← Chapters

ပထမဆုံးအတန်းချိန်

Vol. 2 Ch. 18

ပထမဆုံးအတန်းချိန်

Vol. 2 Ch. 18

" ဒီနေ့ကစပြီး ငါတို့အတန်းမှာ ကျောင်းသားသစ် နှစ်ယောက်တိုးလာပြီ။ သူတို့တွေက ဒီနှစ်ဝင်ခွင့်စစ်ဆေးပွဲ ပထမ ရခဲ့တဲ့ ကျန်းကုန်းဝေ့ နဲ့ မာခယ်စိုက် တို့ပဲ။ သူတို့ရောက်လာတဲ့အတွက် ကြိုဆိုလိုက်ကြပါအုံး "

စာသင်ခန်းထဲမှာ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။

ဒီနေ့ မနက်မိုးလင်းတော့ ဆရာက ကျွန်တော့ကို ဒုတိယနှစ် (A)ခန်းမှာတက်ဖို့ သတ်မှတ်လိုက်တယ်လေ။ မာခယ်ကိုလဲ ဒုတိယနှစ်မှာ ကျွန်တော်တက်ရသလို အတူတူတက်ခိုင်းလိမ့်မယ်လို့ မထင်မိဘူး။ မနေ့တုန်းကစပြီး ကျွန်တော့အကိုးကြီးလို့ သတ်မှတ်ထားတဲ့ ဆံပင်အစိမ်းနဲ့လူလဲ ကျွန်တော့တို့ အခန်းထဲမှာပဲဗျ။ နောက်ဆိုရင် ကျွန်တော်တော့ အခက်အခဲတော်တော်များများနဲ့ နှစ်ပါးသွားရတော့မယ် ထင်ပါတယ်ဗျာ။

ကျွန်တော်က အမြဲတမ်း ဆင်ခြင်သုံးသပ်နေတာဆိုတော့ ဆရာသင်ပေးနေတဲ့ အခြေခံ မှော်ပညာ သဘောတရားတွ ဘာတစ်မှမကြားပဲ အတန်းချိန် ပြီးသွားလေရော။ အတန်းပြီးသွားတော့မှ ဆရာက ကျွန်တော်နဲ့ မာခယ်ကိုခေါ်ပြီး ကျောင်းပညာရေးစနစ်အကြောင်း ပြောပြတယ်။ နေ့လည်ပိုင်းတွေမှာ ကိုယ့်ဖာသာကိုယ် လေ့ကျင့်ရမယ်။ ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ အံဩလောက်အောင်ပဲ ပြောင်းလွယ်ပြင်လွယ်ဆက်ဆံရေး စနစ်တစ်ခုရှိနေတာပဲ။ ကျောင်းသားတွေကိုယ်ပိုင်အချိန်မှာ ကိုယ်ကြိုက်တဲ့လေ့ကျင့်မှုတွေ ကိုယ့်ဟာကိုယ် ကြိုက်သလိုလေ့ကျင့်နိုင်တယ်။ တကယ်လို့ တစ်ခုခုနားမလည်ဘူးဆိုရင်တော့ ဆရာတွေကိုသွားမေးချင်လဲရတယ်။ ဒါမှမဟုတ် ကျောင်းစာကြည့်တိုက်ထဲသွားပြီး တစ်ချို့စာအုပ်တွေထဲကနေ လေ့လာလို့လဲရတယ်ပေါ့။ ဒါကြီးက ကျွန်တော်ထင်ထားသလိုမျိုး အရမ်းတင်ကြမ်းတဲ့ဆရာတွေ၊ လည်ချောင်းတွေတောင်နာအောင်အော်နေရတဲ့ကျောင်းသားတွေ ဆိုတဲ့ ကြိုတွေးထားတာတွေနဲ့ တခြားစီပဲ။

" အကိုကြီး .. မင်းအခန်းက ဘယ်မှာလဲ။ ငါက အခန်းနံပတ် (၂၀၉)မှာ။ "

စာသင်ခန်းတံခါးကနေ ထွက်လိုက်တာနဲ့ မာခယ်ကျွန်တော့ကို စကား စပြောပါတယ်။

" ငါက အခန်းနံပတ်(၂၀၈)မှာ။ မင်းအခန်းထဲက အခန်းတူကျောင်းသားတွေ မင်းကို အနိုင်ကျင့်ကြသေးလား။ "

" ကျင့်စရာအကြောင်းမရှိပါဘူး။ ဒီကောင်တွေအားလုံး မှော်စွမ်းရည်ကျင့်နေတာနဲ့တင် အချိန်ကုန်နေကြတာ။ ငါ့ကိုတောင် သတိထားမိကြတာမဟုတ်ဘူး။ အကိုကြီး .. မင်းဟိုတုန်းကလိုပဲ လျှောက်တွေးနေတုန်းပဲလား.. "

" ဘယ်လိုလုပ်ပြီး ငါက အဲလိုဖြစ်ရမှာလဲဟ။ စစ်ဆေးပွဲတုန်းက မင်းကို သင်ခန်းစာပေးထားပြီးသားလေ။ အဲဒါက ကျန်ခဲ့ပြီဆိုရင်တောင် နောက်ဆို မင်းစကားပြောတာတွေ ဆင်ခြင်သင့်တယ်။ "

" ကောင်းပြီ. ကောင်းပြီ. "

အဲဒီအချိန်မှာပဲ မပင့်တဲ့ဘုန်းကြီးက ယပ်တစ်ပြင်ပြင်နဲ့ ရောက်လာတယ်ဗျ...

" ညီငယ်လေး .. ဒီကိုလာပြီး ငါ့နေ့စဉ်တာဝန်တွေ လာကူပေးစမ်း .. "

ဒါ .. ဆံပင်အစိမ်းနဲ့ အကိုကြီးပဲ။

" မင်းက ဘယ်သူမို့ ငါ့အကိုကြီးကို ဒီလိုပုံစံမျိုးနဲ့ စကားလာပြောတာလဲ.. "

မမျှော်လင့်အောင်ပဲ မာခယ် အရမ်းခံပြင်းနေတယ်။

" ထွီ ... ဒါဆို .. မင်းကရော ဘာကောင်လဲ။ ငါတို့ရဲ့ အဆင့်ကို ငါတို့သတ်မှတ်ထားပြီးသား။ သူ့ကို မနေ့ကပဲ ငါ့ညီငယ်လေးအဖြစ် လက်ခံထားတာ။ အခု ကိစ္စတစ်ခုကို ငါနဲ့လိုက်ပြီး ကူညီဖို့ အခွင့်အရေးပေးနေတာလေ "

ဆံပင်စိမ်းက တံတွေးထွေးရင်းပြောလိုက်ပါရော။

" ဘာလဲဟ။ မင်းက ငါ့အကိုကြီးကို ညီငယ်လေးလို ဆက်ဆံတယ်တဲ့လား။ ဒါဆိုရင် ငါ့က ညီငယ်လေးရဲ့ ညီငယ်လေးဖြစ်သွားမှာပေါ့။ ဒါကိုငါလက်မခံနိုင်ဘူး။ မင်းကို ငါစိန်ခေါ်တယ်။ "

" ဘယ်သူကရော ကြောက်နေလို့လဲ။ မင်းမှာ အစွမ်းအစရှိရင် လာလေ။ အပိုတွေလာမပြောနဲ့။ သူနဲ့ ပတ်သက်နေတယ်ဆိုရင်တောင် မင်းကငါ့အတွက် ဘာကောင်မှမဟုတ်ဘူး.. "

သူတို့စကားဝိုင်းမှာ ကျွန်တော့ဆံပင်တွေတောင် ထောင်လာသလိုခံစားနေရပြီ။ သူတို့တွေ ......

" မီးစွမ်းအင် ကျွန်ုပ်အမိန့်နာခံပါ။ ရန်သူကို တိုက်ခိုက်ဖို့ မီးဘောလုံတွေ ချက်ချင်းဖွဲ့စည်းစမ်း.. "

သူတို့က တစ်ယောက်အားသာချက်တစ်ယောက်မသိသေးတဲ့အတွက် အခြေခံ မှော်မန္တန်တွေသုံးပြီး သွေးတိုးစမ်းဖို့လုပ်နေကြပြီ။

" မလုပ်နဲ့... မလုပ်နဲ့။ ဒါ ငါ့အမှားပါ။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့အဖေက ဝန်ကြီးချုပ်တစ်ယောက်ပါ။ ငါ့အဖေအကြောင်း သတင်းတွေမှာ တော်တော်ပါ ပါတယ်။ "

ဘာအကြောင်းမှမရှိပဲ ကျွန်တော်နဲ့ မာခယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိပါတယ်။ ဒီကောင် ဘဝင်ရူးတစ်ကောင်ပဲ။ ဒီဘဝင်ရူး မနေ့က ကျွန်တော့ကို ကလိန်ကျသွားတာတွေးမိတော့ ကျွန်တော့ဒေါသတွေ ဖြေလျှော့အောင် တစ်ခုခုလုပ်ဖို့လိုသွားပြီ။ ချက်ချင်းပဲ ကျွန်တော် မာခယ်ကို အချက်ပြပြီး...

" ဒီကောင့်ကို အသားပြားဖြစ်အောင် လုပ်ပစ်ကွာ... "

အဲဒီအတွက် ကျွန်တော်တို့ မှော်ပညာတွေသုံးဖို့တောင် မလိုလိုက်ပါဘူး။ အစတည်းက ဆံပင်စိမ်းနဲ့ကောင်ကို ထုထောင်းပြီး ပညာပေးလိုက်ပါတယ်။

" ဆံပင်စိမ်းလေး အမဲဖျက်ခံနေရပြန်ပြီလား။ ဒီကျောင်းမှာဆိုရင် မင်းရဲ့ ဂုဏ်ဒြပ်တွေ မြောင်းထဲရောက်ကုန်ပြီလား။ မင်းကရော ဘာဖြစ်လို့ ဒီနှစ်ယောက်အောက်မှာ အမဲဖျက်ခံနေရတာလဲ... "

နောက်ဆုံးစကားကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ဆိုလိုမှန်းသိသာတယ်။ သူကလဲ ဒုတိယနှစ်ကျောင်းသား(ကျောင်းဝတ်စုံကို ကြည့်ခြင်းအားဖြင့် ခွဲခြားသိရှိနိုင်သည်။)ပဲ၊ အနက်ရောင်ဆံပင် အုံကောင်းကောင်းနဲ့ဗျ။ သူလဲ အသက်(၁၀)နှစ်လောက်ပဲ ရှိလောက်ပေမယ့် မျက်နှာအနေအထားက အရမ်းတည်ထားတယ်။ ဒီနေ့ပဲ အဲဒီကောင်ကို စာသင်ခန်းထဲမှာ မြင်ခဲ့မိသေးတယ်။ ကျွန်တော်တို့ အတန်းဖော်လို့တော့ ထင်မိတာပဲ။

" မင်္ဂလာပါ ... ဒါက ဒီလိုပါ... "

ကျွန်တော်တို့ အဖြစ်အပျက်တွေ ရှင်းပြလိုက်တော့ ဆံပင်အနက်နဲ့ ကလေးက စိတ်မကောင်းဖြစ်ပုံမရပဲ ရယ်လိုက်ပါသေးတယ်။

" ဒီတော့ .. မင်းတို့နှစ်ယောက်က ကျောင်းသားသစ်တွေပေါ့လေ။ ဒီအစိမ်းရောင် ဆံပင်နဲ့ ခပ်ပျော့ပျော့ကောင်က ၊ ငါတို့ကျောင်းရဲ့ ပစ်မှတ်တွေထဲကတစ်ကောင်ကွ။ ဘာမှမသိသေးတဲ့ အမှိုက်ဖြစ်ပေမယ့် နေပြည်တော်မှာရှိတဲ့ သူ့အဖေဝန်ကြီးချုပ် အရှိန်အဝါနဲ့ ဒီကျောင်းမှာတက်ခွင့်ပြုထားတာ။ "

" မင်္ဂလာပါ... ငါ့နာမည်က ကျန်းကုန်းဝေ့တဲ့။ သူ့အဖေက ဝန်ကြီးချုပ်ဆိုတော့ မင်းကိုလက်တုန့်ပြန်မှာ မကြောက်ဘူးလား "

" မင်္ဂလာပါ.. ငါ့နာမည်က ဝေါ်ခယ်ရှစ်ပါ။ ဒုတိယနှစ် အတန်းကိုယ်စားလှယ်ပေါ့။ ငါ့ပင်မ မှော်စွမ်းအင်က လေစွမ်းအင်ပါ။ တော်ဝင်အလယ်တန်းမှော်ကျောင်းကို ဝင်နိုင်တဲ့သူတိုင်းက ထူးချွန်တဲ့ အရည်အချင်း ကိုယ်စီရှိကြတယ်လေ။ ဒီမှာက ခွန်အားကပဲ စကားပြောနိုင်တယ်။ မဟုတ်ရင် သူ့လို ညည်းတွားနေရမှာပဲ။ ငါတို့ရဲ့ နိယာမရေးရာနဲ့ ဒု-ကျောင်းအုပ်ကြီးက တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ပါမောက္ခ(၁၀)ယောက်ထဲက (၂)ယောက်ပေါ့။ ဒီနိုင်ငံထဲမှာဆိုရင် သူတို့အဆင့်အတန်းက အရမ်းမြင့်လွန်းအားကြီးတယ်။ ကျောင်းရဲ့ အတွင်းရေးကိစ္စတွေမှာဆိုရင် အဲဒီလိုအဆင့်မြင့်မြင့်လူတွေပဲ စကားပြောပိုင်ခွင့်ရှိတယ်။ "

ဝေါ်ခယ် ကဂုဏ်ယူစွာနဲ့ ရှင်းပြပါတယ်။

အကြောင်းပြချက်တွေ တော်တော်ရှိနေသေးပုံပဲဗျ။

" အာ . အတန်းကိုယ်စားလှယ်ဆိုတာ ဘာလဲလို့ မေးလို့ရမလား "

မာခယ် စိတ်ရှုတ်ရှုတ်နဲ့ မေးလိုက်ပါတယ်။

" မင်းက ဒါတောင်မသိဘူးလား။ အတန်းကိုယ်စားလှယ်ဆိုတာ ဩဇာအာဏာအရှိဆုံးကွ။ "

ဆံပင်စိမ်းကောင်က ကြားဖြတ်ဖြေလိုက်ပါတယ်။

" အိုး .. ဒါဆိုရင်... အကိုကြီး မင်းက ကျောင်းသားသစ်တွေရဲ့ ကိုယ်စားလှယ်လို့ ပြောလိုရနိုင်တာပေါ့ "

ဝေါ်ခယ်ရဲ့ မျက်လုံးတွေ အရောင်တောက်လာပါတယ်။ တကယ်လို့ မျက်လုံးအကြည့်နဲ့သာသတ်လို့ရမယ်ဆိုရင် မာခယ်တော့ အကြိမ်(၁၀၀)မက သေပြီးနေလောက်ပြီဗျ။ ဒီကောင်ရဲ့ မယုံနိုင်လောက်အောင် စိုက်ကြည့်နေတဲ့ အကြည့်ကြောင့် မာခယ် အမှားတစ်ခုခုကို ပြောလိုက်မိမှန်း သိသာပါတယ်။

" မင်းတို့ နှစ်ယောက်က တော်တော်လေး စွမ်းအားကောင်းတာပဲ။ ငါတို့ရဲ့ အားလုပ်ချိန်တွေထဲက နည်းနည်းဖဲ့ပေးရမှာပေါ့လေ... "

ထင်တဲ့အတိုင်း ပြဿနာတစ်ခုတေ့ ရောက်လာပြန်ပြီ။ ဒီမာခယ်တစ်ယောက်နဲ့တော့ ကျွန်တော့ အနာဂါတ်လုံခြုံမှုရှိဖို့ဆိုရင် အတူနေဖို့ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ဘူး။

" ငါတို့က အခုမှအသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေလေ။ ငါတို့အဆင့်က အထက်တန်းမှော်သခင်တွေနဲ့ ဘယ်တူနိုင်ပါ့မလဲ။ နောက် (၂)နှစ်လောက်တော့ စောင့်လိုက်။ ဒါဆိုရင် မင်းကို အံ့အားသင့်အောင် လုပ်ပြပေးမယ်။ "

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က ကျောင်းသားသစ်တွေဖြစ်တာကြောင့် သူ့ရဲ့ အားသာချက် သေးသေးလေးနဲ့ အကျိုးကျေးဇူးဖြစ်နိုင်တယ်ဆိုတာ ဝေါ်ခယ်ကို အကြံပေးလိုက်တာပါ။

" ဟုတ်တာပေါ့ ... မင်းတို့ နှစ်ယောက် ကြိုးစားရမှာပေါ့။ ငါတို့ 'A'ခန်းကိုတော့ မျက်နှာမပျက်စေနဲ့။ ကောင်းပြီလေ။ အခုငါသွားတော့မယ်။ ဆံပင်စိမ်းကောင်.. မင်းနေ့စဉ်တာဝန်တွေလုပ်ဖို့ မသွားသေးဘူးနော်... "

သူက နေ့စဉ်တာဝန်လုပ်ဖို့ ဆံပင်စိမ်းကောင်ကို လာရှာတာပဲ။

ကျွန်တော်နဲ့ မာခယ်တို့ နှစ်ယောက်သား ကျောင်းထဲကို လျှောက်ပတ်ကြည့်ကြတယ်။ ကျွန်တော်တို့ ရောက်တဲ့ နေရာတိုင်းမှာ ကျောင်းသားတွေမှ အများကြီးပဲဗျ။ အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေအပြင်၊ အထက်တန်းကျောင်းသားတွေအားလုံး အသံထွက်ခဲကြတယ်ဗျ။ သူတို့တွေ အကုန်လုံး ငြိမ်ပြီး မှော်စွမ်းအားကျင့်နေကြလေရဲ့။ ဒီနေရာက သင်ယူဖို့အတွက်ဆိုရင် တော်တော်ကောင်းတဲ့ ပတ်ဝန်းကျင်ပဲဗျ။

" အကိုကြီးရေ။ ငါတို့တော့ တော်တော်လေးကြိုးစားမှ ရမယ်ထင်တယ်။ ကျောင်းသားတွေကိုကြည့်လိုက်အုံး။ သူတို့ဝတ်ထားတဲ့ ထူးထူးဆန်းဆန်း ဝတ်စုံတွေကိုကြည့်ရတာ ကြီးမြတ်မှော်သခင်ကြီးတွေကျနေတာပဲ။ တကယ့်ကို တော်ဝင်မှော်ပညာကျောင်းပီသတာပဲ။ "

ကျွန်တော်လဲ သက်ပျင်းချပြီးတော့..

" ဟုတ်တယ်။ ငါတို့လဲ စာကြည့်တိုက်ကို သွားကြည့်ပြီး လိုချင်တဲ့ မှော်စာအုပ်တွေ ရှာကြည့်ကြစို့။ ဒါမှ ငါတို့စနစ်တကျ လေ့လာနိုင်မှာ.. "

အမြဲတမ်း ခပ်ပျင်းပျင်းလေးပဲ နေတတ်တဲ့ ကျွန်တော့အတွက် လေ့လာဖို့ကလွဲလို့ ဘာလုပ်လို့ရအုံးမလဲ။ ရွေးစရာမရှိတော့ဘူးလို့ ခံစားနေရတယ်ဗျ။ ဒီနေ့ မြင်ခဲ့ရသမျှ ပတ်ဝန်းကျင်အနေအထားက သက်သေတွေပဲလေဗျာ။ ဗြဲ .....။

(မှတ်ချက်။ ဆံပင်စိမ်းကောင် နေရာများတွင် ခေါင်းစိမ်း ပြန်လည်ပြင်ဆင်ရန်။)

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters