← Chapters

အကြံဉာဏ်ပေးခြင်း

Vol. 129 Ch. 4.1449

အကြံဉာဏ်ပေးခြင်း

Vol. 129 Ch. 4.1449

လုရွှမ်လည်း ထိုလူခြောက်ယောက်လုံး ဘာကြောင့် ဒေါသထွက်နေကြလဲ ကောင်းကောင်းသိသည်။ သူတို့အဆင့်သည် မည်သည့်လူမျိုးစုတွင်မဆို အဆင့်အတန်း မြင့်သည်ဟု ယူဆကြနိုင်၏။ သူတို့က အငယ်တန်း ဖြစ်နေရင်တောင် အရမ်းအစွမ်းထက်တဲ့ အကြီးတန်း ဖြစ်ရမည်။

အခုက မယုံကြည်နိုင်လောက်တဲ့ နတ်မီးနယ်ပယ် တစ်ယောက်ဆီက သင်ပြခံရမယ်တဲ့။

လုရွှမ် ကျင်းနျိုအား တစ်ချက်မျှ မကြည့်ဘဲ မနေနိုင်ခဲ့။ ဒီနွားကြီးက သူ့ကို မယုံသေးတာကြောင့် သူ့အရည်အချင်းကို စစ်ဆေးချင်နေတာပဲ ဖြစ်လိမ့်မည်။

ထို့ကြောင့် လူခြောက်ယောက်ကို စေလွှတ်လိုက်ကာ သူတို့အားလုံးကလည်း အစွမ်းထက်လှသည်။ အကယ်၍များ ကြယ်ငယ်ပေါ်မှာ နောက်ထပ် အဆင့်မတက်ခဲ့ဘူးဆိုရင် သူတကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ရူးသွားအောင် လုပ်မိလိမ့်မည်။

ကျင်းနျိုကို စိုက်ကြည့်ရင်း ဟူရှောက်လည်း အနည်းငယ် စိတ်ရှုပ်နေသေးပုံပင်။

"ပါရမီရှင်တွေကို လာပြိုင်ခိုင်းမယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား? မင်းက ဘာလို့ သူတို့ကို ထွက်လာခိုင်းတာလဲ...အကုန်လုံး မျှော်စင်နယ်ပယ် အဆင့် (၈)တွေ... ဒီအဆင့်နဲ့ မင်းက သူများကို ကိုယ့်ကိုကိုယ် လိမ်စေချင်နေတာလား"

ဟူရှောက် လှည့်စားခံခဲ့ရသည်။ 50-50 ခွဲဝေမှုအချိုးက သူ့အား စိတ်ဓာတ်ကျစေသော်လည်း ယခုအချိန်တွင်မူ အငြင်းအခုံလုပ်၍ ခွဲဝေယူမယ့် အစီအစဉ်ကို ခိုင်မာအောင် မလုပ်နိုင်ပေ။

ဟူရှောက် သဘောမတူရင်တောင် လုရွှမ်နဲ့ တိုက်တဲ့ကိစ္စမှာ သူပျော့ညံ့လို့ မရဘူး ဆိုတာ ကျင်းနျို သိသည်။ ဒီနဂါးရဲ့သားမြေးကို သူက အရူးလုပ်လိုက်ရင် ဒီကလေးက ပျော်မှာလား။ သူက ဘာမှပြန်မပြောဘဲ သူ့ရင်ထဲမှာ နာကျည်းမှုတွေနဲ့ ကျန်ရစ်ခဲ့မယ်ဆိုရင် သူ့မိန်းမကိုပါ ဆုံးရှုံးပြီး သူ့မျိုးနွယ်စုတွေကိုပါ ဆုံးရှုံးရမှာ မဟုတ်ဘူးလား။

“သူက ပါရမီရှင်လို့ ပြောထားတယ်...သူလာခဲ့သမျှ နယ်ပယ်အရပ်ရပ်က ရန်သူတွေကို နှိမ်နှင်းနိုင်လောက်မှာပဲ နတ်မီးနယ်ပယ် အဆင့်၁၁ကို ရောက်နေပြီ ဒီအဆင့်က မနည်းဘူးကွ! မျှော်စင်နယ်ပယ် အဆင့်၇လောက်ကိုတောင် ချနိုင်တယ်!"

ဟူရှောက်ရဲ့ ရှင်းပြချက်ကို နားထောင်ရင်း ကျင်းနျိုသည် နတ်ဘုရားနှင့်တူသော ပြိုင်ဘက်များကို မကြောက်ဘဲ ဝက်ကဲ့သို့ အသင်းဖော်များကို ကြောက်လန့်သွားမိသလို ရုတ်တရက် ခံစားလိုက်ရသည်။ ဒီနဂါးလူသား တစ်ယောက်ရဲ့ ဒီစကားက တကယ်ကို ထက်မြက်ပြီး ထိုးထွင်းသိမြင်နိုင်လွန်းလေသည်။

ချိုသာတဲ့ စကားအနည်းငယ် ပြောတော့ချင်သော်လည်း ရောက်ရှိလာသော လူငယ်ခြောက်ဦးက သည်းမခံနိုင်တော့ပေ။ ဒါဆို ဒီလူဟာ နတ်နဂါးရဲ့ မျိုးဆက်ကနေ ဆင်းသက်လာသူဖြစ်ရင်တောင် သူတို့ကလည်း ပါရမီရှင်တွေပဲ မဟုတ်လား။

သူတို့ထက် အဆင့်နိမ့်တဲ့လူဆီက အကြံဉာဏ်ပေးတာကို ဘယ်သူက ခံနိုင်မှာလဲ။

"သခင်လေးလုရွှမ် ဟုတ်တယ်နော်...ရှန်းလင်.... ​​မင်းငါ့ကို အကြံဉာဏ်ပေးမယ်လို့ မျှော်လင့်တယ်!"

ကျားဖြူဂိုဏ်းဝင် သုံးယောက် မျက်လုံးချင်းဆုံပြီးနောက် လူတစ်ယောက် ထွက်လာခဲ့သည်။ သူ၏ ခွန်အားသည် သုံးယောက်ထဲတွင် အဆိုးဆုံးဟု ဆိုနိုင်ပြီး လုရွှမ်ခွန်အားကို စမ်းသပ်ဖို့ အလွှတ်ခံလိုက်ရသူပင်။

ရှန်းလင်သည် လုရွှမ်ရှေ့တွင် ရပ်ကာ လက်ကိုမြှောက်၍ ဓားကြီးတစ်ချောင်းကို ထုတ်ပြီးတာနဲ့ လုရွှမ်ဆီ ချက်ချင်း ခုတ်ချလိုက်တော့သည်။ နတ်လက်နက်တစ်ခုဖြစ်ပြီး အနည်းငယ်ကြမ်းတမ်းပုံရပေမယ့် ကွဲပြားခံ့ညားတဲ့ ရောင်ဝါတစ်ခု ပါရှိပါ၏။ အငွေ့အသက်က အရမ်းလွှမ်းမိုးနေပြီး ဟိန်းဟောက်နေတဲ့ တောင်ပေါ်က ကျားတစ်ကောင်လို ခံစားရစေသည်။

"အမ်.... ဒါက ပြိုင်ဆိုင်မှု တစ်ခုပဲကွ... ချက်ချင်းရပ်လိုက်စမ်း... သခင်လေးဟောက်ထျန်း ရှန်းလင်းကို သက်ညှာပေးပါ... ရှန်းလင်းလည်း မင်းနဲ့ အတူတူပဲ... အားလုံး အေးအေးဆေးဆေးပဲ ပြိုင်ကြပါ..."

ဟူရှောက် အလျင်အမြန် အော်လိုက်ပေမယ့် သူ့စကားတွေက ရှန်းလင်းကို အရမ်းရက်စက်လာစေသည်။ လုရွှမ်ကို မထိခိုက်စေဖို့ ရှင်းရှင်းလင်းလင်း ပြောနေတာဖြစ်ကြောင်း လူတိုင်းကို သဘောပေါက်စေသည်။

လုရွှမ်က အသာ ပြုံးပြပြီး ချီထျန်းပု ခြေလှမ်းကို လှမ်းကာ ဓားလမ်းထဲမှ ရှောင်ထွက်သွားသည်။ ခြေလှမ်းက အလွန်သာယာသော်လည်း မှန်ကန် တိကျသည်။ ဓားကြီးကြီးကို သူ့ရှေ့က ဖြတ်သွားသည်နှင့် အလွန်စိတ်လှုပ်ရှားစရာကောင်းစွာ သူ့ပါးပြင်ကို ဖြတ်သွားလုနီးပါးပင်။

ဒီမြင်ကွင်းက ဟူရှောက်နဲ့ ကျင်းနျိုတို့ နှစ်ယောက်လုံး စိုးရိမ်ပူပန်လာစေကာ စိတ်မသက်မသာ ဖြစ်လာစေသည်။

ဟူရှောက်မှာ ရှန်းလင်ကို သူ့နှလုံးသားထဲမှာ တိုက်ရိုက် ကြိမ်းမောင်းနေတော့၏။ လုရွှမ်ကို နာကျင်စေပြီး ကြီးမားတဲ့ အရာတွေကို ဖျက်ဆီးမိလိုက်မယ်ဆိုရင် အရှင်နတ်နဂါးက ငြိမ်ခံပါ့မလား။

ကျင်းနျိုကလည်း ဟူရှောက်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

"ဟူရှောက်! မင်း ငါတို့ရဲ့ အစီအစဥ်ကောင်းကို ဖျက်စီးရဲ ဖျက်စီးကြည့်! မင်းရဲ့ဂိုဏ်းချုပ် ငါတို့ကို ဖြေရှင်းချက် ပေးရမယ်...."

လုရွှမ်ဟာ လုံလောက်သော ကြံ့ခိုင်မှု မရှိသေးတာကြောင့် ထိုတိုက်ခိုက်မှုကို တုံ့ဆိုင်းစွာ ရှောင်ရှားနေတာလို့ ၎င်းတို့နှစ်ဦးစလုံးက ယူဆခဲ့ကြသည်။ ရှန်းလင်တစ်ယောက်သာ သူ့ပါးစပ်ထောင့်မှာ လှောင်ပြောင်သံတစ်ခု ပေါ်လာပြီး စိတ်သက်သာရာ ရသွားသလို ဖြစ်သွားသည်။

လုရွှမ်ဘက်မှာတော့ သူ နတ်မီးနယ်ပယ် အဆင့် ၁၁ သို့ ဝင်သောအခါတွင် သူ့​ခေါင်းထဲတွင် နားလည်မှုအသစ် တစ်ခုရခဲ့သည်။ ခွန်အားတိုးတက်မှုက ယွမ်စွမ်းအင် ကြီးထွားလာမှုပဲလို့ ခံစားလိုက်ရသလို သူ့အစွမ်းသတ္တိကိုလည်း တိုးများလာစေသည်။

ခန္ဓာကိုယ်ခွန်အား ပို၍ ပွင့်လင်းလာတာနဲ့ ယွမ်စွမ်းအင်ရဲ့ လုပ်ဆောင်ချက်ကလည်း ပို၍ပင် ကျွမ်းကျင်လာသည်။

ရှန်းလင်ရဲ့ ဓားတိုက်ခိုက်ခြင်း လှုပ်ရှားမှုက သူ့မျက်လုံးများထဲမှာ အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းသည် လူတိုင်းအတွက် အားကောင်းတဲ့ ဓားချက်ဟု ဆိုနိုင်၏။

ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒီလှုပ်ရှားမှုက နှေးကွေးလှသည်။ ဒီဓားသိုင်းကို ကိုင်တွယ်ဖြေရှင်းရမယ့် နည်းလမ်းက သူ့စိတ်ထဲ သဘာဝအတိုင်း ထွက်ပေါ်လာသည်။

ဒီဓား၏ စွမ်းအားသည် အလွန်အစွမ်းထက်တာကတော့ သံသယဖြစ်စရာ မရှိပါ။ အရှိန်နဲ့ နောက်ပြန်ရွှေ့တာပဲဖြစ်ဖြစ် လုရွှမ်ကတော့ အသင့်တော်ဆုံး ဖြေရှင်းချက်ကို တိုက်ရိုက်ရှာတွေ့ခဲ့ပြီ။ ဓားတန်ခိုးကိုတောင် သူ့ခန္ဓာကိုယ်နဲ့ လုံးလုံးလျားလျား ပိတ်ဆို့ထားနိုင်သည်။

ဒါ့ကြောင့် ရိုးရှင်းသော ခြေလှမ်းနဲ့ ရှောင်ပစ်လိုက်ဖို့ လုံလောက်သည်။ ရန်သူနဲ့ အနီးဆုံးလူကသာ ပြီးပြည့်စုံတဲ့ တန်ပြန်တိုက်စစ်ကို ပြုလုပ်နိုင်သည်။ ရှန်းလင်၏ မာနကြီးသော အကြည့်ကို သတိပြုမိသော်လည်း သူ့စိတ်ထဲတွင် ရယ်ချင်စိတ် သိပ်မရှိတော့ဘဲ ငြိမ်သက်နေ၏။

ရှန်းလင်ဓားကို လုရွှမ် နောက်တစ်ကြိမ် ဖြတ်သွားစဥ် ရှန်းလင်ကလည်း နောက်လှုပ်ရှားမှုအတွက် ပြင်ဆင်နေသည်။ ထိုအချိန်တွင် လုရွှမ်လက်ဖဝါးသည် သူ့အောက်ပိုင်းက ကျင့်ကြံခြင်းအမြုတေ ရှေ့တွင် ပေါ်လာ၏။ ဒီလက်ဖဝါးကိုသာ အင်အား အရမ်းသုံးလိုက်ရင် ရှန်းလင်သေမှာ သေချာပါသည်။

ဒါကြောင့် ရှန်းလင်ကို နောက်ပြန်တွန်းရန် နူးညံ့သော အင်အားကိုသာ သုံးခဲ့သည်။

ရှန်းလင်သည် အရှိန်အဟုန်ဖြင့် လှုပ်ရှားကာ သူ့ဓားကို ခုတ်ထစ်၍ လုရွှမ်ကို ဒူးထောက်ခိုင်းမလို့ တွေးထားပြီးသား။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ စွမ်းအားတွေအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။

သူ့ဝမ်းဗိုက်အောက်နား၌ လုရွှမ်ရဲ့ လက်တစ်ဖက်က ရုတ်တရက် သူ့ကျင့်ကြံခြင်း အမြုတေနားတွင် ပေါ်လာသည်။ သူ့အမူအရာက ချက်ချင်း ပျက်သွားကာ သူ့ကိုယ်သူ သွားပြီဟုသာ တွေးလိုက်တော့သည်။

ရှုံးရင် ရှုံးတာပဲ။ ဒါပေမဲ့ အခု လက်ဖဝါးနဲ့ တိုက်ခိုက်ခံလိုက်ရရင် ကျင့်ကြံမှု အားလုံး ပျက်စီးလိမ့်မည်

သူ့မျက်လုံးတွေက ရှုပ်ထွေးမှုတွေကြောင့် ပျာယာခတ်ကုန်သည်။ ဒီလက်ဖဝါး ဘာကြောင့် ဒီနေရာမှာ ပေါ်လာတာလဲဆိုတာ သူတကယ်ကို မယုံနိုင်ခဲ့ပါဘူး။ ခုနက ဓားနဲ့ထိုးလိုက်တာက ဒီကောင်ကို တုံ့ဆိုင်းသွားစေခဲ့တာ မဟုတ်ဘူးလား။

သူ့ဝမ်းဗိုက်အောက်ပိုင်းမှ ပျော့ပျောင်းသော တွန်းအားတစ်ခု ထွက်ပေါ်လာစဥ် သူ့ခန္ဓာကိုယ်ကလည်း နောက်ပြန်လှည့်ကာ လွင့်သွားလေသည်။ ရှန်းလင် တစ်ကိုယ်လုံးကို တုန်သွားပြီး မထိန်းနိုင်ဘဲ အော်လိုက်သည်။

"ငါ... ငါမသေဘူး?"

ဒါနဲ့တင် မရပ်သေးဘဲ မျက်ရည်များပါ စီးကျလာ၏။

All Chapters