← Chapters

တပည့်အဖြစ်လက်ခံခြင်း

Vol. 2 Ch. 27

တပည့်အဖြစ်လက်ခံခြင်း

Vol. 2 Ch. 27

ကျွန်တော် ပြန်နိုးလာတော့ အလှဆင်ထားတာတွေ ဘာတွေ ဘာမှမရှိဘဲ အရမ်းရိုးရှင်းတဲ့ အိပ်ခန်းတစ်ခုထဲ ရောက်နေတယ်ဗျ။ ကျွန်တော် ဘယ်ရောက်နေ ပါလိမ့်။ ရှောင်ကျင်း၊ ရှောင်ကျင်းရော ပြန်ကောင်းပြီလား။ ကျွန်တော် ချက်ချင်းကြည့်လိုက်မိတယ်။ ကံတော့အကောင်းသား၊ ရှောင်ကျင်း ကြည့်ရတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရပေမယ့် အရမ်းကို သိသာထင်ရှားတဲ့ အသက်စွမ်းအားတွေ ကျွန်တော်ခံစားမိနေတယ်။ ငါ့ရှောင်ကျင်းလေး နောက်ဆုံးတော့ မင်းပြန်ရှင်လာပြီပေါ့ကွာ။ ဘာမှမသိလိုက်ခင်မှာပဲ ကျွန်တော် မျက်ရည်တွေ အလိုလို ကျမိနေပါရော။

အဲဒီအချိန်မှာပဲ ကျွန်တော့နှလုံးသားက အရမ်းအေးချမ်းသွားသလို ခံစားလိုက်ရတယ်။ ကျွန်တော့ ဘဝသက်တမ်းရဲ့ အသက်စွမ်းအား တစ်ဝက်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး လုံးဝကို ဂရုမစိုက်တော့တာ။

တံခါးဘက်ကနေ အသံတစ်ခုကြားရပြီးတော့ မှော်ဆရာအိုကြီး ဝင်လာတယ်ဗျ။

“ မင်း နိုးလာပြီပေါ့ .. ”

“ ဟုတ်ကဲ့၊ ဒါနဲ့ အခု ဘယ်နေရာ ရောက်နေတာလဲဗျ.. ”

“ ဒါ ငါ့အိပ်ခန်းလေ။ မင်း ဒီမှာ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး အနားယူလို့ရပါတယ်ကွ။ လောလောဆယ် မင်းဗိုက်ဆာနေရောပေါ့။ ငါတို့စားဖို့ တစ်ခုခု သွားလုပ်လိုက်အုံးမယ်။ ”

“ ကျေးဇူးတင်ပါတယ်ဗျ .... ”

စိတ်ထဲမှာ အဲဒီအဖိုးကြီးကို တကယ်ကြီးကျေးဇူးတင်မိတာပါ။ သူသာမရှိရင် ရှောင်ကျင်း ကျွန်တော့ဘဝထဲ ပြန်ရောက်လာမှာ မဟုတ်တော့ဘူးလေ။

မကြာပါဘူး မှော်ဆရာအိုကြီးက စားစရာတွေ တစ်ပုံတစ်ခေါင်း သယ်လာတယ်။ ကျွန်တော်ကလဲ မဝမချင်း လွေးတော့တာပေါ့။ လောလောဆယ် ကျွန်တော့ စိတ်ပျော်ရွှင် နေတော့ စားချင်စိတ်ကလဲ သိတဲ့အတိုင်းပေါ့။ စားစရာတွေကလဲ အရမ်းကောင်းနေတာကိုး။ ဟီး ... ဟီး။

“ ဖြည်းဖြည်းစားပါကွ၊ နင်လဲနေအုံးမယ် ... ဟား.. ဟား... ”

“ ကျွန်တော် အိပ်ပျော်နေတာ ဘယ်လောက်ကြာသွားပြီလဲဗျ။ ”

“ (၇) ရက် ”

“ အာ .. အဲလောက်တောင် ကြာသွားတာလား... ”

“ ဒါ အရမ်းမြန်နေသေးတာကွ။ မင်းရဲ့ မှော်ပညာလေ့လာအား အခံ ကောင်းလို့ပေါ့ကွာ။ ငါ့ခန့်မှန်းချက်ဆိုရင် မင်းပြန်နိုးဖို့ (၁၀)ရက်လောက် လိုမှာ။ ”

“ ဒါကြောင့် ကျွန်တော် အရမ်းဗိုက်ဆာနေတာကိုး။ တော်တော်ကြာကြာကြီး အိပ်ခဲ့တာပဲ။ ဒါနဲ့ စကားမစပ် အဖိုးနာမည် ကျွန်တော်မသိသေးဘူးဗျ။ ”

“ ငါ့နာမည် လောင်လွင်တိ ”

“ ကျွန်တော်က ကျန်းကုန်းဝေပါ ”

“ ငါ မင်းကို ထပ်မေးရအုံးမှာပဲ။ ငါ့ကို မင်းရဲ့ ဆရာသခင်အဖြစ်သတ်မှတ်ပြီး ငါ့အလင်းမှော်ကို ပညာအမွေမခံချင်ဘူးလားကွ။ ”

အဖိုးကြီးက ဒီဘူတာဆိုက်လာပြန်ပြီဗျ။ ကျွန်တော် ခဏစဉ်းစားကြည့်လိုက်ပြီး..

“ ကျွန်တော် ဆန္ဒရှိပါတယ်။ ”

“ မင်းကိုဖိအားပေးဖို့အတွက် မင်းရဲ့မှော်သားရဲကို ကူခဲ့တာမဟုတ်ဘူးနော်။ ဒါတော့ မင်းရှင်းရှင်းလင်းလင်း သိထားအုံး။ ဒီကိစ္စကို မင်းသဘောဆန္ဒအလျောက် လက်ခံတာပဲ ငါလိုချင်တယ်။ ”

“ ဆရာတိ။ ဒီကိစ္စက ကျွန်တော့ စိတ်အလိုကျအတိုင်းပါပဲ။ ဆရာက အရမ်းအစွမ်းထက်တယ်လို့ ကျွန်တော် ခံစားမိနေတယ်။ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကနေပြီး ကျွန်တော် အရမ်းအားနည်းနေသေးတယ် ဆိုတာ သင်ခန်းစာရလိုက်တယ်။ ကျွန်တော် သန်မာလာချင်တယ်။ ”

“ လုပ်စမ်းပါအုံး။ ဘာကြောင့်မင်းက သန်မာချင်ရတာတုံးကွ ... ”

“ ကျွန်တော့ မိသားစု၊ ကျွန်တော့ သူငယ်ချင်းတွေကို ကာကွယ်ဖို့ ကျွန်တော့ ကိုယ်ပိုင်ခွန်အားကိုပဲ အားကိုးချင်တယ် ”

“ သိပ်ကောင်းတယ်ကွ။ မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်ပြီ။ မင်းက ငါ့ရဲ့ တစ်ဦး တည်းသောတပည့်ဖြစ်သလို၊ ငါ့ရဲ့ နောက်ဆုံးတပည့်ဆိုလဲ ဟုတ်တယ်။ ”

“ ဆရာ့ရဲ့ တပည့်ဖြစ်ဖို့ ဘယ်လိုစံနှုန်းတွေ ရှိနေလို့လဲ။ ”

“ လက်ရှိမှာ အလင်းမှော်ပညာကို သင်ချင်၊ တတ်ချင်တဲ့သူတွေ အရမ်းရှားတယ်ကွ။ တကယ် အရည်အချင်းရှိတဲ့သူတွေလဲ ရှားတယ်လေ။ ဒါကြောင့် မင်းကို ငါ့ဆီ တပည့်ခံစေချင်တာ။ ”

“ ဒါဆို ဆရာကျွန်တော့ကို စမ်းသပ်တာတွေ ဘာတွေ မလုပ်တော့ဘူးလား။ အစွမ်းထက် မှော်ဆရာတွေက သူတို့ တပည့် ရွေးတော့မယ်ဆိုရင် စမ်းသပ်မှုတွေ အမျိုးမျိုး လုပ်တတ်ကြတယ်လို့ ပထမဆရာက ပြောပြထားဖူးတယ်။ ”

“ လူမိုက်လေး။ မင်းနဲ့ မင်းမှော်သားရဲ ဖြစ်ပျက်ခဲ့မျှ အဖြစ်အပျက်တွေက မင်းအတွက် အကောင်းဆုံး စမ်းသပ်မှုကြီးပေါ့ဟ။ ”

“ ကျေးဇူးတင်ပါတယ် ဆရာ။ နောက်နောင် ဆရာ့လက်အောက်မှာ မှော်ပညာကို သေချာလေ့လာပါ့မယ်။ ကျွန်တော် အရင်က အရမ်းအပျင်းထူခဲ့ပေမယ့် ဒီတိုက်ပွဲက သင်ခန်းစာက ကျွန်တော့ကို လှုပ်နှိုးခဲ့သလိုပဲ။ ခွန်အားကသာ ကိုယ့်ကိုကိုယ်ရော တခြားသူတွေကိုပါ ကာကွယ်နိုင်လိမ့်မယ်။ ”

“ မင်းတွေးနေတာတွေက တော်တော် ကောင်းတာပဲ။ ခုလိုကျ မင်းက လူကြီးပေါက်စလေး တစ်ယောက်လို ပါလားကွ.. ဟေ၊ ဟား.... ဟား.... ”

“ ဆရာ... ကျွန်တော်တို့ ဘယ်အချိန် စသင်မှာလဲဗျ... ”

“ ကြည့်စမ်း... မင်းအရမ်းကို စိုးရိမ်လွန်နေတာပဲ၊ ခုကိုပဲ တိုးတက်ချင် နေပြီ။ တကယ်ဆိုရင် ငါကမင်းထက် ပိုမြန်ချင်တာပေါ့ကွာ။ ဒါပေမယ့် ငါတောင်းဆိုစရာ တစ်ခုရှိသေးတယ်ကွ။ ဒါက မင်းအနေနဲ့ ဒဏ္ဍာရီမှော်ဘိုးဘေး အဆင့်ရောက်တဲ့ထိ ကြိုးစားစေချင်တာပဲ။ မင်းအဲဒီလိုအဆင့်ရောက်မှ ငါလဲ မှော်ဘိုးဘေး ဖြစ်လာမှာလေ။ ”

"ဟဲ ဟဲ... ဒီလိုပဲဖြစ်လာရမှာပါဆရာ။ ဒါနဲ့ ကျွန်တော် အတန်းမတက်ဖြစ်တာ ရက်အရမ်း ကြာနေပြီ။ ကျွန်တော်... ဘယ်လိုလုပ်ရမလဲ။ ”

“ အော်.. ဒါလား... ငါဖြေရှင်းပေးထားပြီးပြီ။ မင်းဒီမှာပဲ အေးအေးဆေးဆေး နှပ်နေလို့ရတယ်။ ”

“ ကျောင်းက အဲလောက်တောင် သဘောကောင်းတာလား.... ”

“I forget to tell you, I am the headmaster of the Royal Intermediate Magic Academy. Hehe.” Teacher Di revealed a devious smile.

“ အော်... ငါမင်းကိုပြောပြဖို့ မေ့နေတာ ရှိသေးတယ်။ တကယ်တော့ ဒီတော်ဝင် အထက်တန်း မှော်ပညာကျောင်းရဲ့ ကျောင်းအုပ်ကြီးက ငါပဲကွ။ ”

“ ဘယ်... ဘယ်လို... ဒါ... ဒါဆိုရင် ဆရာ့အဆင့်က ဘယ်အဆင့်ရောက်နေပြီလဲ... ”

“Magister. I’m also the honorary vice-president of the Magic Union. How about that, am I capable of being your teacher?”

“ မှော်ပညာရှိအဆင့်။ ဒါ့အပြင် မှော်ပညာ အစည်းအရုံးရဲ့ ဂုဏ်ထူးဆောင် ဒုဥက္ကဌ ဆိုလဲဟုတ်တယ်။ ဒီလောက်ဆိုရင်တော့ မင်းရဲ့ဆရာအဖြစ် အရည်အချင်းမှီလောက်တယ် မို့လားကွ... ဟေ.. ”

“ အိုက်ယား.... ဆရာက အရမ်းအစွမ်းထက်တာပဲ။ ဒါဆိုရင် ဆရာက တိုက်ကြီးရဲ့ ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်ပေါ့။ ”

“ မှန်တယ်... ထိပ်သီး မှော်ပညာရှိ ဆယ်ယောက်ထဲမှာ ငါက နံပါတ် (၄) ပေါ့ ”

ဆရာတိ ပြောရင်းနဲ့ သူ့မျက်နှာမှာ နောင်တတရား အရိပ်တွေထင်ဟပ်လာတယ်ဗျ။

“ ဆရာ စိတ်ပျက်စရာမလိုပါဘူး။ ဆရာက အခုကိုပဲ အရမ်း သန်မာနေပြီလေ။ ပြီးတော့ ဆရာက စတုတ္ထအဆင့်ပဲရှိပေမယ့် အနာဂတ်မှာ နံပါတ်တစ် ကျောင်းသားရဲ့ ဆရာအရင်း ဖြစ်လာမှာလေ။ အများကြီး ဂုဏ်ရှိပါတယ်ဗျာ... ဟီး... ဟီး... ”

“ ဟေ... တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ် ကျောင်းသား ဟုတ်လား... အဲဒါ ဘယ်သူလဲဟ... ”

ကျွန်တော် ကိုယ့်ကိုကိုယ်လက်ညှိုးထိုးပြီးတော့..

“ ကျွန်တော်လေ... ဟီး... ”

ရုတ်တရက် ဆရာတိမျက်နှာက မစားကောင်းတဲ့အသီးကို စားမိလိုက်သလိုမျိုး သစ်အယ်သီးပုတ်အရောင် ဖြစ်လာပါရော။

“ မင်း... မင်း.. တော်တော် အရေထူတဲ့အကောင်ပဲကွ၊ ဟင်။ မင်းက ငါ့အတွက် အကြီးအကျယ် ကြိုးစားမယ်ပေါ့လေ၊ ဟုတ်လား။ ငါ့ သင်ကြားနည်းတွေက အရမ်း တင်းကြပ်တယ်နော်။ မင်းကြောင့် ငါ့မျက်နှာ မပျက်ရရင်ပဲ အတော်ဟုတ်နေပါပြီကွာ။ ဟား...ဟား...ဟား။ ”

ကျွန်တော် သူ့ဆီကနေ ဘာပညာမှ မသင်ဘူး သေးပေမယ့် ဆရာတိ ပုံစံကိုကြည့်ရတာတော့ အရမ်းကြင်နာတတ်ပြီး ပျော်ပျော်နေတတ်တဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ နားလည် နေတယ်လေ။ ဆိုတော့ သူ့အနေနဲ့ ကျွန်တော့ အပေါ်ကို ဟိုနတ်ဆိုးအိုကြီးလို သင်ပေးလိမ့်မယ် လို့တော့ မထင်ပါဘူးဗျာ။ ကျွန်တော် စိတ်အားထက်သန်စွာနဲ့ပဲ...

“ ကျွန်တော် ဆရာ့ကိုစိတ်မပျက်စေရပါဘူး။ ဒါကြောင့် စိတ်ချနေလို့ရပါတယ်... ”

“ မင်း ကျောင်းထဲကို အတန်းသွားတက် စရာမလိုတော့ဘူး။ မင်းရဲ့ အတန်းပိုင်တွေကို ငါပြောထားပြီးပြီ။ ဒီတော့ အခုချိန်ကစပြီး မင်းဒီမှာပဲနေရလိမိ့မယ်။ ဒီမှာပဲ ငါ မင်းကို မှော်ပညာတွေသင်ပေးမယ်။ ခုချိန်ကစပြီး ဟိုင်ရီကိုလဲ အပြစ်တင်မနေသင့်တော့ဘူး။ သူလဲ ဖြစ်သွားတဲ့ ခြေအနေတွေ ကို မထိန်းနိုင်လိုက်ဘူး။ ဒါ့အပြင် မင်းမှော်သားရဲ ပြန်ရှင်လာတာ တခြားသူတွေကို မင်းပြောလို့မဖြစ်ဘူး။ ရှောင်ကျင်း သေသွားပြီဆိုလို့ပဲ သူတို့ ထင်ထားကြပါစေ။ မင်းသူ့ကို ထုတ်မပြခင် သူ့ကိုယ်သူ ကာကွယ်နိုင်ပြီဆိုတဲ့ အချိန်ထိ စောင့်လိုက်အုံး။ ”

“ ဟုတ်ကဲ့ပါဆရာ။ ရှောင်ကျင်းလဲ တကယ် မသေသေးတော့ ဟိုင်ရီကို အပြစ်တင်မနေတော့ပါဘူး။ အမှန်ဆိုရင် ဘယ်သူမပြု မိမိမှုပဲလေ။ ရှောင်ကျင်းကို ခေါ်ထုတ်လိုက်တာက ကျွန်တော်ကိုယ်တိုင်ပဲကိုး။ ”

“ ဒါဆိုရင် မင်းဒီမှာ ကောင်းကောင်း အနားယူလိုက်အုံး။ ခုချိန်မှာ မင်းခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်။ မင်းဘဝရဲ့ အသက်စွမ်းအင် ထက်ဝက်ကို မင်း သုံးလိုက်ပြီးပြီလေ။ ငါမင်းကို ကုစားဖို့ အဆင့်မြင့် အလင်းမှော်ပညာတွေတောင် သုံးကြည့်ပြီးပြီ။ ဒါပေမယ့် ထိရောက်တဲ့ပုံမပေါ်ဘူး။ အနာနဲ့ဆေး လွဲကုနေတာလဲ ဖြစ်နိုင်တယ်။ အခုချိန်မှာ ဘာမန္တန်တွေ သုံးဖို့ကျန်သေးလဲ ဆိုတာတောင် ငါမမှတ်မိတော့ဘူး။ ”

ဆရာတိ ဝမ်းပမ်းတနဲကို ပြောနေတာဗျ။

“ ဆရာ... ကိစ္စမရှိပါဘူးဆရာ။ ဒါတွေက ကျွန်တော်ကိုယ်တိုင် လုပ်ထားတာတွေပဲလေ။ ဖြစ်လာသမျှအားလုံး ကျွန်တော်ရင်ဆိုင်ပါ့မယ်။ ”

“ ကျန်းကုန်း... မင်းက တကယ့်ကို လူတော်လေးပါပဲ။ ဒါနဲ့ နေစမ်းပါအုံး မင်း အိပ်နေတုန်းက အလင်းဒြပ်စင်တွေ စုလာတဲ့ အရှိန်အဟုန်က အရမ်းကို ဩချရလောက်ပါလားကွ ”

ဆရာတိ မေးလာတော့ ကျွန်တော် နည်းနည်းတော့ ရှက်သွားသေးတယ်။ ဒါနဲ့ပဲ ငုတ်တုတ်(အိပ်ရင်း) ကျင့်ကြံနည်းကို အစဆုံး ဇာတ်ရည်လည်အောင် ရှင်းပြလိုက်ရပါရောဗျာ။

“ မင်းက မကောင်းဆိုးဝါးလေးပဲ။ ငါမင်းကို လူထူးဆန်းလို့ခေါ်ရမလား၊ ငပျင်းလို့ ခေါ်ရမလားတောင် မသဲကွဲတော့ဘူး။ အလင်းဒြပ်စင်ရဲ့ သဘောတူချက်ကို မတော်တစများ ရခဲ့ရတယ်လို့။ ငါဆို အသက်(၆၀)လောက်မှ ရတာဟ... လခွမ်း.... ”

ဆရာတိပြန်သွားတဲ့အထိ ကျွန်တော် တစ်ယောက်တည်း ရယ်လို့ကောင်း ကျန်နေခဲ့တာပေါ့ဗျာ။

အဟီး... ခစ်.. ခစ်..ခစ်. ခစ်။

==========(*^*)==========

အပိုင်း(၂၈) မျှော် ...

မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်

ဘာသာပြန်သူ- ငတက်ပြား

All Chapters