← Chapters

ကောင်းကင်ကမ္ဘာက လာတာ

Vol. 129 Ch. 4.1454

ကောင်းကင်ကမ္ဘာက လာတာ

Vol. 129 Ch. 4.1454

ဟူရှောက်သည် ကျောက်တုံး အရွယ်အစား၏ ဆယ်ပုံတစ်ပုံခန့်ကို ခွဲထုတ်လိုက်သည်။

"ဒါ သခင်လေးရဲ့ ဝေစုပါ... ဒီ​ကျောက်​ကို ကျုပ်တို့က တွန့်​တို​နေလို့ မဟုတ်​ပါဘူး... ကျုပ်တို့ မျိုးနွယ်​စုမှာလည်း လူ​တွေ အရမ်းများ​နေလို့ပါ"

လူနှစ်ယောက် စိတ်မသက်မသာဖြစ်တာကို မြင်တော့ လုရွှမ် သူ့လက်ကို အမြန်ဝှေ့ယမ်းပြလိုက်သည်။

"ဒါက လက်ဆောင်တစ်ခု ဖြစ်နေပါပြီ... အကြီးအကဲတို့ ​နှစ်ယောက်က ဒီကျောက်တုံးကို အငယ်တန်းဆီ ပေးလိုက်တာပဲလေ... အငယ်တန်းက ကျေးဇူးတင်ဖို့တောင် နောက်ကျသွားနေသေးတယ်...ပြန်သွားတဲ့အခါ အမေ့ကို ဘာလက်ဆောင်ပေးရမလဲလို့ စိတ်ထဲမှာ တွေးနေခဲ့တာ... ဒီဟာကိုသာ ပေးလိုက်ရင် အဖေနဲ့ အမေက အရမ်းပျော်သွားမှာ သေချာတယ်"

ဟူရှောက်နဲ့ ကျင်းနျိုက ပို၍ပင် ဝမ်းသာသွားပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကြလေ၏။ လုရွှမ် ကျောက်တုံးကို ကျောက်စိမ်းပြားထဲ ထည့်လိုက်ရာ ရွှေကျီးကန်းကိုတောင် တုန်လှုပ်စေခဲ့သည်။

"ကောင်လေး... မင်းဘယ်လိုဖြစ်လို့ မိုးဖြိုခွင်းကျောက် ရသွားတာလဲ?"

"မိုးဖြိုခွင်းကျောက်?? အဲဒါ ဘာလဲ ကောင်းကင်ကို ဖျက်ဆီးနိုင်လို့လား"

ရွှေကျီးကန်းက သက်ပြင်းချရင်း "မဟုတ်ဘူး... မိုးဖြိုခွင်းကျောက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက ကောင်းကင်ကို ဖြတ်ပြီး ကမ္ဘာထဲကို ဝင်လာတဲ့အတွက်ကြောင့် ဒီနာမည်ကို ရသွားတာ... "

"အိုး....ဒီဘက်မှာတော့ သူ့ကို ကောင်းကင်က ထူးဆန်းတဲ့ ကျောက်တုံးလို့ ခေါ်တယ်"

"အင်း အဲဒါလည်း မမှားပါဘူး။ ဒီကျောက်တုံးရဲ့ လုပ်နိုင်စွမ်းအမှန်ကို မင်းသိလား"

ရွှေကျီးကန်းက စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်လိုက်သည်။ လုရွှမ် နှလုံးသားက တုန်လှုပ်သွားသည်။

"ဘာနတ်အစွမ်းတွေ ရှိလဲ?"

ရွှေကျီးကန်းက စိတ်လှုပ်ရှားစွာနဲ့ "ကမ္ဘာ့ရတနာရဲ့ ကုန်ပစ္စည်းတွေကို သိလား?"

လုရွှမ်သည် အနီးနား၌ ဟူရှောက်နဲ့ ကျင်းနျိုတို့သာ မရှိနေပါက သေချာပေါက် ထအော်လိုက်လိမ့်မည်။

"ဒီဟာက ကမ္ဘာ့ရတနာနဲ့ ဆက်စပ်နေတာလား?"

"အဟုတ်ပဲ... ဆက်စပ်နေတာမှ အကြီးကြီးပဲ...ဒီဟာရှိနေရင် အနာဂတ်မှာ မင်းအတွက် ကမ္ဘာကြီးရဲ့ ရတနာကို ရှာတွေ့ဖို့က လွယ်ကူသွားလိမ့်မယ် ဒါပေမဲ့ ဒါက သေးနေသေးတယ်... အများစုကတော့ ကမ္ဘာ့ရတနာရဲ့ အပိုင်းအစတွေကိုပဲ ရှာတွေ့နိုင်မယ်"

လုရွှမ် လုံးလုံး စိတ်ရှုပ်ထွေးသွားသည်။ ဒီပစ္စည်းက ကမ္ဘာ့ရတနာ၏ အပိုင်းအစပင် ဖြစ်ပေသည်။ သို့သော် အပိုင်းအစကတင် အလွန်ထူးခြားနေပြီ ဖြစ်သည်။

"ကောင်းပြီ... ကျီးဖိုးဖိုး... ခင်ဗျားပြောနေတဲ့ ကမ္ဘာ့ရတနာက ဒီထက်ပိုကောင်းတဲ့ ကမ္ဘာ့ရတနာ ဖြစ်သင့်တယ် မဟုတ်လား"

"ကမ္ဘာ့ရတနာကို မင်းက ကောင်းတာနဲ့ မကောင်းတာ ခွဲနေသေးတာလား"

"ဒါပေါ့ ရှေးဟောင်း လျှပ်စီးကမ္ဘာက ကမ္ဘာ့ရတနာကို မတွေ့ဘူးလား"

ရွှေကျီးကန်း: "အဲဒါက ကမ္ဘာ့ရတနာ တစ်မျိုးပဲ... အပိုင်းအစတွေတောင် မရှိတော့တဲ့ ကမ္ဘာ့ရတနာတွေရဲ့ အမှိုက်တွေ"

လုရွှမ်သည်လည်း အဲဒီတုန်းက ထိုကမ္ဘာ့ရတနာများဟာ ထိုမျှလောက် အစွမ်းထက်ပုံ မပေါ်ကြောင်း ခံစားမိသည်။

"သူတို့တွေက ဘာမှ နားမလည်တဲ့သူတွေ... သူတို့က ကောလဟာလတွေ ဖြန့်ပြီး သူတို့ဘာသာသူတို့ စာရင်းလုပ်နေကြတာ...ဟမ့် မင်း မြေကမ္ဘာကို ရောက်ပြီးတော့ ဒီစာရင်းကို တစ်ယောက်က စိတ်ကြိုက် ပြင်ဆင်ထားတာကို မင်း ခံစားမိတယ်မလား"

လုရွှမ် ခေါင်းညိတ်လိုက်၏။ ပါရမီရှင် အရည်အချင်းစာရင်း ကဲ့သို့သော မြေကမ္ဘာရှိစာရင်းများကို ကောင်းကင်နှင့်မြေကြီးက သဘာဝအတိုင်း ရွေးချယ်ခဲ့သည်။

"ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတရားတွေကို ချုပ်ကိုင်ထားတဲ့ တောက်ယွင်ပဲ.. အောက်ကမ္ဘာက ရတနာတွေ အကြောင်း ပြောရရင် အဲဒါတွေက နည်းနည်းလေးမှ အသွင်မပြောင်းသေးတဲ့ ရတနာတွေပဲ... အံ့သြစရာကောင်းတာက တောင်တစ်သောင်း ကမ္ဘာကြီးက အရမ်းထူးဆန်းတယ် အလားအလာ ကောင်းပေမယ့် ကံမကောင်းဘူး... မဟုတ်ရင် ဒုတိယ မြေကမ္ဘာတောင် ဖြစ်သွားလိမ့်မယ်"

လုရွှမ်လည်း တောင်တစ်သောင်းကမ္ဘာတွင် ထူးဆန်းသော အရာတစ်ခု ရှိနေသလို အမြဲလိုလို ခံစားနေခဲ့ရသညအ။ ၎င်းသည် ဖီးနစ်နှင့် နတ်နဂါးကြားက ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။ ဒါပေမဲ့ သူအခု မြေကမ္ဘာကို ရောက်​​နေပြီ ဆိုရင် အရာအားလုံးဟာ အတိတ်ရဲ့ မီးခိုးတွေ ဖြစ်သွားပါပြီ။

"ကောင်လေး ဒီလူကြီးနှစ်ယောက် လက်ထဲက ကျောက်တုံးကို သွားယူလိုက်ပါလား"

"ချီးကိုယူ! ကျွန်တော် မသေချင်သေးဘူး"

ရွှေကျီးကန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။

"ကောင်လေး မင်းက အတော်လေး တည်ငြိမ်သားပဲ... စကားမစပ် စိတ်အေးအေးထား... မင်း ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ ဘယ်လိုအရာမျိုး လုပ်နိုင်ပါစေ လောဘကြီးမနေနဲ့ မဟုတ်ရင် လူတွေရဲ့ နှလုံးသားက မြွေအဆိပ်တွေ ပြည့်နေလိမ့်မယ်..."

"ကျွန်တော့်ရဲ့ လက်ရှိခွန်အားနဲ့ ကမ္ဘာ့ရတနာရဲ့ အပိုင်းအစတွေကို ရရှိနိုင်လို့ ကျေနပ်ပါတယ်... ဒါ့ပြင် ကျွန်တော့်အတွက် ကမ္ဘာ့ရတနာကို တကယ် ပေးလာရင်တောင် သုံးဖို့ တတ်နိုင်မှာလား...ထိန်းချုပ်ချင်ရင်တောင် စွမ်းအား စုပ်ယူမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်သလို ကိုယ့်ကိုကိုယ် ဖျက်စီးမိသွားမှာတောင် ကြောက်ရတယ်..."

ရွှေကျီးကန်းနဲ့ အချိန်အတော်ကြာ ငြင်းခုံပြီးနောက် သူတို့နှစ်ယောက်လုံးကို ကျေးဇူးတင်စကားဆိုသည်။ လုရွှမ်ရဲ့ အမူအရာများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။

"အကြီးအကဲတို့ ကျွန်တော်ဒီကို မတော်တဆ ရောက်လာခဲ့တာ သိပြီးသားပါ... ဒီကို ရောက်ပြီး လမ်းပျောက်သွားပြီ ထွက်သွားဖို့လည်း အချိန်ကျပြီ ဘယ်လို သွားရမှန်းမသိဘူး ဖြစ်နေတာ..."

ဟူရှောက်နဲ့ ကျင်းနျိုမှာ ပစ္စည်းကိုလည်း ခွဲပေးပြီးပြီ။ တစ်စုံတစ်ခုကြောင့် လုရွှမ်ကို စိတ်အနှောင့်အယှက် ဖြစ်သွားစေမှာကို စိုးရိမ်နေကြသည်။ လုရွှမ် ထွက်သွားဖို့လည်း စိတ်အားထက်သန်နေကြသည်။ မဟုတ်ရင် ၎င်းတို့ရဲ့ ယခင်ကြိုးစားအားထုတ်မှု အားလုံးက အလဟသ ဖြစ်သွားလိမ့်မည်။

ကျင်းနျိုက ခဏမျှ နေ​စေချင်ဟန်ဆောင်ကာ လမ်းကြောင်းကို ညွှန်ပြလိုက်သည်။

"ကောင်လေး... မင်း အခုချက်ချင်း ထွက်သွားမလို့လား"

"ခင်ဗျားမှာ အကြံဆိုး တစ်ခုခုရှိလို့လား"

ရွှေကျီးကန်းက ရယ်မောရင်း :"လျှို့ဝှက်ချက်တစ်ခုကို ပြောပြပါရစေ... မိုးဖြိုခွင်းကျောက် ပြုတ်ကျလာတဲ့ ဘယ်နေရာမှာမဆို မှော်ဆန်တဲ့ နေရာတစ်ခု ရှိရမယ်... အဲဒီမှာ တစ်ခုခုတော့ ရနိုင်မယ် ဟီးဟီး။

လုရွှမ် အလွန်ဝမ်းသာသွားပြီး "ဘယ်လိုလုပ်ရမလဲ"

"ငါပြောတဲ့အတိုင်း လုပ်ရုံပဲ...."

