← Chapters

အဆိပ်ခပ်သိမ်း ဒဏ်မခံနိုင်

Vol. 129 Ch. 4.1455

အဆိပ်ခပ်သိမ်း ဒဏ်မခံနိုင်

Vol. 129 Ch. 4.1455

လုရွှမ် သူ့စိတ်ကို လျင်မြန်စွာ စုစည်း၍ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။ ဒါပေမဲ့ သူ့မျက်လုံးတွေက လှပတဲ့ ရှုခင်းကြောင့် တုန်လှုပ်သွားသလိုမျိုး ရှုပ်ထွေးနေဆဲ။

ဘာမှ လာမလာဘူးလို့သာ ခံစားနေရသည်။ လုရွှမ်အတွက် ထိုအရာရဲ့ တည်နေရာကို အာရုံခံနေတဲ့ လူကတော့ ရွှေကျီးကန်းပဲ ရှိတော့၏။

"မင်းရဲ့နားရှေ့က ညာဘက်မှာရှိတယ်... သူ့​အကြိုက်ဆုံးက မင်းရဲ့နားထဲကို ဝင်သွားပြီး မင်းဦးနှောက်ကို ဝါးမြိုသွားမယ်... မင်းဦးနှောက်ထဲက မှတ်ဉာဏ်တွေ အားလုံးက တခြားသူတွေရှေ့မှာ သူ့ရဲ့အနာဂတ် ဖြစ်လာလိမ့်မယ်"

"သတိထား... မလှုပ်နဲ့ သူက စမ်းသပ်နေတုန်းပဲ မင်း အန္တရာယ်ကို အာရုံခံပြီး တစ်ခုခု မှားနေပြီလား ဆိုတာ သိချင်နေတာ... သူ ဖြည်းဖြည်းချင်း လာနေပြီ.... ငါက ဖမ်းလို့အော်လိုက်တာနဲ့ မင်း ပါးစပ်ဖွင့်ပြီး မျိုချလိုက်တော့... အခုပဲ...

ဖမ်း!"

ရွှေကျီးကန်းက အော်လိုက်ပြီး လုရွှမ်ရဲ့ လက်ဖဝါးထဲက ပြေးထွက်လာကာ တစ်စုံတစ်ခုကို တိုက်ရိုက် ဖမ်းလိုက်လေသည်။

ရွှံ့အပိုင်းအစကို ဖမ်း​နေရသလို ချော်ထွက်သွားသော်လည်း ရွှေကျီးကန်းက လုရွှမ်ပါးစပ်ထဲ တိတိကျကျ ပစ်ထည့်လိုက်သည်။ လုရွှမ်လည်း မထင်မှတ်ဘဲ သူ့ပါးစပ်ထဲ၌ တစ်ခုခု အရည်ပျော်သွားတာ ခံစားရ၏။

ဒါပေမဲ့ စုပ်ယူလိုက်တာနဲ့ သူ့လည်ချောင်းထဲကို တိုက်ရိုက် ရောက်သွားပြီး သူ့ရဲ့ဝမ်းဗိုက်ထဲအထိ ရောက်သွားတော့သည်။

"ဟားဟားဟား!"

ရွှေကျီးကန်းမှာ အော်ကြီးဟစ်ကျယ် ရယ်မောလျက် ရှိသည်။

"ဒီကောင်လောက်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ... ဟမ့် သူကများငါ့ကို အ​ကြိမ်တိုင်း ကြံစည်ချင်နေသေးတယ်... ​​အမြဲတမ်း တခြားသူတွေကို လုပ်ကြံတာ အောင်မြင်မယ်များ ထင်နေတာလား မသိဘူး..."

လုရွှမ် စကားမပြောမီတွင် သူ့ခန္ဓာကိုယ်မှ နားမလည်နိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဒါဟာ သိပ်နားမလည်နိုင်ပေမယ့် ခန္ဓာကိုယ်ထဲ ပြည့်လျှံလာတဲ့ လှိုင်းလုံးတွေလိုမျိုးပင်။

ယခင်ကျောက်တုံးဆီကရတဲ့ ခံစားချက်နဲ့ တူသော်လည်း ကျောက်တုံးက အနည်းငယ် အေးစက်သည်။ ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်းကို ဖြတ်သွားချိန် သူ့ခန္ဓာကိုယ်ဟာ ပူလောင်နေတဲ့ အပူပင်လယ်ကြီးလို ဖြစ်သွား၏။

လုရွှမ် ငုံ့ကြည့်လိုက်ပြီး သူ့အဝတ်အစားတွေကို အမြန် ဆွဲဖွင့်လိုက်တော့ အနက်ရောင်အစက်အပြောက်တွေ ထွက်လာတာကို တွေ့လိုက်ရ၏။

အနက်ရောင် အစွန်းအထင်း အနည်းငယ်ကို ထိကြည့်လိုက်တဲ့အခါ အနံ့တစ်ခု ထွက်လာသည်။ လုရွှမ် လက်ဝါးတစ်ဖက်ကို လျင်မြန်စွာ လှုပ်ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့ ရေစီးကြောင်းများ ပြေးလွှားကာ ခဏအတွင်း သန့်စင်သွားလေသည်။

"မင်းဘယ်လို ခံစားရလဲ?"

"ကျွန်တော့်ရဲ့ ခွန်အား၊ စွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာက ဘာမှ မတိုးလာသလို ခံစားရတယ်... ဒါပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးနဲ့တော့ ပိုရင်းနှီးလာသလိုပဲ...."

ရွှေကျီးကန်းက တခစ်ခစ်ရယ်ရင်း "မှန်တယမလေ... သူက မင်းရဲ့ခန္ဓာကိုယ်ကို ဒီကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးလိုက်တာလေ... သေးငယ်တဲ့ကမ္ဘာ မဟုတ်တဲ့ အမြင့်မြတ်ဆုံး ကျယ်ပြန့်တဲ့ကမ္ဘာကြီးနဲ့ ချိတ်ဆက်နေတာနော်... ဟုတ်တယ် ဒီချိတ်ဆက်မှုက အရမ်းအားနည်းနေသေးပေမယ့် တဖြည်းဖြည်းနဲ့ သူ့ရဲ့အကျိုး ကျေးဇူးတွေကို ခံစားရမှာပါ... အခြားအရာတွေကို ပြောမနေနဲ့ မင်းမှာ ဒီအဆင့်နဲ့ ချိတ်ဆက်ပြီးရင် နတ်ခြေလှမ်းနယ်ပယ်ကို တက်ရင် တခြားသူတွေထက် အများကြီး ပိုလွယ်သွားလိမ့်မယ်"

လုရွှမ်မျက်လုံးများ တောက်ပလာ၏။ တကယ်ဆို နတ်ခြေလှမ်းနယ်ပယ်ကို ရောက်ဖို့ ခက်ခဲလွန်းလှတယ် မဟုတ်လား။ အခု လုံး၀ ဝမ်းသာပီတိဖြစ်ရတဲ့ အကြောင်းက အကြီးမားဆုံး အတားအဆီးကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

"ကောင်းပြီ မြန်မြန်သွားကြရအောင်။ တစ်ယောက်ယောက်က သိသွားရင် ကျစ်...ကျစ် မင်းက အခု ရတနာကြီးပဲကွ... တစ်ယောက်ယောက်က မင်းကို ကိုက်စားရင် မင်းပိုင်တဲ့ အကျိုးကျေးဇူးတွေ အကုန် ရကုန်လိမ့်မယ် မြန်မြန် သွားကြရအောင်"

"ဘာ!"

လုရွှမ် မြန်မြန်ပြေးပြီး ယဇ်ပလ္လင်ရှိတဲ့ နေရာကို အမြန်ပြေးလာခဲ့ရသည်။

ခရီးက မထူးမခြားနားနဲ့ အတော်လေး အန္တရာယ်ကင်းပြီး နောက်ဆုံးတော့ ယဇ်ပလ္လင်ဆဖိကို ရောက်သွား၏။ လုရွှမ်ကိုတွေ့ဖို့ ကျားဖြူဂိုဏ်းနဲ့ နတ်နွားဂိုဏ်းကလူတွေ ရှိနေသည်။ လုရွှမ် ရောက်လာတာကို တွေ့တော့မှ သူတို့ခမျာလည်း သက်ပြင်းချပြီး ပို့ပေးလိုက်ကြသည်။

ဒီတစ်ကြိမ် ပို့ဆောင်ခြင်းအစီအရင် သုံးရတာက အလွန်လုံခြုံသည်။ အချိန်အတော် ကြာသွားပေမယ့် အလင်းပြန်ပြီး တောက်ပလာတဲ့အခါမှာတော့ လုရွှမ်သည် စွန့်ပစ်ထားတဲ့ မြို့တစ်မြို့ကို ရောက်ရှိနေပြီ ဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ?

ပြီးပြည့်စုံတဲ့ မြို့ကို ပို့ဆောင်ရမှာ မဟုတ်ဘူးလား။

ခဏအကြာတွင် လုရွှမ်လည်း ဒီလိုလုပ်တာက ၎င်းတို့ရဲ့ ဖုံးကွယ်မှုနည်းလမ်း ဖြစ်ကြောင သဘောပေါက်သွားခဲ့သည်။ ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ထုတ်ခံရမည် စိုးသဖြင့် တိုက်ရိုက်ပေးပို့ရန် မဖြစ်နိုင်ပေ။

အလင်းသည် တဖန်တုန်ခါသွားကာ လူသုံးယောက် ပြေးထွက်သွားကြသည်။ လုရွှမ်ကိုတွေ့တော့ အားလုံးက စကားမပြောဘဲ ခေါင်းယမ်းလိုက်ကြသည်။

"မင်းက နတ်မီးနယ်ပယ်ပဲ ရှိသေးတာကို ဒီလာရဲတယ်ပေါ့လေ... မင်း အသက်ရှင်နေရတာကိုများ စိတ်ပျက်နေတာလား"

"ဟေး မင်းပါးစပ်က ထွက်လာတတ်တဲ့ ပြဿနာကို သတိထားစမ်းပါ... ဒီကလေးမှာ နောက်ခံအကြောင်းအရင်း ရှိမရှိ ဘယ်သူသိမှာလဲ"

"ဒါ့ထက် သူ့မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်လက်နက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ... ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့ သူဒီကို လာဖို့ သတ္တိရှိတယ် ပြီးတော့ တစ်ယောက်တည်း... နယ်ပယ် နိမ့်ပေမယ့် သန်မာသူလည်း ဖြစ်နေနိုင်တယ်... သွားရအောင်"

"မတူသလိုပဲ?"

"ဟေ့ ကောင်လေး... မင်း အနာဂတ်မှာ ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်"

လုရွှမ် ခပ်ဖျော့ဖျော့သာ ပြုံးကာ ဂရုမစိုက်ဘဲ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ကျောက်စိမ်းပြားထဲက ရတနာဖမ်း သားရဲဆီမှ ရုတ်တရက် ထအော်သံ ကြားလိုက်ရ၏။

ရွှေကျီးကန်း: "ဟေ့ ကောင်လေး... ဒီနေရာ မှာ ရတနာတစ်ခုရှိတယ်လို့ ထင်လား"

လုရွှမ်သည် ထွက်ခွာသွားသော လူသုံးယောက်၏ ကျောကို ကြည့်ပြီး လိုက်သွားခဲ့သည်။ ထန်ရှန်းနဲ့ တိုက်ပွဲအပြီးတွင် သူ့လက်ရှိ အင်အားဖြင့် နတ်ခြေလှမ်းနယ်ပယ် သခင်သုံးယောက်ထက် မပိုပါက လွတ်မြောက်ဖို့က ပြဿနာမရှိချေ။

သူတို့သုံးဦးရဲ့ ကျင့်ကြံမှုအဆင့်က အားနည်းသူများ မဟုတ်ကြဘဲ အားလုံးသည် မျှော်စင်နယ်ပယ် ပဉ္စမအဆင့်အထက်များ ဖြစ်သည်။

"ဟေ့ ဒီကလေးက ငါ့နောက်ကို တကယ်လိုက်နေတာလား?"

"အစ်ကိုကြီး အသက်ကြီးလာလေ မရဲရင့်တော့လေပဲ သူလာရင်တောင် ငါတို့က ကြောက်နေစရာမှ မလိုတာ..."

စကားပြောပြီးနောက် ခေါင်းကို ပိတ်ရိုက်ခံလိုက်ရလေသည်။

လောင်အာ့: “အကိုကြီးကို ဒီလိုစကား ပြောရလား..."

လောင်စန်း မျက်လုံးပြူးသွားသော်လည်း ဘာမှပြန်မပြောဘဲ လုရွှမ် ပျံသန်းလာနေတာကို စိုက်ကြည့်နေလိုက်သည်။

"ကျွန်တော် ဟောက်ထျန်း... မိတ်ဆွေတို့ကို နှုတ်ဆက်ပါတယ်..."

"မင်္ဂလာပါ မိတ်ဆွေဟောက်ထျန်း မင်း ငါတို့အကူအညီ လိုလို့လား"

သူတို့သုံးယောက်ထဲက ဒုတိယတစ်ယောက်က လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး မေးပေမယ့် သူက လူကို မိုင်ထောင်ချီဝေးဝေးကို တွန်းထုတ်ချင်နေသလိုမျိုးပင်။

"ဒီလိုပါ... ဒီတခေါက် ကျွန်တော်သွားမယ့် လမ်းနဲ့တူနေတော့ မင်းတို့သုံးယောက်နဲ့ လိုက်လို့ရမလားလို့ မေးချင်လို့ပါ...."

ဒုတိယလူက အံ့အားသင့်သွားပြီး "သိပ်အဆင်မပြေဘူး ထင်တယ်..."

ဒါပေမဲ့ ​လောင်စန်းက ရယ်မောပြီး။

"အစ်ကို၂ ဘာများ အဆင်မပြေလို့လဲ... ဒီတစ်ခါက ကျွန်တော်တို့က သွားတွေ့ရုံပဲကို ရတနာကို တကယ် သွားသိမ်းမှာလည်း မဟုတ်ဘဲနဲ့ ဘာကြောက်​နေတာလဲ"

"လောင်စန်း မင်းတကယ်ကို ပိုပိုပြီး ရဲတင်းလာနေပြီပဲ"

ဒုတိယလူက အော်ဟစ်ပြီး လုရွှမ်ကို ကြည့်လိုက်သည်။

"အစ်ကိုဟောက်ထျန်း... မင်းကြားတဲ့အတိုင်း ငါတို့က ကြည့်ဖို့ပဲ သွားမှာ ငါတို့ ညီအကို သုံးယောက်က လုံလုံလောက်လောက် မသန်မာသလို အန္တရာယ်လည်း မခံယူဝံ့ဘူး... ​ဒီကညီအစ်ကိုရဲ့ ပုံစံက ရတနာအတွက် သွားနေသလိုပဲ... ညီအစ်ကိုရဲ့ ခရီးကို နှောင့်နှေးနေစရာ မလိုပါဘူး...."

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

"ဒါဆို မေ့လိုက်ပါ... "

"ကောင်လေး.. မင်းဘာလုပ်နေတာလဲ ဒီသုံးယောက်နဲ့ ဘာပြောနေတာလဲ" ရွှေကျီးကန်း မမေးဘဲ မနေနိုင်တော့။

လုရွှမ် သူတို့သုံးယောက် ထွက်သွားတာကို ကြည့်နေသည်။

"ကျီးဖိုးဖိုး... အထက်ကမ္ဘာက ကျောက်တုံးက အာကာသ သတ္တဝါတွေရဲ့ အသက်ရှုသံကို ဖော်ထုတ်နိုင်ပါ့မလား"

"အမ် မင်း ဘာတွေ့တာလဲ"

"အဲ့လောင်စန်းမှာ တစ်ခုခုမှားနေတယ်... ဒါမှမဟုတ် သူ့အထဲမှာ အာကာသသားရဲဆီက တစ်ခုခုရှိနေတာလား မသိဘူး... ကျွန်တော် တမင်သက်သက် အနားကပ်ကြည့်လိုက်တော့ လုံးဝ မမှားနိုင်ဘူး။"

"အိုး... ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ.. သွားကြည့်ရအောင်"

All Chapters