← Chapters

ပထမ နေရာ တည်မြဲခြင်း

Vol. 2 Ch. 16

ပထမ နေရာ တည်မြဲခြင်း

Vol. 2 Ch. 16

ကိုယ်စားလှယ်ကြီးတွေရဲ့ အလယ်လောက်မှာထိုင်နေတဲ့ အသက်(၈၀)ကျော် အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ မှော်ပညာရှိ တစ်ယောက်က...

" ခုချိန်မှာ ကမ္ဘာကြီးက တော်တော်ကို ကွာခြားသွားပြီပဲ။ ဒီဘက်ခေတ်က အလယ်တန်းမှော်ပညာကျောင်းကိုတောင် မဝင်ရသေးတဲ့ ကလေးတွေက အဆင့်မြင့် မှော်မှော်ပညာကိုတောင် သုံးနိုင်နေကြပြီ. .. ငါထင်ပါတယ်.. အဲဒီအချိန်တုန်းက အသက်က ဒီကလေးတွေနဲ့ အတူတူလောက်ပဲရှိအုံးမှာ .. "

သူ့ဘေးမှာထိုင်နေတဲ့ ဝတ်စုံအနီနဲ့ အဖိုးကြီးကလဲ...

" ဟုတ်ပ ။ ဒီကလေး နှစ်ယောက်စလုံး အရမ်းတော်ကြတယ်။ သူတို့မှာ ကောင်းကောင်းကြီး တိုးတက်မယ့် အလားအလာရှိတယ်။ ကျန်းကုန်းလို့ ခေါ်တဲ့ကလေးက ငယ်ပေမယ့် ကာကွယ်ရေးမန္တန်ကို ပေါင်းစပ်ဖန်တီးလိုက်သေးတယ်။ မာခယ်လဲ တော်တာပဲ။ သူ့ မှော်မီးဘော်လုံးတွေရဲ့ လမ်းကြောင်းကို သေချာထိန်းချုပ်နိုင်ယုံတင်အဟုတ်ဘူး၊ လမ်းကြောင်း အသေးစိတ်ကို ဆံခြည်တစ်မျှင်တောင် မလွဲအောင် ထိန်းချုပ်ထားနိုင်တယ်။ မဆိုးဘူး.. သူ့မီမှော်ပညာလဲ ထူးခြားတာပဲ။ သူ့အကြောင်း အသေးစိတ်စုံစမ်းပြီး ကျုပ်ရဲ့ ပညာအမွေ လက်ဆင့်ကမ်းပေးလို့ ရနိုင်/မရနိုင် လေ့လာရမယ်။ "

" မာခယ်က မဆိုးပါဘူး။ ကျန်းကုန်း ရဲ့ ပင်မမှော်စွမ်းအင်က အလင်းစွမ်းအင်ဖြစ်လိမ့်မယ်။ ကျုပ်ရဲ့ အလင်းမှော်ပညာကို လေ့လာသင်ယူနိုင်ဖို့ဆိုရင် ကျန်းကုန်းကလွဲလို့ တခြားလူမရှိနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို ကျုပ်ရဲ့ အလုပ်သင် ခန့်ရမယ်။ "

ဝါး ... အဒီ မှော်ပညာရှိအိုကြီးနှစ်ယောက်( မှော်သခင်ဝတ်စုံ၏ လက်ဝဲဘက် ရင်ဘတ်ပေါ်တင် အနှီမှော်သခင်၏ အဆင့်သတ်မှတ်ချက် သက်သေအထောက်အထား တပ်ဆင်ထားလေ့ရှိသည်။)က အံ့ဩစရာကောင်းလောက်အောင်ကို ခမ်းရောင်းသလင်းတံဆိပ်ပိုင်ရှင်တွေပဲ။ ဆိုတော့ သူတို့နှစ်ယောက်က ကျန်းဝူတိုက်ကြီးတစ်တိုက်လုံးမှာရှိတဲ့ မှော်ဆရာ(၁၀)ယောက်ထဲက (၂)ယောက်ပေါ့။

စင်မြင့်ပေါ်က ကျွန်တော့နဲ့ မာခယ် တို့ကတော့ အဲဒီမှော်ဆရာ(၂)ယောက်ရဲ့ အကြံအစည်တွေကို မသိပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတုန်းဗျ။ အခုအချိန်မှာဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံး ဘဝတစ်သက်တာ လေ့လာသင်ယူခဲ့မိသမျှ( ဆယ်နှစ်စာ။ ) အစွမ်းကုန် ထုတ်သုံးနေကြပါပြီ။

ကျွန်တော့အနေနဲ့ ပိုင်းဖြတ်ခြင်းအလင်းဓါး မန္တန်ကို သုံးတာ ဒါပထမဆုံးအကြိမ်ပါ။ အဲဒါကြောင့် ဘယ်လောက်ထိ ထိခိုက်နိုင်မယ်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော့ မှော်စွမ်းအားတွေ ကုန်ခမ်းသွားတာ ခံစားမိလိုက်တယ်။ ပထမဆုံး ပိုင်းဖြတ်ခြင်းအလင်းဓါးလှိုင်းက မီးတောက်တွေဖုံးလွှမ်းနေတဲ့ အမျက်ပြင်းထန်ဥက္ကာပျံနဲ့ ထိပ်တိုက်တွေ့ဆုံသွားပါတယ်။ အာ.. ကျွန်တော့ ပိုင်းဖြတ်ခြင်းအလင်းဓါးရဲ့ စွမ်းအားက နည်းနည်းပို အားကောင်းပုံပဲ။ မီးလျှံတွေနဲ့ ဥက္ကာပျံ သေးသေးလေးတွေ လွင့်ထွက်လာပြီးတော့ ဥက္ကာပျံအကြီးကြီးက ပိုင်းဖြတ်ခြင်းအလင်းဓါးလှိုင်းကို ခုခံခဲ့ပါတယ်။ ကျွန်တော့ရဲ့ မန္တန် အနိုင်ရလိုက်ပြီဆိုတာ မြင်လိုက်ရတော့ မှော်စွမ်းအင်ထုတ်လွှတ်တာရပ်လိုက်ပြီး ပုံမှန်လေးပဲ ထိန်းချုပ်ထားလိုက်ပါတယ်။

ကျွန်တော့ရဲ့ အလင်းဓါးလှိုင်း စွမ်းအားက မာခယ်ရဲ့ မှော်စွမ်းအားထက် နည်းနည်းလေးပို အားကောင်းတယ်ဗျ။ သူ့ရဲ့ အကြီးမားဆုံးအမှားက အဆင့်မြင့် မှေမန္တန်ကို သုံးပြီး ကျွန်တော့ကိုတိုက်ခိုက်တာပဲ။ တကယ်လို့သာ သူထိန်းချုပ်နိုင်ယုံ အလယ်တန်းအဆင့် မှော်မန္တန်တွေသုံးမယ်ဆိုရင် အခုလိုရလာဘ်မျိုးရဖို့ ကျွန်တော့အနေနဲ့ တော်တော်ခက်ခဲမှာပဲ။ ဒါပေမယ့် သူ့က အမျက်ပြင်းထန်ဥက္ကာပျံ မန္တန်မှာ သူ့မှော်စွမ်းအားတွေ အကုန်ဖြုန်းတီးပစ်လိုက်ပြီလေ။ အခုဆိုရင် အဲဒီမန္တန်ကို အနိုင်နိုင်ထိန်းချုပ်နေရတဲ့အပြင် သူ့မှော်စွမ်းအားတွေကို ကောင်းကောင်းထိန်းချုပ်ဖို့ အာရုံမစိုက်နိုင်တော့ဘူး။

တိုက်ပွဲစင်မြင့်က ကျွန်တော်တို့ နှစ်ယောက်ရဲ့ မှော်မန္တန်တွေကြောင့် အက်ကြောင်းရာအကြီးကြီး ပေါ်လာပါလေရော။ ပိုင်းဖြတ်ခြင်းအလင်းဓါးက စင်ကြီးကို ခုတ်ပိုင်းလိုက်သလိုပဲ၊ အမျက်ပြင်းထန် ဥက္ကာပျံက မဲတူးသွားတဲ့အထိ မီးလောင်တိုက်သွင်းပစ်လိုက်တယ်လေ။ ကျွန်တော့ ဝတ်စုံမှာ နေရာတော်တော်များများ မီးလောင်ဒဏ်တွေကြောင့် မဲကွက်နေသလိုပဲ မာခယ်ရဲ့ ဝတ်စုံမှာဆို ဓါးရာတွေနဲ့ စုတ်ပြတ်သတ်နေပြီ။ ကျွန်တော်တို့ မှော်စွမ်းအားနှစ်မျိုးစလုံး အကန့်အသတ်ထိအောင် အလွန်အကျွံသုံးမိပြီးသွားကြပြီ။

" အကိုကြီး ... ငါသေတော့မယ်.. ငါ့ကိုကယ်ပါအုံး "

မာခယ် အားနည်းတဲ့အသံနဲ့ ပြောလာပြီ။ သူပြော ပြီးပြီးချင်းပဲ မီးလျှံဥက္ကာပျံတွေ အကုန်လုံးပျောက်သွားတယ်။ အဲဒီအစား သူ့ကိုယ်သူကာကွယ်ဖို့ မီးတံတိုင်းကို သုံးလိုက်တယ်။ ဒါပေမယ့် စိတ်ဝိဉာဏ်စွမ်းအားတွေ အလွန်အကျွံသုံးထားတော့ သူသတိမေ့သွားပါရော။ ကျွန်တော်လဲ မှော်စွမ်းအားကို ချက်ချင်းရုတ်သိမ်းလိုက်ရော။ သူ့ကို မတော်တဆ နာကျင်အောင် မလုပ်ချင်ဘူးလေ။ သူသာ နည်းနည်းလေးဆက်ပြီး တောင့်ခံနိုင်တယ်ဆိုရင် ကျွန်တော်လဲ သေလောက်ပြီဗျ။ အဲဒီကောင်က တကယ့်ကို မှော်စွမ်းအား တော်တော်ကောင်းတဲ့ကောင်။

ကျွန်တော့ မှော်စွမ်းအင်ကလဲ ခပ်ပါးပါးကျန်တော့တာ။ ကျွန်တော် တဖြည်းဖြည်းရပ်လိုက်ပြီး သူ့ဘေးကို သွားလိုက်လိုက်။

" ဟေ့ .. ဟေ့ .. အစုတ်ပလုပ်၊ အခု မလုံလောက်သေးဘူးလား။ "

ကျွန်တော်ရပ်နိုင်တာ မြင့်တော့ စင်ပေါက ဒိုင်က

" မာခယ် မှော်စွမ်းအားကုန်သွားပြိ၊ ကျန်းကုန်းအနိုင်ရတယ်။ "

ကျွန်တော်အနိုင်ရတယ်ကြားတော့ ဝမ်းသာသလိုခံစားလိုက်ရတယ်။ အခုချိန်မှာတော့ ကျွန်တော့ အနာဂတ်အတွက် စဉ်းစားဖို့ ဘာဆိုဘာမှ ခွန်အားမရှိတော့ဘူး။

ရလဒ် ကြေငြာပြီးတော့ အရင်ဦးဆုံး ဆရာ/ဆရာမတွေ စင်ပေါ်တက်လာပြီး ကျွန်တော်တို့ကို ပြန်လည်ကုသရေးမှော်ပညာနဲ့ ကုသပေးပါတယ်။ အဲဒီအချိန် ကျွန်တော်လဲ ကျန်းကုန်းခြေရာလိုက်နင်းပြီး မေ့သွားပါလေရောဗျာ။

……

ကျွန်တော် နိုးလာတဲ့အချိန်မှာ တည်းခိုခန်းကို ပြန်ရောက်နေပြီ။ ဆရာရှို့က ကျွန်တော့ဘေးမှာ ထိုင်လို့။

" မင်းနိုးလာပြီပေါ့ .. မဆိုးပါဘူး.. အခု မင်းက နံပါတ် တစ် ဖြစ်နေဆဲပဲ။ မင်းနိုးပြီဆိုတော့ ဆရာ စိတ်သက်သာရာရသွားပြီ. မင်းအနားယူလိုက်အုံး .. "

ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ကျန်တော် မျက်စိမှိတ်ပြီး ဆင်ခြင်သုံးသပ်ခြင်းပဲ လုပ်နေလိုက်ပါတော့တယ်။

……

နောက်တစ်နေ့ ကျွန်တော်နိုးတော့ နေတောင်ဝင်နေပြီ။ ဆရာရှို့လဲ မရှိဘူး။ ကျွန်တော် ထပြီး အကြောဆန့်လိုက်တယ်။ ကောင်းလိုက်တာ ကျွန်တော်အောက်ထပ်သွားရမယ်၊ ဆိုင်ရှင်သူဌေး အဲဒီမှာ ရှိလောက်တယ်။

" ဦးလေး စားစရာတစ်ခုခုများရနိုင်မလား၊ ကျွန်တော်အရမ်းဆာနေလို့ပါ. "

" ရှိတယ်။ မင်းကို ရရမှာပေါ့.. "

ကျွန်တော် စစ်ဆေးပွဲမှာ ပထမရထားတယ်ဆိုတာ သူဌေးသိမှာပဲ။ ဒါကြောင့် ကျွန်တော့ကို ကောင်းကောင်းဆက်ဆံတာနေမှာ။ ခဏကြာကြော အမဲသားအာလူးစွပ်ပြုတ်ပူပူလေးတစ်အိုး ကျွန်တော့ကို ပေးလာတယ်။ အား .. အရမ်းမွှေးတာပဲ။ ကျွန်တော် သွားရည်တောင်ကျမိပါတယ်။

" ကျေးဇူးတင်ပါတယ်။ ကျွန်တော်စားလိုက်အုံးမယ်... "

" အမြန်မစားနဲ့လေ။ မင်းနင်နေအုံးမယ်။ "

ကျွန်တော်က စွတ်ပြုတ်ကို ဝံပုလွေတစ်ကောင်လို တွယ်နေတာမြင်တော့ သူဌေးက ကျွန်တော့ခေါင်းကို ပုတ်ပြီး သတိပေးပါတယ်။

အခုကျွန်တော်ရထားတဲ့ အမဲသားစွတ်ပြုတ်ဟာ ပြီးခဲ့တဲ့ ရုန်းကန်မှုကြီးမှာ ကျွန်တော့ရဲ့ ကြိုးစားအားထုတ်မှုအတွက် အောင်မြင်မှုတွေဆုလာဘ်တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါစားပြီးတော့ နောက်ထပ်နှစ်ရက်လောက် ဘာမှ မစားဘဲကို နေနိုင်လောက်ပါတယ်။

" ဆရာရှို့ . ပြန်လာပြီလား။ "

ကျွန်တော်စားပြီးတဲ့အချိန် ဆရာရှို့ပြန်ရောက်လာတာတွေ့လိုက်ရပါတယ်။

" ဟုတ်တယ်။ မင်းအတွက် ဝင်ခွင့်လျှောက်လွှာ သွားယူလာတာ။ အခုအခန်းကို ပြန်ကြစို့.. "

အခန်းရောက်တော့ ဆရာရှို့က ရွှေနဲ့လုပ်ထားတဲ့ ဝင်ခွင့်လျှောက်လွှာ ထုတ်ပေးပါတယ်။

" ကျန်းကုန်း.. မနက်ဖြန်် သွားပြီး မှတ်ပုံတင်ရမယ်။ တစ်ပတ်အတွင်း တရားဝင်စသင်ရလိမ့်မယ်။ ဒါပေမယ့် ဒီကျောင်းပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ အချိန်လုံလောက်ပါတယ်။ ဆရာ မနက်ဖြန်ပြန်မယ်။ မင်းအတွက် ပညာသင်စရိတ်တော့ ရှင်းပေးခဲ့ပြီးပြီ။ မင်းမှော်ပညာကို သေချာလေ့လာရမယ်နော်။ ဆရာအချိန်ရတိုင်း မင်းဆီလာခဲ့မယ်။ လောလောဆယ်တော့ စန်းခက်မြို့ကိုပြန်ပြီး မင်းရဲ့အောင်မြင်မှုတွေကို မင်းမိဘတွေဆီ သတင်းပေးရမယ်။ နောက်မှ ငါလာလာကြည့်လှည့်မယ်။ "

" ဆရာက မနက်ဖြန်ပြန်မှာလား။ ကျွန်တော် ဆရာနဲ့ မခွဲချင်ဘူး .. "

ဒီစကားလုံးတွေက ရင်ထဲမှာရှိတာရဲ့ ထက်ဝက်လောက်ကို မှန်ပါတယ်။ ကျွန်တော်တို့ အတူရှိခဲ့တဲ့ အချိန်တစ်လျှောက် ဆရာရှို့က ကျွန်တော့ကို တကယ်ပဲ ကောင်းကောင်းဆက်ဆံခဲ့တာပါ။

" မင်းသာ မှော်ပညာကို သေသေချာချာ ဆက်လေ့လာသွားမယ်ဆိုရင် ဆရာ့ကို ကျေးဇူးဆပ်နေရာရောက်လိမ့်မယ်။ "

ဆရာရှို့က ကျွန်တော့ခေါင်းကို ကြင်ကြင်နာနာပုတ်လိုက်ရင်း ပြုံးပြပါတယ်။ သူ့ဝတ်ရုံထဲကနေပြီး အိတ်တစ်လုံးထုတ်ပြီး ကျွန်တော့ကိုပေးလာတယ်။ ကျွန်တော့လက်ထဲရောက်တော့..

" မှော်ပညာကျောင်းတော်ကြီးက တံခါးကြီးရဲ့ပတ်ဝန်းကျင်မှာပဲ။ ဒီရွှေဒင်္ဂါး(၅၀)ကို သိမ်းထားပြီး အရေးပေါ်အခြေအနေမှာပဲ သုံးပေါ့။ စာသင်ချိန်ပြီးသွားရင် ဆရာမင်းဆီလာခဲ့မယ် "

ဝါး ... ကျွန်တော်မွေးလာကတည်းက အခုချိန်ထိအောင် ဒီငွေတွေက အများဆုံးနဲ့ကိုင်ဖူးတဲ့ငွေတွေပဲ။

" ကျေးဇူးတင်ပါတယ်ဆရာ "

" ကောင်းပြီလေ။ ဟိုအရင်ရက်တုန်းက ငါဝယ်ပေးထားတဲ့ မှော်သားရဲဥယူလာခဲ့။မင်းကြည့်နေလိုက် ဒီနေ့တော့ ဆရာမင်းရဲ့ ဥကိုဖေါက်ပေးမယ်။"

" ဟုတ်ကဲ့ဆရာ ... "

ကျွန်တော်လဲ ကျွန်တော့ရဲ့ မှော်သားရဲက ဘာလဲဆိုတာကြည့်ချင်တာ တော်တော်ကြာနေပြီ။ ကျွန်တော် ချက်ခြင်းပဲ အဖြူရောင် ဥကြည်ကြည်လေးကို ထုတ်ယူလာပါတော့တယ်။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters