ကောင်းကင်မှ ထူးဆန်းသော ကျောက်တုံး
Vol. 129 Ch. 4.1453
ဟူရှောက်ကလည်း သူ့ကို အမြန်ချီးကျူးသည်။ ယခု သခင်လေးဟောက်ထျန်းကို လုံးဝ ယုံကြည်သွားပြီ။
"ထန်ရှန်း... ကောင်းကင်ရဲ့ အပြင်မှာ ကောင်းကင်ကြီးရှိတယ်...လူတွေရဲ့ အထက်မှာလည်း လူတွေရှိတယ်ဆိုတာ မင်းသိပြီလား"
ထန်ရှန်းက ဦးညွှတ်ပြီး "ဟုတ်ကဲ့ အငယ်တန်း နားလည်ပါပြီ"
သူ့ခန္ဓာကိုယ်ပေါ်က ရောင်ဝါက အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ပိုပြီး တည်ငြိမ်တဲ့ ခံစားချက်ကို ပေးစွမ်းနေပါပြီ။
"ကောင်းပြီ လူငယ်တွေကို အပြစ်တင်မနေနဲ့... ဒါပြီးရင် ငယ်ငယ်ရွယ်ရွယ် လူငယ်တွေ အားလုံးက ပါရမီရှင် အစစ်ပါပဲ ဆိုတာကို သိကြလိမ့်မယ်လို့ ယုံကြည်တယ်... မိတ်ဆွေလေး ဒီတစ်ခါတော့ ရတနာကို မြင်အောင်ကြည့်ရအောင်၊ မင်းမျက်လုံးတွေ ပွင့်လာမှာ သေချာတယ်"
ထိုအချိန်တွင် ဓားပျံတစ်စင်း ဖြတ်သန်းလာခဲ့သည်။ တစ်စုံတစ်ယောက်က သတင်းစကားပေးပို့ရန် ဓားပျံတစ်စင်း ပို့လိုက်တာပဲ ဖြစ်ပေမည်။ ကျင်းနျို ၎င်းကိုယူ၍ ကြည့်လိုက်ရာ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ဟူရှောက်: "ဘာမှားလို့လဲ?"
ကျင်းနျို သူ့လျှာကိုကိုက်၍ စာပါ အကြောင်းအရာများကို ပြောပြလိုက်သည်။
"လူသားပါရမီရှင်တွေရဲ့ ဒုတိယ ပါရမီရှင်စာရင်းကို ထပ်မံမွမ်းမံလိုက်ပြီ... စာရင်းထဲက ပဉ္စမမြောက်လူ လုရွှမ်က အခုယဲ့ရွှမ်အောက်က ဒုတိယနေရာကို ပြင်းပြင်းထန်ထန်ကြီး ထိုးတက်သွားပြီ...."
"ဘာ... လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က စာရင်းဝင်ခဲ့တဲ့ လုရွှမ်က... ဘာလဲ ဒီကလေးက တကယ်ပဲ ရှေ့ကို ပြေးသွားပြီး ဒုတိယနေရာကို ရောက်နေပြီပေါ့"
ဟူရှောက်က သူ့မျက်နှာကို အံ့သြတကြီးနဲ့ အော်လိုက်သည်။
လုရွှမ်ရဲ့ အမူအရာလည်း ပြောင်းလဲသွား၏။
"ကောင်းပြီ သခင်လေးဟောက်ထျန်း မင်းစဉ်းစားကြည့်... ဒါက လူသားမျိုးနွယ်ရဲ့ အရည်အချင်းရှိတဲ့ စာရင်းဆိုတာကို မင်းသိမှာပါ.... ထိပ်တန်းက လူသားမျိုးနွယ်ရဲ့ အရည်အချင်းအရှိဆုံး ပါရမီရှင်တွေရဲ့ အဆင့်သတ်မှတ်ချက်ပဲ... ဒီလုရွှမ်က ရုတ်တရက်ပေါ်လာတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကမှ.... ဒီစာရင်းမှာ ဒုတိယနေရာအထိ ရောက်သွားမယ်လို့ မမျှော်လင့်ထားဘူး”
"ဟုတ်ပါတယ်... သခင်လေးဟောက်ထျန်းနဲ့ နှိုင်းယှဥ်လိုက်ရင်တော့ ဟာသကြီးပဲ..."
ထန်ရှန်းကလည်း ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"သခင်လေးဟောက်ထျန်း... ဒီလူသားမျိုးနွယ်ရဲ့ အဆင့်သတ်မှတ်ချက်က ရိုးရိုးရှင်းရှင်းလေးပဲ.. တစ်ချိန်က ကျွန်တော် တတိယအဆင့်ဖြစ်တဲ့ ထျန်းဖုန်းနဲ့ ယှဉ်ပြိုင်ခဲ့ဖူးတယ် တစ်ဖက်လူရဲ့ စွမ်းအားက သာမန်ထက် သာလွန်တယ် ပြီးတော့ သူကျွန်တော့်ဆီက အရိုက်ခံလိုက်ရတာပဲ... ရလဒ်အနေနဲ့ သူက အရည်အချင်းစာရင်းကနေ ပြုတ်ကျသွားတယ်...ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ခွန်အားက ဒီလောက်ကို မဟုတ်သေးဘူး"
လုရွှမ် ကြားလိုက်ရတဲ့ စကားကြောင့် အနည်းငယ် ရယ်စရာ ကောင်းသော်လည်း အနည်းငယ်လည်း ဝမ်းနည်းသွားသည်။
သူလည်း လူသားတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တာ ကြာပါပြီ။
နှစ်ပေါင်းများစွာ ပြန်လည်ကျန်းမာလာပြီးနောက် အနောက်ဖက်ဒေသ အပြင်ဘက်တွင် လူသားမျိုးနွယ်စုများက နေထိုင်သူ အများအပြားကို မွေးမြူလာခဲ့သည်။ ၎င်းသည် အတိုင်းအတာ တစ်ခုအထိ နေရာယူထားသော်လည်း လူသားမျိုးနွယ်အပေါ် ထားရှိသော သားရဲလူမျိုးအသီးသီး၏ ခံစားချက်များက လုံလောက်သော လေးစားမှု မရှိသေးကြောင်း သိသာထင်ရှားသည်။
သင့်မှာ လုံလောက်တဲ့ ခွန်အားမရှိရင် သင့်အပေါ် လုံလောက်တဲ့ လေးစားမှု မရှိကြမှာပါပဲ။ သဘာဝအားဖြင့် ဒါဟာ လူသားတွေ ညံ့ဖျင်းလွန်းနေတာ ကြာညောင်းနေတဲ့ အချက်ကြောင့်လည်း ပါသေးသည်။
တကယ်တော့ ဒီလူတွေဟာ လူသားတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ မျိုးဆက်တွေ ဖြစ်သည်။ သူတို့ကို မိစ္ဆာသားရဲ တွေက အသိအမှတ် မပြုပေမဲ့လည်း လူသားတွေအတွက်တော့ ကြေကွဲစရာလို့ ပြောရပါ၏။
လုရွှမ် သက်ပြင်းသာ ချလိုက်သည်။ လောလောဆယ်မှာ သူဘာမှ မပြောင်းလဲနိုင်ဘူးဆိုတာ သိပါသည်။
"လူသားမျိုးနွယ်က အရမ်းအင်အား ကြီးမားနေတုန်း ဆိုတာကတော့ အမှန်ပဲ...သူတို့ရဲ့ အခြေခံအုတ်မြစ်က ကြီးမားလွန်းတယ် ပါရမီရှင်တွေလည်း တဖြည်းဖြည်း တိုးပွားလာမှာ... ပြီးတော့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကလည်း လူသားတွေပဲလေ မဟုတ်ဘူးလား"
လုရွှမ် ခံစားချက်ဖြင့် သက်ပြင်းချကာ ဆက်မပြောတော့ပေ။
ဟူရှောက်နဲ့ ကျင်းနျိုကလည်း အနည်းငယ် ရှက်သွားပုံဖြင့် ဤအကြောင်းအရာကို မဖော်တော့ပေ။ တကယ်တော့ သူတို့ဟာ လူသားတွေနဲ့ သားရဲတွေ ပေါင်းစပ်ထားတဲ့ အရာတွေပင်။ လူသားတွေသာ အင်အားကြီးတယ် ဆိုရင် တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့ လူသားမျိုးနွယ်အဖြစ် အသိအမှတ်မပြုဘဲ ဘယ်သူက ဆန္ဒရှိမှာလဲ။
ရလဒ်အနေဖြင့် သူတို့သည် ယခုအခါတွင် အမြစ်မရှိ၊ အပင်မရှိဘဲ တစ်ဦးချင်း အားကောင်းနေသော်လည်း အုပ်စုတစ်ခုလုံး ဆိုရင်တော့ နောက်ကျကျန်နေခဲ့သည်။
"ကောင်းပြီ... လူသားတွေအကြောင်း မပြောတော့ဘူး... သခင်လေး ရတနာကို သွားကြည့်ရအောင် ... ဒီဟာကို သခင်လေး ကောင်းကောင်းကြီး သိထားနိုင်သလို တစ်ခါမှ မမြင်ဖူးတာလည်း ဖြစ်နိုင်တယ် ဒါပေမဲ့ အသစ်အဆန်းတွေ ဆိုတော့ ကြည့်လို့ တန်ပါတယ်"
လုရွှမ်သည် အခြားသူများပေးသော ရတနာများကို သဘာဝအတိုင်း မလွဲချော်ချင်ပေ။ အခြားသူများကလည်း လက်ဆောင်များပေးရန် အပြေးအလွှား လာနေရာ ငြင်းလိုက်ရင်လည်း အခြားသူများကိုလည်း မကျေမနပ် ဖြစ်ကာ အရှက်ရစေမည်။
ပြောရလျှင် ဤသူစိမ်းများ၏ အပြစ်မဟုတ်။ ၎င်းတို့သည် လူသားတို့ရဲ့ အားနည်းချက်ကြောင့်ပဲ ဖြစ်သည်။
လုရွှမ်သည် ကျင်းနျိုနဲ့ ဟူရှောက်တို့ဖြင့် ထွက်သွားလေ၏။ သူ့နောက်မှ လူအားလုံးသည် ထိုဟောက်ထျန်း၏ ကျန်ရစ်သော ရုပ်ပုံလွှာကို မနာလိုစွာဖြင့် ကြည့်နေကြသည်။
"နဂါးရဲ့သားမြေးတွေက တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်ကြတာလား?"
ချိုင်တျယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မဟုတ်ဘူး... သူက နဂါးရဲ့ မှော်အစွမ်းကို လုံးဝအသုံးမချခဲ့ဘူး အားလုံးက လူသားတွေရဲ့ အရည်အချင်းတွေချည်းပဲ... ဒီသခင်လေး ဟောက်ထျန်းက တကယ်ကို နားမလည်နိုင်အောင် အံ့သြစရာ ကောင်းတယ်"
ထန်ရှန်း ရုတ်တရက် ဝင်ပြောလိုက်မှ လူပေါင်းများစွာ အံ့အားသင့် ဆွံ့အသွားကြတော့သည်။ ရုတ်တရက် သဘောပေါက်သွားသည်မှာ အမှန်ပင် သခင်လေးဟောက်ထျန်းက နဂါး၏ မှော်အစွမ်းကို အသုံးမပြုခဲ့ပေ။
"လူသားတွေ ဒီလောက်တောင် သန်မာနိုင်ပါ့မလား"
နဂါး၏ မှော်စွမ်းအားများကို အသုံးမပြုသောကြောင့် လူသားများ၏ မှော်စွမ်းအားများသည် အညီအမျှ အစွမ်းထက်ကြောင်း သဘာဝအတိုင်း ပြသသွားသည်။
"ဟုတ်တယ်... အရင်တုန်းကသာဆိုရင် ဝန်ခံမှာ မဟုတ်ဘူး... ဒါပေမဲ့ အခု ကောင်းကင်ရဲ့ အပြင်မှာ ကောင်းကင်တစ်ခု ရှိနေပြီ"
လုရွှမ်ဟာ သူ့နောက်ကလူတွေ ဘာတွေပြောနေမှန်း မသိပေမယ့် သူ့အစွမ်းက ဒီမိစ္ဆာလူသားတွေလောက် အစွမ်းထက်တယ် ဆိုတာ သိလာခဲ့ပါပြီ။
သူတို့ သုံးယောက်သည် ဝိုင်းရံထားသော ချိုင့်တစ်ခုသို့ ရောက်ရှိလာသည်။ လူနှစ်ဦး ရောက်လာသည်ကို မြင်ပြီးနောက် တပည့်များအားလုံးက ဂါဝရပြုကြသည်။
"ဒီမှာလား?"
လုရွှမ်သည် အလွန်မွှေးကြိုင်သော အနံ့ကို ရှူရှိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်ရင်ပဲ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ခံစားချက်က မိခင်ရဲ့ ခန္ဓာကိုယ်ဆီကို ပြန်ရောက်သလိုပဲ အရမ်းသက်တောင့်သက်သာနဲ့ လုံခြုံနေသလိုပင်။
ကျင်းနျို: "ဟားဟား!... ဒီမှာ ကောင်းကင်က ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံး ရှိတယ်...ကျုပ်တို့အတွက် အရမ်းအကျိုးရှိတဲ့တယ်"
လုရွှမ် စိတ်ရှုပ်ထွေးနေသေးတာကို မြင်လိုက်ရတော့ ဟူရှောက်က ဝင်ပြောလိုက်သည်။
"ကောင်းပြီ မင်းပြတာကို ရပ်သင့်ပြီ... သခင်လေး.... ဒီကိုလာခဲ့..."
လုရွှမ်သည်လည်း သူတို့နှစ်ဦးနောက်မှ လိုက်ကာ ချိုင့်ထဲသို့ ပြေးသွားပြီးနောက် ရှင်းလင်းထားတဲ့ နေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။
"ဟားဟား... သခင်လေး ဘာမှ မမြင်ရဘူးမလား...အဲဒီနားကို လျှောက်သွားကြည့်လိုက်!"
သူတို့ နှစ်ယောက် ဘာလုပ်နေလဲ မသိပေမယ့် ဆိုးတဲ့ပုံတော့ မပေါ်ပါဘူး။ အရင်က အဖြစ်အပျက်တွေပြီးနောက် သူတို့နှစ်ဦးဟာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုသွားပြီး သူ့ကို ဘယ်တော့မှ ကြံစည်ရဲမှာ မဟုတ်ဘူးလို့လည်း ယုံကြည်သည်။
လုရွှမ်လည်း ဟူရှောက် စကားကို လိုက်နာကာ လှည့်ပတ်သွားခဲ့သည်။ သူအလယ်ကို စိုက်ကြည့်ရင်း ရုတ်တရက် လှည့်မေးလိုက်၏။
"ဒီလို ကျောက်တုံးကြီး ဘယ်တုန်းက ပေါ်လာတာလဲ"
လေထဲမှာပဲ ရှိနေပြီသလိုမျိုး ကျောက်တုံးရဲ့ အသွင်အပြင်ကို လုံးဝ မခံစားရချေ။ သူ့စိတ်ဝိညာဉ်နဲ့ အရာအားလုံးကို ဖုံးအုပ်ထားသော်လည်း ကျောက်တုံးရဲ့ အသွင်အပြင်ကို သူ လုံးဝ သတိမထားမိပေ။
"ဟားဟား.... ဒါက ကောင်းကင်က ထူးဆန်းတဲ့ ကျောက်တုံးတွေရဲ့ မှော်အတတ်နဲ့ ထူးခြားမှုပဲ... အတိအကျ ထောင့်တစ်ခုကနေပဲ မြင်နိုင်တယ် ဒီကျောက်တုံးက သယ်လာတဲ့ စွမ်းအင်အငွေ့အသက်ကို ခံစားမိမယ် ထင်တယ်"
လုရွှမ်လည်း သူ့စိတ်ဝိညာဉ်က ယခင်ကထက် အားကောင်းလာတာကို ခံစားလိုက်ရသည်။ အဆက်မပြတ် အာရုံစူးစိုက်နေရသလို ခံစားရပြီး ဒီနေရာရဲ့ အငွေ့အသက်က သူလေ့ကျင့်နေတဲ့ အချိန်ထက် အများကြီး ပိုအားကောင်းနေသည်။
"ရိုးရိုးသားသား ပြောရရင် ဒီကျောက်တုံးက လူသားတွေအပေါ် အကောင်းဆုံး သက်ရောက်မှုရှိတယ်... လူသားတွေဆိုတာ အရာခပ်သိမ်းရဲ့ စိတ်ဝိညာဥ်လို့ ပြောလို့ရတယ်မလား... ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက အားနည်းလွန်းတယ် ဒီလိုမျိုးရတနာကို ရလာရင်တောင်မှ သူတို့ ကာကွယ်ဖို့ မတတ်နိုင်လောက်ဘူး"
လုရွှမ်လည်း ဤကျောက်တုံးသည် ထူးဆန်းသော ရောင်ဝါကို ထုတ်လွှတ်နေကြောင်းကို ခံစားနေရပါ၏။ ၎င်းကို ထောင့်တစ်နေရာကနေသာ ထောက်လှမ်းနိုင်ကာ အခြားလမ်းကြောင်းများကနေတော့ လုံးဝ မမြင်နိုင်ပေ။