← Chapters

အကြည့်တွေ အားလုံး ငါ့ဆီမှာ

Vol. 10 Ch. 137

အကြည့်တွေ အားလုံး ငါ့ဆီမှာ

Vol. 10 Ch. 137

ရဲတိုက်ရဲ့ အဓိက ခန်းမကြီးက..ခမ်းနားပြီး ကျတ်သရေ ရှိနေခဲ့တယ်..။နူးညံ့တဲ့ မနက်ခင်းနေရောင်ခြည်ရဲ့ အလင်းရောင်က ပြတင်းပေါက်တွေကနေ ဖြတ်သန်းဝင်ရောက်လာနေပြီး..မာဗယ်ကျောက်နံရံ တွေကို အလင်း​ပြန်နေခဲ့ပါတယ်..။ဒီနံရံတွေကို..ပန်းပု လက်ရာတွေနဲ့ ထွင်းထု ပြီး အလှဆင်ထားခဲ့တာပါ..။

ခန်းမကြီးရဲ့ အဆုံးမှာတော့..အခန်းငယ်တစ်ခုကို ဦးတည်ထားတဲ့ လှေကားတစ်ခု ရှိနေခဲ့တယ်..။အခန်းငယ်လေးရဲ့ နံရံမှာတော့ အပေါက်တွေ အများကြီး ဖောက်ထားပြီး နေရောင်ခြည်ရဲ့ အလင်းရောင်ကို ဝင်နိုင်အောင် ဖန်တီးထားခဲ့ပါတယ်..။

အလင်းရဲ့ အောက်ဘက်မှာတော့..အဖြူရောင် ပုလ္လင်တစ်ခု ရှိနေခဲ့တယ်..။

ဆန်နီ ဒီ ပုလ္လင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အကြည့်ကို လွဲကာ သူတို့ကို ကြည့်နေတဲ့ လူတစ်ရာကျော် ဘက်ကို ပြန်ကြည့်လိုက်ပါတယ်..။

ရှည်လျားတဲ့ သစ်သား စားပွဲ ၊ တွေကို ခန်းမထဲမှာ ထျထားခဲ့ပြီး အိပ်စက်သူတွေဟာ သူတို့ရဲ့ အစားအသောက်တွေကို စားသောက်နေခဲ့ကြတယ်..။ဒီမှာ ရာထူးအဆင့်ဆင့် အလိုက် ထိုင်နေကြတာ ရှိနိုင်ပေမယ့် ဆန်နီ ဒါကိုတော့ နားမလည်သေးပါဘူး..။

လတ်တလောမှာတော့ ဒီလူတွေ အများစုက သူတို့ကို စိုက်ကြည့်နေခဲ့တာပါ..။

ဆန်နီ တံတွေးကို မြိုချလိုက်တယ်..။

ဒီလူတွေ အားလုံးက သူ့ကို ကြည့်နေကြတာ မဟုတ်ဘူးဆိုတာကို နားလည်ဖို့ သူ စက္ကန့်အနည်းငယ်လောက် အချိန်ယူလိုက်ရပါသေးတယ်..။သူတို့ အားလုံးက သိသာစွာပဲ ကတ်စီကို ကြည့်နေကြတာပါ..။

'ဂလု '

သူတွေးထားသလိုပဲ..ဒီအရာက ပြသနာတက်တော့မယ့် အနံ့အသက်ပါ..။

မျက်မမြင် မိန်းကလေးရဲ့ ရုပ်ရည်သွင်ပြင်က ပြသနာဖြစ်စေမယ့် အကြောင်းတရားပါပဲ..။သူမက ဆန်နီ ရဲ့ကြွက်သားတွေ မာကျောလာတာကို ခံစားမိပြီး မေးလိုက်တယ်..။

" ဆန်နီ..ဘာလို့ ရပ်လိုက်တာလဲ "

သူ အိပ်စက်သူ အများကြီးကို မျက်လုံးကျဥ်းမြောင်းပြီး ကြည့်ကာ..ပုံမှန်လေသံနဲ့ ပြောလိုက်တယ်..။

"မြင်ကွင်းကို ကြည့်နေတာ.."

