ရှောင်ကျင်း၏တိုက်ပွဲ
Vol. 2 Ch. 24
ကျွန်တော်မှော်စွမ်းအားတွေစုပြီး အလင်းစေဘာဓါးမန္တန်သုံးလိုက်တယ်။ ကျွန်တော်ရော ဟိုင်ရီပါ နှစ်ယောက်စလုံး တစ်ပြိုင်တည်း လျှပ်တပျက်တိုက်လိုက်ကြရော။
ကျွန်တော့ပတ်ဝန်းကျင်မှာရှိတဲ့ မီးစွမ်းအင်တွေ ဒေါသတကြီးပေါက်ကွဲလာတာ ခံစားမိလိုက်တယ်။ ဟိုင်ရီနောက်မှာ လည်ပတ်နေရာကနေ တဖြည်းဖြည်း ပတ်ဝန်းကျင်တစ်ခုလုံး ပူပြင်းလာတယ်။ သူ့ခန္ဓာကိုယ်ပေါ်ကိုလဲ မီးလျှံတွေ ထူပိန်းနေအောင်ကို စုလာတာ။ အခုအချိန်မှာတော့ ဟိုင်ရီရှိနေတဲ့ နယ်ပယ်တစ်ဝိုက်လုံး မီးဘေးသင့်နယ်မြေကြီးတစ်ခုလိုဖြစ်နေပြီ။ ကျွန်တော့အမြင်တွေတောင် မှုံဝါးလာတာဆိုတော့ မျက်လုံးတွေပိတ်လိုက်ပြီး ဟိုင်ရီရဲ့ တည်နေရာအမှန်သိဖို့ ခန္ဓာကိုယ်ကိုပဲ သုံးဖို့ရှိတော့တယ်။ ကျွန်တော်အတိအကျသိနေတာတစ်ခုက ခုဆိုရင် ဟိုင်ရီ မီးစွမ်းအင်တွေ စုစည်းနေတာ၊ ပြီးသွားရင် အိတ်သွန်ဖာမှောက် ကျွန်တော့ကို တိုက်တော့မှာ အသေအချာပဲ။ သူ့ကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော့်အနေနဲ့ မတိုင်းတာနိုင်သလို သူ့အဆုံးမဲ့စွမ်းအားက ကျွန်တော့်ထက် ပိုအားကောင်းတာ အသိသာကြီး။
" အကိုကြီး .. ဂရုစိုက် ။ ဒါ ငရဲမီးပေါက်ကွဲခြင်း အဆင့်မြင့်မန္တန်ပဲ။ ဒီနည်းသုံးမယ်လို့ ငါထင်မထားမိဘူး။ ဒီမန္တန်က ဖြည်းဖြည်းနဲ့ အကြာကြီးရွတ်ရတာဆိုတော့ ဒီမန္တန်ငါမလေ့လာဖူးဘူး။ "
မာခယ် ဝိုင်းအပြင်ကနေ လှမ်းအော်သတိပေးပါတယ်။
" စီနီယာအကိုကြီး။ ဒီလောက်အဆင့်မြင့်တဲ့ မန္တန်ဘာလို့သုံးမှာလဲ။ တခုခုများ မတော်တဆဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ "
ဒီကောင်မလေးကတော့ ခုချိန်ထိ ကြင်ကြင်နာနာပါပဲလား။ ကျွန်တော့ စိတ်ထဲမှာ သိမ်းထားလိုက်ပြီ။
" ဂျူနီယာညီမလေး။ ဒါကို ငါကောင်းကောင်းထိန်းချုပ်နိုင်နေပြီ။ "
မီးဘောလုံးကြီးထဲကနေ ဟိုင်ရီရဲ့ အသံထွက်လာပါတယ်။
ဒါကို ထိန်းချုပ်နိုင်နေပြီပေါ့လေ။ ဟ ဟ ပဲရမယ်။ ကျွန်တော် ဒီလောက် ရှည်လျားတဲ့ သူ့မန္တန်တိုက်ခိုက်မှုကို သက်သောင့်သက်သာနဲ့ စောင့်ကြည့်နေဖို့ပဲလိုတာ။
ကျွန်တော် ပိုင်းဖြတ်ခြင်းအလင်းဓါး သုံးနိုင်လောက်တဲ့အချိန် အလင်းစွမ်းအင်တွေ တိတ်တိတ်လေးစုထားပြီးသားလေ။ ဒီတော့ သူ့ကို ထိုင်စောင့်နေဖို့ပဲလိုတာပေါ့။
ကျွန်တော့မျက်စိရှေ့မှာတော့ မီးစွမ်းအင်တွေအားလုံး ကောင်းကင်နဲ့ မြေပြင် ဖုံးအုပ်ထားနိုင်လောက်အောင်စုမိနေတာဗျ။ ဟိုင်ရီရဲ့ မီးစွမ်းအင်တွေ ထုထည်အရမ်းကြီးလာပြီး..
" ကဲ ဒီပွဲ လက်စသတ်လိုက်ကြစို့ ..
ငရဲမီးပေါက်ကွဲခြင်း !!!!! "
ဟိုင်ရီ မန္တန်ရွတ်သံကြားပြီးတာနဲ့ ကျွန်တော့ဆီကို ဧရာမမီးလုံးကြီး ရောက်လာတော့တာပဲ။ တကယ်ကို ပြင်းထန်လိုက်တာဗျာ။
" ပိုင်းဖြတ်ခြင်းအလင်းဓါး !!!!! "
မရေတွက်နိုင်လောက်အောင် အလင်းစွမ်းအင်တွေစုပြီးဖြစ်လာတဲ့ အလင်းဓါးကြီးနဲ့ မီးတံတိုင်းလုံးကြီးပေါ် ခုတ်ချလိုက်တယ်။
ပိုင်းဖြတ်ခြင်းအလင်းဓါးက ငရဲမီပေါက်ကွဲခြင်းကို မလွှမ်းမိုးနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့ မှော်စွမ်းအားက ဟိုင်ရီထက် နိမ့်တယ်လေ။ ဒါတောင် ငရဲမီးပေါက်ကွဲခြင်း ကို တားနိုင်ခဲ့သေးတယ်။ ကျွန်တော့ယုံကြည့်မှုတွေလဲ တဖြည်းဖြည်းတိုးလာတယ်။
မန္တန်နှစ်ခု ထိပ်တိုက်တွေ့ပြီးတဲ့အခါ ကျွန်တော်နဲ့ ဟိုင်ရီကြားက အင်အားကွာခြားမှုက မမျှော်လင့်ထားလောက်တဲ့အထိဆိုတာ သတိထားမိလာတယ်။ ဒါကိုခံနိုင်ရည်ရှိဖို့ လုံလောက်တဲ့ အလင်းစွမ်းအင်ပမာဏပြည့်အောင်အောင် ကျွန်တော့မှာရှိသမျှ စွမ်းအင်အကုန်သုံးလိုက်ရတယ်။ ကျွန်တော့ နှလုံးသားထဲမှာ တိတ်တိတ်လေးဆုတောင်းနေတာက..
" အလင်းစွမ်းအင် ဦးဦး၊ ဒေါ်ဒေါ်တို့ ကျွန်တော့ကို ကူညီနိုင်ကြမလား။ ကျွန်တော် အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး.. "
ကျွန်တော့ နှဖူးမှာ ဇောချွေးတွေ ဘူးသီးလုံးလောက်ဖြစ်နေပြီ။ ဟိုင်ရီရဲ့ မီးတံတိုင်းကြီးက ကျွန်တော်နဲ့ (၅)မီတာပဲဝေးတော့တာလေ။ ဟိုင်ရီကိုကြည့်လိုက်တော့ သူမှာစွမ်းအားလုံလုံလောက်လောက်ရှိနေသေးပုံပဲ။
အလင်းစွမ်းအင်က ကျွန်တော်ဆုတောင်းတာကိုနားလည်တယ်ဗျ။ သူတို့တွေ အရှိန်မြှင့်ပြီး စုဝေးလာကြတယ်။ မှော်စွမ်းအင်စုစည်းနှုန်းကလဲ တဖြည်းဖြည်း ပိုပိုအားကောင်းလာတယ်။ အလင်းစွမ်းအင်ရဲ့ တုန့်ပြန်မှု အားကောင်း သာလွန်တာမှန်ပေမယ့် ကျွန်တော်တောင့်ခံထားရတဲ့ အကန့်အသတ်က အချိန်ကြာလာပြီ။
ခုတော့ ဟိုင်ရီတောင် အံ့ဩသွားတယ်။ ကျွန်တော့ မှော်စွမ်းအားကလဲ အရမ်းပြင်းထန်လိမ့်မယ်လို့ သူမထင်ဘူးလေ။ ကြာရှည်တိုက်ခိုက်မှုကို ခုခံနိုင်တာနဲ့တင် တော်တော်ဟုတ်နေပြီ။ အခုဆို သူ့ရဲ့ ငရဲမီးပေါက်ကွဲခြင်းမန္တန်ကို ထိန်းချုပ်ထားရတာ စွမ်းအားကုန်စပြုနေပြီဆိုတာ ခံစားနေရပြီလေ။ ဒါကြောင့်သာ မမျှော်လင့်ပဲ ကျွန်တော့မှော်စွမ်းအားက ခံနိုင်ရည်ရှိနေတာ။
" ကောင်းပြီလေ။ မင်းတောင့်ခံနိုင်ပုံရသေးတယ်ဆိုတော့.... ဒီတစ်ခါ ငါ့ရဲ့ အစစ်အမှန်စွမ်းရည်ကို မြင်ခွင့်ပေးမယ်။ မီးစွမ်းအင် ကျွန်ုပ်အမိန့်နာခံစေ။ တဟုန်းဟုန်လောင်ကျွမ်းမီးလျှံအစွမ်း!!! "
ဒါ. ဒါ .. မီးစွမ်းအင်ချဲ့ထွင်ခြင်းမန္တန်ပဲ။ ဒီနာမည်ကို ကျွန်တော်မသိပေမယ့် ကောင်း/မကောင်းလောက်တော့ ကျွန်တော်သိသေးတယ်လေ။
တကယ်တမ်းကျ ငရဲမီးပေါက်ကွဲခြင်းစွမ်းအားကို သူကြာကြာမထိန်းနိုင်တော့ဘူးလို့တွေးမိလို့ ကျွန်တော်တမင်ဖိအားပေးလိုက်တာ။ သူသာစွမ်းအား ထပ်မမြှင့်နိုင်တော့ဘူးဆိုရင် ကျွန်တော့အလှည့်ရောက်ပြီလေ။
တဟုန်းဟုန်းတောက်လောင်နေတဲ့ ငရဲမီးပေါက်ကွဲခြင်းက အရန်မန္တန်တစ်ခုနဲ့ ထပ်ပေါင်းလိုက်တော့ ကျွန်တော်ချက်ချင်းကို ဖိအားနှစ်ခုစာ ခံစားလိုက်ရရော။ မီးတံတိုင်းကမြန်မြန်ဆန်ဆန်ကြီးကို ကျွန်တော့အနားကပ်ကပ်လာတာ။ သေခြင်းတရားက ကျွန်တော့ဘေးနားကပ်လာသလိုကို ခံစားနေရပြီ။ ကျွန်တော် ကြာကြာ တောင့်ခံမထားနိုင်တော့ဘူး။
ကျွန်တော့ ခန္ဓာကိုယ်ရဲ့ အလင်းကြေးမှုံတံတိုင်းရဲ့ ပြန်လည်ပြင်ဆင်နိုင်မှုကလဲ အရမ်းနှေးသွားပြီ။ ဒါတောင် တစ်စင်တီမီတာပြီး တစ်စင်တီမီတာ ရအောင်ဖြည်းဖြည်းချင်းတိုးဖိထားတုန်းပဲ။ ကျွန်တော့ နှုတ်ခမ်းထောင့်ကနေလဲ တဖြည်းဖြည်းသွေးယိုကျနေတဲ့အပြင် ကျွန်တော် လဲကျလုနီးပါးဖြစ်နေပြီ။ ဒါ ဒါ ဟိုင်ရီရဲ့ ပွဲပဲ။ ဒါတောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားသူကြီးလို့ ကျွန်တော်ထင်မိနေသေးတယ်။
ဟိုင်ရီ ကျွန်တော့်မှာ ခံနိုင်ရည်ရှိတာမြင်တော့ ငရဲမီးပေါက်ကွဲခြင်းကို ကျွန်တော့ အလင်းကြေးမှုံတံတိုင်း အားနည်းတဲ့နေရာကို ဖိတိုက်တော့တာပေါ့။ ကျွန်တော့ကာကွယ်ရေးနယ်ပယ်ကို အကြီးအကျယ်ပြောင်းလဲ ပစ်လွှတ်လိုက်ရတယ်။ ဒီတော့မှ ငရဲမီးလောင်ကျွမ်းခြင်းနဲ့ ကွာသွားရော။
" ဘာလဲ ကောင်ဇိုးလေး။ မင်းမကျေနပ်ဘူးလား။ ဟား .. ဟား..ဟား "
ဟိုင်ရီကတော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောတော့တာပေါ့။
" ဟွမ့် ... ခင်ဗျားက ကျုပ်ထက်ပိုတော်နေတယ်တဲ့လား။ ခင်ဗျားမှာ ဘာများထူးခြားတာရှိလို့လဲ။ "
ကျွန်တော့မှာ ယုံကြည့်ချက် တစ်စိလေးတောင်မရှိဘူး။ ဟိုင်ရီဒီလို ဂုဏ်ဆာနေတဲ့ပုံမြင်ရာတာ ကျွန်တော် တော်တော်ခံစားရတယ်။ ဒါပေမယ့် ဟိုင်ရီ တကယ်ကို အင်အားကြီးတာဗျ။ တကယ်လို့ ကျွန်တော်သာ မှော်စွမ်းအားတွေ မြန်မြန်မစုစည်းနိုင်ခဲ့ဘူးဆို အစောကြီးကတည်းက ကျွန်တော်ရှုံးနေလောက်ပြီ။
" ဘာလဲ။ မင်းကိုယ်မင်းယုံကြည်တယ်မို့လား။ မှဆင်ခြေတွေပေးမနေနဲ့။ မင်း ရှုံးကို အရှုံးပေးစေရမယ်။ "
အရမ်းကို ဒေါသထွက်သွားတာ။ ဟုတ်တယ်။ ကျွန်တော့မှာ ရှောင်ကျင်းရှိတယ်လေ။ သူ့မှာရော မှော်စွမ်းအား မရှိလောက်ဘူးလေ။ ဟီ..ဟိ။ ဒါပေမယ့် ဒီလိုလုပ်လိုက်တာဟာ ကျွန်တော့ တစ်သက်တာမှာ ပထမဦးဆုံးလုပ်လိုက်မိတဲ့ အမှားတစ်ခု ဖြစ်ခဲ့တာပဲ။ အဲဒီအမှားက ရှောင်ကျင်းကို သေတွင်းထဲ ပို့လိုက်သလိုပဲ။
" ငါ့ချစ်လှစွာသော မှော်သားရဲ ထွက်လာခဲ့စမ်း။ ရှောင်ကျင်!!! "
ကျွန်တော့ဆင့်ခေါ်သံနဲ့အတူပဲ အဖြူရောင်အလင်းတောက်ပလာပြီး ရှောင်ကျင်း ကျွန်တော့ရှေ့မှာပေါ်လာတယ်။ အပြင်မှာ ဘာတွေဖြစ်နေမှန်းမသိပဲ သူကတော့ ကျွန်တော့ပတ်လည်မှာ လှည့်ပတ်ပျံနေပါရော။ ဒီကောင် အိပ်ယာနိုးလာတာနေမှာ။
" ရှောင်ကျင်း... မြန်မြန် အဲ့ငနဲကို တိုက်စမ်း "
ကျွန်တော် ရှောင်ကျင်းကို တိုက်ခိုက်ဖို့ စိတ်နဲ့ အမိန့်ပေးလိုက်ပါတယ်။
ရှောင်ကျင်းကလဲ ဟိုင်ရီကို ကြည့်ပြီးတော့ အလင်းမြှားနဲ့ ပစ်လိုက်ရော။
ဟိုင်ရီ ခေါင်းကိုက်သွားပြီ။ သူမှာ ဘာမှော်စွမ်းအားမှမရှိတော့ဘူးလေ။ သူနာနာကျင်ကျင်နဲ့ ပဲ..
" လူဇိုးလေး။ မင်းမှာရှိသလို ငါ့မှာလဲ မှော်သားရဲတစ်ကောင်ရှိတယ်ကွ ... "
ဟိုရီလေစွမ်းအင်မန္တန်ကိုသုံးပြီး မှော်ဆန်ဆန် သူ့မှော်သားရဲကိုခေါ်ထုတ်လိုက်ပါလေရော။
အာ .... ဒါကြီးက အနီရောင်းမီးကျားကြီးဗျ။ ဘယ်လောက်တောင်အစွမ်းထက်လိုက်သလဲ။ သူက အဆင့်(၆)မှော်သားရဲကြီး ဖြစ်မယ့်ပုံပဲ။ မကောင်းတော့ဘူး။ ဒင်းထွက်လာမှ သူ့မှာလဲ မှော်သားရဲတစ်ကောင်းရှိတယ်ဆိုတာသိတာ။ ကျွန်တော် ရှောင်ကျင်းကို အမြန်ဆုံးပြန်ခေါ်ရမယ်။
ရှောင်ကျင်းကို ပြန်ခေါ်ဖို့ စဉ်းစားမိချိန်မှာပဲ ကိစ္စတစ်ခု ဖြစ်သွားပါလေရော။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား