ဒါကြောင့် လုရွှမ် ချက်ချင်းရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို မေးလိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မထီမဲ့မြင် အသံဖြင့် အော်ဟစ်ကြသည်။

"ဒါက ကျားဖြူဂိုဏ်းနဲ့ နတ်နွားဂိုဏ်းကြားက တိုက်ပွဲဖြစ်နေတဲ့ မြို့ဆယ်သုံးပဲ... ကောင်လေး မင်းဘယ်သူလဲ လူသားလား?"

ထိုမှသာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် လူသား​တွေထက် ခွန်အားအနည်းငယ် ပိုမြင့်နေတာကို သတိပြုမိသွားသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဝိုင်းအုံနေတဲ့ လူတွေက ပိုမြင့်ပုံပေါက်၏။

ဒီလူနှစ်ယောက်ထဲမှာ တစ်ယောက်ရဲ့ မျက်လုံးက သာမန်လူသားတွေထက် အများကြီး ထက်မြက်သည်။ ပြီးတော့ သူက ရင်သပ်ရှုမောဖွယ် ရောင်ဝါကို သဘာဝအတိုင်း ထုတ်လွှတ်ထားသည်။

ပထမတော့ သူလည်း ဒီရောင်ဝါက ကျင့်ကြံမှု အစွမ်းတစ်ခုပဲလို့ ထင်ခဲ့ပေမယ့် အခု သူနှစ်ယောက်ရဲ့ အမြင်တွေကို ဆက်စပ်ကြည့်တော့ ဒီလူဟာ ကျားဖြူဂိုဏ်းက ဖြစ်ရမယ်ဆိုတာ သေချာသွားပြီ။

နောက်တစ်ယောက်ကတော့ နဖူးတွင် အဖုသေးသေးလေး နှစ်ပေါက်ရှိသည်။ အလွန်အမင်း ထင်ထင်ရှားရှား​တော့ မရှိပေ။ ဒါပေမဲ့ အခု သေသေချာချာ ကြည့်ရင်တော့ သာမန်လူတွေနဲ့ မတူတာကို တွေ့နိုင်သည်။

သူ့အား လူသားလားဟု မေးသောအခါ နှစ်ယောက်စလုံးက မုန်းတီးသည့် အရိပ်အယောင်များ ထွက်ပေါ်နေတာကလည်း သိသာသည်။

တိုက်ပွဲကို သတိပြုမိသော နှစ်ဘက်စလုံးသည်လည်း အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီး လုရွှမ်အား တစ်ချိန်လုံး တိုက်ခိုက်တော့မည့်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။

လုရွှမ်: "ငါက နဂါးလူသား...."

လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်အပေါ် နားလည်မှု ပိုပို၍ လေးနက်လာချိန်၌ သူ့ရဲ့ စိမ်းပြာနဂါးအတွက် ဆုလာဘ်ကလည်း သဘာဝအားဖြင့် ပို၍ ကြီးမားလာသည်။

နဂါးနှလုံးမှ အသွင်ပြောင်းလာသော စိမ်း​ပြာရောင် နဂါးကြီးရဲ့ ရောင်ဝါကဆိုရင် သဘာဝအတိုင်း အားကောင်းလာပြီ။ သူ့အတွေးတွေ အတိုင်း ကျင့်ကြံမှု အဆင့် တိုးတက်လာတာနဲ့အမျှ နဂါးရဲ့ အငွေ့အသက်ကို ပိုလွယ်ကူစွာ ပုံဖော်နိုင်တယ် ဆိုတာလည်း တဖြည်းဖြည်း သိလာခဲ့သည်။

နဂါးအစစ်ရဲ့ စွမ်းအား မရှိ​တဲ့ အယောင်ဆောင့ တစ်ခုသာ ဖြစ်သည်။

နှစ်ယောက်သား လုရွှမ်ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါကို ခံစားလိုက်ရစဥ် သူတို့၏ ခန္ဓာကိုယ်များလည်း အနည်းငယ် တုန်သွားသည်။ လုရွှမ်အပေါ် နည်းနည်း ကြောက်​သွားပြီး အသိအမှတ်​ပြုတဲ့ အရိပ်အယောင် အနည်းငယ်​ ရှိ​လာသည်​။

မိုးမြေအဆောက်အအုံထဲက စာအုပ်တွေထဲ၌ ဤမိစ္ဆာသားရဲများနှင့် လူသားများ၏ သားစဉ်မြေးဆက်များ အကြောင်း အမည်များလည်း ရှိသည်။ သို့သော် ၎င်းတို့ကို လူသားတွေက မိစ္ဆာလူသားဟု ခေါ်တတ်ကာ ထို​အမျိုးအနွယ်ကို အထင်အမြင် သေးခဲ့၏။

ထို​အမျိုးအနွယ်များကလည်း လူသားများကို အလွန် မုန်းတီးနေကြတာ အံ့သြစရာတော့ မဟုတ်ပေ။

ပြောရလျှင် အဓိကလူမျိုးစုများက အတော်လေး စည်းလုံးကြသည်။ အကြောင်းကတော့ ၎င်းတို့ရဲ့ အရေအတွက်မှာ နည်းပါးနေပြီ။ သို့သော် ဂိုဏ်းနှစ်ခုမှ လူနှစ်ဦး ရန်ဖြစ်ရသည့် အဖြစ်အပျက်ကို ယခုမှရောက်တဲ့ လုရွှမ် မသိခဲ့။ မြေပြင်ပေါ်က လူသေအလောင်းများနဲ့ သွေးများကို ကြည့်လိုက်လျှင် တိုက်ပွဲက အလွန်ပြင်းထန်တာ သိသာသည်။

လုရွှမ်ဟာ နှစ်ဖက်လုံးမှ သူစိမ်းများ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ရန် စိတ်မဝင်စားချေ။ ဒီလူများကို သတ်ပစ်ချင်ခဲ့သော်ငြားလည်း ယခုတွင်တော့ သူသည် ဒီနေရာမှ ထွက်ခွာရန် စိတ်စောနေလေသည်။

ထို​ကြယ်​ပေါ်တွင် သုံးနှစ်လောက် အချိန်ကုန်ခဲ့ပြီးပြီမလို့ လုရွှမ် အချိန်မဖြုန်းချင်တော့ပေ။

"ဒါဆို မင်းမြန်မြန် ထွက်သွားသင့်တယ်... ဒီနေရာက မင်းတို့နဂါးတွေ လာပေါင်းရမယ့် နေရာမဟုတ်ဘူး။"

"မဟုတ်ဘူး ဒီလူက ဒီကိုရောက်နေပြီ... တခြားဘယ်သူလာဦးမလဲ မသိဘူး... ငါတို့ သူ့ကိုလွှတ်လိုက်ရင် ငါတို့ရဲ့လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်လိမ့်မယ်!"

လုရွှမ် အံ့အားသင့်သွားသည်။ တစ်ဆက်တည်း သူ ဒီကိစ္စနဲ့ ဒုက္ခရောက်တော့မယ် ဆိုတာ ချက်ချင်း သဘောပေါက်လိုက်၏။

နှစ်ယောက်သားက တညီတညွတ်တည်း အော်ဟစ်လိုက်ကြရာ အနီးနားရှိ တိုက်ပွဲကလည်း ရပ်တန့်သွားသည်။ နှစ်ဖက်စလုံးမှ လူတိုင်းက လှည့်ကြည့်လာကာ လုရွှမ်ကို အာရုံစိုက်လိုက်သည်။

"နဂါးမျိုးရိုးကို လေးစားတာကြောင့် မင်းကို ငါတို့ဂိုဏ်း အကြီးအကဲတွေဆီ သတင်းပို့ပေးမယ်... ကောင်လေး ထွက်ပြေးဖို့ မစဉ်းစားနဲ့!!"

သူ့ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်တော့ လုရွှမ်လည်း ထွက်ပြေးဖို့ မလွယ်ဘူးဆိုတာ သိလိုက်သည်။ ခဏလောက် အလျင်စလို လုပ်ပြီး အစွမ်းကုန် ကြိုးစားရင်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းနှစ်ခု၏ အကြီးအကဲများနှင့် တွေ့ဆုံရတော့မည် ဖြစ်သောကြောင့် လွတ်မြောက်ရန် အခွင့်အရေး မရှိပေ။ လုရွှမ် ဘာမှမထူးခြားဟန်ဖြင့် ပြုံးပြလိုက်သည်။

"ကောင်းပြီ... ငါ မင်းတို့ရဲ့ အဖိုးတန်နယ်မြေထဲကို ဝင်လာမိတယ်... ဒါကြောင့် မင်းတို့ရဲ့လူကြီးတွေကို သွားတွေ့သင့်ပါတယ်"

သိပ်မကြာခင်မှာပဲ လူနှစ်ယောက် ပြေးလာ၏။ တစ်ယောက်က နဖူးပေါ်က ရွှေချိုကြီးဟာ လုံးလုံးကြီးကို ပေါ်ထွက်နေကာ တန်ခိုးကြီးပြီး ကြီးစိုးနေသည်။

လုရွှမ်ရှေ့မှာ တမင်တကာ တန်ခိုးပြချင်တာလား မသိပေမယ့် လုရွှမ်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ရင်း လုရွှမ်ရဲ့ အထောက်အထားကို စစ်ဆေးနေသည်။

နောက်တစ်ယောက်ကတော့ ၎င်း၏နဖူးတွင် အလျားလိုက် အရိုးတက်တူး တစ်ခုရှိ၍ အလွန်လွှမ်းမိုးထားပုံရသည့် "王 (ဘုရင်) " ဟူသော စကားလုံးကို အတိအကျ ဖော်ထား၏။ ကျားရဲ့ ​အသက်ရှုသံက ၎င်းခန္ဓာကိုယ်မှ အလိုအလျောက် ဟိန်းဟောက်​နေသည်။

လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။ ဒီလူနှစ်ယောက်ထဲက တစ်ယောက်က ကျားဖြူဂိုဏ်းက ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နတ်နွားဂိုဏ်းက ဖြစ်၏။ သူတို့နှစ်ယောက်စလုံးက အစွမ်းထက်ပြီး နတ်ခြေလှမ်းနယ်ပယ် ရောက်နေကြပေမယ့် သူတို့နှစ်ယောက်ကြားက တင်းမာမှု အရိပ်အမြွက် မရှိပါဘူး။

တစ်ခုခုအတွက် ယှဉ်ပြိုင်နေရုံသာ ဖြစ်မည်။ လုရွှမ် သူတို့နှစ်ယောက်ကို ဂါဝရပြုပြီး မိတ်ဆက်လိုက်သည်။

"နဂါးလူသား ဟောက်ထျန်း ... အကြီးအကဲ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်..."

စကားပြောနေစဥ် စိမ်းပြာနဂါးရဲ့ အငွေ့အသက်ကိုလည်း သဘာဝအတိုင်း ထုတ်ဖော်လိုက်သည်။ သူ့နဖူးတွင် နဂါးချိုနှစ်ချောင်း တဖြည်းဖြည်း ပေါက်ထွက်လာပြီး စိမ်းပြာနဂါးရဲ့ နဂါးငွေ့များကလည်း သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်လာသည်။

All Chapters