အခန်း (၁၃၉)
Vol. 10 Ch. 139
ကတ်စတာ သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးကာမှ ရယ်မောလိုက်တယ်..။ကတ်စီတောင်မှ ဆန်နီ ပြောတာတွေကို နားထောင်ပြီး သဘောကျနေခဲ့ပါတယ်..။
ခေါင်းခါယမ်းလိုက်ပြီး..ခန့်ညားတဲ့လူငယ်လေးက ပြုံးပြီး ပြောလိုက်တယ်..။
"မင်းရဲ့ အကျင့်စရိုက်က တကယ်ကို မပြောင်းလဲသေးဘူးပဲ..။ကောင်းတယ် ..ဒါတကယ်ကောင်းတယ်..။လူ အနည်းငယ်လောက်ကပဲ ဒီနေရာကို ရောက်နိုင်ကြတာ.."
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီး အစော်ကား ခံလိုက်ရသလို ဟန်ဆောင်လိုက်တယ်..။
"အကျင့်စရိုက်ဆိုတာက ဘာကိုဆိုလိုတာလဲ..။ဒါက ရိုးသားတဲ့ အမှန်တရားတွေပဲ.."
သူ ဒီအတွက် အဖြေပြန်ရမယ့် အစား ရယ်မောသံ တွေကို သာ ကြားလိုက်ရပါတယ်..။
'...အဲဒီမှာ အစာလည်း ရှိတယ်..လုံခြုံမူလည်း ရှိတယ်ပြီးတော့ ရယ်မောသံတွေ..' သူက ကတ်စီ ပထမဆုံး ရဲတိုက်အကြောင်း အမြင်အာရုံ ရတုန်းက ပြောပြတာကိုတောင် ပြန်မှတ်မိလိုက်တယ်..။
သူမက ဆန်နီနဲ့ သူမ ဂိတ်ကို ဖြတ်ခဲ့တယ် ဆိုတာကိုလည်း မြင်ခဲ့ပါသေးတယ်..။သူမရဲ့ အမြင်အာရုံက ကြောက်ဖို့ ကောင်းလောက်အောင် တောင် တိကျနေခဲ့တယ်..။
'တစ်ခြား အမြင်တွေကရော..ဘယ်လိုဖြစ်လာမှာလဲ '
သူ့ကိုယ်သူ စိတ်ရှုတ်ခံမနေတော့ပဲ ဒီခံစားချက်တွေကို ဖယ်ရှားကာ ပြုံးပြီးပြောလိုက်ပါတယ်..။
"ကောင်းပြီ မယုံချင်ရင်လည်း မယုံပဲ နေလို့ရတယ်..။ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ စွန့်စားခန်းတွေထဲက တစ်ခုပဲ..။တစ်ခြားအရာတွေက ဒီလောက်တော့ အံ့ဩဖို့ မကောင်းဘူး..။သိတဲ့အတိုင်း..နိုးထမူအဆင့် သားရဲ တစ်ဒါဇင်လောက်ကို သတ်တာတို့၊ သေခါနီး ဆဲဆဲကနေ ပြန်ရှင်လာရတာတို့ ၊ ကျိန်စာသင့် ပင်လယ်ကြီးထဲက ကြောက်စရာ သားရဲ ကြီးကို တမင်တခါ ခေါ်ထုတ်တာတို့ ၊ ရှေးဟောင်း မိစ္ဆာရဲ့ ဥ ကို ရှာတွေ့ခဲ့တာတို့ ၊ နတ်ဆိုးအရိုး နဲ့ ပြုလုပ်ထားတဲ့ လှေနဲ့ ကျိန်စာသင့် ပင်လယ်ကြီးထဲမှာ ရွက်လွှင့်တာတို့ ၊ ရေအောက်ထဲမှာ အရမ်းကိုကြီးမားတဲ့ ပင်လယ်သတ္တဝါကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရတာတို့လို သာမန်အကြောင်းအရာ တွေလောက်ပဲ.."
သူ ပြောပြနေတဲ့ အချိန်မှာတော့ ကတ်စီက ရယ်မောနေတာ ရပ်သွားခဲ့ပြီး အံ့ဩတဲ့ အမူအရာနဲ့ သူ့ဘက်ကို လှည့်လာခဲ့ပါတယ်..။အခုအချိန်မှ သူမတို့ ကျော်ဖြတ်ခဲ့ရတာတွေ ဘယ်လောက်တောင် များလဲ ဆိုတာကို သဘောပေါက်သွားတဲ့ အတိုင်းပါပဲ..။
အားလုံးကို စုပုံပြီးပြောလိုက်ရင် သူတို့ ရုန်းကန်ပြီး ရှင်သန်ခဲ့ရတဲ့ သွေးစွန်းတိုက်ပွဲတွေက ဒဏ္ဍာရီတစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ..။သို့ပေမယ့် ဒီအရာတွေက အမှန်တကယ် ဖြစ်ပျက်ခဲ့တယ် ဆ်ိုတာကို သူတို့နှစ်ယောက်စလုံး သိကြပါတယ်..။
သူတို့ တကယ်ပဲ ကြုံခဲ့ကြရတာပါ..။
ကတ်စရာ ရယ်မောလိုက်ပြီး..
"ဝိုး..ဆန်နီ..မင်းတို့နဲ့ယှဥ်ရင် ငါ့အနေအထားက သာမန်လောက်ပဲ ရှိတယ်..။ငါက အိပ်မက်ကမ္ဘာကို ရောက်တာနဲ့..မြို့အနားကို ရောက်ပြီး..ကြောက်လန်စရာ မွန်းစတား တစ်ချို့ ဆီကနေ ရက်အနည်းငယ်ထွက်ပြေးခဲ့ရတာလေ..။ပြီးတာနဲ့..ရဲတိုက်က အမဲလိုက် အဖွဲ့တစ်ခု နဲ့ တွေ့ခဲ့တယ်..။ဒီလောက်ပဲ.. "
သူ သက်ပြင်းချလိုက်တယ်..။
"စကားမစပ်..မင်းတို့ ဘယ်တုန်းက ရောက်လာကြတာလဲ..။ဒီ ဝန်းကျင်မှာလည်း မင်းတို့ကို မတွေ့တာ သေချာပါတယ်.."
ဘာမှ လိမ်ညာစရာ မရှိတာကြောင့် ဆန်နီ သက်ပြင်းချလိုက်ပြီး အမှန်အတိုင်းပဲ ပြောလိုက်တယ်..။
"ငါတို့က အနက်ရောင်မြို့တော်ကို လွန်ခဲ့တဲ့ နှစ်ရက်က ရောက်လာကြတာ..။ပြီးတော့ ရဲတိုကိထဲကိုတော့ မနေ့က ညနေက ဝင်လာကြတာပဲ.."
ခန့်ညားတဲ့ ဆက်ခံသူက..ဟာ သူ့ကို စိုက်ကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
"ခနလေး..ခနလေး..မင်းဘာကို ဆိုလိုတာလဲ..။မင်းတို့က တကယ်ပဲ..ဝင်္ကပါထဲမှာ နှစ်လကြာအောင် နေခဲ့တာလား.."
'ဟင်...'
