← Chapters

ဟိုင်ယွဲ့ရှင်းနှင့် ဆုံတွေ့ခြင်း

Vol. 2 Ch. 22

ဟိုင်ယွဲ့ရှင်းနှင့် ဆုံတွေ့ခြင်း

Vol. 2 Ch. 22

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလဆိုတဲ့အချိန်ကုန်သွားပါရော။ ကျွန်တော်လဲ တဖြည်းဖြည်း ကျောင်းသားဘဝနဲ့ ကျင့်သားရလာပါတယ်။ ဟိုနတ်ဆိုးအိုကြီးလက်အောက်မှာ ကျွန်တော်လေ့ကျင့်ခဲ့ရတဲ့အချိန်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တခြားစီပေါ့။ မနက်တိုင်း အတန်းတက်ရတာကလွဲရင် ဘာမှထူးထူးခြားခြားမရှိဘူး။ နေ့တစ်ဝက်လောက်က ကျွန်တော့်အတွက် အားလပ်ချိန်တွေလေ။ တကယ်ကိုမဆိုးတာ။ ဟီ..ဟိ။

ဒီသုံးလထဲမှာ ကျွန်တော်မှော်ပညာတိုးတက်လာတာမရှိဘူး။ ဒါပေမယ့် စိတ်ဝိညာဉ်ပိုင်းမှာတော့ တိုးတက်လာတယ်ဗျ။ ကျွန်တော့် မှော်စွမ်းအားကို ဘယ်လိုမြှင့်ရမလဲဆိုတာ ကျွန်တော် တကယ်ကိုမသိတာ။ အာ.. ကိစ္စမရှိဘူး၊ ဒါတွေနောက်မှ စဉ်းစားတော့မယ်။ မန္တန်တွေထဲမှာမှ အလင်းအုပ်စုထဲကတစ်ခုဖြစ်တဲ့ (အလင်းတော်၏ချီးမြှင့်ခြင်း)မန္တန်ကို ကျွန်တော်သင်ယူခဲ့သေးတယ်။ ကျွန်တော့်လက်စွဲဖြစ်တဲ့ အလင်းကြေးမုံတံတိုင်းကိုလဲ အစွမ်းပိုထက်အောင် ပြင်ဆင်နိုင်လိုက်သေးတယ်။

လေဟာနယ်မှော်ပညာနဲ့ပတ်သက်လို့ကတော့ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်းကို အထိတ်အထိပ်ရောက်သွားပြီ။ ဒီထက်ပိုတိုးတက်ဖို့မရှိတော့ဘူး၊ ခရီးရှည်ကျတော့လဲ ကျွန်တော်မှ မသွားရဲသေးတာ။ တိုးတက်လာတဲ့ တစ်ခုတည်းသောမန္တန်က အငယ်စားစုတ်ဖြဲခြင်း (အလွန်သေးငယ်သော လေဟာနယ်စုတ်ဖြဲခြင်းကိုဆိုလိုသည်။ အမည်ပြင်ဆင်ရန် စဉ်းစားဆဲ။)မန္တန်ဗျ။ နောက်ဆုံးတော့ အဲဒီမန္တန်ကို ကျွန်တော်ကောင်းကောင်းထိန်းချုပ်လာနိုင်တယ်။ ဒါကိုကျ မာခယ်နဲ့စမ်းသပ်တယ်လေ။ ကျွန်တော့ရဲ့ အငယ်စားစုတ်ဖြဲခြင်းက အလယ်တန်းမန္တန်အဆင့်ရောက်တယ်ဆိုတော့ သိပ်တော့မဆိုးပါဘူးလေ။

ဒီကာလအတွင်းမှာ ရှောင်ကျင်း အကြီးအကျယ်တိုးတက်လာတာကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ ဒီကောင်က တော်တော်ကို အထင်ကြီးစရာကောင်းတဲ့ကောင်။ ခုဆို (၅)ပေတောင်ရှည်နေပြီလေ။ သူ့ကိုယ်ပေါ်မှာပါတဲ့ ရွှေရောင်အစင်းကြောင်းကလဲ ပိုပိုထင်ရှားလာတဲ့အပြင် ပိုပြီးအံ့ဩစရာကောင်းတာက သူ့ခေါင်းပေါ်မှာ ရွှေရောင် ဦးချိုလေးတစ်ခု ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင် ကျွန်တော်နဲ့ အရမ်းကိုပိုပိုပြီး တစ်သွေးတည်း တစ်သားတည်းဖြစ်လာတယ်။ ကစားဖို့ အပြင်ကိုထုတ်လိုက်ရင်တော့ သူသွားနိုင်တာ ကျွန်တော်နဲ့(၅)မီတာအကွာအဆိုတာ အဝေးဆုံးပဲ။ ဒါတင်လားဆိုတော့ အဟုတ်သေးဘူး သူ့စွမ်းအင် နောက်ထပ်တိုးတက်အောင် လုပ်နိုင်လာတယ်။ လက်ရှိ ရှောင်ကျင်းအဆင့်က အဆင့်(၄)မှော်သားရဲ့ မကတော့ဘူး။ ဒီကောင် ကျွန်တော်တတ်ထားသမျှ အလယ်တန်းအဆင့်မန္တန် တော်တော်များများကို သုံးနိုင်နေပြီ။ ဒါပေမယ့် လေဟာနယ်မှော်စွမ်းအင်ကျတော့ ဒီကောင်ဘာကြောင့် မသုံးနိုင်တာလဲဆိုတာ ကျွန်တော်ကောင်းကောင်းမသိဘူး။ သူပိုပိုကြီးလာတာတွေတိုင်း ကျွန်တော်သူ့အတွက် တကယ်ကိုဂုဏ်ယူတာ။ ကျွန်တော့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားလာရတယ်။ ဒီကောင့်ကိုထုတ်မကြည့်နိုင်တဲ့ရက်တွေဆိုရင် ကျွန်တော့်ရင်ထဲမှာ ဟာတာတာနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထားခဲ့တဲ့ အမှာတမ်းဟောင်းကြီးတွေကို ကျွန်တော်တဖြည်းဖြည်း မေ့သွားတယ်။ ရှောင်ကျင်းကို အန္တရာယ်ဖြစ်နိုင်လောက်တဲ့ အထက်တန်းမှော်ပညာတွေ ကျွန်တော်မတွေ့သေးဘူး။

ကျွန်တော့ကို စိတ်ဓါတ်ကျအောင်လုပ်နိုင်တာက အဖြူရောင်ဝတ်ရုံနဲ့ မှော်သခင်ကြီး အမြဲလိုလိုပေါ်လာတာပဲ။ ကျွန်တော် ညပိုင်းတွေမှာ ရှောင်ကျင်းနဲ့ ကစားတိုင်း သူက ပေါ်ပေါ်လာပြီး စိတ်အနှောက်အယှက်ပေးတယ်။ ကျွန်တော် ဘယ်လိုပဲကြိုးစားကြိုးစား ပုန်းလို့ကိုမရဘူး။ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း လုပ်လိုက်တာတောင် ဒင်းကကျွန်တော့အရိပ်လိုပါနေတုန်းပဲ။ ဒီလောက်အချိန်တွေကြာလာတာတောင် သူ့မျက်စိအောက်မှာ ဖုံးကွယ်မှုတစ်ခုမှ မလုပ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတော့ ဆရာအဖြစ် လက်မခံနိုင်ဘူး။ သူ့ကျွန်တော့ကို စမ်းလို့ရမယ်ထင်ရင် စမ်းကြည့်လေ။ ကျွန်တော် အသက်ရှင်နေသမျှတော့ ဟ. ဟ. ပဲရမယ်။

ဟိုကောင် မာခယ်။ တော်တော်ကို တုံးတဲ့အကောင်။ နေ့တိုင်း သူ့နာမည်သူ ဖျက်နေတဲ့အကောင်။ ဒီကောင် မကြာမကြာဆိုသလို မီးလောင်ခံထားရတဲ့ဝက်နှာခေါင်းလို ဖြစ်ဖြစ်နေလဲ ခုချိန်ထိ မပြောင်းလဲသေးဘူး။ သူကတော့ တော်တော်လေးတိုးတက်မှုရှိလာပြီဆိုပဲ။ သူ့ကို ကောင်မလေးတွေအားလုံး သတိမထားမိကြပေမယ်၊ သာမာန်အနေနဲ့တော့ ထိခိုက်မှုသိပ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ စတုတ္ထနှစ် ကျောင်းသားခေါင်းဆောင်ရဲ့ ညီမတောင် သူ့ကြောင့် စိတ်ညစ်နေရပြီကိုး။ သူမာခယ့်ကို အခွင့်အရေးတစ်ခုပေးလိုက်တယ်။ မာခယ်ရဲ့ မှော်စွမ်းအားက သူ့ထက်သာမယ်ဆိုရင် သူ့ညီမနောက် လိုက်ခွင့်ပေးမယ်ပေါ့။ အဲ့အချိန်ကစပြီး မာခယ် အရူးအမူးလေ့ကျင့်တော့တာပဲ။ ခုချိန်မှာ ကျွန်တော်နဲ့ မယှည်နိုင်သေးပေမယ့် တော်တော်ကိုတိုးတက်လာတာတော့ အမှန်ပဲ။

