← Chapters

ရွေးချယ်ခွင့်မရှိသောယှဉ်ပြိုင်ပွဲ

Vol. 2 Ch. 23

ရွေးချယ်ခွင့်မရှိသောယှဉ်ပြိုင်ပွဲ

Vol. 2 Ch. 23

" ဒါဆိုရင် ဒုတိယနှစ်မှာ နာမည်ကြီးနေတဲ့ အလင်းထမင်းအိုး ဆိုတာပေါ့လေ "

မီးမှော်အင်္ကျီဝတ် ကျောင်းသားက ဟိုင်ယွဲ့နဲ့ မာခယ်ကိုဂရုစိုက်နေတဲ့ တခြားသူတွေနဲ့မတူးဘူး။ ကျွန်တော့ကိုပဲကြည့်နေတာ။ ဒီအောင် ဟိုင်ယွဲ့ရှင်း အကို ဟိုင်ရီရှင်းပဲဖြစ်ရမယ်။

" မင်္ဂလာပါ... ငါ့နာမည်က ကျန်းကုန်းဝေ့ပါ။ ဒုတိယနှစ်မှာ အလင်းစွမ်းအင် ပင်မအထူးပြုလေ့လာနေတာပါ။ မင်းကရော... "

" ငါက ဟိုင်ရီရှင်။ ဒါဆိုရင် မင်းက ဆန်မုန့်နီခေါင်း ရဲ့သူငယ်ချင်းဆိုတာပေါ့... "

" ဟုတ်တယ်.. ငါတို့က သူငယ်ချင်းတွေပဲ .. "

" ဒါဆိုရင် ... ဒီကောင့်ဒဏ်ရာတွေကို ပြန်ကုပေးနေတာ မင်းပေါ့.. "

" နည်းနည်းပါးပါးပါ.. "

" မင်း ဟုတ်သလား မဟုတ်ဘူးလားပဲဖြေ.. "

" ဟုတ်တယ်။ ငါ ပြန်လည်ပြုပြင်ကုသရေးမှော်အစွမ်းနဲ့ ဒီကောင့်ကို ကုသေးတာ။ "

" ဒီနေ့တော့ မင်း ကိုယ့်ဒဏ်ရာကိုယ် ဘယ်လိုဆေးကုမလဲဆိုတာ ငါမြင်ရတော့မှာပေါ့.. ငါတို့ နည်းနည်းပါးပါး ပညာဖလှယ်ကြတာပေါ့ "

ဟိုင်ရီ ကျွန်တော့နား အမြန်တိုးကပ်လာတာနဲ့အမျှ ဟိုကောင် မာခယ် ကျွန်တော့ထက်ပိုပြီး မအီမလည်ခံစားနေရပြီ။ ဟိုင်ရီကတော့ လူတိုင်းသူ့ကိုကြည့်ရယ်နေတာတွေကို ဂရုတောင်မစိုက်ဘူး။

ဟိုင်ယွဲ့နဲ့အတူတူ တတိယနှစ်ကျောင်းသူတစ်ယောက်က မာခယ်ကို....

" ငါတို့ ဆန်မုန့်နီခေါင်းလေး။ ငါတို့နားကပ်ကပ်ပြီး ငါတို့အခြေအနေဘယ်လိုရှိလဲလို့ လာလာမေးနေတော့ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်နေတာနဲ့ မတူဘူးလား.. "

" ဒါတော့ ငါလဲမတတ်နိုင်ဘူးလေ... သူလေးကို မြင်မြင်ချင်းချစ်မိသွားအောင် ဘယ်သူများလုပ်သွားပါလိမ့် ။ "

ထင်တဲ့အတိုင်းပဲ၊ ဒီကောင် တော်တော်အရေထူတဲ့ကောင်ဗျာ။

နောက်ဆုံး ဟိုင်ယွဲ့က...

" နင် ငါ့ကိုစိတ်အနှောက်အယှက် မပေးဘဲမနေနုင်ဘူးလား။ နင်အရမ်းငယ်ပါသေးတယ်။ ကြီးတော့ နင့်ကြည့်ရတာ လူကောင်းလေးတစ်ယောက်ပါ.. "

ဟိုင်ယွဲ့ပြောစကားတွေကို အရမ်းသာယာလှပတဲ့ ကြိုးကြာသံလေးတစ်ခုလိုသဘောထားပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေရင်း စကားသံတွေလဲဆုံးတဲ့အထိပဲ။

ဘာမှပြန်မဖြေတဲ့ မာခယ့်မျက်လုံးတွေကိုကြည့်ပြီး ဟိုင်ယွဲ့နှလုံးသားတစ်ခုလုံး ပြောင်းဆန်သွားသွားတယ်..

" ဒီမယ်.. ဒီမယ်.. ငါပြောတာ ကြားရဲ့လား .. "

" ဟမ်.. အမ်.. ဟို.. နင်ဘာပြောလိုက်တာလဲ .. "

" နင် ငါ့ကို အရမ်းစိတ်ဒုက္ခပေးနေတယ်လို့ ပြောလိုက်တာ "

" နင့်ကိုယ်နင်သတ်သေလိုက်ဆိုတာနဲ့ ငါ့တမ်းလုပ်အောင် အမိန့်ပေးနိုင်တာ ဒီကမ္ဘာမှာ နင်တစ်ယောက်ပဲရှိတယ်ဆိုတာ ငါသေချာ ကတိပေးတယ်.. "

" နင်.. နင် .. နင် "

ဟိုင်ယွဲ့ ဒေါသကြောင့် ဘာမှကို ဆက်မပြောနိုင်တော့ဘူး။ အဲဒီအချိန်မှာပဲ မာခယ်ရဲ့ ဘေးပတ်ဝန်းကျင်မှာ တစ်ခုခုလွဲနေတာ သတိထားလိုက်မိတယ်။

" မင်းရဲ့ အကိုကြီးဆိုတာ ဘယ်သူလဲ.. မြန်မြန်ပြော။ ပညာဖလှယ်ဖို့ သဘောတူမလား မတူဘူးလား။ "

ပထမ စကားလုံးက မာခယ်ကိုပြောတာ။ ဒုတိယစကားလုံးကျတော့ အရမ်းကိုသနားစရာကောင်းပြီး ဆင်းရဲသားတစ်ယောက်ပြောသလို ကျွန်တော့ကိုပြောတာ။

" စီနီယာအကိုကြီး ငါတို့မတိုက်လို့မရဘူးလား။ ကျွန်တော်က စီနီယာအကိုကြီးကို အရမ်းလေးစားတာ။ စီနီယာအကိုကြီးက ဂျူနီယာညီလေးတွေကို အနိုင်မကျင့်တတ်ဘူးမို့လား။ "

ကျွန်တော်တို့ ဘေးမှာ လူတွေဝိုင်းနေကြပြီ။

" ဒီကောင် ဘာကောင်မှမဟုတ်ပါဘူးကွာ။ ဘာနောက်ခံမှလဲ ရှိတဲ့ကောင်မဟုတ်ဘူး.. "

" လာစမ်းပါ.. ကျောထောက်နောက်ခံတဲ့လား.. ငါ့မှာ ဘယ်လိုကြောထောက်နောက်ခံရှိလဲဆိုတာပြမယ်။ မင်းရဲ့ သနားစရာဘဝလေးကို မင်းတန်ဘိုးထားမိရဲ့လား "

တကယ်တော့ စိတ်ထဲမှာပြောတာဗျ။ ဟီ..ဟိ။

မာခယ်ကတော့ ခေါင်းမာမာနဲ့.

" အကိုကြီး .. ဘယ်ကအကိုလဲ.. ကျွန်တော့မှာ ဘာအကိုကြီးမှမရှိပါဘူး... ရှက်စရာပဲ.. "

ကျွန်တော် မာခယ့်ရှေ့လျှောက်သွားပြီး..

" ကောင်ဇိုးလေး .. ခုမှ မင်းဒီလိုစကားတွေ ပြောနေတာလား။ မင်းသာတရားခံမဟုတ်ရင် ငါ့ကို ပညာဖလှယ်ဖို့ အတင်းအကျပ် ဖိအားပေးခံရမှာမဟုတ်ဘူး.. "

ဒီအချိန်မှာပဲ ဟိုင်ရီရဲ့ လက်သီးတစ်ပြင်ပြင်နဲ့ပြောစကားက အလွတ်ရုန်းပြေးမယ့်ကျွန်တော့စိတ်ကူးလေးကို ရိုက်ချိုးပစ်လိုက်ပါရော..

" မင်းကိုယ်မင်း သဲအိတ်တော့ မဖြစ်ချင်ဘူးမို့လား .. ဟမ် .. ဂုဏ်သိက္ခာဆိုတာကြီး ငါသောက်ဂရုမစိုက်ဘူး။ ငါ ဂျူနီယာလေးတွေကို အနိုင်မကျင့်တတ်ဘူးလို့ ဘယ်သူပြောလဲ။ ငါသဘောမကျတဲ့ကောင် ငါကြိုက်သလိုတွယ်မှာပဲ။ "

သွားပြီ။ ကျွန်တော်တော့ သွားပါပြီ။ ထွက်ပြေးလို့ မရနိုင်တော့ဘူး။ ဒီအတိုင်းပဲ ပညာဖလှယ်ရမလား။ အဘက်ဘက်ကနေတွက်ကြည့်ရင် အနည်းဆုံးတော့ ကျွန်တော့်ကို မသတ်လောက်ပါဘူး။ ကျွန်တော် ကူကယ်ရာမဲ့စွာနဲ့ပဲ..

" ကောင်းပြီလေ.. ပညာဖလှယ်ဖို့ ငါလက်ခံတယ်။ "

အုပ်စုလိုက်ကြီး လေ့ကင့်ရေးကွင်းကိုရောက်လာပြီး တိုက်ပွဲစည်းဝိုင်းနယ်နိမိတ်သတ်မှတ်လိုက်တယ်။ ကျွန်တော် ဟိုင်ရီတဲ့အတူတူ စည်းဝိုင်းအလယ်ဗဟိုမှာပေါ့။ သိုသိုသိပ်သိပ်နေဖို့ မဖြစ်နိုင်တော့ဘူးဆိုမှတော့ ကျွန်တော်တိုက်ရတော့မှာပေါ့။

" ထွက်လာခဲ့ ... "

မြေမှုံတွေဖွာကနဲ လွင့်သွားတဲ့အထိ ကျွန်တော့်လက်ကို ဟန်ပါပါရမ်းလိုက်တယ်။ တိုက်ပွဲမှာ တစ်ခါမှမသုံးဘူးသေးတဲ့ လေဟာနယ်အချုပ်အနှာင် ဖော်ထုတ်လိုက်ရတယ်။ မကြာခင်ကမှ လေ့ကျင့်ထားတဲ့ အလယ်တန်းအဆင့်လေဟာနယ်မှော်မန္တန်ကို ဒီနေ့သုံးရလိမ့်မယ်ထင်မထားမိဘူး။

ဟိုင်ရီ အံ့ဩသွားပြီးတော့ ..

" မင်း လေဟာနယ်မှော်ကို သုံးလိုက်တာလား .. "

" ဒါလေးက မဖြစ်စလောက် လေဟာနယ်မှော်ပညာလေးပါပဲဗျာ ... "

ကျွန်တော် စိတ်မပါလက်မပါပြန်ဖြေလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ကျွန်တော်ရှောင်လို့မရတော့ဘူးလေ။ သတ္တိတွေတအားရှိပြနေလဲ အလကားပဲကို။ ကျွန်တော့်အတွက် ခက်ခဲသလို သူလဲခက်ခဲစေရမယ်။ ဘယ်ကောင့်ကို ကြောက်နေရအုံးမှာတုန်း။

ကျွန်တော် တွန်ဆုတ်မနေတော့ဘဲ တစ်ကိုယ်လုံးကို အလင်းကြေးမုံတံတိုင်းနဲ့ ကာထားလိုက်တယ်။ နောက်ပြီး ကျွန်တော့ အလင်းမှော်စွမ်းအားတွေနဲ့ အလင်းတံတိုင်းကို တစ်လွှာပြီးတစ်လွှာ အထပ်ထပ်ဖန်တီးပစ်လိုက်တယ်။ တိုက်ပွဲအတွက် ပြင်ဆင်မှုအပိုင်းတော့ လုံလုံလောက်လောက်လုပ်ပြီးသွားပြိ။

" ကောင်းပြီလေ။ မင်းက အားသာချက်လေးနည်းနည်းရှိတာနဲ့ သူတပါးကိုယ်ရေးကိုယ်တာကို ဝင်စွက်နေမှတော့... "

ဟိုင်ရီက တောင်ကြီးတစ်တောင်လို မတ်မတ်ကြီး။ မျက်နှာက မဲမှောင်နေပြီးတော့ အတယ်တန်းအဆင့် မီးမှော်မန္တန်ရွတ်ရင်း သံကွင်းဆက်မီးဘောလုံးကို လက်ဟန်ခြေဟန်တွေနဲ့ပါ ဖန်တီးနေပါရော။ ဒါ ကျွန်တော့ကို အကဲစမ်းယုံ တိုက်ချက်တစ်ခုဆိုတာ သိနေတယ်လေ။ ကျွန်တော် အေးအေးဆေးဆေးပဲ ဟိုင်ရီ နောက်ကျောဘက်ကို တည်နေရာရွှေ့ပြီး အလင်းမြှား တွေနဲ့ ပစ်လိုက်တယ်။ ဒီလိုဖြစ်လိမ့်မယ် ကြိုပြင်ထားလို့မရတဲ့အပြင် သူ့ကိုယ်သူ ယုံကြည်မှုတွေလွန်ကဲနေပေမယ့် သူမရှောင်နိုင်ပဲ အထိခံလိုက်ရတယ်။ ဒါပေမယ့် အလင်းမြှားဆိုတာ အလယ်တန်းအဆင့် မှော်ပညာလေးပဲဆိုတော့ မြှားအကုန် မထိဘူးပေါ့။ ဒါကိုကာကွယ်ဖို့ သူ့တိုက်ကွက်ကို ဖျက်လိုက်ရပေမယ့် သူ့ကို ကြောက်နေတုန်းပဲ။

" ငါ မင်းကို နည်းနည်းအထင်သေးမိသွားတာပဲ .. "

သူပြောပြီးတာနဲ့ မုန်တိုင်မန္တန်ကို စရွတ်တာနဲ့ အမျှ သူ့အရိပ်တွေ အထပ်ထပ် လှည့်ပတ်နေရင်း သူ့အမြန်နှုန်းက ကျွန်တော့ တည်နေရာရွှေ့ပြောင်းခြင်းအောက် မလျော့ဘူး။ ကျွန်တော် သူ့အရိပ်တွေ့ကို ရိပ်ဖမ်းသံဖမ်းလောက်ပဲ သတိထားမိတယ်။ ဟိုင်ရီရဲ့ အစစ်အမှန်စွမ်းအားက အရမ်းခိုင်မာလွန်းတယ်။ သူ့အခြေခံအဆင့်မန္တန်တောင်မှ အလယ်တန်းအဆင့်မန္တန်လောက် အစွမ်းထက်နေပြီ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာကြီးဗျာ။ ကျွန်တော်သာ အရှိန်မြန်မြန်နဲ့လှုပ်ရှားပြီးယှည်မယ်ဆိုရင်တော့ ဘယ်သူ့မှ အပြန်အလှန်ထိအောင် မတိုက်နိုင်လောက်ဘူးလို့တော့ ထင်တာပဲ။ ဒါပေမယ့် သူရွတ်နေတဲ့ မန္တန်ကြည့်ရတာ ပေါလောရှောလောမန္တန် မဟုတ်တာတော့ သေချာတယ်။ ကျွန်တော်လဲ တည်နေရာရွှေ့ပြောင်းခြင်း တတ်ထားတာပဲ.. အေးဆေးပေါ့ ...။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters