← Chapters

မြေခွေးက ကျားဟန်ဆောင်

Vol. 129 Ch. 4.1447

မြေခွေးက ကျားဟန်ဆောင်

Vol. 129 Ch. 4.1447

နှစ်ယောက်စလုံး မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ လုရွှမ်ကို ပို၍ လေးနက်စွာ ကြည့်နေကြသည်။

“မိတ်ဆွေလေးက ယဉ်ကျေးနေပါပြီ”

နှစ်ယောက်သား တညီတညွတ်တည်း ပြောလာကြပြီး ခင်မင်ရင်းနှီးသော မိသားစုများက သခင်​လေးကို ဆက်ဆံနေသလို သို့မဟုတ် ဧည့်သည်တော်ကို ကြိုဆိုနေပုံနဲ့ ခပ်ဆင်ဆင် တူ​လေသည်။

"ကျုပ်က ကျားဖြူဂိုဏ်းက ဟူရှောက်ပါ... ဒါက နတ်နွားဂိုဏ်းက ကျင်းနျို... ကျုပ်တို့ မျိုးနွယ်စုနှစ်စု တိုက်ခိုက်နေတဲ့ ဒေသကို မိတ်ဆွေလေးက ဘယ်လိုရောက်လာတာလဲလို့ တွေးမိပါရဲ့..."

လုရွှမ် စကားအတိုင်းပင် နောက်တစ်ကြိမ်ထပ်၍ ဂါဝရပြုလိုက်သည်။

"အကြီးအကဲ ဟူရှောက်နဲ့ အကြီးအကဲ ကျင်းနျိုကို ဂါဝရပြုပါတယ်... ရိုးရိုးသားသား ပြောရရင် ဘာဖြစ်သွားမှန်းတောင် မသိဘူး ယဇ်ပလ္လင်ဖွဲ့စည်းပုံက ပို့ဆောင်နေတုန်း ​​ရုတ်တရက် ဒီနေရာကို ပို့ဆောင်ခံလိုက်ရတာ...ကျွန်တော် တကယ်ကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...."

လုရွှမ်သည် နှိမ့်ချမှုမရှိ၊ မာနမရှိသော်လည်း ယဉ်ကျေးသော လူတစ်ဦးကဲ့သို့ ပြုမူ​​နေခဲ့သည်။ သူ့ကိုယ်ပိုင် ခမ်းနားမှုကို ပြသပြီး သူတို့နှစ်ဦးလုံး မထိန်းနိုင်ဘဲ နတ်နဂါးနဲ့ နီးကပ်လာသလိုပင် ခံစားလိုက်ရသည်။

ရုတ်​တရက်​ ထွက်​လာ​သောအခါ ဟူရှောက်နဲ့ ကျင်းနျိုတို့အား လုရွှမ်ရဲ့အဖြစ်ကို ​ရှေ့မှ ​ကောင်​​လေးနှစ်​​ယောက်​က အမြန်​​ ပြောပြသည်​။

"ကောင်းပြီ.. ဒီလိုဖြစ်ရင် မိတ်ဆွေလေး.. ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်သွားပါ ပဋိပက္ခတချို့ ဖြေရှင်းဖို့ ဒီမှာ တိုက်ပွဲဝင်နေတာ မင်းမြင်တာပဲ"

ဟူရှောက်က လှမ်းအော်သည်။

လုရွှမ်လည်း ဒီကိုဝင်ဖို့ ရည်ရွယ်ချက်မ ရှိသလို ထွက်သွားနိုင်ရင် အကောင်းဆုံး ဖြစ်မှာပဲလို့ တွေးထားပြီးသားပါ။ မျိုးနွယ်စုနှစ်ခု၏ အထက်ပိုင်းဟာ လိုက်လျောညီထွေ ရှိပုံရသော်လည်း အောက်ဖက်ရှိ လူများကတော့ သေသည်အထိ တိုက်ပွဲဝင်နေကြသည်။

စစ်ပွဲသည် အချိန်မရွေး ရပ်တန့်နိုင်ပြီး အချိန်မရွေး စတင်နိုင်သည်။ သူရောက်လာတာကို တွေ့တော့ ပထမဆုံး စဉ်းစားမိတာက တိုက်ပွဲတွေရပ်ပြီး ဆက်တိုက်မယ့်အစား သတင်းပို့ဖို့ပါပဲ။

ဒါဟာ ရတနာကို အနိုင်ရဖို့ ပြိုင်ဆိုင်မှု တစ်ခုဆိုတာ သိသာပါ၏။

ဟူရှောက်နဲ့ ကျင်းနျိုတို့ရဲ့ လုပ်ရပ်များက သူ့ကို ထွက်သွားစေချင်တဲ့ အကြောင်းကတော့ သူရဲ့ နတ်နဂါးလူသား ဆိုတဲ့ အထောက်အထား အတွက်သာ ပူပန်နေခဲ့တာကြောင့်ပဲ ဖြစ်ပေမည်။

ဒါပေမဲ့ ဒါက တကယ်ဟုတ်ရဲ့လား?

လုရွှမ်ကလည်း ဒီနေရာက သိပ်လျှို့ဝှက်သည်။ သူတို့နှစ်ယောက်က သူဟာ နဂါးတစ်ကောင်မို့ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာလားလို့ တွေးမိပါ၏။ နတ်နဂါးရဲ့ ဝိသေသလက္ခဏာက မြင့်မားသော်လည်း နဂါးလူသားရဲ့ ဝိသေသလက္ခဏာမှာ နောက်ကျ ကျန်နေပါသည်။ သူ့ကို ဘာမှမမေးဘဲ လွှတ်ထားလိုက်တာက ရိုးရှင်းပါ့မလား။

လွတ်မြောက်ခြင်းက လုံးဝ လက်တွေ့ မဖြစ်နိုင်ပေ။

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဒါပေါ့... အကြီးအကဲတို့ အဖွဲ့နှစ်ဖွဲ့က ဒီမှာ တစ်ခုခုအတွက် တိုက်ပွဲဝင်နေကြတာကို အငယ်တန်းက မြင်နိုင်ပါတယ်...ကျွန်တော် ဘာကိုမှလည်း မနှောင့်ယှက်ဝံ့ပါဘူး... "

လုရွှမ် စကားပြောနေစဉ် ဟူရှောက်နဲ့ ကျင်းနျိုတို့ရဲ့ မျက်နှာများ မည်းမှောင်သွားကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နှလုံးသားထဲတွင် သတ်ဖြတ်နေကြလေသည်။

လုရွှမ်: “ဟားဟား... အဖေက ကျွန်တော့်ကို ဒီကိုလာလေ့ကျင့်ဖို့ မှာထားတယ်... အရေးကြီးတာက ကျင့်ကြံမှုကို တိုးတက် စေရုံတင်မကဘူး စိတ်တူကိုယ်တူ သူငယ်ချင်းတချို့နဲ့လည်း သိလာဖို့ တစ်ခါက ပြောခဲ့ဖူးတယ်... ဒီကမ္ဘာကြီးမှာ ကြွယ်ဝမှုနဲ့ မတူကွဲပြားမှုတွေ ရှိတယ်လို့ ပြောသေးတယ်..."

"ဆိုရိုးစကားအတိုင်း မြင်လေ နက်နဲလေ... နားလည်လေ ပိုမိုလေးနက်လေပဲတဲ့... ကိုယ်ဖောက်ထားတဲ့ အလေ့အကျင့်က သဘာဝကျကျနဲ့ မြန်မြန် တိုးတက်လာလိမ့်မယ်"

"မင်းအဖေလား?" ကျင်းနျိုက တိုးတိုးလေး ရေရွတ်လေသည်။

မြေကမ္ဘာ တစ်ခုလုံးရှိ ကျင့်ကြံသူတွေ ကောင်းစွာ သိကြတဲ့၊ ပိုရှင်းလင်းစွာ သိကြတဲ့ အရာကတော့ နတ်နဂါးဟာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပြီး လူမျိုးပေါင်းစုံရဲ့ အလှ​လေးကို ရှာဖွေခဲ့သောကြောင့် သားကိုးယောက်ကို မွေးဖွားခဲ့ကြသည်။ ပြီးတော့ တစ်ယောက်စီကလည်း ကွဲပြားကြသည်။

၎င်းတို့အနက် လူသားတွေက သဘာဝအားဖြင့် အမြောက်အမြားဆုံး ဖြစ်သည်။ ထိုအလှလေးတွေက နတ်နဂါး နှစ်သက်သည့် မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် အခြားသားရဲများနှင့်မတူဘဲ နတ်နဂါးများသည် အဝေးမှနေ၍ ကရုဏာပြရတာကို နှစ်သက်သော်လည်း သူသည် သားတွေရဲ့ အနာဂတ်ကို ဂရုမစိုက်ပေ။

ထို့ကြောင့် နဂါးသားအများစုတွင် မျိုးနွယ်စုများ ရှိသော်လည်း နဂါးများ စုဝေးနေဖို့ကတော့ ခက်ခဲသည်။ လူအရေအတွက်က သိပ်မများဘဲတောင် နတ်နဂါးရဲ့ အဆင့်အတန်းသည် အလွန်မြင့်မားသော်လည်း နဂါးလူသား မျိုးနွယ်ရဲ့ အဆင့်အတန်းမှာ အလွန်နိမ့်ကျသည်။

တခါတရံမှာ သူတို့က သာမန်သားရဲတွေလောက်တောင် မကောင်းကြ။

သူတို့မှာ နဂါးသွေးရှိလို့ ပုဂ္ဂိုလ်ရေးအရ အစွမ်းထက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပြောခွင့်ကြုံလာတဲ့အခါ ပြောစရာမရှိသလောက်ပါပဲ။ နဂါး အနိုင်ကျင့်ခံရလျှင် ထိုနဂါးအတွက် မည်သူမျှ ရပ်တည်မည် မဟုတ်ကြောင်း လူတိုင်းသိတာကြောင့် ဖြစ်သည်။

ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ် သူ့အဖေအကြောင်း ပြောနေတာကို ကြားလိုက်ရ၏။

သာမာန် အခြေအနေအရ နတ်နဂါးဟာ လူသားတစ်ဦးကို ချစ်မိမည်ဟု ဘယ်သူမှ မထင်ကြ။ နတ်နဂါးတွေဟာ တန်ခိုးကြီးသူများသာ ဖြစ်ပြီး စွမ်းအားကြီးသူများကို လေးစားသော လူမျိုးတစ်မျိုး ဖြစ်သည်။ ဒီလိုမျိုး နှစ်ထောင်ပေါင်းများစွာမှာ တစ်ကြိမ်ကတော့ ရှားရှားပါးပါး တွေ့ရတာပါပဲ။

နတ်နဂါးအထီးများက လူသားအမျိုးသမီးများကို လုံးဝ ဂရုမစိုက်ကြ။

လုရွှမ် ရယ်မောလိုက်ပြီး "ဟုတ်တယ်!"

သူက စိမ်းပြာနဂါးရဲ့ နှလုံးကို လှုပ်ရှားသွား​စေပြီး ရွှေနဂါးကြီးရဲ့ အငွေ့အသက်တွေကို ဖျတ်ခနဲ ထွက်လာစေ၏။

ထိုအငွေ့အသက် ထွက်လာသည်နှင့် တပြိုင်နက် ကျင်းနျိုနဲ့ ဟူရှောက်တို့ဟာ မျက်လုံးများ ပြူးကျယ်လုနီးပါး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ လေထုကို စုပ်ယူလိုက်သည်။

ဤအခိုက်အတန့်တွင် လုရွှမ်ရဲ့ အငွေ့အသက်သည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ခံစားမိကြပါသည်။ သူတို့နှစ်ဦးက သဘာဝကျကျ မတူကြချေ။ နှစ်ဦးစလုံးသည် နတ်ခြေလှမ်းနယ်ပယ် ဖြစ်တာနဲ့အမျှ အသိပညာလည်း များကြသည်။ လုရွှမ် အရင်ထုတ်ခဲ့တဲ့ စိမ်းပြာနဂါး ရောင်ဝါဟာ အလွန်ကြွယ်ဝပြီး ထူးထူးခြားခြား ဖြစ်နေပါပြီ။

အပြင်လူတွေအတွက်တော့ နှစ်ယောက်သားက အေးအေးဆေးဆေး ရပ်နေသည်။ တကယ်တော့ သူတို့နှစ်ယောက်ဟာ အသံစွမ်းအင်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပြီးတော့ လုရွှမ်ကိုသတ်ဖို့ စိတ်ကူးထားပြီးတော့ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြဖို့ ဆွေးနွေးနေခဲ့တာပဲ ဖြစ်သည်။

လက်ရှိ အခိုက်အတန့်တွင် လုရွှမ်ဆီမှ ထွက်လာသော ရွှေနဂါးကြီး၏ အငွေ့အသက်များက သူတို့ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။

နဂါးအမျိုးအစား ကိုးမျိုး ရှိသည်။ အဆင့်မြင့်နဂါးလေးမျိုးနှင့် အဆင့်နိမ့်နဂါး ငါးမျိုးရှိကြောင်း မျိုးနွယ်စု၏ ဂန္တဝင်စာအုပ်များတွင် ဖတ်ဖူးသည်။

နတ်နဂါးအကိုင်းအခတ် ကိုးခုအနက် အထက်နဂါးလေးကောင်မှာ ဖယောင်းနဂါး၊ ရေခဲရိုင်းနဂါး၊ ယင်နဂါးနဲ့ ခြေသည်းငါးချောင်းရှိသော ရွှေနဂါး ဖြစ်သည်။ အောက်အဆင့် နတ်နဂါးငါးကောင်ကတော့ စိမ်း​ပြာနဂါး၊ နဂါးနီ၊ နဂါးနက်၊ ဦးချိုနဂါးနှင့် တိမ်နဂါးတို့ဖြစ်သည်။

၎င်းတို့အားလုံးသည် နတ်နဂါးများ ဖြစ်ကြသော်လည်း၊ နတ်နဂါးများ၏ အလေ့အထများအတိုင်း သဘာဝအရ အလွန်ကွဲပြားပါသည်။ မြေကမ္ဘာတွင် နတ်နဂါးများက သာမန်မျှသာ မဟုတ်ပေ။ ယေဘူယျအားဖြင့် သင်သည် တစ်ကောင်ကို တွေ့မြင်ရလောက်အောင် ကံကောင်းနေလျှင်ပင် အောက်အဆင့် နတ်နဂါးကိုသာ တွေ့ရလိမ့်မည်။

အထက်တန်းအဆင့် နတ်နဂါးများက သေချာပေါက် မြင်ရလိမ့်မည် မဟုတ်။

အောက်နဂါးများထဲတွင် နတ်သားရဲလေးကောင်သည် ရှေးခေတ်ကတည်းက အကျော်ကြားဆုံးဖြစ်တဲ့ စိမ်းပြာနဂါး၊ ကျားဖြူနှင့် ကျူးချွဲ့၊ ရွှမ်ဝူတို့နှင့် ဆက်စပ်နေသည်။ စိမ်းပြာနဂါးဟာ အောက်အဆင့် နတ်နဂါးများကြားတွင် အဆင့်သတ်မှတ်ခံရသော်လည်း ၎င်းသည် နတ်နဂါးငါးကောင်တွင် နံပါတ်တစ်နဂါး ဖြစ်၏။

မကြာခဏဆိုသလို ပေါ်လာတဲ့ အတွက်ကြောင့် စိမ်း​ပြာနဂါးဟာ လူသားတွေနဲ့ သားရဲတွေကြားထဲမှာ အထင်ရှားဆုံး မှတ်တမ်းတင်ထားသလို မြင်ဖူးတဲ့ သူတွေလည်း အများကြီးရှိပေမယ့် သူတို့နှစ်ယောက်ကတော့ စိမ်းပြာနဂါးကို ငယ်ငယ်တုန်းက ကံကောင်းလို့ တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။

ထိုနဂါးရဲ့ရောင်ဝါက လုရွှမ် ခန္ဓာကိုယ်မှ ထွက်သက်ထွက်သက်နှင့် အတိအကျနီးပါး တူသော်လည်း လုရွှမ်ဆီမှ ထွက်လာသော စိမ်း​ပြာနဂါးရဲ့ အာရုံစူးစိုက်မှုမှာ အနည်းငယ် ကွဲပြားသည်။

All Chapters