← Chapters

ကျောင်းသားဘဝ

Vol. 2 Ch. 20

ကျောင်းသားဘဝ

Vol. 2 Ch. 20

“ ကျန်းကုန်း.. ဒီနေ့ဆရာပြောတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လေ။ ဘာဖြစ်လို့တနေ့လုံး အိပ်နေတာလဲ.. ”

အတန်းချိန်ပြီးတော့ မာခယ်ကျွန်တော့ကို မေးတော့တာပဲ။

“ ဒါတွေကို အရင်ကတည်းက ငါလေ့လာဖူးပြီးသားတွေကွ။ ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်းထိအောင် ငါသိပြီးသားတွေလေ။ အရင်က တစ်ခါမှမသုံးဖူးသေးတာပဲရှိတာဆိုတော့ မအိပ်လို့ ငါကဘာလုပ်နေရမှာတုန်း။ ငါ့ရဲ့ အကူမှော်စွမ်းအင်က လေဟာနယ်မှော်စွမ်းအင်ဆိုတာ မမေ့နဲ့အုံး။ ”

“ အိုး .. အဲဒီလိုလား။ နေပါအုံး ငါကျအဲဒါကို ဘာကြောင့်များ အရင်ကတည်းက လေ့လာမထားမိရတာပါလိမ့်.. အကိုကြီး မင်းငါ့ကိုပြန်သင်ပေးလို့ရမလား .. ”

“ ရတာပေါ့။ အခုတော့ ငါဗိုက်ဆာနေပြီ။ မွန်းလွဲပိုင်းကျရင် ငါတို့သွားလေ့ကျင့်ကြတာပေါ့ .. ”

***********

“ ကျန်းကုန်း… မင်းဒီလိုပုံစံပဲ ဆက်စားနေမယ်ဆိုရင် ငါမင်းနဲ့အထူထိုင်လို့ မဖြစ်တော့ဘူး .. ”

ကျွန်တော် နေ့လည်စာထည့်ထားတဲ့ ပန်းကန်(၅)ချပ်ထဲ ဝံပုလွေတစ်ကောင်လို စားမိတာလေးကိုကြည့်ပြီး မာခယ် ညည်းညူနေတာပါဗျာ။

“ ဟေ့ကောင် .. အခုငါက ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစလေ။ ငါမှ ဒီလောက်လေးမစားရင် ဘယ်လိုလုပ်ကြီးထွားတော့မှာလဲဟ။ မင်းကိုရော ဒီလိုမစားနဲ့လို့ ဘယ်သူက တားထားလို့လဲ .. ဟွမ့် .. ”

နောက်ဆုံးတော့ ခြောက်ပန်းကန်မြောက်လဲစားပြီးရော မာခယ် ကျွန်တော့ကို အခန်းထဲကနေ ဆွဲထုတ်သွားပါလေရော။ အဲဒီအချိန်ကစပြီး ကျွန်တော့ကို ‘ အလင်းမှော်ထမင်းအိုး ’ ဆိုတဲ့ နာမည်ပြောင် စရခဲ့တော့တာပါပဲ။

“ ဝိုး .. ကျန်းကုန်း၊ ဟေ့ကောင်။ အချိန်က အရမ်းအကုန်မြန်တာလားကွ။ ဒီမှာ ရေစွမ်းအင်မှော်နတ်သမီးက အရမ်းလှနေရော .. ”

မာခယ် အံ့ဩတကြီးပြောလာပါတယ်။

“ တကယ်ကြီးလား .. ”

ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော့် မျက်ခုံးတွေ ကြုံ့လိုက်မိပါလေရော။ အဲဒီကောင်မလေး အရမ်းလှတာပဲ။ အဇူရာရောင် မှော်ဝတ်စုံကိုဝတ်ထားတယ်၊ အပြာရောင်ဖျော့ဖျော့ဆံပင်လေးနဲ့၊ ဖြူလွှနေတဲ့အသေားအရေ၊ ရွှန်းစိုတောက်ပနေတဲ့ မျက်ဝန်းတစ်စုံး၊ တကယ့်ကို အရမ်းလိုက်ဖက်တဲ့ သဘာဝပန်းချီကားတစ်ချပ်လိုပဲ။ ငယ်ငယ်လေးနဲ့တောင် ဒီလောက်လှနေတာဗျာ ကြီးလာရင် မိန်းမလှလေးတစ်ယောက် သေချာပေါက်ဖြစ်မှာပဲ။ သူဘယ်လောက်ပဲလှနေနေ ကျွန်တော့်ကို ချက်ချင်းကြီးဆွဲဆောင်နိုင်ဖို့တော့ တော်တော်လိုပါသေးတယ်လေ။ သားက ငယ်သေးတာကိုး။ ဟီ..ဟိ။

" သူ တော်တော်လေးလှပါတယ်။ ဒါပေမယ့် ငါ့အကြိုက်တော့ မဟုတ်သေးဘူး။ ငါအခန်းပြန်အိပ်တော့မယ်။ "

" အကိုကြီး.. မင်းမလိုချင်တာသေချာရင် သူ့ကို ငါလိုက်မှာနော် ... "

" လိုက်..လိုက် ။ ငါတော့ ပြန်ပြီ။ "

ဒီကောင် ဘယ်လောက်အစွမ်းရှိလောက်လဲ စောင့်ကြည့်ရသေးတာပေါ့။ ဒီမိန်းမလှလေးနောက်ကိုလိုက်တဲ့ကောင်တွေ နည်းနည်းတော့ရှိနေမှာပဲလေ။ ဒီလိုအပျော်ရှာတဲ့ အလုပ်မျိုး ကျွန်တော်မလုပ်ချင်ပါဘူး။

ကျွန်တော်အခန်းပြန်ရောက်တော့ ရှောင်ကျင်းအတွက် အကျိုးရှိအောင် ဆင်ခြင်သုံးသပ်တော့တာပဲ။

နေစောင်းမှပဲ ကျွန်တော် လေ့ကျင့်ရာကနိုးလာတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒါအရေးမကြီးဘူး။ အရေးကြီးတာက လူရှင်းတဲ့နေရာတစ်ခု ရှာမှဖြစ်မယ်။ အနာဂါတ်မှာ ကျွန်တော့် မန္တန်အစွမ်းနိမ့်လို့ အရိုက်ခံရတာမျိုး မဖြစ်ချင်ဘူးလေ။

ကျွန်တော် ဒီနေ့ အလယ်တန်းအဆင့် အလင်းမှော်မန္တန် နဲ့ မူလဘူတစိတ်ဝိညာဉ်မန္တန် လေ့ကျင့်ရမယ်။ စာအုပ်ထဲမှာ ပြထားတဲ့အတိုင်း မှော်စွမ်းအားတွေ စစုစည်းလိုက်တယ်။

" အို.. အလင်းစွမ်းအင်တို့ ကျွန်ုပ်အလိုအတိုင်းနေပေးပါ။ အဆွေခင်ပွန်ပီသစွာ ကျွန်ုပ်နဲ့အတူ သတ္တဝါအပေါင်းကို ကယ်တင်ကြပါစို့ "

ကုထုံးမန္တန်တစ်ခုရွတ်ပြီးတာနဲ့ ကျွန်တော့ပတ်ပတ်လည်မှာ အဖြူရောင်အလင်းတစ်ခုပေါ်လာတယ်ဗျ။ တဖြည်းဖြည်းနဲ့ အဲဒီအလင်းတွေ ကျွန်တော့်လက်ထဲမှာ စုစည်းလာပါလေရော။ ကျွန်တော် တစ်ခုမေ့နေတာပဲ။ ကျွန်တော် ဘယ်သူ့ကို ကုပေးရမှာတုံး။ ကျွန်တော် ရူးနေလားမသိပါဘူး။

ဒါပေမယ့် မိုးနတ်မင်းကြီး ကျွန်တော့်ကို ပစ်မထားဘူးဗျ။ ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဝက်ခေါင်းလိုဖြစ်နေတဲ့ ကောင်တစ်ကောင် ကျွန်တော့ဆီပြေးလာတယ်။

" ကျန်းကုန်း .. ငါသေတော့မယ်ထင်တယ်.. ငါ့ကိုကယ်ပါအုံး .. "

ဒီကောင် ကျွန်တော့နာမည်ကို ဘယ်လိုသိလာပါလိမ့်။ ကျွန်တော် ကူညီလိုက်ရင် နည်းနည်းများ ကြားညပ်သွားနိုင်လောက်မလား။ ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော့မန္တန်အစွမ်း စမ်းသပ်ဖို့အချိန်ရောက်နေတာကြီးကို နော့လေ။