လုရွှမ် အဝေးသို့ ထွက်ခွာသွားပြီးနောက် ရွှေကျီးကန်း ပြောတဲ့အတိုင်း မိုးဖြိုခွင်းကျောက်ကို ပိုက်လျက် ထွက်လာခဲ့သည်။ ထိုစဥ် လေချွန်သံတစ်ချက် ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်က ၎င်းရဲ့အမေကို ခေါ်နေသလိုမျိုး သူ့နားရွက်နား၌ အသံများ ထွက်ပေါ်လာသည်။

"အဲဒါဘာလဲ?"

"သွားကြည့်လိုက်....ခဏနေ မင်းသိလိမ့်မယ်"

ထို့နောက် လမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။ လမ်းခရီးစဉ်ကတော့ အတော်လေး အလွန်လျှို့ဝှက်သည်။ ကျောက်တုံးကြီးရဲ့ ဆွဲဆောင်အားကြောင့်သာ မဟုတ်ရင် သူ ဒီလမ်းကို လွဲချော်သွားမှာ သေချာပါ၏။

နောက်ဆုံးတွင် ထူထပ်သော အဖြူရောင် တိမ်တိုက်များ နှင့် ထူးဆန်းသော တောင်တန်းများ၏ နေရာတိုင်းကို ဖြတ်ကျော်ပြီးနောက် လုရွှမ် အသက်စွမ်းအင်များနှင့် ပြည့်နေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။

မယုံနိုင်စရာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ အပျက်အစီးတွေကြောင့် အသက်စွမ်းအသ် လျော့ပါးလာတာ ကြာပါပြီ။ ဒီမှာ အိုအေစစ်နဲ့တူတဲ့ တည်ရှိမှုက ဘယ်လိုလုပ် ရှိနေတာလဲ။

တောင်တန်းနှင့် မြစ်များက အလွန် လှပရာ သက်ရှိများ ရှင်သန်ကြီးထွားကာ ပရဒိသုဘုံအလား။

"ကောင်လေး ဒီနေရာက ထင်ယောင်ထင်မှားတွေကြောင့် လှည့်စားမခံနဲ့... ဒီနေရာက အပျက်အစီးတွေ ဖြစ်သွားတာ ကြာပြီ ဒါပေမဲ့ မကြောက်ပါနဲ့ လှည့်စားခံ​​နေရသလို အယောင်ဆောင်လိုက်... အဲဒါက မင်းဆီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာလိမ့်မယ်"

"တစ်ခုခု? သက်ရှိသတ္တဝါလား? သက်ရှိလား?"

"ဟမ့် သေချာပေါက် သက်ရှိပေါ့ဟ...အဲဒါက မင်းကို အဆိပ်တွေအားလုံးကို ဒဏ်ခံနိုင်အောင် လုပ်​ပေးနိုင်တယ်"

လုရွှမ် တစ်သောင်းကမ္ဘာ၌ ရှိစဉ်တွင် အဆိပ်အများစုကို ခုခံနိုင်စေမည့် အရာတစ်ခု ရရှိခဲ့ဖူးသည်။ ၎င်းသည် အလွန်အစွမ်းထက်သော်လည်း မြေကမ္ဘာထဲ ရောက်ပြီးနောက်တွင် သူ့​လေ့ကျင့်မှုအဆင့် တိုးတက်လာသည်နှင့်အမျှ ထိုစွမ်းအားက မရှိသလောက် ဖြစ်သွားတာ သိလိုက်ရသည်။

"ဘာလို့လဲဆို​တော့ ဒါက ကမ္ဘာရဲ့ နယ်နိမိတ်​အပြင်​ဘက်​မှာ တကယ်​ရှိ​နေတဲ့ ​ကောင်းကင်​ပြင်​က​နေ လာတာ... အာကာသသားရဲတွေနဲ့ တူတယ်​... ဒါ​ပေမဲ့ ဒီကောင်က အာကာသထဲက လာတာမဟုတ်​ဘဲ အထက်​ကမ္ဘာက​နေ ပျံလာတာ..."

"အထက်ကမ္ဘာ...ခင်ဗျားက ကောင်းကင်ကမ္ဘာကလား?"

"မှန်တယ်... မလှုပ်နဲ့ သူ လာနေပြီ"

All Chapters