ယင်းနောက်..ဆန်နီ ဟာ အစားအသောက် ဝေပေးနေတဲ့..မိနိးမငယ်လေး ဆီကို သွားပြီး အသား စတူး ပါတဲ့ ပန်ကန် နှစ်ချပ်ကို ယူလိုက်တယ်..။ပြီးတာနဲ့ ကတ်စီကို ခေါ်ပြီး လွတ်နေတဲ့ စားပွဲဆီကို ခေါ်သွားပေးလိုက်ပါတယ်..။သူတို့က လဖက်ရည် နဲ့ တူတဲ့ သောက်စရာ နှစ်ခွကိကိုတောင် ရလာခဲ့သေးတာပါ..။

ထိုင်ပြီးတာနဲ့ ကတ်စီရဲ့ လက်ထဲကို အကြမ်းထည် တူတစ်စုံ ထည့်ပေးပြီး..သူ့ရဲ့ ပန်းကန်ထဲကို ကြည့်လိုက်တယ်..။

သူ ဒီလို အာရုံစိုက်ခံနေရတာမျိုးကို မကြိုက်ပါဘူး..။

"ကြည့်ပါဦး ကတ်စ်..။သူတို့က ဟင်းသီးဟင်းရွက်တွေတောင် ပါတယ်..။ငါ့အထဲမှာ အနည်းဆုံး ခရမ်းချဥ်သီး နှစ်ဖတ် တောင်ပါတယ်..။ဒါမှမဟုတ် မုန်လာဥ များလား..။အနီရောင် အာလူးနဲ့ တူတဲ့ အရာက ဘာကြီးလဲ.."

ဆန်နီက ဟင်းသီးဟင်းရွက်ကို အကယ်ဒမီ ရဲ့ စားသောက်တဲ့နေရာမှာပဲ တွေ့ဖူးခဲ့တာပါ..။ဒီတော့ သူက အမျိုးအမည်တွေကို သိပ်ပြီး မခွဲခြားတတ်ပါဘူး..။ဆရာဂျူးလီးယက်ကလည်း အကြမ်းဖျင်းလောက်ပဲ ရှင်းပြခဲ့တာဆိုတော့ အပြင်ကမ္ဘာနဲ့ ဒီလောက်ကွာခြားမယ်လို့ မထင်ခဲ့ပေ..။

သူက ဆန်နီကို ကမ္ဘာပေါ်က အသီးအရွက် တစ်ချို့ပုံတွေကိုသာ ပြသခဲ့ပြီး..တစ်ခုခု ရင်းနှီးတယ်လို့ ထင်ရတဲ့ အရာတွေ့ရင်.. ဝေးဝေးကနေ ရှောင်ဖို့သ ပြောခဲ့ပါတယ်..။

ကတ်စီ ဟာ သူမရဲ့ ဟင်းပွဲကို အနံ့ခံပြီး ပြုံးလိုက်တယ်..။

"ငါတော့..ဒါက သကြားမုန်လာဥ လို့ထင်တာပဲ "

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

"...တစ်ခါမှ မကြားဖူးဘူး.."

သူတို့ ရိုးရိုးသားသား..စကားပြောနေကြတဲ့ အချိန်မှာပဲ..တစ်ခြားအိပ်စက်သူတွေက သူတို့အမှားလုပ်တာကို စောင့်နေကြတယ်ဆိုတာ..သူ့အရိပ်ကနေ တဆင့် တွေ့နေရပါတယ်..။

ပြီးတော့ မကြာခင်မှာပဲ သူတို့က လုပ်မိသွားခဲ့ပါတယ်..။

လူငယ်လေးနှစ်ယောက်က..သူတို့ရဲ့ ခုံကနေထလာပြီး သူတို့ဆီကို လျောက်လာနေတာ မြင်တဲ့အချိန်မှာတော့ ဆန်နီ အံကို ကြိတ်ထားခဲ့ပါတယ်..။

' စလာပြီ...'

ကတ်စီ ရဲ့ အလှကြောင့် ပြသနာ က ရောက်လာလိမ့်မယ့်လို ဘယ်သူက ထင်ထားမှာလဲ..။ပုံမှန်အားဖြင့် ..သူ့ရဲ့ ထက်မြင်တဲ့ လျာ နဲ့ အကျင့်စရိုက်က ငြိမ်ခံနေမှာမဟုတ်ပါဘူး..။

သူ့ရဲ့ ရုပ်ရည်ကြောင့်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးကို ကြုံစရာ အကြောင်းမရှိပါဘူး..။

' အိုး..ငါ မနာလို မဖြစ်သင့်ဘူးမလား..'

အဆိုးဆုံးအရာက အနားကို လျောက်လာနေတဲ့ အိပ်စက်သူ နှစ်ယောက်က ဂန်လောင်ရဲ့လူတွေ ဖြစ်နေခဲ့တာပါ..။သူတို့ ဝတ်ထားတဲ့ ချပ်ဝတ်အကာအကွယ် နဲ့..လက်နက်ကိုင်ထားပုံ အရဆိုရင် တကယ်ကို အရူး နှစ်ယောက်လိုပါပဲ .။မှတ်သားမူ တွေက အချိန်မရွေး လေထဲကို ထုတ်ယူလို့ ရနေတဲ့ အချိန်မှာ လက်နက်တွေကို မြင်သာအောင် ချိတ်ဆွဲထားတာက ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် တစ်ခုတည်း အတွက်ပါ..။

သူဒီရာကို မနေ့က ဝင်ပေါက်က အစောင့်တွေကို မြင်ကတည်းက သိထားပြီးပါပြီ..။

ဟတ်ပါ သတိပေးခဲ့တာကတော့..တကယ်လို့ ဂန်လောင် ရဲ့ လူတွေနဲ့ နားလည်မူ လွဲနေတာ ရှိရင်လည်း..သူတို့က ငါတို့ကို ကာကွယ်ပေးနေတယ် ဆိုတာကို အမှတ်ရပါ..။သူတို့ကို လေးလေးစားစား ဆက်ဆံရမယ်..။

တစ်နည်းအားဖြင့် ပြောရရင်..ငြိမ်ခံနေလိုက် လို့ ပြောချင်တာပါ..။

လူငယ်လေးတွေကတော့..ဆိုးဝါးတဲ့ အပြုံးတွေနဲ့ သူတို့ရဲ့ စားပွဲနားကို ရောက်လာခဲ့ကြတယ်..။သူတို့က ကျိန်းသေပေါက် ကတ်စီကိုပဲ ကြည့်နေခဲ့ကြတာပါ..။ဆန်နီ သူတို့ဘက်ကို လှည့်ကြည့်လိုက်တယ်..။

အနားမှာ ထိုင်နေကြတဲ့ ..အိပ်စက်သူတွေကတော့ လေးလံစွာပဲ အကြည့်ကို လွှဲထားကြတယ်..။သူတို့ ကြောက်ရွံ့ပြီး ၊ သက်သောင့် သက်သာ မရှိကြဘူးဆိုတာ ထင်ရှားပါတယ်..။

'သူတို့က ဒီတိုင်း မင်္ဂလာပါ လို့ လာနှုတ် ဆက်တာဖြစ်နေမလား '

ဆန်နီ ပါးစပ်ကို ဖွင့်လိုက်တယိ....

' လေးစားရမယ်..မှတ်ထား...လေးစားမူ ရှိရမယ် '

..ပြီးတာနဲ့ သူ ပြောလိုက်ပါတယ်..။

"မင်းတို့က..ယီး မို့လို့ ယုတ်မာတဲ့ အကြည့်တွေနဲ့ လာကြည့်နေတာလား.."

***

ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်..။နောက်ထပ်တစ်ကြိမ် အားလုံးရဲ့ အာရုံစိုက်မူကို ရသွားခဲ့တယ်ဆိုတာကို ဆန်နီ သတိထားမ်ိလိုက်ပါတယ်..။

ဒီတစ်ကြိမ်တော့ အားလုံးက..ကတ်စီကို ကြည့်နေကြတော့တာ မဟုတ်ပဲ..။သူ့ကိုကြည့်နေခဲ့ကြတာပါ..။

'...ဒါကမှ ပိုကောင်းသေးတယ်..'

အစောက သတိမထားမိသလို ဟန်ဆောင်နေကြတဲ့ အနီးနားက အိပ်စက်သူတွေလည်း ငုံ့တွေကို ငုံ့ထားကြပြီး နေရာကနေတောင် ပျောက်ကွယ်သွားချင်နေကြပါပြီ..။

ဆန်နီ သူတို့ကို အထင်သေးစွာကြည့်လိုက်ပြီး အစောက လူငယ်လေး နှစ်ယောက်ကို နက်မှောင်နေတဲ့ မျက်လုံးတွေနဲ့ ပြန်စိုက်ကြည့်လိုက်တယ်..။

အရိုးသားဆုံးပြောရရင် သူ့ရဲ့ တုန့်ပြန်မူကိုလည်း သူကိုယ်တိုင် အံ့ဩသင့်မိပါတယ်..။ဒေါသက ..သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ထားကို အနိုင်ယူသွားခဲ့ပြီး ဒီစကားလုံးတွေ ထွက်လာစေခဲ့တာပါ..။သို့ပေမယ့် ပြောတာက ပြောပြီးသွားပါပြီ..။

'ဘယ်လို ငရဲမျိုးလဲ...။သူတို့က အမှောင်ထုက ဘယ်လောက် အန္တရာယ်များလဲ ဆိုတာကို သိချင်နေမှတော့ ပြပေးရတာပေါ့ .'

နောက်ဆုတ်ဖို့ လမ်းမရှိတော့တာကို သိနေတာကြောင့်..သူ အရူး နှစ်ကောင်ကို စိုက်ကြည့်နေခဲ့တယ်..။သူ့ဘေးနားမှာတော့ ကတ်စီက..သတိထားတဲ့ အမူအရာဖြစ်လာခဲ့ပါတယ်..။

အရူးနှစ်​ကောင်ထဲက တစ်ယောက်က ပြုံးလိုက်ပြီး..

"အာ .ငါတို့က မိန်းမလှလေးကို ယဥ်ယဥ်ကျေးကျေးလာနှုတ်ဆက်တာလေ..။ဒါပေမဲ့ ရုပ်ဆိုးတဲ့ လူပျက်နဲ့ အရင်မိတ်ဆက်ရတော့မယ်ထင်တယ်..။ဘယ်လိုလဲ.."

သူက ပြောပြီးတာနဲ့ ဆန်နီကို စိုက်ကြည့်နေတဲ့ တစ်ခြား အိပ်စက်သူ ကို လှမ်းကြည့်လိုက်တယ်..။

ကတ်စီ မျက်မှောင်ကျုတ်ပြီး

" နင် ဘာလို့......"

သို့ပေမယ်ပ ဒုတိယ လူငယ်လေးက ရှေ့ကို တစ်လှမ်းတက်လာပြီး ဖြတ်ပြောလိုက်တယ်..။

"မင်း ခုနက ဘာပြောလိုက်တာလဲ လူပျက်။ ငါတို့ ဘယ်သူတွေလဲ ဆ်ိုတာရော သိရဲ့လား အရူး..။ငါတို့က ဂန်လောင် ရဲ့ လူတွေပဲ "

သူ့ရဲ့ လက်တစ်ဖက်ကတော့ ဓားလက်ကိုင်ရိုးပေါ်ကို ရောက်နေခဲ့ပါပြီ..။

အခြေအနေတွေ ပိုပြီး ပြင်းထန်လာတာက မကောင်းဘူးဆိုတာကို သူသိထားပေမယ့်..အခုအချိန်ရောက်မှတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး..။အခုချိန်ရောက်မှ နောက်ပြန်ဆုတ်တာက ..ကပ်ဆိုးဆီကိုပဲ ဦးတည်သွားတော့မှာပါ..။ဒီလို လူစားမျိုးတွေက အားနည်းချက်ကို ခံစားမိတာနဲ့ ဖိနင်းကြပါလိမ့်မယ်..။

သူတို့ နားလည်တာက နှစ်ခုတည်းပါပဲ..။ကြောက်ရွံ့မူ နဲ့ ခွန်အား....။

ဆန်နီ လက်တစ်ဖက်ကို ဆန့်တန်းထားလိုက်ပြီး..သူ့ရှေ့က လူငယ်လေးရဲ့ မျက်လုံးကို စိုက်ကြည့်ကာ..ပြောလိုက်တယ်..။

"ဂုဏ်ယူပါတယ်..။ငါ မင်းကို မသတ်ခင် အခု ထွက်သွားလိုက်တော့..."

သူ့ရဲ့ အသံထဲကဖြစ်ဖြစ် ၊ မျက်လုံးထဲကနေ ဖြစ်ဖြစ် တစ်ခုခု ကို ခံစားသွားပုံရတဲ့ ဓားကိုင်ထားတဲ့ အိပ်စက်သူဟာ တွေဝေသွားခဲ့တယ်..။ဒုတိယ အနေနဲ့ ဆန်နီ ရဲ့ ခြိမ်းခြောက်မူက အလုပ်ဖြစ်သွားတဲ့ ပုံပါပဲ..။သို့ပေမယ့် လူငယ်လေးက ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာပဲ ဒီမျှော်လင့်ချက်လေးက ပျက်ဆီးသွားခဲ့ပါပြီ..။

တကယ်လို့ သူတို့တွေပဲ ရှိနေတာ ဆိုရင် ..ဒီအိပ်စက်သူက ဆန်နီကို ထပ်မနှောက်ယှက်ဖို့ ရွေးချယ်သွားနိုင်ပါတယ်..။သ်ို့ပေမယ့် လူတွေ အများကြီးရဲ့ အကြည့်အောက်မှာတော့..သူက ကြောက်လန့်မူကို ပြလို့ မဖြစ်ပါဘူး..။

ဆန်နီ ဒီအရေးပါတဲ့ အချက်ကို မေ့လျော့သွားခဲ့တယ်..။အနိုင်ကျင့်တတ်တဲ့လူတိုင်းက သွေးကြောင်တတ်ကြပါတယ်..။သ်ို့ပေမယ့် သူတို့အကြောက်ဆုံး အရာက သူတို့ သွေးကြောင်တာကို လူတွေ သိသွားကြမှာကို ပါပဲ..။

ဂန်လောင်ရဲ့ လူဟာ..အံကိုကြိတ်ထားရင်း ခြိမ်းခြောက်တဲ့ အမူအရာ နဲ့ ပြုံးလိုက်တယ်..။

"မင်းလို အားနည်းတဲ့ လူတွေကလည်း အတော်ကို လေကြီးတာပဲ..။မင်းသိလား..မင်းရဲ့ မိန်းကလေးက ပိုကောင်းတဲ့ အဖော်ကို လိုအပ်နေပြီထင်တယ်..။ငါတို့ မင်းကို အဆုံးသတ်ပြီး ဒါကို ကူညီပေးရင် အဆင်ပြေမလား.."

ဆန်နီ ပြုံးလိုက်တယ်..။

' ...ငါ ဒီနေ့တော့..အရူးနှစ်ကောင်ကို သတ်ရတော့မယ် ထင်တယ်...'

အဲ့အချိန်မှာတော့ ကတ်စီဟာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ပျော်ရွှင်ပုံမရပေ..။သူမက မျက်မှောင်ကျုတ်ကာ ဝင်ပြောလိုက်ပါတယ်..။

"ဘယ်သူနဲ့ ရှိနေမှာလဲ ဆိုတာက ကျွန်မ ဆုံးဖြတ်ရမယ့် အရာပါ..။အခုတော့..ကျေးဇူးပြုပြီး..."

သို့ပေမယ့် သူတို့က သူမပြောတာကို နားမထောင်ခဲ့ပေ..။့

ဆန်နီ ကတော့ အဆိုးဆုံး အခြေအနေအထိ တွေးထားပြီး..သန်းခေါင်းယံ အမြုတေကိုတောင် အချိန်မရွေး ထုတ်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

အဲ့အချိန်မှာပဲ တည်ငြိမ်တဲ့ အသံတစ်ခုက သူတို့ရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့တယ်..။

"ကျေးဇူးပြုပြီး သူတို့က လွတ်ထားလိုက်ပါ..။သူတို့က ငါ့ရဲ့ သူငယ်ချင်းတွေပဲ.."

ဆန်နီ အံ့ဩသင့်သွားပြီး သူ့ရဲ့ အမြင်အာရုံကို အရိပ်ဖက်ကို ပြောင်းကာ နောက်ကို ကြည့်လိုက်ပါတယ်..။

သူတို့ရဲ့ နောက်မှာတော့ အရပ်ရှည်ပြီး ယုံကြည်မူ ရှိတဲ့ လူငယ်တစ်ယောက်က..လက်တွေကို နောက်ပစ်ထားကာ..တည်ငြိမ်စွာ ရပ်နေခဲ့ပါတယ်..။

ဒါက....

' ကတ်စတာ လား... '

All Chapters