← Chapters

မမျှော်လင့်ထားတဲ့ ဆုံစည်းမူ

Vol. 10 Ch. 138

မမျှော်လင့်ထားတဲ့ ဆုံစည်းမူ

Vol. 10 Ch. 138

စဥ်းစားစရာတောင် မလိုပဲ..ဒါက ကတ်စတာပါ..။လေ့ကျင့်ရေး ကွင်းဆိုရင်တောင်မှ..နစ်ဖီ ရှုံးနိမ့်တာကို မြင်ိဖူးတဲ့ တစ်ယောက်တည်းသော သူပါပဲ..။

အကယ်ဒမီ မှာတုန်းက..သူတို့အသုတ်ထဲမှာ ဆိုရင် ကတ်စတာက စတားပါ..။ခန့်ညားပြီး ခင်မင်ဖို့ကောင်းတဲ့ ကတ်စတာက ..ပေါ်ပြူတာ ဖြစ်ယုံတင်မကပဲ အများရဲ့ လေးစားမူကိုလည်း ခံရပါတယ်..။ဒီလို ဝန်ခံရတာ နာကျင်ဖို့ကောင်းပေမယ့်..သူက ဆက်ခံသူ ဖြစ်နေလို့ ဒီလို အခွင့်အရေးတွေ ရနေတာ မဟုတ်ပေ..။

တစ်ခြား ဆက်ခံသူတွေတောင်မှ သူ့ကို မော့ကြည့်နေကြရပါတယ်..။အများစုက သူ့ကိုသာ အစစ်အမှန် နံပါတ် တစ် အဖြစ်သတ်မှတ်ထားပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကိုတော့ ပထမနေရာကို မှားယွင်းပြီး ရသွားသူလို့သာ မှတိထားခဲ့ကြတယ်..။

ကတ်စတာက..သန်မာတယ် ၊ ကျွမ်းကျင်မူရှိတယ် ပြီးတော့..ဆွဲဆောင်မူ ရှိပါတယ်..။သူက နိမ့်လည်း နိမ့်ချတတ်တာကြောင့် တစ်စုံတစ်ယောက်က သူ့ကို သဘောမကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။သူ့ရဲ့ နောက်ခံကလည်း တောင့်တင်းပြီး ..သူ့ရဲ့ အနာဂတ်က အကန့်သတ်မဲ့ပါပဲ..။

အခြေခံအားဖြင့် သူ့ရဲ့ တည်ရှ်ိမူက ဆန်နီနဲ့ ဆန့်ကျင်ဘက်ပါ..။

'ချီးပဲ..ဒီအသံ ရင်းနှီးနေပါတယ်လို့ ထင်သားပဲ '

ဆန်နီ နောက်ကိုလှည့်ပြီး ခန့်ညားတဲ့ လူငယ်လေးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်..။

ဒီငနဲက ဒီမှာ ဘာလုပ်နေတာလဲ..

အိပ်စက်သူ နှစ်ယောက်ကတော့ သူတို့ သန်းခေါင်းယံအမြုတေ နဲ့ မိတ်ဆက်ရဖို့ ဘယ်လောက်တောင် နီးစပ်သွားလဲ ဆိုတာကို မသိကြပါဘူး..။သူတို့ရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမူတွေ မရှိကြတော့ပေ..။

"အိုး..မင်းလား..."

ကတ်စတာ သူတို့ကို ပြုံးပြီး ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေထဲမှာ ရန်လိုစိတ်တွေ မရှိပေမယ့် အကြောင်းပြချက် တစ်ချို့ကြောင့် ဂန်လောင်ရဲ့လူတွေက ပြသနာ ထပ်ရှာချင်စိတ် မရှိကြတော့ပါဘူး..။တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနဲ့ နောက်မှ သူတို့ထဲက တစ်ယောက်က ပြောလာခဲ့တယ်..။

"မင်း ဒီငနဲ ကို သိလို့လား ကတ်စတာ.."

သူ ခေါင်းညိမ့်ပြလိုက်တယ်..။

"အင်း..ငါတို့က အကယ်ဒမီမှာတုန်းက အတူတူရှိခဲ့ကြတာပဲ..။သူ့ရဲ့ ရိုင်းစိူင်းမူကို စိတ်မရှိပါနဲ့ ကောင်လေးတို့..သူက အဲ့အတိုင်းပဲ..။သူက ကြမ်းတမ်းပေမယ့် ခင်မင်သွားပြီ ဆိုရင်တော့ အတော်လေး သဘောကောင်းတယ်.."

'ငါတို့ ဘယ်တုန်းက အချင်းချင်း သိသွားတာလဲ '

ဆန်နီ စိတ်ရှုတ်သွားပေမယ့် စကားမပြောမိအောင် ကြိုးစားနေခဲ့တယ်..။ကတ်စတာက သူ့အခြေအနေကို ဖြေရှင်းပေးနေတယ် ဆိုတာကို သူ နားလည်ထားပါတယ်..။တကယ်တော့ သူရောက်လာတဲ့ အချိန်က တကယ်ကို အချိန်ကိုက်ပါပဲ..။

လူမိုက်အနည်းငယ်ကို သတ်ဖို့အတွက်တော့ ဆန်နီ သူ့အရည်အချင်းကို ယုံကြည်ပေမယ့် အဲတာပြီးရင် ဘာဆက်ဖြစ်မှာလဲ..။ဂန်လောင်ရဲ့ တစ်ခြား အဖွဲ့ဝင်တွေက ထိုင်ပြီး ကြည့်နေကြမှာမဟုတ်ပါဘူး..။

ပထဆုံး နေ့မှာတင် ရဲတိုက်ရဲ့ မာစတာ နဲ့ သွားရှုပ်တာက အတော်လေးကို ရူးမိုက်ရာကျပါတယ်..။

မေးခွန်းတွေ မေးနေတဲ့ လူဆိုးနှစ်ယောက်က လက်လျော့သွားခဲ့ကြတယ်..။သူတို့ ကိုယ့်ကိုကို ထိန်းချုပ်နေခဲ့ပြီး ကတ်စတာ ကို တစ်ချက်ကြည့်ကာ နောက်ကို ဆုတ်သွားခဲ့ပါတယ်..။

"မင်းရဲ့ သူငယ်ချင်းကို ယဥ်ကျေးအောင် သင်ပေးထားဦး ကတ်စတာ..။နောက်တစ်ခါဆိုရင်တော့ ငါတို့က သက်ညှာနေမှာ မဟုတ်ဘူး.."

ဒီလို ပြောပြီးတာနဲ့ သူတို့က ကိုယ်ထိုင်ခုံကို ပြန်သွားကြပြီး သူတို့ကို ..ကြည့်နေကြတဲ့ လူတွေကို ဒေါသတကြီး ပြန်စိုက်ကြည့်နေခဲ့ပါတယ်..။မကြာခင်မှာပဲ ခန်းမထဲမှာ စကားပြောသံတွေ ပြန်ထွက်ပေါ်လာခဲ့တယ်..။

ကတ်စတာ ..သူတို့ကို ကြည့်ပြီး..ဆန်နီ ဘက်ကို လှည့်ကာ ပြုံးလိုက်တယ်..။သူ့အပြုံးက သိပ်တော့ မရွင်ပြနေပါဘူး..။

"ဒါက...ဒါက သိပ်တော့ ဥာဏ်ကောင်းရာ မကျဘူးနော် သူငယ်ချင်း.."

ဆန်နီ ပြန်ပြောလိုက်တယ်..။

"ဟုတ်တယ်...ငါက ဥာဏ်ကောင်းပါတယ်လို့ ဘယ်သူပြောလို့လဲ..."

'ခနလေး..ငါ ဒါကို ထုတ်ပြောလိုက်မိလိုက်တာလား..'

အရပ်ရှည်တဲ့ လူငယ်လေးဟာ သူ့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးကာမှ သက်ပြင်းချလိုက်တယ်..။

"ဘာပဲဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်..။နှစ်ယောက်စလုံးပဲ.."

ဒီလို ပြောပြီးတာနဲ့ သူက ဖိတ်ခေါ်ခံထားရတဲ့ လူတစ်ယောက်လို ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်..။

ကောင်းပြီ...အမှန်အတိုင်းပြောရရင်တော့ သူတို့ကြားထဲမှာ ဆက်သွယ်မူလေးတော့ ရှိပါတယ်..။အကယ်ဒမီ မှာတွေ့ခဲ့ဖူးတဲ့ လူတွေနဲ့ စကားပြောခွင့်ရဖို့ဆိုတာက လူတိုင်းမျော်လင့်နေတဲ့ အရာပါပဲ..။

ဒါတောင်မှ ဆန်နီက သိပ်ပြီး မကြိုက်ချင်ပေ..။

ကတ်စီ ကို တစ်ချက်ကြည့်လိုက်ပြီး..သူ အေးစက်စွာ ပြုံးကာ ပြောလိုက်တယ်..။

"ဘာလဲ...ငါတို့ကို အသက်ရှင်လျက် မြင်နေရလို့ အံ့ဩနေတာလား.."

ကတ်စတာ တွေဝေနေပြီးကာမှ..

"အသက်ရှင် နိုင်ခဲ့တာ ကောင်းတယ်.."

ဒါက သူ တစ်ခြားနည်းလမ်းနဲ့ သူ အံ့ဩမိတယ်လို့ ပြောလိုက်တာပါပဲ..။သို့ပေမယ့် ဝမ်းသာတဲ့ နည်းလမ်းမျိုးပါ..။

အကယ်ဒမီ ရဲ့လူတွေ အတွက် ကတ်စီ နဲ့ ဆန်နီက လမ်းလျောက်နေတဲ့ အလောင်းကောင်တွေလို မြင်ကြရတယ် ဆိုတာက လျိုဝှက်ချက်မဟုတ်ပါဘူး..။နစ်ဖီနဲ့ ကတ်စတာ တို့ ထိပ်ဆုံးနှစ်ယောက် နေရာကို သေသေချာချာ နေရာယူထားသလိုပဲ ..သူတို့နှစ်ယောက်က နောက်ဆုံးနေရာကို သိမ်းပိုက်ထားကြတာပါ..။

ဒါပေါ့..ဆန်နီ ဆိုရင်လည်း ဒီလို အေးစက်တဲ့ ဆက်ဆံရေးတွေကို ခံရယုံတင်မကပဲ သူကိုယ်တိုင်လည်း ဒီလိုလုပ်ခဲ့ပါတယ်..။

လူတွေက သူတို့ဆီက မမြင်ရတဲ့ သေဆုံးခြင်း အော်ရာတွေ ကူးစက်မှာကြောင့် အနားကို မကပ်ချင်ကြပေ..။ဆန်နီ ကိုယ်တိုင်လည်း အရင်တုန်းက ကတ်စီ ကို ရှောင်ခဲ့မိတဲ့အပေါ် နောင်တရမိပါတယ်..။

အခု ထိပ်လန့်စရာတွေ ပြည့်နေတဲ့ မေ့ပျောက်ကုန်းမြေမှာ လတွေကြာပြီးကာမှ..သူတို့နှစ်ယောက်ကို အသက်ရှင်လျက် တွေ့လိုက်ရတာက အတော်ကို ထူးဆန်းတဲ့အရာပါပဲ..။

ကတ်စီ ပြုံးလိုက်ပြီး..

"ကျေးဇူးပါ..."

ကတ်စတာ..သူမ အပြုံးကို ကြည့်လိုက်ပြီး နွေးထွေးတဲ့ လေသံနဲ့ မေးလိုက်တယ်..။

"မင်းက ကတ်စီယာ ဟုတ်တယ်မလား..။ပြီးတော့ မင်းက..အာ. .ဆန်းလပ်စ်.."

ဆန်နီ ခေါင်းညိမ့်ပြလိုက်တယ်..။

"ဟုတ်တယ်..မင်း ငါတို့နာမည်တွေကို မှတ်မိသေးတာ အံ့ဩစရာပဲ..။ဒါပေမဲ့ ငါတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာကိုတော့ မေ့သွားမယ် မထင်နဲ့နော်.."

ကတ်စီဟာ သူ့လက်တွေကို ညှစ်လိုက်ပြီး သဘောမကျစွာ ပြောလိုက်တယ်..။

" ဆန်နီ..."

ကတ်စတာ ရယ်မောလိုက်တယ်..။

"မဟုတ်ဘူး..မဟုတ်ဘူး..သူပြောတာ မှန်တယ်..။ငါတို့က အရူးတွေလို ပြုမူခဲ့တယ်..။နောက်ကို ပြန်ကြည့်လိုက်ရင် ငါတို့ မှားခဲ့တာတွေ အများကြီးရှိတယ်..။ငါတို့သာ ပိုပြီး သိခဲ့ကြရင်..."

သူ့ အသံက တိုးသွားခဲ့တယ်..။အတော်ကြာအောင် တိတ်ဆိတ်ပြီးကာမှ ခန့်ညားတဲ့လူငယ်လေးက ရုတ်တရက် ပြုံးကာ ပြောလိုက်ပါတယ်..။

"ဒါပေမဲ့ အကယ်ဒမီက နေ့ရက်တွေက အားလုံးဆိုးနေတာ မဟုတ်ဘူးလေ..။ဟား...မင်းကို ပထဆုံးတွေ့တုန်းက အချိန်ကို မှတ်မိသေးတယ် ဆန်းလပ်စ်..။မင်းက တကယ် မှတ်သားဖို့ကောင်းတယ်..။နိုးထမူအဆင့် သားရဲရဲ့ မျက်နှာကို တံတွေးနဲ့ထွေးတာ..၊ ဓားသူတော်စင်ကို လက်ညိုးတစ်ချောင်းကွေးပြီး သတ်တဲ့ ပုံပြင်တွေလေ..."

သူ ဒီနေ့ရက်တွေကို ပြန်သတိရပြီး ရယ်မောနေခဲ့ပါတယ်..။

ဆန်နီ ပြုံးလိုက်မိတယ်..။

"ဘာလဲ ဒီ အသေးအဖွဲ အရာလေးတွေကိုလား..။ငါ ဝင်္ကပါ ထဲမှာ လုပ်ခဲ့တာတွေကိုသာ သိရင် မင်းပိုတောင် အံ့ဩဦးမယ်..။ဒါက ကြွားဝါလို့ ကောင်းတဲ့အရာတွေပဲ..."

ကတ်စတာဟာ သူ့ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာခဲ့ပါတယ်..။

"အိုး...ကောင်းပြီ ပြောပါဦး..။မင်း ဘာတွေလုပ်ခဲ့လဲ..!

ဆန်နီ ပုခုံးတွန့်ပြီး အေးဆေးစွာ ပြောလိုက်တယ်..။

"ဒါလား...မှန်း စဥ်းစားကြည့်ရအောင် ."

သူ ခနလောက် စဥ်းစားဟန် ဆောင်လိုက်ပြီးမှ..ပျင်းရိနေတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ငါ လုပ်ခဲ့တာတွေထဲမှာ မယုံနိုင်စရာ အကောင်းဆုံးက ကြီးမြတ်တဲ့ နတ်ဆိုးတစ်ကောင်ကို ငါ့ဓားတစ်ချက်တည်းနဲ့ သက်လိုက်ရတာပဲ..။သူ့ကို သတ်တာက ဘာ ပြသနာ မှကို မရှိတာ..။အဲဒိီကနေ ငါ မှတ်သားမူကိုတောင် ရခဲ့သေးတယ်..။ဒါပေမဲ့ မမေးခင် ပြောထားရဦးမယ်..ငါ မင်းကို ထုတ်ပြလို့တော့ရမှာမဟုတ်ဘူး.။ဘာလို့လဲ ဆိုတော့..အဟမ်း အဟမ်း...အိုး ဟုတ်တယ်..။ငါ စားလိုက်တာ..."

All Chapters