← Chapters

ခွန်အားကို ကနဦးပြသခြင်း

Vol. 129 Ch. 4.1451

ခွန်အားကို ကနဦးပြသခြင်း

Vol. 129 Ch. 4.1451

"ခုနစ်.... ရှစ်....ကိုး!"

ရေတွက်သံများ ရုတ်တရက် ရပ်တန့်သွားစဥ် လုရွှမ်သည် ချင်ထျန်းဓားကို ချိုင်တျယ်ရဲ့ လည်ချောင်းရှေ့တွင် ​​နေရာချထားလိုက်သည်။ ဒါ့အပြင် ချိုင်တျယ်ရဲ့ ဓားရှည်စွမ်းအင်ကလည်း လုံးလုံး ချေမှုန်းခံလိုက်ရသည်။

"ကျွန်မ ရှုံးသွားပါပြီ... သခင်လေးဟောက်ထျန်းက တကယ်ကို အစွမ်းထက်ပါတယ်... အံ့သြစရာကောင်းတဲ့ အရည်အချင်းနဲ့ ပိုအစွမ်းထက်တဲ့ ခွန်အားတွေ ရှိတယ်... ဒီမိန်းကလေး အရှုံးပေးဖို့ ဆန္ဒရှိပါတယ်!"

ချိုင်တျယ် အရမ်းစိတ်မကောင်းစွာနဲ့ ဆို​လိုက်သည်။ လုရွှမ် အနည်းငယ် ပြုံးကာ နောက်သို့ ဆုတ်လျက် ချင်ထျန်းဓားကို ပြန်သိမ်းထားလိုက်သည်။ ချိုင်တျယ် မျက်နှာ နီရဲသွားကာ ယခင်က သူမတန်းစီနေသော နေရာကို ပြန်​ရောက်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ချိုင်တျယ်: "မသိဘူး... ငါသူ့ကို ရှုံးသွားသလို ခံစားရတယ်... သူက ငါ့ရဲ့ ကျင့်ကြံမှုတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ် ငါတို့ရဲ့ ဓားသိုင်းကိုလည်း သူနားလည်တယ်"

သုံးယောက်ထဲမှာ အသန်မာဆုံး ဟေးယွင်က ခေါင်းခါပြီး ဆို၏။

"သိပ်မစဉ်းစားပါနဲ့... မင်းက ငါ့အတွက် တကယ်ကို ပြိုင်ဘက် မဟုတ်ဘူး...အဲဒါက ငါတို့ရဲ့ဓားပညာကို သူသိလို့ မဟုတ်ဘူး... ရန်သူက အရင်တိုက်ခိုက်မယ်ဆိုတာ သူ သိတယ်... ဥပမာ မင်း ဘာတိုက်ကွက် ထုတ်တော့မယ် ဆိုတာ သူသိနေတာ...အဲ့အချိန်ကတည်းက မင်းရှုံးသွားပြီ.... သူသာ စိတ်ထဲမထားရင် မင်း သေသွားလိမ့်မယ်"

တစ်ဖက်တွင်လည်း ကျားဖြူဂိုဏ်း ၃ ဦးက အသံနိမ့်နိမ့်ဖြင့် ဆွေးနွေး​နေကြသည်။

"ရှန်းလင် မင်း မတရားခံရပြီး ရှုံးတာ မဟုတ်ဘူးလား... အဲ့သခင်လေး ဟောက်ထျန်းက နယ်ပယ်မှာ မမြင့်ဘူး... ခွန်အားလည်း မရှိဘူး"

သူတို့နှစ်ယောက်က ထိတ်လန့်တကြား ပြောနေရင်း ထန်းရှန်ကို ကြည့်လိုက်တော့ ထန်းရှန်ကလည်း ဝင်ပြောလာသည်။

"လူကို သန်မာစေတဲ့အရာက နယ်ပယ်ပဲ.... မှန်တယ်... ဒါပေမဲ့ ငါပြောနေတဲ့ နယ်ပယ်က ကျင့်ကြံမှု နယ်ပယ်မဟုတ်ဘူး သူ့အစွမ်းသတ္တိရဲ့ ခံယူချက် နယ်ပယ်ပဲ....."

ရှန်းလင်နှင့် ချိုင်တျယ်မှာ သူတို့ ဘယ်လိုလုပ် ရှုံးသွားတာလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေ​​ကြသည်။ ထိုအချိန်တွင် ဟူရှောက်က ဝင်ထောက်လာ၏။

"ထန်းရှန် ပြောနေတဲ့ နယ်ပယ်က မိမိကိုယ်ကို ထိန်းချုပ်နိုင်တဲ့ အစွမ်းပဲ... အဲဒါက သူ့လမ်းစဥ် ဖြစ်မယ်... အလေ့အကျင့် ဆက်တိုးတက်နေချိန်မှာ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်း အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိနေပုံရပေမယ့် တွန်းလှန်လို့ မရတဲ့ ခံစားချက်ကို ခံစားမိဖူးလား? ဥပမာ တစ်ခုခုကို လုပ်နိုင်တယ်လို့ ခံစားမိပေမယ့် တကယ် လုပ်တဲ့အခါ မလုပ်နိုင်ဘူး... တစ်ခါတလေမှာ မထင်မှတ်ထားတဲ့ အချက်တွေ အမျိုးမျိုးရှိနေတာ စရတာတွေတောင် ရှိနေတတ်တယ်"

သုံးယောက်သား ခေါင်းညိတ်လိုက်ကြသည်။ ဟူရှောက်က သက်ပြင်းရှည်​ကြီး ထုတ်လိုက်ပြီး။

"ဒါက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိလို့ပဲ... ငါတို့ရဲ့ ခွန်အားနဲ့ နယ်ပယ်ကို မျက်ကန်လို မြှင့်တင်ထားပေမယ့် ကိုယ့်ကိုကိုယ် နားလည်မှု လုံလုံလောက်လောက် မရှိသလို ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူး..."

"ဥပမာ နတ်နဂါးက ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ... မင်းက ကန့်သတ်ချက်ကို ကျော်လွန်သွားပြီလို့ ခံစားမိပေမယ့် နတ်နဂါးရဲ့ အမြင်မှာတော့ အသေးအမွှားပဲ...သူတို့ရဲ့ ကန့်သတ်ချက်တွေက ငါတို့ထက် အများကြီး ပိုရက်စက်တယ်"

"အစပိုင်းမှာတော့ သိပ်ပြီး ပုံစံမပေါ်ပေမယ့် နည်းနည်းချင်း တိုးလာတဲ့အခါကျရင် အရမ်းကြောက်စရာ ကောင်းလာလိမ့်မယ်..."

"ဒီသခင်လေး ဟောက်ထျန်း... အရှင်နဂါးကြီးဆီက အချစ်ခံရတာ အံ့သြစရာတော့ မရှိပါဘူး... သူ့လက်ရှိ လူသားပုံစံက ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားက တူညီတဲ့ နဂါးမျိုးရိုးထက် မနိမ့်ဘူး..."

"ဘာ?"

ထိုစကားထွက်လာသည်နှင့် ရှန်းလင်တို့သာမက တစ်ဖက်က ကျန်လူသုံးယောက်လုံး အံ့သြစွာ အော်လိုက်ကြသည်။ သခင်လေးဟောက်ထျန်းရဲ့ စွမ်းအားသည် တူညီတဲ့ အဆင့်ရှိ နတ်နဂါးထက် မနိမ့်တော့ဘူးတဲ့လား။

လုရွှမ်လည်း ထိုစကားကို နားထောင်နေတာကြောင့် စိတ်ထဲကနေ သဘောတူခဲ့သည်။ အမှန်စင်စစ် လက်တွေ့ကျင့်စဉ်တွင် သူဟာ ကန့်သတ်ချက်များကို အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ပြီးပါပြီ။ တခြားသူတွေ နယ်ပယ် တက်နေစဥ် သူကတော့ ကိုယ်ခန္ဓာကို သန့်စင်အောင် လုပ်တုန်းပဲ။

ထို့ကြောင့် ယခုလို အချိန်မှာ ပိုမိုမြင့်မားတဲ့ တိုက်ပွဲကို အထပ်ထပ်အခါခါ တိုက်နိုင်နေတာပဲ ဖြစ်သည်။

လုရွှမ်မှာ ဟူရှောက်ပြောတဲ့ ကိစ္စအပေါ် အပြစ်ရှိသည်ဟု ခံစားမိသော်လည်း ဒါက ရွှေကျီးကန်းရဲ့ ထင်မြင်ချက်လည်း ဖြစ်​နေသည်။ ရွှေကျီးကန်း ပြောတာကတော့။

"ဟမ့်... ယွမ်ယန်ကျင့်စဥ် ကျင့်ထားတဲ့ လူတစ်ယောက်က အဆင့်တူ နတ်နဂါးကို အနိုင်မယူနိုင်ရင်တော့ အသေ ညံ့နေလို့ပဲ ဖြစ်မှာ!"

လုရွှမ် ထိုအကြီးနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်းရဲ့ အမြင်မှာတော့ လုရွှမ်ဟာ ယခင်ကထက် လေးစားစရာ ကောင်းလာပြီ။

အရင်က လုရွှမ်ကို ဘယ်သူကမှ တကယ်လေးစားတာ မရှိသလောက်ပါပဲ။ ဟူရှောက်နဲ့ ကျင်းနျိုကလည်း နတ်နဂါးကြောင့်သာ မဟုတ်ရင် လုရွှမ်နဲ့ အေးအေးဆေးဆေး စကားပြောကြမှာ မဟုတ်ပေ။

သို့သော် ယခုတော့ သူတို့နှစ်ဦးသည် လုရွှမ်ကို လေးစားစွာဖြင့် ကြည့်နေကြသည်။ သူ့ကိုကြည့်တဲ့ပုံစံက အငယ်တန်း တစ်ယောက်လိုတောင် မကြည့်တော့ဘဲ ရွယ်တူချင်း ကြည့်နေသလိုပင်။

အချိန်တန်သောအခါ လုရွှမ်၏နယ်ပယ် တိုးတက်ပြီး မျှော်စင်နယ်ပယ်သို့ ရောက်သွားလျှင် သူသည် သူတို့လို နတ်ခြေလှမ်းနယ်ပယ် သို့မဟုတ် သူတို့ထက်ပင် အားကောင်းနေမည်မှာ အံ့သြစရာ မဟုတ်ပေ။

သူတို့သည် တစ်သက်တာတွင် လက်ရှိအခြေအနေအထိ ရောက်နိုင်တာက အကြီးမားဆုံး အောင်မြင်မှု ဖြစ်ကြောင်း ကောင်းစွာသိထားကြသည်။

သို့သော် လုရွှမ်မှာက တောက်ပသော အနာဂတ်ရှိသည်။ သူသည် ရှေ့သို့ဆက်သွားကာ နတ်ခြေလှမ်းနယ်ပယ် ဝင်ရောက်ပြီး တစ်ချိန်တည်းတွင် အဆင့်တစ်ခုပါ ပိုတက်သွားလိမ့်မည်။

ကောင်းကင်ကမ္ဘာသာ အမှန်တကယ် ရှိလျှင် ၎င်းကိုဝင်ရောက်နိုင်သော တစ်ခုတည်းသော သူများသည် နတ်နဂါးများနှင့် အခြားနတ်သားရဲများသာ ဖြစ်နိုင်သည်။

ထိုအချိန်တွင် ထန်ရှန်း ​လေးနက်​တဲ့ မျက်​နှာ​လေးနဲ့ ထွက်လာသည်။

"ကျွန်​​တော်​က ထန်ရှန်းပါ... သခင်လေးဟောက်ထျန်းကို နှုတ်ဆက်ပါတယ်..."

လုရွှမ်လည်း တစ်ဖက်လူရဲ့ အသွင်အပြင်ကို ကြည့်ကာ ရိုးသားသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သိလိုက်သည်။ ဒါကြောင့် သူက ရွှင်ပြုံးရွှင်ရွှင်နဲ့ ကြိုဆိုလိုက်ပါသည်။

“အချင်းချင်း ထောက်ပြကြတာပေါ့”

လုရွှမ်ကတော့ စိန်ခေါ်သူတိုင်း သဘာဝအတိုင်း ပွင့်ပွင့်လင်းလင်း ပြောလေလေ ပိုပျော်လေဖြစ်သည်။ သူ့နယ်ပယ် တိုးတက် ကောင်းမွန်လာပြီးနောက် သက်ဆိုင်တဲ့ စွမ်းအားတွေလည်း ပို၍ပို၍ တိုးလာသလို ခံစားခဲ့ရသည်။

ကိုယ့်အစွမ်းအစကို အပြည့်အဝ ထိန်းချုပ်ချင်တယ် ဆိုရင်တော့ တခြားသူတွေနဲ့ ယှဉ်ပြိုင်​ကြည့်ဖို့ လိုပါဧ။ များများ တိုက်ကြည့်မှသာ မိမိကိုယ်ကို နက်ရှိုင်းစွာ နားလည်နိုင်လိမ့်မည်။

ယခင်က ရှန်းလင်၊ ချိုင်တျယ်တို့နှင့် နှိုင်းယှဉ်ပါက ထန်းရှန်ဟာ မျှော်စင်နယ်ပယ် အဆင့်၈တွင် ရှိနေသည်။ သို့သော် သူ့ရောင်ဝါက ပို၍ ငြိမ်သက်နေပြီး အ​​စောလူနှစ်ယောက်နှင့် မတူချေ။

လုရွှမ်နောက်ကွယ်တွင် တောက်ပနေသော ဓားအလင်းများ စုစည်းလာကာ ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ အစောက ဓားစွမ်းအင်နှင့် နှိုင်းယှဉ်ပါက ယခုဓားရည်ရွယ်ချက်မှာ အမှန်တကယ် ပိုမိုခိုင်မာ​နေ၏။

လုရွှမ်ဘက်က သူ့ရဲ့ အစစ်အမှန် ဓားသိုင်းကို ပြသနေကြောင်း သိသဖြင့် ထန်ရှန်း ခဏတာ ထိတ်လန့်သွားသည်။ လုရွှမ်က သူ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ကာ အပြင်းထန်ဆုံး ဓားသိုင်းကို ပြသနေပြီ။

ထန်ရှန်း ပါးစပ်ကိုဖွင့်ပြီး ဟောက်လိုက်သည်။ သူ့အသံက တကယ့် ကျားဖြူတစ်ကောင်ရဲ့ ဟိန်း​ဟောက်သံလိုပင်။ တစ်ဆက်တည်း သူ့လက်ထဲက ဓားကြီးတစ်ချောင်း ထွက်လာ၏။

ရှန်းလင်ဓားနဲ့ နှိုင်းယှဉ်ကြည့်လျှင် ဤဓားသည် ပိုမိုရိုးရှင်းသော်လည်း အရှိန်အဝါက ပိုကြွယ်ဝသည်။ လုရွှမ်လည်း ဓားဟာ သူ့လက်ဖဝါးထဲက ဓားထွက်လာတာကို မြင်နေရသည်။

ကျားဖြူရဲ့ ခြေသည်းများ ဖြစ်နိုင်လား။

သူ ဒီမေးခွန်းကို မမေးခဲ့ပါဘူး။ ဒါကြောင့် လူတိုင်းမသိတဲ့ အမှန်တရား တစ်ခုဆိုရင် သူ ဖော်ထုတ်ခံရလိမ့်မယ်။

"ဓားကောင်းပဲ!" လုရွှမ် ချီးကျူးလိုက်သည်။

သူ့နောက်က ဓားသွား စွမ်းအင်ကြောင့် မှော်လက်နက်ထဲမှ ရွှေနဂါးရဲ့ အရိပ်တစ်ခု ပြေးထွက်လာတော့၏။

All Chapters