ပထမဆုံးသောရွှေအမြူတေ
Vol. 2 Ch. 29
“ ဒါ မှော်စွမ်းအား သိပ်သည်းခြင်းနည်းလမ်း သုံးထားလို့ ပေါ်နေတာ။ အလင်းဓါတ်က မင်းခန္ဓာကိုယ်ကို စပြုပြင်ပေးနေပြီ။ ထပ်ပြောရရင် မင်းရဲ့ ပုံစံက ဒါကို ပိုတောင် သိသာနေသေး။ တစ်ယောက်နဲ့ တစ်ယောက် မှော်ပညာတွေ လေ့လာတာ မတူကြတော့ လေ့လာတဲ့ ဒြပ်စင်အလိုက် ခန္ဓာကိုယ် အမျိုးအစားတွေကတော့ မျိုးစုံပေါ့ကွာ။ ဒါကို သက်သက်ပြကြကြေးဆိုရင် ကိုယ်ရောင်ကိုယ်၀ါ၊ အရောင်အတူ တာနဲ့ ခွဲခြားလို့ရတယ်ကွ။ ဥပမာဆိုပါဆို့။ မီးမှော်ဆိုရင် အနီရောင်ကွာ။ ရေမှာ်ဆို အပြာ၊ မြေမှော်က အဝါ၊ လေမှော်ကျ စိမ်းပြာရောင်ဆိုပြီး ကွဲသွားကြရော။ မင်းတို့ ငါတို့လို အလင်းမှော် စွမ်းအင်ကျင့်ကြံသတွေကျတော့ အဖြူရောင် ပေါ့ကွာ။ အခု မင်းတစ်ကိုယ်လုံးမှာ အဖြူရောင် အလင်းလွှာ ပါးပါလေးလို ဖုံးထားပြီဆိုရင် သေချာတယ် မင်းရဲ့ မှော်စွမ်းအား တွေကို သိပ်သည်းခြင်း အောင်မြင်လို့ပဲ။ ဒိလိုလူမျိုး ပေါ်လာတိုင်း မှော်အစည်းအရုံးက သေချာလျှို့ဝှက် စောင့်ကြည့်ပြီး အဆင့်တန်းကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိမ့်မယ်။ အခုလို မှော်စွမ်းအင် သိပ်သည်းခြင်း အောင်မြင်ခဲ့သူတွေထဲမှာ သေချာတယ် မင်းက အငယ်ဆုံးကျင့်ကြံသူတောင် ဖြစ်လိမ့်မယ်ထင်တယ်။ ဒီနှစ်ဆို မင်း (၁၁)နှစ်ပြည့်ပြီလား ”
“ အမှန်ပဲ။ ဒီနှစ်မှာ ကျွန်တော့အသက် (၁၂) နှစ်ပြည့်ပြီ။ ဆရာတိကရော ”
“ ဒီဖေကိုယ်က ဘယ်အသက်အရွယ်မှာ မှော်စွမ်းအင် သိပ်သည်းခြင်း အောင်မြင်ခဲ့တယ်ထင်လဲ။ အဲဒါ ငါ့အသက်(၆၀)မှာ။ ဒါတောင် တစ်တိုင်းပြည်လုံး တုန်လှုပ်သွားသေးတယ်။ တိုက်ကြီးတစ်ခုလုံးရဲ့ အမြန်ဆုံး ဂုဏ်ထူးဆောင်မှော်ဆရာဖြစ်တဲ့ တိနိုင်လွင် (Di Nuo Lun= တိနို့လွင် အား မှတ်ရလွယ်စေရန် တိနိုင်လွင်ဟု သုံးနှုန်းသည်) ကလွဲရင် ငါက အမြန်ဆုံးပဲ။ သူက အသက်(၂၀)မှာ သူမှော်စွမ်းအားကို သိပ်သည်းနိုင်ခဲ့လို့ အမြန်ဆုံး ဂုဏ်ပုဒ် ရခဲ့တာပဲ။ ”
“ ဒါဆို ကျွန်တော်က ဘာလို့ဒီလောက်တောင် မြန်သွားရတာလဲ။ ”
“ ဘာကြောင့်လဲဆိုတာ ငါလဲ နားမလည်နိုင်သေးဘူး။ အလင်းဒြပ်စင်တွေရဲ့ အသိအမှတ်ပြုခံထားရလို့ ဖြစ်နိုင်တာပဲလေ။ ”
“ အလင်းစွမ်းအားတွေအကုန်လုံးကို သိပ်သည်းဖို့ဆိုရင် ဘယ်လောက်လောက် ကြာနိုင်လဲ။ ”
“ အတိအကျတော့ ပြောလို့မရဘူးကွ။ မှော်စွမ်းအား သိပ်သည်းခြင်းက အစပိုင်းမှာ အရမ်းခက်တယ်လေ။ ကိုယ်တိုင် နားလည်ဖို့လိုတာကိုး။ ဒါကြောင်လဲ ငါမင်းကို သင်မပေးတာပေါ့။ နားလည်သွားရင်တော့ အရှိန်က မြန်လာရော။ မနားမနေ ကြိုးစားမယ်ဆိုရင် တစ်လအတွင်း ပြီးလောက်တယ်။ ”
“ ဆရာတိ .. ဒါဆိုရင် သိပ်သည်းခြင်းကို အကုန်ပြီးသွားရင်ရော ဒီအလင်းဒြပ်စင်တွေက ကျွန်တော်မခေါ်ပဲနဲ့ ခုလိုပဲ အလွှာပါးပါးလေးလို ပေါ်နေအုံးမှာလား။ ”
“ စိတ်အေးအေးထားပါ။ အဲလိုမဖြစ်ပါဘူး။ မင်းမှော်စွမ်းအားတွေ အကုန်လုံးသိပ်သည်း ပြီးသွားရင် နဂိုက အတိုင်းပြန်ဖြစ်သွား လိမ့်မယ်။ ဒါက အခုနေပဲ ပေါ်နေမှာပါ။ ”
“ အိုး.. ဒါဆိုရင် ကောင်ပါတယ်။ ဒါနဲ့ ဆရာတိ ကျွန်တော်က မှော်အစည်းရုံး စစ်ဆေးမှု ခံရအုံးမှာလား။ ”
ဆရာတိ ခဏလောက် စဉ်းစားပြီးမှ...
“ မင်းမှော်ပညာ အခြေခံက အားနည်းနေသေးတော့ ခုနေမလုပ်သေးတာ အကောင်းဆုံးပဲ။ မင်းသာ မှော်အစည်းရုံး စစ်ဆေးမှုခံလိုက်မယ်ဆိုရင် ဟိုးဟိုးကျော် နာမည်ကြီးသွားမှာ။ ဒါဆိုရင် မင်းတော်တော် ပင်ပန်းလိမ့်မယ်။ မင်း မှော်ပညာကို နည်းမှန်လမ်းမှန်နဲ့ မှန်မှန်လေး လေ့ကျင့် နိုင်မယ်လို့တော့ မျှော်လင့်ရတာပဲ။ မင်းသာ မှော်စွမ်းအားတွေအကုန်လုံးကို သိပ်သည်း ထားလိုက်ပြီဆိုရင် မင်းအဆင့်ကလဲ မှော်ပညာရှင် အဆင့်နားထိ ရောက်သွား လိမ့်မယ်။ ဒီအဆင့်ကို အသက်(၁၂) နှစ်နဲ့ရောက်နေတဲ့ ကလေးဆိုပြီး တစ်နိုင်လုံးက စောင့်ကြည့်လာကြလိမ့်မယ်။ ”
“ ဟုတ်တယ်… ဒါအမှန်တရားပဲ။ ကျွန်တော်လဲ ဆယ်လီမဖြစ်ချင်ပါဘူး။ ”
ဝင်ခွင့်စစ်ဆေးပွဲမှာ ပထမရခဲ့တုန်းက အချိန်ကို ပြန်မြင်ယောင်မိတိုင်း ရင်ထဲမှာ ကြောက်နေတုန်းပဲ။ (ဒါပေမယ့် နောင်အနာဂတ်မှာတော့ တိုက်ကြီး တစ်တိုက်လုံးရဲ့ နာမည်အကြီးဆုံး ဆယ်လီတစ်ယောက် ဖြစ်လာမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ.. နော့လေ…)
“ ဒီလအတွက်တော့ မင်းမှော်စွမ်းအားတွေကို သိပ်သည်းဖို့ တစ်ခုပဲလုပ်။ အတန်းထဲ ပြန်ရောက်သွားရင် ဒီကိစ္စ တခြားသူတွေ သိသွားလို့မဖြစ်ဘူး။ မင်းမှော်စွမ်းအားတွေ သိပ်သည်းပြီးတာနဲ့ မင်းမှော်နဲ့ သင်တော်တဲ့ ကျင့်စဉ်တွေ ငါစသင်ပေးမယ်။ ဒါတွေ ပြိုင်ပွဲကျ မင်းသုံးလို့ရတာပေါ့။ အစကတော့ မင်းမှော်စွမ်းအား မြန်မြန်သိပ်သည်းနိုင်အောင်၊ နည်းလမ်းမြန်မြန် သဘောပေါက်အောင် ကျင့်စဉ်တစ်ခုခု သင်ပေးပြီး စခိုင်း ရကောင်းမလား စဉ်းစားနေတာ။ ပါရမီရှင် တစ်ယောက်ကို သင်ပေးခွင့်ရလိမ့်မယ်လို့ ထင်မထားမိဘူး။ ကျောင်းသား တစ်ယောက်က ဒီလောက်တောင် အရည်အချင်းရှိ နေတာလား။ ”
ဝိုး...။ တခြားမဖြစ်နိုင်ဘူး။ ကျွန်တော် အံ့ဩစရာ ကောင်းလောက်အောင်ကို ကျွန်တော့ထက် လွှမ်းမိုးနိုင်စွမ်းရှိတာပဲ။ ကျွန်တော့ ဆရာသခင်ဖြစ်ထိုက်တယ်။ စကားတစ်ခွန်း တစ်ခွန်း နှစ်ထောင်းအားရစရာကြီး။
“ ဆရာ။ အဲ့ပါရမီရှင်က ကျွန်တော်များ ဖြစ်နေလားလို့ ။ အဟီး... ”
မထင်မှတ်ဘဲ ဆရာတိမျက်နှာကြော တင်သွားပြီးတော့…
“ ဘာလဲကွ..။ ငါ့ရဲ့ ဖြူဖြူစင်စင်နဲ့ ခေါ်ခဲ့ရတာတွေ၊ ငါ့ရဲ့ ဂရုတစိုက် လမ်းညွှန်မှုတွေ မပါရင် မင်းဒီလို မြန်မြန်နားလည်နိုင်မယ် ထင်နေလားကွ။ မင်း.. မင်း.. ငါကိုဒေါသထွက်အောင် လုပ်နေတာလားကွ.. ဟမ်။ ”
ဆရာတိ ရှူးသိုးသိုးနဲ့ ကျွန်တော့ကို ကြည့်နေပါလေရော။
“ ဟုတ်တယ်.. ဟုတ်တယ်… ဆရာ့ရဲ့ လမ်းညွှန်မှုတွေ၊ ဆရာ့ရဲ့ အရမ်းကောင်းတဲ့ လမ်းညွှန်မှုတွေကြောင့် ကျွန်တော် တိုးတက်လာတာပါ။ ”
မတတ်နိုင်ဘူးဗျာ။ ကျွန်တော့ အနာဂတ်အတွက် ဒီလူကြီးကို ချော့ဖို့ တစ်နည်းပဲရှိတော့တယ်လေ။ မဟုတ်ရင် မနေ့ကလိုမျိူး ပုံပြင်တွေ လျှောက်ပြောနေအုံးမှာ။ ဘာဖြစ်ဖြစ်ပါ ဒီနည်းလမ်းပဲ ကောင်းပါတယ်လေ.. နောဗျာ။ ဟွင့်။
“ ဒီလိုသိထားတာ အကောင်းဆုံးပဲ။ အခု မင်း ကျင့်စရာရှိတာ သွားကျင့်ပေတော့။ ငါသွားတော့မယ်။ ”
ဆရာတိရဲ့ ဒေါသတကြီး ထွက်သွားတဲ့ ပုံစံကိုကြည့်ပြီး ကျွန်တော် မတတ်သာသလို ခံစားလိုက်ရတယ်။ တော်ပြီ သူ့ကို စိတ်ထဲမထားပဲ ကျင့်ကြံတာပဲ လုပ်တော့မယ်။ ပုံမှန်ဆိုရင်တော့ ဆရာတိက တကယ်ကို လူတော်လူကောင်းကြီးပါ။ အနည်းဆုံးတော့ ကျွန်တော့ကို အပြစ်ပေးမှာ မဟုတ်ပါဘူးလေ။ သူလုပ်ခိုင်မှာက ကျွန်တော့ဘာသာ ကျွန်တော် သဘောပေါက် အောင် သုံးသပ်ခိုင်းဖို့ပဲရှိလိမ့်မယ်။
ကျွန်တော် ကုတင်ပေါ် တင်ပျဉ်ခွေထိုင်ပြီး လွင့်ပျံ့နေသမျှစိတ်တွေအကုန် ရှင်းထုတ် လိုက်တယ်။ ကျွန်တော့ ခန္ဓာကိုယ်ထဲက အလင်းဒြပ်စင်တွေရဲ့ တစ်ချို့တစ်ဝက်ကို ခွဲထုတ်လိုက်တယ်။ ပြီးတော့မှ ကျွန်တော့ အထက်ပိုင်းဒန်တျန်ထဲက ဓာတ်လုံးတစ်ခုလို ဖြစ်နေတဲ့ အလင်းအမြူတေထဲကို ပေါင်းပြီး ဖိသိပ်ထည့်လိုက်တယ်။ ပြီးမှ ဖြည်းဖြည်းချင်း စိတ်လျော့ချလိုက်တာပေါ့။ ကျွန်တော့ စိတ်ဝိညာဉ်ကိုပဲ သုံးပြီး အလင်းဒြပ်စင်တွေ ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့တာ။ လွင့်ပျံ့နေတဲ့ အလင်းဒြပ်စင်တွေက ရှိပြီးသား အလင်းအမြူတေထဲကို တဖြည်းဖြည်းချင်း ပေါင်းစည်းလာတယ်။ မဆိုးဘူးဟ။ ရလဒ် ပိုကောင်းနေတယ်။ အဟေး။
ကျွန်တော့ စိတ်ဝိညာဉ်စွမ်းအား မကုန်သေးဘူးဆိုတေ့ နည်းနည်းထပ်လုပ်လိုက် အုံးမယ်။ နောက်တခါ လွင့်ပျံ့နေတဲ့ အလင်းဒြပ်စင် နည်းနည်းထပ်ဖြည့်၊ ပြီးတော့ လုပ်လက်စ လမ်းစဉ်အတိုင်း ဆက်လုပ်၊ ဟုတ်နေတာပဲ။ အလင်းအမြူတေက မနေ့ကထက် နည်းနည်းပိုကြီးလာတယ်ဗျ။ ဒီတော့ အိပ်ချိန်ရောက်သွားပြီလေ။ ပင်ပမ်းလွန်းလို့ သေသွားပြီလားတောင် မှတ်ရပါတယ်ဗျာ။
ဆိုတော့.. ခုဏက ပြောခဲ့သလိုပဲလေ။ တစ်နေ့ တစ်နေ့ အစာစားချိန်၊ နောက်ဖေးသွားချိန်ကလွဲရင် အလင်းဒြပ်စင်တွေ ဖိသိပ်နေရတော့တာပါပဲ။ ကျွန်တော့ စိတ်ဝိညာဉ်စွမ်းအား ကုန်တဲ့အချိန် အိပ်ပျော်သွားမယ်။ (အလိုလို ကျင့်ကြံနေမယ်လေ.. အဟီး) အိပ်ယာက နိုးလာရင် အလင်းစွမ်းအားတွေ ပြန်ပြည့်နေပြီးသား။ ပြီးရင် မှော်စွမ်းအား သိပ်သည်းခြင်းဆိုတဲ့ သံသရာထဲ လည်နေတော့တာပေါ့။
အလင်းအမြူတေ ပိုပိုကြီးလာတာနဲ့အမျှ ကျွန်တော့ အဖြူရောင်အလွှာပါးလေးကလဲ ပိုပြီး တောက်ပ ပြင်းထန်လာတယ်။ ဆရာတိကလဲ နေ့တိုင်း ထမင်းလာပို့ရင်း ကျွန်တော့ကို လာလာစစ်တယ်ဗျ။ ဒါပေမယ့် ဘာမှတော့ အနှောက်အယှက်မပေးဘူး။ ဒီလိုအေးချမ်းတဲ့ ပတ်ဝန်းကျင်က ကျင့်ကြံဖို့ အကောင်းဆုံးဆိုတာ ပြောဖို့လိုသေးလို့လား။ နော့လေ။
အလင်းဒြပ်စင်တွေရဲ့ အသိအမှတ်ပြုခံရပြီး တဲ့နောက် အလင်းရဲ့ စစ်မှန်တဲ့ အနက်အဓိပ္ပါယ်ကို ကျွန်တော်တကယ်မသိပေမယ့် နားလည်နေသလိုလိုရှိတာကြောင့် ကျွန်တော့ရဲ့ အလင်းဒြပ်စင် သိပ်သည်းခြင်း အရှိန်အဟုန်က အရိုးရှင်းဆုံးပြောရရင် အံ့ဩစရာကြီး။
နောက်ဆုံးတော့ အရေးအကြီးဆုံးအချိန်ကို ရောက်လာပြီဗျ။ ကျွန်တော့ ခန္ဓာကိုယ်ထဲမှာ ရှိရှိသမျှ အလင်းဒြပ်စင်အားလုံးကို အခိုင်အမာ သိပ်သည်းပြီးသွားပြီလေ။ အခုအချိန်မှာ ကျွန်တော်က အလင်းဒြပ်စင်ရဲ့ အစိတ်အပိုင်း တစ်ခုလိုမျိုး ခံစားနေရတယ်။ ကျွန်တော့ တစ်ကိုယ်လုံးက အလင်းဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားသလိုပဲ။ ကျွန်တော့ ကိုယ်ထဲမှာရှိတဲ့ အလင်းဒြပ်စင်တွေမှာ သူတို့ရဲ့ ပျော်မြူနေတဲ့ ခံစားချက်တွေ ဖုံးလွှမ်းနေပါရော။ သူတို့ တော်တော်ကို ပြောင်းလဲလာတာ ကျွန်တော် အလိုလို ခံစားမိနေတယ်။
မမျှော်လင့်ပဲ ဓါတ်လုံးနဲ့တူတဲ့ အလင်းအမြူတေက တဖြည်းဖြည်း အရောင်မှိုင်းညို့လာတယ်။ အရင်က အရမ်းမာကြောတယ်လို့ ထင်နေရတာကနေ ခုဆို တဖြည်းဖြည်း ပျော့ပြောင်းလာတယ်။ ပြီးတော့ သူတို့က ကျွန်တော့ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့လာယုံတင်မကဘူး အရောင်ကလဲ ပိုပိုပြီး တောက်ပလာတဲ့ပုံပဲ။ မဟုတ်သေးဘူး။ ဒါမမှန်သေးဘူး။ အရောင်ကို ပြောင်းလာတာ။ အရင်က အဖြူရောင် အလင်းဒြပ်စင်ကနေ ရွှေရောင်ပြောင်လာတာ။ ဒါပေမယ့် ဒြပ်စင်အမြူတေရဲ့ အရွယ်အစားက ကျစ်သည်ထက်ကျစ်၊ သေးသည်ထက်သေးလာတယ်။ နောက်ဆုံးမှာ ခုနှစ်ကြိမ်လောက် သန့်စင်ထားတဲ့ ရွှေတုံးလေးလို ကျွန်တော့ အထက်ပိုင်း ဒန်တျန်ထဲမှာ လည်ပတ်နေပါရော။
ခုနေများ တစ်ယောက်ယောက် ကျွန်တော့ကို ကြည့်နေရင် ကျွန်တော့တစ်ကိုယ်လုံး အရမ်းသန့်စင်တဲ့ အဝါရောင်တွေ ဖိတ်ဖိတ်တောက်နေတာ တွေ့ရလိမ့်မယ်။
ကျွန်တော့ တစ်ကိုယ်လုံးမှာ အရမ်းနွေးထွေးနေသလို ခံစားနေရတယ်။ ခါတိုင်းလို အလင်းဒြပ်စင်တွေ စုပ်ယူဖို့လုပ်တော့ ဘယ်လိုပဲ လုပ်လုပ် မရဘူးဖြစ်နေတယ်။ ကျွန်တော် ဘာလို့ မလုပ်နိုင်ရတာတုန်း။ ဒါ နောက်ထပ် အတားအဆီး တစ်ခုလို့တော့ လာမပြောနဲ့နော်။
ကျွန်တော့ခန္ဓာကိုယ်က ပြောင်းလဲသွားတာ တင်မဟုတ်ဘူး ကျွန်တော့ကိုယ်ထဲက ရှောင်ကျင်းလဲ ပြောင်းလဲသွားတယ်လို့ ခံစားမိနေရတယ်။ ကျွန်တော့ ကိုယ်ထဲက အလင်းဒြပ်စင်တွေ ပြောင်းလဲသွားတာ သူလဲ တွေ့သွားပုံပဲ။ အိပ်ပျော်နေတာကနေ နိုးလာတဲ့အပြင် အရမ်းပျော်နေတဲ့ အသိတစ်ခုတောင် ကျွန်တော့ ပို့ပေးလာသေးတယ်။ ပြီးတော့ ကျွန်တော့ ကိုယ်ထဲက အလင်းဒြပ်စင်တွေကို သူစပြီး စုတ်ယူတော့တာပဲ။ ရှောင်ကျင်းလဲ အလင်းဒြပ်စင်တွေ စုတ်ယူလိုက်ရော ကျွန်တော့ ကိုယ်ထဲက ရွှေအလင်းအမြူတေက စလည်ပတ်လာပြီး ကျွန်တော့ တစ်ကိုယ်လုံးကို ပျံ့နှံ့လာရော။ နောက်ထပ် ပြင်ပက အလင်းဒြပ်စင်တွေ နောက်တခါ စစုပ်ယူပါလေရော။ တကယ်တော့ ရွှေအမြူတေက စွမ်းအင်တွေ စုပ်ယူနိုင်တယ်ဆိုတာ အမှန်တရားပဲလေ။
ရောင်ကျင်း စုပ်ယူလိုက်တာက တကယ်တော့ ကျွန်တော့ကိုယ်ထဲက ရွှေရောင် စွမ်းအင်တွေလေ။ ကျွန်တော့ စွမ်းအင်တွေ ပြန်ဖြည့်ဖို့အတွက် ရွှေအမြူတေက ကျွန်တော့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတာပေါ့။
========(*^*)========
အပိုင်း(၃၀) မျှော် ...
မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်
ဘာသာပြန်သူ- ငတက်ပြား..