" မာခယ် .. သွားစားကြရအောင် "

အတန်းကပြီးသွားပြီလေ။

" အာ .. ငါအရူးအမူးကျင့်ရမယ့် ကျင့်စဉ်တစ်ခု ရှာတွေ့ထားတယ်။ ငါ့အတွက်တော့ လေ့ကျင့်မှုထက် ဂရုစိုက်ရမယ့်အရာ မရှိဘူး "

" ဟိုမိန်းမလှလေး မင်းကိုရှာနေတာပဲ ... "

" ဘယ်မှာလဲ .. ဘယ်မှာလဲ .. "

ဒီကောင့်မျက်လုံးတွေ တမ်းအရောင်တောက်လာတာပဲ။

" အကိုကြီး ... မင်းကွာ ... ဘာမှမရှိပဲ ငါ့ကိုလိမ်တာ... "

ကောင်မလေးကို မတွေ့တော့ ဒီကောင်မာခယ် ညည်းညူနေရော။

" ကောင်ဇိုးလေး .... အဲ့ကောင်မလေးရ ဒီလောက်တောင် ဆွဲဆောင်မှုရှိနေတာလား... "

" မင်းမသိလို့ပါ။ သူ့မျက်နှာလေးမြင်တိုင်း ငါ့မှာပြည့်စုံသွားသလိုခံစားရတယ်။ "

ဒီကောင်မာခယ်ရဲ့ မျက်လုံးတွေမှာ တွေလိုက်ရတဲ့ နှလုံးသားစိတ်ဆန္ဒက ဖော်ပြဖို့တောင် စကားလုံးမရှိတော့ဘူး။

" ကောင်းပြီ.. ကောင်းပြီ.. သူ့နာမည်ကဘာလဲ။ ခုထိအောင် ငါမသိသေးဘူး။ "

" မင်းဘာလုပ်မလို့လဲ... "

ဒီကောင် သတိကြီးကြီးထားတဲ့မျက်လုံးတွေနဲ့ ကြည့်ရင်းပြောလာတယ်။

ဒီကောင့်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်ပြီးမှ ...

" ထွီ ... ဘာလို့မင်းဒီလောက်တောင် ရူးရတာလဲဟ။ ဒီမိန်းမလှလေးနာမည် ခုထိငါမသိသေးဘူးလေ။ ဒါလေးပဲကို ... "

" အာ .. ဟို .. သူ့နာမည်က ဟိုင်ယွဲ့ရှင်း ... သူ့အကိုနာမည်က ဟိုင်ရီရှင်း တဲ့"

" သူ့နာမည် မဆိုးပါဘူး။ ဘယ်လိုလဲ မင်းနဲ့သူ့ကြားဆက်ဆံရေး ကောင်းလာပြီလား "

" ငါ.. ငါ.. အခွင့်အရေးရှာနေတုန်းပဲ။ သူက ငါ့ကိုအလေးမထားသေးဘူး။ သူ့နဲ့ယှဉ်ရင် သူ့အကိုနဲ့တောင် တော်တော်ရင်းနှီးနေပြီ။ အာ... အကိုကြီး... ငါ့ဒဏ်ရာတွေကို ဘယ်သူကုပေးတာလဲဆိုတာ ခဏခဏမေးနေတယ်ကွ။ "

ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့..

" မင်းသူ့ကို ပြောပြလိုက်လား .. "

ဒီကောင်ကတော့ ပြုံးပြုံးပဲ ..

" ငါမပြောပါဘူး။ ငါ မင်းအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး.. စိတ်ချ။ "

" မင်းမလဲ တစ်နေကုန်ကို ဆင်းဆင်းရဲရဲနဲ့ သိုင်းကျင့်နေရတော့တာပဲ .. "

" ငါ့ကို ဂရုစိုက်ပေးမယ့် မင်းတစ်ယောက်လုံးရှိနေတာကို။ ငါက မှော်ပညာကို ပျော်ပျော်ကြီး လေ့ကျင့်နေယုံပဲလေကွာ.. ဒါရည်မှန်းချက်ကောင်းတစ်ခုမဟုတ်ဘူးဆိုရင်တောင် ငါ့မှာ ပန်းတိုင်တစ်ခုရှိတာပေါ့။ ဟာ..ဟ "

" ဟေ့ကောင် အမြန်ဟ။ နောက်ကျရင် စားစရာကျန်တော့မှာမဟုတ်ဘူး။ "

မာခယ်ကိုသတိပေးပြီးတာနဲ့ ထမင်းစားဆောင်ကို အားသွန်ခွန်စိုက်ပြေးတော့တာပဲ။ စားသောက်တယ်ဆိုတာ ကျွန်တော့ဘဝအတွက် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုပဲလေ။

ကျွန်တော်တို့စားသောက်ပြီးတာနဲ့ မာခယ်ကတော့ ဆင်ခြင်သုံးသပ်ဖို့ သူ့အခန်းပြန်တော့တာပဲ။ ကျွန်တော်လဲ နည်းနည်းလေးအိပ်ချင်တာနဲ့ အတူတူပြန်လာခဲ့တယ်။ ကျွန်တော်တို့ လမ်းလျှောက်လာရင်း မာခယ်ကျွန်တော့ပုခုံးကိုပုတ်ရင်း ရုတ်တရက်ရပ်လိုက်တယ်။

" မင်းဘာလုပ်နေတာလဲ ... "

" အကိုကြီး ကြည့်လိုက်... ကြည့်လိုက်.. ဟိုမှာ သူလေးပဲ .. "

မာခယ်လက်ညှိုးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ တကယ်ကို ဟိုင်ယွဲ့ရှင်းဖြစ်နေတာပဲ။ သူ့နောက်မှာလဲ ကျောင်းသား ၃-၄ ယောက်နဲ့။ ဒါဆိုရင် သူလေးကိုမြင်ရတာ ဒုတိယအကြိမ်ပေါ့။

" အကိုကြီး... မင်းသွားနှင့်လိုက်၊ ငါသွားနှုတ်ဆက်လိုက်အုံးမယ်... "

" မင်းသွားချင်ရင် မင်းဟာမင်းသွားလေ။ ငါကတော့ မင်းလိုမျိုး ဆန်မုန့်နီခေါင်း(နာမည်ပြောင်) ဆိုပြီး တစ်ကျောင်းလုံးအခေါ်မခံနိုင်ဘူး "

" ကောင်းပြီ အကိုကြီး။ ဘယ်သူအမှန်တကယ် ကျော်ကြားလာမလဲ မင်းစောင့်ကြည့်လိုက်။ မင်းလို အလင်းထမင်းအိုး အခေါ်ခံရတာလောက်တော့ မဆိုးသေးပါဘူး.."

" မင်းက တော်တော်လေး အရိုက်အနှက်ခံချင်နေတာထင်တယ်။ ငါဒီလောက်တောင် နာမည်ကြီးနေတာလားဟ။ ငါဘာလို့သတိမထားမိလိုက်ပါလိမ့်.. "

" အကိုကြီး လိုက်ခဲ့ကွာ။ မင်းအနဲ့အတူလျှောက်နေတဲ့အချိန်ဆို ငါ့မှာသတ္တိတွေ ပိုရှိနေသလိုခံစားရတယ်ကွ... "

ကျွန်တော် ဘာမှမတတ်နိုင်ဘဲ ဒီကောင်ဆွဲခေါ်ရာ ပါသွားပါလေရော။

" ဝိုး ... ဒီနေ့တော့ ဆန်မုန့်နီခေါင်း တင်မဟုတ်ဘူး အလင်းထမင်းအိုးပါ နင့်ကိုလာပိုးနေကြပြီ။ "

ဟိုင်ယွဲ့ နောက်က ကောင်မလေးတစ်ယောက်က အပြုံလေးနဲ့ ပြောပါလေရော။

ကျွန်တော်ကတော့ သူတို့ကို သတိမထားမိပါဘူး။ အသက်(၁၅)နှစ်အရွယ်၊ မီးမှော်ဝတ်ရုံတစ်ထည်ဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်ကိုပဲ မျက်စိထဲမြင်လိုက်မိတယ်။ ဝါး ... ဒီကောင် တကယ်ကို ခွန်အားကြီးလွန်းတယ်။ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ရုပ်ရည်နဲ့ဆိုတော့ သေချာပေါက် နတ်ဆိုးအိုကြီးထက် အားမနည်းလောက်ဘူး။ သူလဲကျွန်တော့ကို သတိထားမိလိုက်တော့ နှစ်ယောက်သားအကြည့်ချင်းစုံပြီး သူ့မျက်လုံးတွေထဲမှာ အရမ်းတောက်ပတဲ့ ပေါက်ကွဲသံလိုမျိုးကြီး ကြားလိုက်ရပါရော။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters