← Chapters

မှော်သားရဲမွေးဖွားခြင်း

Vol. 2 Ch. 17

မှော်သားရဲမွေးဖွားခြင်း

Vol. 2 Ch. 17

ကျွန်တော် မှော်သားရဲဥကို လက်ထဲမှာကိုင်ထားပြီး မှော်စွမ်းအင်တွေကို စစုစည်းလိုက်ပါတယ်။ အနားယူလိုက်ရတော့ ကျွန်တော့မှော်စွမ်းအင်က ဆယ်ပုံ ခုနှစ်ပုံထိ ပြန်ရနေပြီလေ။ လက်ထဲက မှော်သားရဲဥထဲကို အလင်းစွမ်းအားတွေဝင်သွားပြီး လေထဲမှာ မြောက်တက်လာတယ်။ မှော်ဝင်္ကပါဖန်တီးဖို့ ဘယ်ဘက်လက်နဲ့ သုံးလိုက်တယ်။ အလယ်တည့်မှာ မှော်သားရဲဥနဲ့ ရှိနေလိုက်ပြီးတော့ မန္တန်စရွတ်လိုက်ပါတယ်။

" ကောင်းကင်နဲ့ မြေပြင်ကို သက်သေပြုပါတယ်။ ကျွန်တော်ကျန်းကုန်းဟာ ကျွန်တော့စွမ်းအင်တွေကို ကျွန်တော့ရှေ့မှာရှိတဲ့ ဒီသတ္တဝါနဲ့ မျှဝေခံစားပါ့မယ်။ "

ကျွန်တော် လက်ချောင်းထိပ်ကိုကိုက်ပြီး မှော်သားရဲဥပေါ်ကို သွေးတစ်စက်ချလိုက်ပြီ။ ချက်ချင်းကိုပဲ မှော်သားရဲဥကနေ ရွှေရောင်အလင်းတွေ တောက်ပလာပါလေရော။

" အာ .. ဖွံ့ဖြိုးမြဲ အမျိုးအစား မှော်သားရဲကြီးပဲ "

ဆရာရှို့ တော်တော် အံ့ဩသွားတယ်။

မှော်သားရဲဥအခွံက စပွင့်လာတယ်။ ပြီးတော့ အဖြေူရောင် တြိဂံပုံသဏ္ဍာန် ပေါ်လာပြီး ချောင်းကြည့်နေတယ်။ ဘယ်ညာ လိုက်ကြည့်ပြီး ကျွန်တော့ကိုတွေ့မှ ဝမ်းနည်းပက်လက်ငိုပါလေရော။ 'ဝှစ်' ကနဲကျွန်တော့ ကိုယ်ပေါ်ရောက်လာပြီး မျက်နှာကို သူ့လျှာလေးနဲ့ လျှက်ပေးနေတော့တာ။ ဒါမြွေလေးတစ်ကောင်ပဲ။ တြိဂံပုံသဏ္ဍာန်ခေါင်းလေး၊ အနက်ရောင်ရတနာကျောက်လိုအရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့ကိုယ်ပေါ်မှာလဲ အရမ်းထူးခြားတဲ့ အလွှာပါးပါးလေးတစ်ခု ဖုံးလွှမ်းထားသေးတယ်။ သူ့ခေါင်းကနေ အမြီးထိအောင် ရွှေရောင် မျဉ်းကြောင်းတစ်ခုပါတယ်ဗျ။ တကယ်ကို ချစ်စရာကောင်းတာပါဗျာ။

" ဆရာရှို့ ... ဒါ ဘယ်လိုမှော်သာရဲမျိုးလဲ .. "

" အာ "

ဆရာရှို့ ခုမှ လန့်နိုးလာတဲ့လူတစ်ယောက်လိုပဲ ...

" ကျန်းကုန်း ... အာ ... မင်းတော့ ရတနာကြီး ရလိုက်တာပဲဟ။ ဒါက ဖွံ့ဖြိုးဆဲအမျိုးအစား မှော်သားရဲကွ၊ နှစ်တစ်ရာမှာ တစ်ကောင်တွေ့ဖို့တောင် တော်တော်ခဲယဉ်းတာ။ မင်းရဲ့ ခွန်အားတိုးလာတာနဲ့အမျှ သူကအခုလောလောဆယ် ပထမတန်းစား မှော်သားရဲဖြစ်ပေမယ့် ခွန်အားဆက်သယ်မှု အကျိုးကျေးဇူးကနေ သူလဲခွန်အားတိုးလာမှာပဲ။ ဒါပေမယ့် သူအစွမ်းထက်လာတာနဲ့အမျှ တခြားလူတွေမြင်မသွားစေနဲ့။ ဘယ်လိုအဆင့်အတန်းရှိတဲ့ မှော်သခင်ပဲဖြစ်ဖြစ် မင်းရဲ့ မှော်သားရဲကိုမြင်ရင် စိတ်ထိန်းနိုင်မှာမဟုတ်ဘူး "

" အိုး .. "

ဆရာရှို့ရဲ့ စကားတွေကို အဲဒီလောက်အထိ အလေးအနက်မထားခဲ့ပါဘူး။

" မင်းကို နာမည်ကောင်းကောင်းလေးတစ်ခု ပေးရမယ်။ ဘယ်လိုပေးရင်ကောင်းမလဲ။ ရှောင်ပု။ ဒါမကောင်းသေးဘူး။ ခွေးနံမည်ကြီးလိုပဲ။ မင်းက နှစ်ပေါင်း တစ်ရာမှ တစ်ခါတွေ့ရခဲတဲ့ မှော်သားရဲလေ။ မင်းမှာ ခေါင်းကနေ အမြီးထိ ရွှေရောင်အစင်းကြောင်းလေးလဲပါတယ်ဆိုတော့ မင်းကို ရှောင်ကျင်း လို့ခေါ်မယ်။ ကောင်းတယ်မို့လား"

ကျွန်တော် ရှောင်ကျင်းကို မေးခွန်းထုတ်လိုက်ပါတယ်။ သူအရမ်းပျော်နေတယ်ဗျ။

" ကောင်းပြီလေ။ ကျန်းကုန်း သူ့ကို မင်းခန္ဓာကိုယ်ပေါတင်လိုက်။ သူအဆင့်နည်းနည်းတက်လာတဲ့အထိစောင့်လိုက်။ ပြီးရင်တော့ မင်းရဲ့ ကံကြမ္မာသာရဲဖြစ်အောင် သူနဲ့စာချုပ်ချုပ်နိုင်လာမယ်။ ကံကြမ္မာသားရဲဆိုတာ သူ့သခင်နဲ့ ဝိညာဉ်အဆက်အသွယ်ရှိတယ်။ ဒါက အရိုးရှင်းဆုံးအဆင့်လို့ ပြောလို့ရတယ်။ ဒါဆိုရင်တော့ သူ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အမြဲရှိနေနိုင်တော့မှာ "

ကျွန်တော် ရှောင်ကျင်းကို ကျွန်တော့ဝမ်းဗိုက်ပတ်ဝန်းကျင်မှာ ခွေ ခိုင်းလိုက်ပြီးတော့ အလင်းစွမ်းအင်တွေနဲ့ လွှမ်းခြုံပေးလိုက်တယ်။ ရှောင်ကျင်းကလဲ ကျွန်တော့စွမ်းအင်တွေကို စုတ်ယူတော့တာပဲ။ ကျွန်တော့စွမ်းအင် တစ်ဝက်လောက်ထိအောင် စုတ်ယူပြီးမှ သူရပ်သွားတယ်။ ပြီးတော့ ကျွန်တော့ကိုယ်ပေါ်မှာ အိပ်ပျော်သွားရော။

" ဆရာရှို့ ၊ သူ ကျွန်တော့စွမ်းအင် တစ်ဝက်လောက်ကြီးကို ဘယ်လိုများ စုတ်ယူပစ်လိုက်နိုင်တာလဲ။ သာမန်မှော်သားရဲဆိုရင် သူသန်မာဖို့အတက် သခင်ရဲ့စွမ်းအား နည်းနည်ပဲ လိုတာမဟုတ်ဘူးလား။ သူသာဒီလောက်စုပ်ယူနေတာ ခံရမယ်ဆိုရင် ကျွန်တော်က မသေယုံတမည်ပဲ ရှိနေမှာပေါ့ "

" ဒါက သူ့အတွက် ပထမဆုံး စွမ်းအင်စုပ်ယူခြင်းလေကွာ။ ဒီတော့ နည်းနည်းလေးပိုစုပ်ဖို့လိုတာပေါ့။ နောက်ဆိုရင်တော့ သိပ်မယူတော့ပါဘူး။ မင်းမှော်စွမ်းအားကို သေသေချာချာလေ့ကျင့်ရမယ်နော်။ မင်းသာ အားကောင်းလာရင် မင်းရဲ့ မှော်သားရဲလဲ မှော်ဆန်အောင်ကို အားကောင်းလာမှာ "

နောက်ဆုံးတော့ ကျွန်တော့မှာ ကိုယ်ပိုင် မှော်သားရဲတစ်ကောင် ရှိလာပြီလေ။ ဝိုး ... ဟီ..ဟိ။

ကျွန်တော် ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့မှော်သားရဲကို မြန်မြန်ကြီးလာစေချင်စိတ် ပြင်းထန်လာပါတယ်။

နောက်တစ်နေ့ မနက်စောစောရောက်တော့ ဆရာရှို့က ကျွန်တော့ကို တော်ဝင်အလယ်တန်းမှော်ကျောင်း ကိုခေါ်သွားတယ်။ သူနောက်ဆုံးအနေနဲ့ ဆုံးမစကားတွေပြောလိုက်သေးတယ်။ ပြီးတော့မှ မျက်လုံးတွေ နီနီရဲရဲနဲ့ ထွက်သွားပါလေရော။ မမျှော်လင့်ဘဲ ထူးဆန်းတာက သူ့ကို ဒီလောက်အကြိမ်ကြိမ်ဆန့်ကျင်ချင်ခဲ့တဲ့ကျွန်တော် ပျော်ရွှင်မှုမခံစားရဘူး။

ကျွန်တော် အသက်ပြင်းပြင်းရှူလိုက်တယ်။ ဒီအကြောင်းတွေ မေ့ပစ်လိုက်၊ ဒါတွေမစဉ်းစားနဲ့။ ဆရာရှို့ ငါ့ဆီ လာလည်မှာပဲ။ အခု ကျောင်းဝင်ခွင့်လက်မှတ် သွားတင်ဖို့လုပ်ရမယ်။

ကျွန်တော် သတင်းပို့ဖို့အတွက် ကျောင်းရဲ့ပင်မအဆောက်အဦးကြီးဆီကို ပထမဦးဆုံးအကြိမ် ပုံပြင်ဆန်ဆန် ရောက်လာပါတယ်။ ကျွန်တော် တံခါးခေါက်လိုက်တယ်။

" ဝင်လာခဲ့လိုက်ပါ .. "

အရမ်းကို နက်ရှိုင်းတဲ့ အသံကြားလိုက်ရတယ်။

" မင်္ဂလာပါဆရာ .. ဒီမှာကျွန်တော့ရဲ့ ဝင်ခွင့်လျှောက်လွှာပါ.. "

" အို .. လာ..လာ ။ မင်းက စစ်ဆေးပွဲမှာ ပထမရခဲ့တဲ့ ကျန်းကုန်းပေါ့၊ ဟုတ်လား။ အနာဂါတ်မှာ မင်းရဲ့ ကြိုးစားအားထုတ်ပြီး ငါတို့ကျောင်းကြီးရဲ့ ဂုဏ်ယူရအောင် သေသေချာချာကြိုးစားပါ .. "

မှော်ကွန်းထိန်းအခန်းထဲရောက်တော့ လေစွမ်းအင် ကြီးမြတ်မှော်သခင် တစ်ယောက်ဆိုတာ သေချာမြင်လိုက်ပါတယ်။ အသက်ကတော့ ခန့်မှန်းချေ (၅၀)လောက်ရှိနေပြီ။

" ပွဲစဉ်တစ်လျှောက်မှာ မင်းရဲ့ထူးခြားတဲ့ အရည်အချင်းရလဒ်တွေကြောင့် ဒုတိယနှစ်(အတန်း)မှာ စတက်ဖို့ ငါတို့ကျောင်းက စီစဉ်ထားတယ်။ "

ဒုတိယနှစ်(အတန်း)တဲ့လား။ ကျွန်တော် ကျောင်းတောင်စမတက်ရသေးဘူး တစ်နှစ်စာ ကျော်ခွင့်ပေးလိုက်တာလား။

" ဆရာ .. ကျောင်းမှာ ဘယ်နှစ်တန်းထိ ရှိတယ်ဆိုတာ မေးလို့ရမလား "

" အတန်း ငါးတန်းရှိတယ်ကွ... အဲဒီ ငါးတန်းစလုံးမှာ စစ်ဆေးမှုတွေရှိတယ်။ ဒါတွေက အဆင့်မြင့်မှော်ကျောင်းတွေမှာ ဝင်ခွင့်စစ်ဆေးပွဲတွေနဲ့ တန်းညီတယ်လို့ပြောလို့ရတယ်။ ဒီကျောင်းကြီး စတည်ထောင်ကတည်းက ထူးချွန်တဲ့ကျောင်းသားတွေ အဆင့်မြင့်မှော်သခင် ရာထူးကို အတန်းမဆုံးခင်ထဲက ရနိုင်ကြတယ်။ မင်းလဲ ကြိုးစားရလိမ့်မယ်။ စစ်ဆေးပွဲ ကိုယ်စားလှယ်တွေဆီကနေပြီး မင်းကအခုဆိုရင် အဆင့်မြင့်မှော်သခင်ယောက်ဖြစ်ဖို့ အရမ်းနီးကပ်နေပြီပြောသံကြားတယ်။ သေချာ ဆက်ကြိုးစားပြီး စံချိန်ချိုးပစ်လိုက်ကွာ... "

အဆင့်တွေတိုးတာက အဲဒီလောက်ထိလွယ်တာလား။ တကယ်လို့သာ တော်ဝင်အလယ်တန်းမှော်ကျောင်းက အောင်မြင်ပြီးရင် နဂါးတစ်ကောင်လို အဆင့်မြင့်တော့မှာတဲ့လား။

" ဆရာ.. ကျွန်တော် ပထမတန်းက စတက်လို့ မရဘူးလား .. "

" ဒါတော့ ငါလုပ်မပေးနိုင်ဘူး။ ကျောင်းကဆုံးဖြတ်ထားတာလေ... "

ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ဆရာ့ဆီကနေ သင်ရိုးစာအုပ်တွေနဲ့ အခန်းသော့ ရခဲ့ပါတယ်။ ကျွန်တော် မော်ခွန်းထိန်းအခန်းက ထွက်လာပြီး အဆောင်ကိုပဲ သွားလိုက်တော့တယ်။

ကျောင်းက အဆောင်တွေမှာ တစ်ခန်းကို လူ(၄)ယောက်နေရတယ်။ ကျွန်တော် ဒုတိယနှစ်အဆောင်ကို ရောက်လာတယ်။ ကျွန်တော့ရဲ့ အခန်းနံပတ်က (၂၀၈)။ သော့နဲ့ တံခါးဖွင့်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ ရှိတဲ့ပုံမပေါ်ဘူး။ စာသင်ခန်းထဲ ရောက်နေကြတယ်တင်တယ်။ အိပ်ယာတစ်ခုပဲကျန်နေတယ်။ ကျွန်တော့ အဝတ်အိတ်တွေ နေရာချပြီးတာနဲ့ အိပ်ယာပေါ် လှဲပြီးဆင်ခြင်သုံးသပ်(အိပ်) လိုက်ပါတော့တယ်။

*******

ကျွန်တော့ကို ဘယ်သူထိုးတာလဲ။ အံအားသင့်ပြီး ကျွန်တော်မျက်စိဖွင့်ကြည့်လိုက်ပါတော့ အစိမ်းရောင် ဆံပင်တွေ မြင်တယ် ။ အဲဒီအချိန်မှာပဲ သူက ကျွန်တော့ခေါင်းကို ပုတ်ပြီး...

" ထစမ်း၊ ထစမ်း။ ဒီအခန်းထဲ ဘာလို့ဝင်လာတာလဲ။ မင်းကို ဘယ်သူက အိပ်ဖို့ ခွင့်ပြုထားလို့လဲ.. "

သူ့ကြည့်ရတာတော့ အရမ်းရိုင်းတဲ့ အထက်တန်းစား မိသားစုက သားတစ်ယောက်ပုံစံပဲ။

" အာ .. မင်္ဂလာပါ။ ငါက ကျောင်းသားသစ်ပါ။ "

" အသစ်ရောက်လာတာလား။ မင်းက ဒီနှစ်စစ်ဆေးပွဲမှာ ပထမရတဲ့ ကျန်းကုန်းဝေ့တော့ မဟုတ်ဘူးမို့လား။ "

" ဟုတ်တယ်။ အဲဒါ ငါပါပဲ။ မင်းက ငါ့ကို သိနေတာလား။ "

" တော်တော် စိတ်ရှုတ်စရာပဲ။ မမျှော်လင့်ပဲ မင်းက ဒုတိယနှစ်(အတန်း)ကို တိုက်ရိုက်တက်နေတယ်ပေါ့။ နည်းနည်းလောက် လက်ရည်စမ်းလိုက်ကြရအောင်.. "

" ငါမလုပ်ချင်ဘူး။ တကယ်တော့ ငါကကံကောင်းခဲ့ယုံပါပဲ။ နောက်ဆိုရင် မင်းကို အကိုကြီးလို့ သတ်မှတ်ထားလိုက်မယ်လေ။ အဲလိုဆိုရင်ရော။ ဒါဆိုရင် ငါ မင်းကို အနိုင်ယူဖို့ နည်းလမ်းမရှိတော့ဘူးလေ။ ငါ မင်းကိုတွေ့တာနဲ့ မင်းက အဆင့်မြင့်မှော်သခင်အဆင့် ရောက်နေပြီလို့ ပြောနိုင်တယ်လေ။ အခြေခံမှော်သခင်တစ်ယောက်က မင်းကိုဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

ကျွန်တော် မပြိုင်ချင်တာကြောင့် ချော့မော့ ပြောလိုက်ပါတယ်။

" အမ် .. ကောင်းပြီလေ။ အခုချိန်ကစပြီး မင်းက ငါ့ညီလို့ သတ်မှတ်လိုက်မယ်။ ဒီဝတ်စုံက သားရေနဲ့လုပ်ထားတာ တစ်သောင်းတစ်ထောင်လောက်တန်တယ်။ "

ကျွန်တော်တော့ ဒီနေ့ကစပြီး နောက်ဆို သူ့လောင်းရိပ်အောက်ကနေ ဘဝခရီးကြမ်း လျှောက်လှမ်းရတော့မယ် ထင်ပါတယ်ဗျာ။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters