ရိုးရှင်းတဲ့ ဓားစွမ်းအင်
Vol. 129 Ch. 4.1450
အားလုံးရဲ့ မျက်လုံးတွေက အံ့ဩသွားတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်သွားသည်။
ရှန်းလက် အရင်က အသာစီးရခဲ့တာ မဟုတ်ဘူးလား။
သို့သော် အခု ရှန်းလင်ကတော့ ရှက်ရွံ့သွားပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သလို စိတ်လှုပ်ရှားနေ၏။
ကျင်းနျိုနဲ့ ဟူရှောက်တို့ကလည်း စိတ်ထဲတွင် ဒေါသတကြီး ညည်းညူနေကြသည်။ ကျန်နေတဲ့ အခြားငါးယောက်အပါအဝင် မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သူတို့နှစ်ယောက်က ဘာကြောင့် ဘယ်လိုဖြစ်သွားလဲ ဆိုတာကို နားမလည်ပေမယ့် ဒီအချိန်မှာတော့ သူတို့ရဲ့ နှလုံးသားတွေက အလွန်အမင်း ခုန်ပေါက်နေပါပြီ။
ဟူရှောက် မရယ်နိုင်ပေ။ ဒီဘေးဥပဒ်ကို ရှင်သန်ခွင့်ရသွားတဲ့ ခံစားချက်က သူ့ရဲ့ နှလုံးသားထဲမှာ မကူညီနိုင်ဘဲ ပေါ်ထွက်လာခဲ့ပြီး အလွန်ကံကောင်းတယ်လို့လည်း ဖြေသိမ့်နေသည်။
ကျင်းနျိုက အနည်းငယ် ထက်မြက်သည်။ သူက ဟူရှောက်ကို စိုက်ကြည့်ရင်း ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း သူ ခိုးရယ်နေတာတော့ အမှန်ပင်။
ကျင်းနျို: "သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး.... ရှန်းလင်... မင်းကိုသက်ညှာပေးတဲ့ သခင်လေးဟောက်ထျန်းကို ကျေးဇူးတင်သင့်တယ် မဟုတ်လား"
ဟူရှောက်လည်း ရုတ်တရက် သတိဝင်လာကာ: "ဟုတ်တယ် ရှန်းလင်... အခု မင်းလုပ်ခဲ့တာကို ကြည့်စမ်း... သခင်လေးဟောက်ထျန်းသာ အလျှော့မပေးခဲ့ရင် မင်းအသက်ရှင်နေဦးမယ်လို့ ထင်လား"
ရှန်းလင်ရဲ့ မျက်နှာလည်း ခဏတာ ဖြူဖျော့သွားသည်။ အားပေးစကား တစ်စုံတစ်ခုရရှိမည်ဟု မျှော်လင့်လျက် သူ့အပေါင်းအဖော်များကို ကြည့်လိုက်သော်လည်း သူတို့အားလုံးက ခေါင်းခါသွားကြသည်။
အမှန်မှာ လုရွှမ် လှုပ်ရှားလိုက်သည့်အခိုက်တွင် သူနဲ့ ရှန်းလင်က အချင်းချင်း ဖြတ်သွားကြသည်။ ခန္ဓာကိုယ်နှစ်ခုက တစ်ခုနှင့်တစ်ခု ထိလုနီးပါး ဖြစ်နေပြီ။
အမှန်ဆိုရသော် ကျင့်ကြံသူတစ်ယောက်က အဆင့်တစ်ခုသို့ ရောက်သောအခါ ရန်သူ့ဘက်က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နိုင်ခြေ မရှိသလောက်ပင်။ ဒီမြင်ကွင်းကိုတော့ ဘယ်သူကမှ မမျှော်လင့်ထားကြချေ။
ရှန်းလင် မယုံနိုင်ပေမယ့် လုရွှမ်ကတော့ အရင်က သူ့ခွန်အား ထိန်းထားခဲ့တာ အမှန်ပါပဲ။
ရှန်းလင်းသည် အလွန်ထက်မြက်သူ မဟုတ်သော်လည်း ကြင်နာမှုကို ဘယ်လို ပြန်ဆပ်ရမလဲတော့ သိသေးသည်။ သူသည် လုရွှမ်ကို စိတ်ထဲတွင် ရှုံ့ချဆဲဖြစ်သော်ငြား သက်ညှာအတွက်တော့ ကျေးဇူးတင်လိုက်သေး၏။
သူက ဦးညွှတ်အလေးပြုပြီး "သခင်လေးဟောက်ထျန်းရဲ့ ကရုဏာအတွက် ရှန်းလင် ကျေးဇူးတင်ပါတယ်"
လူတိုင်းနီးပါး လုရွှမ်ကို ကြည့်နေကြသည်။ လုရွှမ် မျက်နှာပေါ်မှာ အဆင်မပြေသော အခြေအနေ ရှိသလား တစ်ချက်ချင်း လိုက်ကြည့်ကြသည်။
သို့သော် လုရွှမ်သည် တည်ငြိမ်အေးဆေးပြီး ရှန်းလင်ကို အနိုင်ယူလိုက်တာက အမှန်တကယ်ပင် အသေးအဖွဲ့ ကိစ္စလို၊ ပျော်ရွှင်ဖို့ နေနေသာသာ ကြွားဝါရကျိုးနပ်မည့် ကိစ္စမဟုတ်ကြောင်း ပြနေသလို မြင်နေရသည်။
လုရွှမ် ချောင်းဆိုးပြီး ဟန်ဆောင်ရပြန်သည်။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး။
"ကျေးဇူးပြုပြီး မြန်မြန်ထပါ... ဒါက ငါတို့ လုပ်သင့်တာပဲလေ... အချင်းချင်း ပညာချင်းဖလှယ်တာ ဆိုတော့ ဒီလိုအချိန်မှာပဲ ရပ်လိုက်သင့်တယ် မဟုတ်ဘူးလား?"
တကယ်က လုရွှမ် ပြန်ခုခံခဲ့တာပါပဲ။ သူတစ်ဖက်လူကို သက်ညှာပေးလိုက်တာက မသတ်ချင်လို့သာ။ သူစိမ်းတစ်ဖွဲ့က ပိုလို့တောင် စိတ်ရှုပ်သွားကြ၏။
ဘာဖြစ်နေတာလဲ။
ရှန်းလင် ဆုတ်ခွာသွားပြီး ကျက်သရေရှိ၊ ခန့်ညားထည်ဝါတဲ့ ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာတယ်။ နတ်နွားဂိုဏ်းက နတ်သမီးက တော်တော်လှပေမယ့် သာမန်လူသားတွေနဲ့ ယှဉ်ရင် သူမက နည်းနည်း ပိုထွားကြိုင်းနေတာပဲ ရှိသည်။
"ကျွန်မက ချိုင်တျယ်ပါ... သခင်လေးဟောက်ထျန်းဆီက အကြံဥာဏ် တောင်းခံပါတယ်..."
သူမနာမည်ကို မိတ်ဆက်ပေးပြီးနောက် ဓားရှည်ကို နောက်ကျောမှ ဆွဲထုတ်ကာ လုရွှမ်ဆီသို့ ဓားထိပ်ကို ညွှန်ပြသော်လည်း ရှန်းလင်လို မလုပ်ဘဲ ခဏ စိုက်ကြည့်ကာ လုရွှမ်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမစိတ်တွေက သိသိသာသာ တက်ကြွမှုတွေ ပြည့်နေ၏။
ကျင်းနျို ခဏမျှ တုံ့ဆိုင်းသွားကာ အသံထွက်ချင်သည်။ နောက်ဆုံးတော့ စကားမပြောတော့ဘဲ လုရွှမ်ကို အာရုံစူးစိုက်စိုက်ကြည့်ကာ ဤနဂါးရဲ့ သားစဉ်မြေးဆက်က ဘယ်လိုတွေ စွမ်းဆောင်နိုင်မလဲ အမှန်တကယ် မြင်ချင်သည်။
ချိုတျယ်ရဲ့အကြည့်ကနေ လုရွှမ်သည် သူ့ဓားကိုမဆွဲပါက ထိုမိန်းကလေးကလည်း လှုပ်ရှားမှာ မဟုတ်ကြောင်း သိလိုက်သည်။
ထို့အပြင် ရှန်းလင်သည် ယခင်က ဘဝင်မြင့်လွန်းခဲ့သည်။ မဟုတ်ပါက ရှုံးနိမ့်ခဲ့လျှင်ပင် သူ့ကိုယ်သူရဲ့ အမှားအယွင်းကြောင့် လုံးလုံးလျားလျား ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။ ရှန်းလင်ရဲ့ အတွေ့အကြုံတွေအရ ဒီရောင်စုံလိပ်ပြာက ပိုသတိထားနေမယ်လို့ ယုံကြည်သည်။
"ကောင်းပြီ!"
လုရွှမ် ချင်ထျန်စဓားကို ဆွဲထုတ်လိုက်သည်။
ကောင်းကင်လက်နက် ထွက်လာတာနဲ့ တပြိုင်နက် လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ကျင်းနျိုနဲ့ ဟူရှောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်ပြနေကြ၏။ အခုလုရွှမ်ရဲ့ နောက်ခံက ပို၍ပင် သေချာလာသည်။
သူသည် အဆင့်မြင့် နတ်နဂါးမှ ဆင်းသက်လာကာ ထူးကဲသော အဆင့်အတန်း ရှိသောကြောင့် ကောင်းကင်လက်နက်ကို ရနိုင်ဖို့က ပြဿနာမရှိပေ။ သာမာန်လူများမှာ မရှိတဲ့ နတ်နဂါး မျိုးနွယ်စုကသာ ဒီလိုစွမ်းရည်မျိုး ရှိတတ်ကြသည်။
လုရွှမ်: "နတ်သမီး ကျေးဇူးပြုပြီး တိုက်ကွက်ထုတ်ပါ.."
ချိုင်တျယ်က နှုတ်ခမ်းကို ကိုက်ပြီး "သခင်လေး... ကြွပါ!
သို့သော် သူတို့သည် ထိုနေရာတွင် ရပ်တည်နေဆဲဖြစ်ပြီး ဘယ်သူကမှ တိုက်ခိုက်ရန် အစပျိုးမှု မပြုခဲ့ပေ။
"ကောင်းပြီ..."
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့ခြေကို လှုပ်လိုက်ပြီး ချိုင်တျယ်ကို တိုက်ခိုက်လိုက်သည်။ သူ့ခြေဖဝါးအောက်မှ ချီထျန်းပု ခြေလှမ်းသည် ရွေ့လျားသွားတာနဲ့ ယခင်နေရာ၌ နောက်ဆက်တွဲ အရိပ်သာ ကျန်ရစ်ခဲ့သည်။
ချိုင်တျယ် မျက်လုံးများ တောက်ပလာသည်။ သူမအမြင်မှာ လုရွှမ် အရှိန်က အလွန်လျင်မြန်သည်ဟု ခံစားလိုက်ရသည်။ ဒီအရှိန်ကြောင့် သူမ မမောက်မာရဲတော့ပေ။ ရှန်းလင် ရှုံးသွားကာက သူရဲ့စစ်မှန်တဲ့ အရည်အချင်းက မကောင်းလို ဖြစ်နိုင်ပါ့မလား။
အရမ်းမတွေးဝံ့တော့တဲ့ ချိုင်တျယ်သည် လက်ကောက်ဝတ်ကို လှန်လိုက်ပြီး ဓားစွမ်းအင်ဖြင့် ကာထားလိုက်သည်။ လုရွှမ်ကို အနားကပ်မခံဝံ့ပါ။ ထူးဆန်းတဲ့ အရှိန်နဲ့ သူမအနား ရောက်လာရင် သူ့ကို ပြန်တိုက်ခိုက်ဖို့တောင် မစွမ်းနိုင်လောက်။
လုရွှမ် ခန္ဓာကိုယ်က ကျွမ်းကျင်စွာ လိမ်သွားပြီးနောက် ဓားစွမ်းအင်တွေကြား ထိုးထွက်လာရာ သူ့အရှိန်ကို မဟန့်တားနိုင်ပေ။ ချိုင်တျယ်စိတ်ထဲ တုန်လှုပ်သွားတာမို့ သူမသည် ဓားပေါင်းများစွာဖြင့် လျင်မြန်စွာ ပစ်ခတ်လိုက်လေသည်။
ဓားစွမ်းအင်သည် ကောင်းကင်ကို ဖြတ်၍ ကြီးမားသောမျဉ်းကို ဆွဲကာ လုရွှမ်ဆီသို့ ပြေးဝင်သွားသည်။
လုရွှမ်ရဲ့ မျက်လုံးများက ထျန်းယွမ်နတ်မီးလုံးကြောင့် တောက်ပနေ၏။ နေမျက်လုံးကလည်း အစစ်အမှန်ကို အလိုအလျောက် လင်းလာစဥ် ဝင်လာသော ဓားစွမ်းအင်ကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူ့ခန္ဓာကိုယ်က အရိုးမရှိသလို ပုံစံအမျိုးမျိုးဖြင့် ရှောင်သွားသည်။
အနည်းငယ် ရွေ့လျားပြီးနောက် ချိုင်တျယ်ရဲ့ တိုက်ခိုက်မှု ဓားစွမ်းအင် အားလုံးက လမ်းလွဲသွားခဲ့သည်။
"ဘာလုပ်သွားတာလဲ?"
လူအချို့မှာ မထိန်းနိုင်ဘဲ မယုံနိုင်လောက်အောင် အံ့အားသင့်သွားတာကြောင့် အော်ဟစ်လာခဲ့သည်။ တိုက်ခိုက်တဲ့ ဓားစွမ်းအင်အားလုံးကို ရှောင်ရှားဖို့ ခန္ဓာကိုယ်စွမ်းရည်ကိုပဲ အားကိုးသွားခဲ့သည်။
ဒါက ကြောက်စရာ ကောင်းလွန်းတဲ့ ရှောင်နည်းပဲ!
နတ်မီးနယ်ပယ် အဆင့်၁၁ လေးပဲ ရောက်ထားတာတောင် အတော်လေး အားကောင်းနေပြီ ဖြစ်သည်။
ထို့အပြင် သူသည် ထူးကဲသော အရည်အချင်းရှိသည့် ထူးဆန်းသော လူတစ်ဦးလည်း ဖြစ်နေသည်။ ပြန်တိုက်ခိုက်တာမျိုး မရှိဘဲ ရှောင်တိမ်းနေရုံနဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်ပြီလို့ ထင်မြင်နေတာ ဖြစ်မည်။
အခုနတုန်းက ရှောင်တိမ်းသွားပုံမှာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းသည်။ ချိုင်တျယ်လည်း သူ့လုပ်ရပ်ကြောင့် ထိတ်လန့်ပြီး ဆက်မတိုက်ခိုက်တော့ပေ။ ဒီအတိုင်းသာဆို သူမ ခံနိုင်ရည် ရှိမည်မဟုတ်။
လုရွှမ်က ဓားရှည်ကြီးကို ဆန့်တန်းထားဆဲ။ သူမစိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း လုရွှမ့မျက်နှာပေါ်တွင်တော့ တည်တည်ငြိမ်ငြိမ်လေး ရှိနေသေး၏။
"ကျွန်တော် တိုက်ခိုက်တော့မယ်..."
စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက ချီထျန်းပု ခြေလှမ်းများနှင့်အတူ ချိုင်တျယ်ရှေ့မှာ ပေါ်ထွက်လာသည်။ အတင်းအကြပ် တွန်းလှန်ရန် ခက်ခဲသော သူ့ဓားအရှိန်အဝါက ချိုင်တျယ်ကို လုံးဝ လွှမ်းမိုးသွားခဲ့သည်။
ချိုင်တျယ်ဟာ အလွန်အစွမ်း ထက်မြက်သူ ဖြစ်သည်။ ဒီသခင်လေးဟောက်ထျန်းက သူမရဲ့ဓားသိုင်းကို အပြည့်အဝ မသုံးမီကပင် ဘယ်လိုရှောင်ရမလဲ ဖောက်မြင်နေပြီ။ ဒီအချက်က သူမရဲ့ လှုပ်ရှားမှုများကို လုံးလုံးလျားလျား ရပ်တန့်စေတဲ့အထိ အနှောင့်အယှက် ဖြစ်စေခဲ့သည်။