နောက်ဆုံးတော့ သူ စိုးရိမ်နေတဲ့ အကြောင်းအရာက ရောက်လာခဲ့တယ်..။တစ်ခြားလူတွေက သူ့ကို သန်မာတဲ့လူတစ်ယောက် အဖြစ် မြင်နေတာမျိုးကို ဆန်နီ မလိုချင်ပါဘူး..။ပထဆုံးအနေနဲ့ ရန်သူက သူ့ကို လျော့တွက်ထားတာလောက် ပိုကောင်းတဲ့ အားသာချက်ဆိုတာ မရှိပေ..။ဒုတိယ အနေနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် တစ်ယောက်တည်းသာ နာမည်အစစ်အမှန် ရခဲ့တယ် လို့ပဲ သူသိထားစေချင်ပါတယ်..။
ကံကောင်းစွာနဲ့..သူ ဒီအရာကို ဖြေရှင်းဖို့ အစောကတည်းက တွေးထားပြီးပါပြီ..။
...အခက်တွေ့လာတဲ့ အချိန်ကျရင် နစ်ဖီအပေါ်ကို ပုံချလိုက်ယုံပါပဲ..။
စိတ်ထဲကနေ ကျိတ်ရယ်မောလိုက်ကာ..ဆန်နီ ကျောချမ်းသွားသလို ဟန်ဆောင်ပြီး သက်ပြင်းချလိုက်တယ်..။
"ဟုတ်တယ်..ငါ ဒီအကြောင်းကိုတောင် တွေးတောင်
မတွေးနိုင်ချင်ဘူး..။အဲ့နေရာက တကယ်ကို ငရဲပဲ..။ရိုးရိုးသားသား ပြောရရင်..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကြောင့်သာ မဟုတ်ရင်..ငါတို့ နှစ်ယောက်စလုံး သေနေလောက်ပြီ.."
သူမလည်း ..သူ့ရဲ့ အကူညီ မပါပဲနဲ့ ရှင်သန်နိုင်မှာမဟုတ်ပါဘူး..။သို့ပေမယ့် ဒါကိုတော့ ကတ်စတာ သိစရာ မလိုအပ်ပေ..။
ကတ်စီ နဲ့ သူ့ လိုမျိုး အရှုံးသမားတွေရဲ့ နာမည်အနားမှာ နစ်ဖီ ရဲ့ နာမည်ကို ထည့်သုံးလိုက်ခြင်းအားဖြင့်
သူမက သူတို့ကို ဝန်ထုတ်ဝန်ပိုး အဖြစ်ခံပြီး ကယ်ဆယ်လာခဲ့တယ် လို့ပဲ ထင်ကြမယ် ဆိုတာ
ဆန်နီ သေချာ ပြောနိုင်ပါတယ်..။
အခြေအနေက သူ ထင်ထားသလိုပဲ..။
သူ နစ်ဖီ နာမည်ပြောလိုက်တာနဲ့ ကတ်စတာ ရဲ့ မျက်နှာက ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အမူအရာတွေ ပေါ်လာခဲ့ပြီး..ခန့်ညားတဲ့ လူငယ်လေးဟာ..ရှေ့ကို အနည်းငယ်တိုးကာ တည်ငြိမ်တဲ့လေသံနဲ့ မေးလိုက်တယ်..။
"ပြောင်းလဲ...မိန်းကလေး နစ်ဖီ က အသက်ရှင်နေသေးတာလား..။သူမက ဒီမှာလား.."
ကြောက်စရာ ဝင်္ကပါထဲမှာ ဆန်နီလို လူမျိုးက ဘယ်လို အသက်ရှင်ခဲ့တာလဲ ဆိုတာကို တောင် သူ မေ့ပျောက်သွားခဲ့ပါပြီ..။
ဆန်နီရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်..။ကတ်စတာ ရဲ့ အမူအရာက မျှော်လင့်ထားတာထက် အနည်းငယ် ပိုကဲ နေခဲ့တာပါ..။ဒါက ထူးဆန်းနေတာ မဟုတ်ဘူးလား..။
အကယ်ဒမီ မှာတုန်းကလည်း ဒီ ခန့်ညားတဲ့ ဆက်ခံသူက နစ်ဖီကို ထူးဆန်းစွာ သဘောကျနေတဲ့ ပုံပါပဲ..။
'ခွေးသားလေး..'
အကြောင်းပြချက် မရှိစွာပဲ ဆန်နီ ဒေါသထွက်လာခဲ့ပြီး ..အံကိုကြိတ်ကာ ပြောလိုက်တယ်..။
"ဟုတ်တယ် သူမ က အနီးနားမှာ.."
သူမရဲ့ ခေါင်းကို လှည့်လိုက်ပြီး ကတ်စီက အနည်းငယ် တွေဝေစွာ ထပ်ပေါင်းပြောလိုက်တယ်..။
"ငါ...ငါတို့ ရဲတိုက်ကို ရောက်တော့..ဝိဥာဥ် အမြုတေ နှစ်ခုပဲ ပါလာခဲ့တာလေ..။ဒီတော့ သူမက အပြင်ဘက်မှာ ကျန်နေခဲ့တယ်..။လောလောဆယ်ပေါ့..."
ကတ်စတာ နောက်ကို ပြန်မှီလိုက်တယ်..။စ်ိတ်ပျက်မူတစ်ချို့က သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။ယင်းနောက် သူ အသက်ကို ပြင်းပြင်းရူလိုက်ပြီး..
"ငါ သိပြီ...ငါသိပြီ..."
ဆန်နီ ရေနွေးကို တစ်ငုံသောက်ကာ မေးလိုက်တယ်..။
"မင်းက ဘာလို့ ရုတ်တရက်ကြီး နစ်ဖီကို စိတ်ဝင်စားသွားတာလဲ..."
ခန့်ညားတဲ့ လူငယ်လေးဟာ သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး...
"ဟင်....အိုး..ငါ..ငါက အသက်ရှင်နေသေးတဲ့လူတွေ ရှိတာကို ကြားပြီး ဝမ်းသာလို့ပါ.."
ယင်းနောက် သူ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ငါသိသလောက်တော့ အခိုက်အတန့်က ဒီနှစ်အတွင်းမှာ..မေ့ပျောက်ကုန်းမြေကို အိပ်စက်သူ ခုနှစ်ယောက်လောက်ပဲ ပို့လိုက်တာ..။ဒီနေ့အထိ..ငါ တစ်ယောက်ပဲ အသက်ရှငိနေတယ်လို့ ထင်နေခဲ့တာလေ..။ဒါက ကောင်းတယ်...ငါ မှားသွားတယ် ဆိုတာ သိရတာကောင်းတယ်.."
ကတ်စတာရဲ့ မျက်နှာက တည်ငြိမ်သွားခဲ့ပါတယ်..။
"တကယ်လို့ မိန်းကလေး နစ်ဖီက မင်းတို့နဲ့အတူ ရှိနေတယ် ဆိုရင် ဒါက မင်းတို့ရဲတိုက်ကို ဘယ်လိုရောက်လာနိုင်လဲဆိုတာကို ရှင်းပြလိုက်တာပဲ..။ဒါပေမဲ့ တစ်ခြား သုံးသောက်ကတော့ သေသွားလောက်ပြီ..။သူတို့ရဲ့ ဝိဥာဥ်တွေ ငြိမ်းချမ်းကြပါစေ.."
ဆန်နီ နဲ့ ကတ်စီ တို့ဟာ ခေါင်းကို ငုံ့ထားပြီး အချက်အလက် အသစ်တွေကို နားထောင်နေခဲ့ကြတယ်..။အကယ်ဒမီ မှာတုန်းက တစ်ခြားအိပ်စက်သူ တွေ သူတို့ကို ကောင်းကောင်း မဆက်ဆံခဲ့ကြဘူးဆိုတာက အမှန်တရားပါ..။ဒါတောင်မှ သူတို့သိတဲ့လူတစ်ချို့..အိပ်မက်ကမ္ဘာထဲမှာ သေသွားတာကို ကြားပြီး စိတ်မကောင်း ဖြစ်ရပါသေးတယ်..။
ဒီ ရက်စက်ပြီး ကြမ်းတမ်းတဲ့ အိပ်မက်ဆိုး အခိုက်အတန့် က သူ့ရဲ့ သားကောင်တွေကို စားသုံးသွားပါပြီ..။
နောက်ထပ် ဘယ်သူဖြစ်လာဦးမှာလဲ...
သူတို့ တစ်ယောက်ကိုတစ်ယောက်တောင် မကြည့်တော့ပဲ ကတ်စတာရဲ့ စကားကို သာ ထပ်ပြောလိုက်ကြတယ်..။
"....သူတို့ရဲ့ ဝိဥာဥ်တွေ အေးချမ်းစွာ အနားယူနိုင်ပါစေ "