ဝက်ခေါင်းဖြူကို ကျွန်တော့လက်ထဲက အဖြူရောင်အလင်းစွမ်းတွေနဲ့ စကုပေးလိုက်တယ်။

ဒီမန္တန်က မှော်စွမ်းအား အရမ်းကုန်တာပဲ။ ဒီဝက်ခေါင်းကို ကုဖို့ဆိုရင် ကျွန်တော့မှော်စွမ်းအား သုံးပုံတစ်ပုံလောက်သုံးလိုက်ရတယ်။ အာ ... ဒီဝက်ခေါင်းက တကယ့်ကို မာခယ်ဖြစ်နေပါရော။

" ဟေ့ကောင် မာခယ်၊ မင်းဘယ်လိုဖြစ်လာတာလဲ "

" ဒါကိုမမေးနဲ့အုံး အကိုကြီး။ မင်းမန္တန်က အရမ်းကိုအစွမ်းထက်တာပဲ။ ငါ့ဒဏ်ရာတွေကိုကုတာ ခဏလေးပဲကြာတယ်။ "

" ဟီ..ဟိ။ ဒါအလယ်တန်းအဆင့် ပြန်လည်ကုသရေး အလင်းမန္တန်တစ်ခုလေ။ စိတ်ဝိညာဉ်တွေကိုတောင် ပြန်ကုပေးလို့ရတယ်.. ဟွင်း..ဟွင်း "

" အာ .. ဒါက အလယ်တန်းမန္တန်။ အထက်တန်းမန္တန်ထင်နေတာ။ မန္တန်အစွမ်းက အထက်တန်း ကုသရေးမန္တန်အစွမ်းနဲ့ အတူတူပဲကွ.. "

ကျွန်တော့် ပြန်လည်ကုသရေး အလင်းမန္တန်က ဒီလောက်ကြီးကို တော်တော်လေးထိရောက်တာပဲ။ နောက်ဆိုရင် ဒဏ်ရာရမှာကို ကြောက်စရာမလိုတော့ဘူး။

" မာခယ် ... ဘာလို့ ဒဏ်ရာတွေ ဒီလောက်ထိရလာတယ်ဆိုတာ မပြောသေးဘူးလား .. "

" အကိုကြီး ကျန်းကုန်း။ မင်းငါ့နေရာ ဝင်မှရမယ်။ ဟို ... ပြိုင်ဆိုင်မှု တော်တော်ပြင်းတယ်ကွ။ "

မာခယ် ကျွန်တော့်ကို ဇာတ်ကြောင်းစုံ ရှင်းပြပါတယ်။

တကယ်တန်းကျ မာခယ့်ဇာတ်လမ်းက ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ။ ဒီကောင် ကောင်မလေးနောက်လိုက်ကပ်ပြီး...

" ညီမလေး .. ညီမလေးကို အကိုကောင်းကောင်း ဧည့်ခံချင်တယ်..

နာမည်လေးကရော...

ဘယ်အတန်းကလဲ "

ကောင်မလေး အခြေအနေကိုမကြည့်ပဲ အဲလို အဲလို ရွှီးနေတာ..

" စိတ်ရှုတ်စရာပဲ။ ဒီလို ကပ်ပါးပိုမွှားတွေ မြန်မြန်သေမှအေးမယ်။ မဟုတ်ရင် ငါတော့အသက်တိုတော့မှာပဲ .. "

မာခယ် ဒီစကားကိုတော့ လက်မခံနိုင်ဘူးလေ။ ဒါကြောင့် လက်လျှူရှုပြီး သူ့ရူပါ လယ်လောက်ထိ လန်းတဲ့အကြောင်း ဆက်ပြီး တော်ကီပွားနေတော့တာ။ နောက်ဆုံးတော့ ကောင်မလေးက သူ့အတန်းဖော်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ စတုတ္ထနှစ်ကျောင်းသားတစ်ယောက်ကို ခေါ်လိုက်ပါရော။

သူ့ဇာတ်လမ်း နားထောင်လိုက်တာနဲ့ ဒီကောင်စိတ်မကောင်းဖြစ်နေပုံကိုကြည့်ပြီး အရမ်းတွေ ဝမ်းသာမိလိုက်တယ်။ ဒီကောင့်ဖျော်ဖြေရေးက အရမ်းကောင်းတယ်။ ဒီလိုပဲဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် ခန့်မှန်းပြီးသားကိုလို့.. ဟီ..ဟိ။

" ငတုံး ... မင်းဘယ်လိုပြန်ချရမလဲမသိဘူးလားဟ။ မင်းရော အထက်တန်းမန္တန်တွေ မသုံးနိုင်လို့လား။ "

" ပြန်တိုက်ရမယ်။ ဒီကောင် ဘယ်လောက်စွမ်းတယ်ဆိုတာ မင်းမသိလို့ကွ။ ဒီကောင်က အဆင့်(၆)မှော်ကို ကြိုက်သလိုသုံးနိုင်နေပြီ။ ဒါတောင် ငါ့ကို ချုပ်နှောင်မှော်တစ်မျိုးပဲသုံးလိုက်တာ တော်တော်ကံကောင်းတယ်ပြောရအုံးမယ်... "

" ဒါဆို မင်းဒီလိုပုံစံ ဘယ်လိုရလိုက်တာလဲ .. "

" သူ တခြားမှော်တွေ မသုံးပေမယ့်၊ လက်သီးတော့ သုံးသေးတယ်လေ။ ငါ့ကိုချုပ်ထားတော့ ပြန်တိုက်လို့မရဘူး။ "

မာခယ်ပုံက အတိတ်က အရိပ်မည်းကြီးကို တနှုံ့နှုံ့ပြန်ခံစားနေရတဲ့စတိုင်နဲ့ဗျ။

" တွေ့သမျှလူတိုင်းကို ရိုက်နိုင်တယ်လို့ မင်းကိုဘယ်သူခွင့်ပေးထားလို့လဲဟ။ မင်း ဖျော်ဖြေမှု တော်တော်ကောင်းပါတယ်လေ။ နောက်ဆို လူစိမ်းတွေကို သွားမရှုတ်နဲ့ပေါ့ကွ။ "

" မဟုတ်ဘူးကွ။ မင်းနားမလည်သေးဘူး။ အဲ့ကောင်မလေး ဒေါသထွက်နေတဲ့ပုံကိုက အရမ်းကို ချစ်စရာကောင်းတာကွ။ "

" ဟေ့ကောင်။ ဒီအသက်အရွယ်လေးမှာ အချစ်အကြောင်း မင်းဘယ်လိုနားလည်နိုင်အုံးမှာလဲကွ။ မင်းကိုယ်မင်းပြန်ကြည့်အုံး။ အသက်က(၁၁)နှစ်ပဲရှိသေးတာ။ ခွေးလေးတွေကို ချစ်ဖို့တောင် အချိန်စောသေးတယ်။ ခုလို ထပ်အရိုက်ခံရမှာတော့ ကြောက်တယ်ဟုတ်။ "

" အကိုကြီး.. အချစ်ကအရမ်းစွမ်းအားပြင်းတယ်ကွ။ ပြီးတော့ မင်းရဲ့ပြန်လည်ကုသရေးမှော်အစွမ်း နောက်ခံနဲ့ဆိုရင် ငါ ဘယ်သူ့ကိုကြောက်နေစရာလိုလို့လဲ။ ငါအခြေအနေအရမ်းဆိုးလာရင်တောင် မင်းကုပေးလို့ရတယ်လေ။ "

မာခယ် ရုပ်တည်ကြီးနဲ့ကို ပြောလာတာပါ။

" ဒီ မူလဘူတစိတ်ဝိညာဉ်မန္တန်က မင်းလိုငတုံးအတွက်ထင်နေလား။ မင်းဆက်ပြီး ပြဿနာတွေရှာလာရင် ငါလှည့်ကြည့်မှာမဟုတ်ဘူး။ မင်းစိတ်ကြိုက်လုပ်ပေါ့။ "

" မဟုတ်ဘူးလေ။ အကိုကြီးကလဲ လုပ်ပါကွာ... "

ဒီလိုနဲ့ မာခယ်ကျွန်တော့ကို သူ့တံတွေးတွေနဲ့ မျက်နှာသစ်ပေးတော့တာပဲ။

ကျွန်တော် သူ့နားပူနားဆာလုပ်တဲ့ဒဏ် မခံနိုင်တော့ဘူး။ ဒါကြီးကို မြန်မြန်ပြတ်အောင် နောက်လဲ ကောင်းကောင်းကူညီပါ့မယ်ဆိုတဲ့ကတိပေးလိုက်ရရော။ ဒါပေမယ့် သူ့ကို ကျွန်တော်ကုပေးနေတယ်ဆိုတာ ဘယ်သူမှသိခွင့်မရှိဖို့တော့ သတိပေးလိုက်ရသေးတယ်။

အဲဒီမိန်းကလေးရဲ့ ဆွဲဆောင်နိုင်မှုတွေလား။ သွားစမ်းပါဗျာ။ ကိုယ်အသက်စွန့်ရလောက်အောင် စိတ်ပါဖို့တော့ ဝေးသေး။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters