ပြန်မြင် ရခြင်း
Vol. 9 Ch. 136
#ဘာသာပြန် = စနိုးဝှိုက်
တံခါးရဲ့ တစ်ခြားတစ်ဖက်မှာတော့ သေငယ်တဲ့ အခန်းတစ်ခန်း နဲ့ ပြတင်းပေါက်တစ်ချပ် ရှိနေခဲ့တယ်..။ဟတ်ပါ ကတော့ ညဘက်အချိန်မှာ ပြတင်းပေါက်ကို မဖွင့်ဖို့ သူတို့ကို သတိပေးခဲ့ပါတယ်..။သို့ပေမယ့် ဒီလိုနေရာမှာတော့..ဘယ်သူမှ
ရူခင်းကို ကြည့်ချင်ကြမှာ မဟုတ်ပါဘူး..။
ရဲတိုက်ထဲမှ ညဘက် မီးရောင် အနည်းငယ် ဖန်တီးတာကတင် ပြစ်မူ မြောက်နေပါပြီ..။ဒီအချက်ကိုတော့ သူ အတော်လေး အလေးထားပါတယ်..။ဒါပေါ့ လူငယ်လေးကတော့..ဆန်နီရော ကတ်စီရော အမှောင်ထဲမှာ လှုပ်ရှားဖို့ အလင်းရောင် မလိုအပ်ဘူးဆိုတာကို တော့ မသိပါဘူး..။
အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အိပ်ယာတစ်ခု ၊ သေတ္တာ တစ်လုံးနဲ့..သေးငယ်တဲ့ စားပွဲတစ်ခု ရှိနေခဲ့တယ်..။စားပွဲပေါ်မှာတော့..ရေအပြည့်ရှိနေတဲ့ အင်တုံ တစ်ခု ၊ သန့်ရှင်းတဲ့ အဝတ်အစားတစ်ချို့ နဲ့ ဆီ မီးအိမ် တစ်ခု ကို တွေ့လိုက်ရပါတယထ..။
အဲဒီမှာ ကြေးနဲ့လုပ်ထားတဲ့ မှန်အဝိုင်းတစ်ချပ်ကိုတောင် ထားပေးထားသေးတာပါ..။
ဆန်နီဟာ သူ့ရဲ့ ပုံရိပ်ကို ပြန်မြင်ပြီး ကိုယ်နဲ့မရင်းနှီးသလို ခံစားလိုက်ရတယ်..။
ဒီ နှစ်လအတွင်းမှာ..သူက အရိပ်ကနေ တစ်ဆင့် ကိုယ့်ကိုကို အကြိမ်များစွာ ပြန်မြင်ထားပေမယ့် ဒါကလုံးဝကို မတူပါဘူး..။
သူ အတော်လေး ပြောင်းလဲသွားတာပါ..။
သူ့ရဲ့ ငယ်ရွယ်နုပျိုမူတွေက..ဝင်္ကပါရဲ့ ကြမ်းတမ်းမူနဲ့အတူ ပျောက်ကွယ်သွားခဲ့ပါပြီ..။ဆန်နီ က အစောကတည်းကတော့ ရုပ်ရည်သိပ်ရှိတာ မဟုတ်ပါဘူး..။သူက အတော်လေး ပိန်ပြီး ဖြူဖျော့ခဲ့တာပါ..။မျက်လုံးတွေကလည်း အတော်လေးကို မောပန်းနေပုံပေါ်ခဲ့ပါတယ်..။အခုတော့ သူ့ရဲ့ အနက်ရောင် ဆံပင်တွေက..ရှည်လာခဲ့ပါပြီ..။
အပြောင်းလဲ ဆုံးကတော့ သူ့ရဲ့ မျက်လုံးတွေပါပဲ..။ဒါက နက်ရှိုင်းမူ ၊ တည်ငြိမ်မူ ၊ အေးစက်မူတွေ ပြည့်နေပြီး အရင်ကနဲ့ မတူတော့ပေ..။
သေချာကြည့်မိတော့မှ ဆန်နီဟာ..သူလည်း တိုက်ပွဲဝင် သူရဲကောင်းတစ်ယောက် ပုံစံ ပေါ်လာခဲ့ပြီး ဆိုတာ သတိထားမိပါတယ်..။သူ့မျက်လုံးထဲက အေးစက်တဲ့ တွက်ချက်မူ ပုံစံတွေက.. မြို့ပြင်မှာ ရှိနေတဲ့ လူသတ်သမား ဒဏ္ဍာရီ တွေနဲ့တောင် တူနေပါသေးတယ်..။
သူရဲကောင်းလေးနဲ့ နစ်ဖီ တို့လည်း ဒီလို အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားကြပါသေးတယ်..။ဒီအရာတွေကပဲ သူတို့ကို စစ်မှန်တဲ့ စစ်သည်တော် အဖြစ် တူစေတာပါ..။
တစ်ဖက်မှာတော့ ဆန်နီ က လူသတ်သမားတစ်ယောက်ရဲ့ မျက်လုံးပုံစံမျိုးရှိနေခဲ့တယ်..။
မျက်လုံးရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာတော့..ဝီဗာရဲ့ ဆက်ခံသူ အမှတ်အသားဖြစ်တဲ့ ရွှေရောင် အမျှင်တန်းလေး ဆန်းကျယ်စွာ ပေါ်နေတာကို သူတစ်ယောက်တည်း မြင်ရပါတယ်..။
ဆန်နီ ..သူ့ပုံကို ပြန်ကြည့်နေရင်းနဲ့ ပြုံးလိုက်ပြီး ထူးဆန်းစွာ ပြောလိုက်တယ်..။
"ရုပ်ချောလာတယ် ဆန်းလပ်စ် "
***
သူ့ရဲ့ အရိပ်ကို ကတ်စီရဲ့ အခန်း ပေါက်ဝမှာ ကင်းစောင့် ခိုင်းလိုက်ပြီး ကုတင်ပေါ်လဲလျောင်းကာ အိပ်ဖို့ကြိုးစားလိုက်ပါတယ်..။
ဒီလို လုံခြုံတဲ့ ရဲတိုက်ပေါ်မှာ..ကိုယ်ပိုင်အိပ်ယာ အစစ်နဲ့ အိပ်နေရတဲ့ ပုံက..လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြောက်မက်ဖွယ်ရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတယ် ဆိုတာကိုတောင် ယုံကြည်ရခက်ခဲစေပါတယ်..။
ဒါတွေ အားလုံးက အိပ်မက်တစ်ခုလိုပဲ..။
'ဒါက သိပ်တော့ မဆိုးဘူး..'
သူ ဒီလို တွေးပြီး ခနအကြာမှာပဲ အိပ်ပျော်သွားခဲ့တယ်..။
မနက်ခင်းရောက်တဲ့ အချိန်မှာတော့ သူ မျက်နှာသစ်ဆေးကြောပြီး ကတ်စီကို အပြင်ကနေ စောင့်နေလိုက်ပါတယ်..။ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်တောင်မှ နောက်ဆုံးမှာ ဝိဥာဥ် ပင်လယ်ထဲကို ပြန်သွားဖို့ အခွင့်အရေး ရခဲ့ပါပြီ..။သူက ပြန်လည် တောက်ပြောင်လာပြီး သန်ိ့ရှင်းနေခဲ့ပါတယ်..။
သနားစရာ အကာအကွယ်က သူ့ရဲ့ အသက်ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့တာပါ..။ဒီဟာကို ရရှိခဲ့တာ ဆန်နီအတွက်တော့ အတော်လေး ကံကောင်းပါတယ်..။
မျက်မမြင် မိန်းကလေးက သူ့ကို အကြာကြီး မစောင့်ခိုင်းခဲ့ပေ..။မကြာခင်မှာပဲ..သူမက ..လန်းဆန်းပြီး လှပစွာပဲ အခန်းထဲကနေ ထွက်လာခဲ့ပါတယ်..။ကြည့်ရတာတော့..ကတ်စီလည်း သူ့လို မျိုး သန့်စင်လာခဲ့ပုံပါပဲ..။
လတွေကြာအောင် သွေးတွေ ၊ ကြမ်းတမ်းမူတွေ ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ သူတို့က လူသားတွေလို ပြန်နေနိုင်ကြပါပြီ..။
" ကောင်းသော မနက်ခင်းပါ.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
ကတ်စီက ဘယ်လောက်လှပလဲ ဆ်ိုတာကိုတောင် သူက မေ့နေခဲ့တာပါ..။သူမရဲ့ နူးညံ့တဲ့ အသားအရည် ၊ တောက်ပတဲ့ အပြာရောက် မျက်လုံးတွေ နဲ့ ရွှေရောင် ဆံပင်ကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့ သူမက အရုပ်မလေး တစ်ရုပ်လိုပါပဲ..။မျက်မမြင်မိန်းကလေးက..အပေါ်ဝတ်ရုံကို ဖယ်လိုက်ပြီဖြစ်ပြီး..တောက်ပတဲ့ အဝတ်အစားတစ်စုံကို ဝတ်ထားခဲ့ကာ..ခြေထောက်မှာတော့ ကြိုးသိုင်းဖိနပ် တစ်စုံကို စီးထားခဲ့ပါတယ်..။သူမက တကယ်ကို အသက်ရူမှားလောက် စရာပါပဲ..။
သူ မျက်လုံးကို ပိတ်ပြီး သက်ပြင်းချလိုက်တယ်..။
'ဒါက...ပြသနာ အနံ့တွေ ရနေတယ်
"ဂွဒ် မောနင်း , ကတ်စီ "
သူမ သူ့ဘက်ကို လှည့်လာပြီး နှာခေါင်းနဲ့ အနံ့ခံနေခဲ့ပါတယ်..။ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"အာ...ဘာဖြစ်လို့လဲ "
မျက်မမြင် မိန်းကလေးဟာ ပြန်ဖြေလိုက်တယ်..။
"မသိဘူး..။နင့်ဆီက ရနံ့က ကွဲပြားနေတယ်.."
သူ သူမကို အတော်ကြာအောင် ကြည့်နေပြီးမှ ရယ်မောလိုက်ပါတယ်..။
" ဒါက အရင်တုန်းက ငါ့ဆီက အနံ့ဆိုးတွေ ထွက်နေတယ်လို့ သွယ်ဝိုက်ပြောလိုက်တာလား..။ကျေးဇူးပါ..ငါလည်း အဲလိုပဲ ထင်တယ်.."
ကတ်စီဟာ ရယ်မောလိုက်ပြီး အနားကို ကပ်လာကာ သူ့ပုခုံးကို သူမရဲ့ လက်ကို တင်လိုက်ပါတယ်..။
"ငါက အဲလိုဆိုလိုတာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ် သွားပြီး စားသောက်ကြရအောင်.."
သူတို့နှစ်ယောက်က ထူးဆန်းစွာပဲ စိတ်ကြည်လင်နေခဲ့တယ်..။
ဆန်နီဟာ ဟတ်ပါ မနေ့က ရှင်းပြတဲ့ လမ်းကြောင်းအတိုင်း..ရဲတိုက်ရဲ့ ခန်းမဆီကို ကတ်စီကို ခေါ်သွားလိုက်ပါတယ်..။လမ်းတစ်လျောက်မှာတော့ သူက တာဝါတစ်ခုကို အဖြူရောင်မြွေ ရစ်ပတ်ထားတဲ့ သင်္ကေတ ပါတဲ့ တံခါးတွေ လမ်းတွေတိုင်းကို ဂရုစိုက်ပြီး ရှောင်သွားနေခဲ့တယ်..။
သူ့အရိပ်ကို ခံတပ်ရဲ့ နေရာတွေကို ကြည့်ခိုင်းချင်ပေမယ့် အခုတော့ သူတို့ကပြသနာ မရှာပဲ ..နိမ့်ချပြီး နေရဦးမှာပါ..။
နိမ့်ချနေရတာက သိပ်မခက်ခဲပဲ အိပ်စက်သူတွေ အများကြီးကလည်း စားသောက်မယ့် နေရာကို သွားတာကို တွေ့နေကြရပါတယ်..။အစားအသောက်တွေကိုက ရဲတိုက်ထဲမှာ နှစ်ကြိမ်ကျွေးပြီး..ဒါက မနက်တစ်ကြိမ် နဲ့ နေမဝင်ခင် တစ်ကြိမ်ပါ..။တစ်ကယ်လို့ မင်းသာ တစ်ကြိမ်လွဲသွားရင် ထပ်စားရတော့မှာ မဟုတ်ပဲ တစ်နေ့လုံး ဗိုက်ဆာပြီး နေရပါလိမ့်မယ်...
ဆန်နီဟာ တစ်ချို့ အိပ်စက်သူတွေကို ကြည့်နေခဲ့ပြီး ကတ်စီကို အသံတိုးတိုးဖြင့် ပြန်ရှင်းပြနေခဲ့ပါတယ်..။ရဲတိုက်ထဲက လူတွေက အပြင်ဘက်မှာ ရှိနေတဲ့လူတွေနဲ့ တစ်ခြာစစီပါပဲ..။သူတို့က သန်စွမ်းပုံရကြပြီး..အစားလည်း ပုံမှန်စားကြရပါတယ်..။
သူတို့အများစုက ငယ်ရွယ်ပြီး လှပကြပါတယ်..။တစ်ချို့တစ်လေကသာ အသက်နှစ်ဆယ် ကျော်တွေဖြစ်ကြပြီး ၊ တစ်ချို့ဆိုရင် ကတ်စီ နဲ့တောင် အလှအပခြင်း ယှဥ်နိုင်ကြတာပါ..။
နောကိဆုံးတော့ သူတို့က အိပ်စက်သူတွေ စားသုံးဖို့သစ်သားစားပွဲတွေ ခင်းထားတဲ့ အဆောက်အဦးရဲ့ ဝင်ပေါက်ဝကို ရောက်လာခဲ့ကြတယ်..။
ရုတ်တရက် ရာနဲ့ချီတဲ့ မျက်လုံးတွေက ..ကတ်စီ နဲ့ ဆန်နီ တို့ အပေါ်ကို ကျရောက်လာခဲ့ပါတယ်..။
သူ ကျောရိုး တစ်ခုလုံး အေးစက်သွားပုံရပြီး တံတွေးမြိုချလိုက်မိတယ်..။
' ဂလု '